ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သည့် ဦးတင်ရီ၏ အယူခံလွှာ ဖေဖော်ဝါရီ ၂၈ တွင် ဆုံးဖြတ်မည်

ဒေါ်အောင်ဆန်းစုကြည် တောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်အမည်စရင်းတင်သွင်းစဉ်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိလစ်လပ်မဲဆန္ဒနယ်ထဲမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း  ကြေညာရန်ကျန်ရှိသည့် ကော့မှူးမြို့ နယ်မှကြားဖြတ်  ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့်ကိုယ် စားလှယ်လောင်း အမည်စာရင်း ကို မကြာမီရက်ပိုင်း အတွင်း ကြေညာ သွားမည်ဖြစ်ကြောင်းသိရသည်။

''ဦးတင်ရီက အယူခံလွှာကို(၂၂)ရက်နေ့နေ့လည်မှာ တိုင်းကော်မရှင်ကို  လာတင်သွားတယ်။  တိုင်းကော်မရှင်အနေနဲ့တော့ ခရိုင် ကော်မရှင်မှာ မူလကကန့်ကွက်တဲ့ အကြောင်းအရာပေါ်မူတည်ပြီးဆုံး ဖြတ်သွား မှာပါ။၂၈ ရက်နေ့မှာဆုံး ဖြတ်ချက်ချသွားမယ်။ အဲ့ဒီနောက်ပိုင်းမှာ အမြန်ဆုံး ကော့မှူးမဲဆန္ဒနယ်  အတွက် အမည်စာရင်းပုံစံ(၁၀) ကပ်သွားမယ်'' ဟုရန်ကုန်တိုင်း ဒေသ ကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကို ကဆိုသည်။

ကော့မှူးမြို့နယ် မဲဆန္ဒ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံ ကြမည့်ကိုယ်စားလှယ်လောင်းအမည် စာရင်းကို ယှဉ်ပြိုင်အရွေးခံကြမည့် ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့်ကိုက်ညီမှုမရှိသဖြင့် အနောက် ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပလပ်လိုက်သည်။ထိုသို့ပ လပ်လိုက်မှု အပေါ်အဆိုပါကန့်ကွက် ခဲ့သည့် ကိုယ်စားလှယ် လောင်းမှ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဖေဖော်ဝါရီ(၂၂)ရက်နေ့ ကအယူခံလွှာတင်ပို့ခဲ့ကြောင်းသိရ သည်။ထို့ကြောင့် ဖေဖော်ဝါရီ(၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လစ်လပ် မဲဆန္ဒနယ် (၅)ခုမှ ဝင်ရောက်  ယှဉ်ပြိုင်နိုင်သည့်ကိုယ်စား လှယ်လောင်း  အမည်များကို သက် ဆိုင်ရာမြို့နယ်နှင့်ရပ်ကွက်၊ကျေးရွာ အုပ်စုများတွင်ကြေညာပေးခဲ့သော် လည်းကော့မှူးမြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင်နိုင် သည့် ကိုယ်စားလှယ်လောင်း  အမည်စာရင်းများ ကို ကန့် ကွက်သည့်ကိစ္စမပြီး ပျက်သေးသည့် အတွက်အဆိုပါ  မဲဆန္ဒနယ်အားတိုင်း ဒေသကြီး  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှဆုံးဖြတ်ချက်ချပြီးသည့်ဖေ ဖော်ဝါရီ(၂၈)ရက်နေ့နောက်ပိုင်း တွင် အမြန်ဆုံး ကြေညာပေး မည်ဖြစ် ကြောင်းသိရသည်။

''ကန့်ကွက်လွှာတွေမပြီး မချင်းတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းမထွက်သေးတဲ့အ တွက်တော့ အဲ့ဒီနေရာမှာပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေရော၊ တခြားကိုယ်စားလှယ်  လောင်းပါစည်းရုံးရေး အတွက် နောက်ကျသွားတာ ပေါ့။ဒါကြောင့်(၂၈)ရက်နေ့ဆုံး ဖြတ်ချက်ချပြီးတာနဲ့ အမြန်ဆုံးကြေညာ ပေးမှာပါ'' ဟုကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း နှင့် ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့်  ယှဉ်ပြိုင်အရွေး ခံမည့်  ဦးတင်ရီ၏ ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်  ကော်မရှင်ရုံးမှ  ဇန်န ဝါရီ(၁၁)ရက် နေ့က ပလပ် လိုက်ကြောင်း သိရသည်။ကော့မှူးမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန္ဒနယ်တွင်  ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း  အရည်အချင်း  နှင့်  ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်   အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ   တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါကော့မှူးမြို့နယ် တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဦးစိုးမင်းတို့က ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
ရန်ကုန်တိုင်းမ်
ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သည့် ဦးတင်ရီ၏ အယူခံလွှာ ဖေဖော်ဝါရီ ၂၈ တွင် ဆုံးဖြတ်မည် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သည့် ဦးတင်ရီ၏ အယူခံလွှာ ဖေဖော်ဝါရီ ၂၈ တွင် ဆုံးဖြတ်မည် Reviewed by သစ်ထူးလွင် on 13:54 Rating: 5

16 comments:

kyaw said...

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်မဖြစ်နိုင်ပါ။ ဥပဒေဧ။်အထက်တွင် စစ်တပ်နှင့်ဒေါ်အောင်ဆန်းစုကြည် နားလည်းမှုယူထားသောကြောင့် ဦးတင်ရီဧ။် ကန့်ကွက်မှု အရာထင်မည်မဟုတ်ပါ။ သို့သော် ဦးတင်ရီဧ။် နောက်ကွယ်တွင် စစ်တပ်ခေါင်းဆောင်ပိုင်းအချို့ပါဝင်ပတ်သက် နေလျှင် ဒေါ်အောင်ဆန်းစုကြည်ဧ။် လွှတ်တော်အမတ်ဖြစ်ရေးသည် မသေချာတော့ပါ။

အောင်ဗလ said...

ဦးတင်ရီကကန့်ကွက်တယ်ဆိုတာကြံ့ဖွတ်ကခိုင်းလို့ဘဲဇြစ်ရမယ်။
မယုံရင်ကြည့်နေ ဦးတင်ရီ တိုက်ခန်းတစ်ခန်းနဲ့
Cherry Wagon ကားတစ်စီးရလိမ့်မယ်

Min Kha said...

ကိုယ့်ဟာကိုလည်းပြန်သုံးသပ်ကြည့်ပါအုံး....တင်ရီရယ်.......
NLD ဝင်မပြိုင်ရင် မင်းပါတီနိုင်မယ်ထင်လို့လား......
ကြံ့ဖွတ်ကမင်းပါတီရှိတယ်တောင်မထင်လို့.....သူတို့အစည်းအဝေးမှာလေကုန်ခံပြီးထည့်တောင်မပြောဘူး.......
ဒီအချိန်မှာပါတီအားလုံးကစည်းစည်းလုံးလုံးနဲ့ NLD ကိုပံ့ပိုးပြီးလွှတ်တော်ထဲကတစ်ကိုကောင်းသမားဖွတ်တွေလုပ်ချင်တာလုပ်လို့မရအောင်လက်တွဲပြီးကူညီလို့ရတဲ့ဘက်ကကူညီစမ်းပါ........
မင်းအဲဒီလိုလုပ်ကြည့်.....မင်းငရဲရောက်ရင်တောင်အဲဒီအချက်နဲ့မင်းကိုငရဲမင်းကပြန်တော့လို့ပြောလိမ့်မယ်......

အလင်း said...

ဦးတင်ရီဆိုတာဘယ်က ငမျောက်ငခြောက်လဲဟဲ့ သေချာတာကတော့ ခင်ဗျားဟာ ကိုယ်ကျိုးသမားပဲဖြစ်မှာပဲ... ကိုယ်မစွမ်းတော့သူများအပြစ်လိုက်ပြောနေတဲ့လူ...

အလင်း said...

ဦးတင်ရီဆိုတာဘယ်က ငမျောက်ငခြောက်လဲဟဲ့ သေချာတာကတော့ ခင်ဗျားဟာ ကိုယ်ကျိုးသမားပဲဖြစ်မှာပဲ... ကိုယ်မစွမ်းတော့သူများအပြစ်လိုက်ပြောနေတဲ့လူ...

nandar said...

တင်၇ီ င ကြောက်ကြီး ထမီ ၀တခ ထား လိုက် အုံး

Show said...

ဘုရားရေ..ဒေါ်စုကအရည်အချင်းမပြည့်ဘူး.ဟုတ်လား
လူတွေ လူတွေ အမှန်အတိုင်းလက်မခံနိုင်ကြသေးဘူး
သူကတော့ပြည့်မှီတယ်ပေါ့
ဒေါက်တာစိုးမင်းတောင်ဘာမှမပြောတာ.သူကဘာမို့လဲ
သေချာတာကကော့မှုးမှာဒေါ်စုနဲ့Drစိုးမင်းပဲပြိုင်ရမှာ
ဒေါ်စုမပါလဲသူနိုင်မှာမဟုတ်ဘူး
ဒါပေမယ့်သူ့ကိုလူတွေသတိထားမိသွားတာပေါ့
ဝိုင်းဆဲဖို့လေ...သူမို့မကြောက်တယ်

Myanmar said...

အင်း တင်၇ီတော့ ဆုပ်လဲစူး စားလဲ၇ူး ဒုက္ခ.. ဒုက္ခ..။ ။

မေတ္တာရှင် said...

မညီညွှတ်ရေးနှင့် မငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီ ဒီကနေ့ သတင်းဂျာနယ်တွေ ခင်ဗျားမဖတ်ဘူးလား ၊ဒါမှမဟုတ် စာမတတ်လို့ အသိဥာဏ်မရှိလို့လား။ ဒီလောက် ငြိမ်းငြိမ်းချမ်းချမ်း၊ ညီညီ ညွတ်ညွတ်နဲ့ ထောက်ခံအားပေးနေတဲ့ လူထုမျက်နှာကိုမှမထောက်ဗျာ ခင်ဗျားက မစားရ သဲနဲ့ပတ်တတ်တဲ့ လူစားမျိုးပါလား။ မရှက်ဘူးလားဗျာ ကိုယ်ကိုကိုယ် ကိုယ်စလှယ်လောင်းတဲ့ ယောက်ကျာင်္းကြီးတန်မဲ့အောက်တန်းကျလိုက်တာ။ ခင်ဗျားပါတီဝင်တွေအစား ကျုပ်တော့ ရှပ်လိုက်တာ ။ ခင်ဗျားတို့မှာ
မနက်ဖြန်ဆိုတာ မရှိဘူးလားကွယ်။

ရာရာ said...

သိပ်များများမပြောချင်ဘူး...လူတိုင်းကြားဖူး၊ဖတ်ဖူးတဲ့ ကဗျာလေးပဲ ပြန်ရွတ်ပြမယ် ဘိုးတင်ရီရေ.." ပြစ်မရှိ ပြစ်ရှာ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နှဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

siriusblack said...

ဦးတင်ရီ ဘာလို့မနာလို စိတ်များနေရတာလဲ
သေခါနီးနေပြီ
တရားမဲ့လိုက်တာ
ကိုမလုပ်နိုင်ရင် လုပ်နိုင်တဲ့လု လုပ်ပစေပေါ့

Violin Angle said...

လူတွေများ စိတ်ကုန်တယ် ဂယ်ပဲ စာမတတ်တာအမှန်ပဲ စာတတ်တဲ့ Dr.စိုးမင်းတောင်ဘာမှမပြောဘူး မပြည့်တဲ့အိုးကဘောင်ဘင်ခတ်တယ်ဆိုတာဒါပဲဖြစ်ရမယ် အမှန်ကိုမမြင်တတ်သေးဘူးလား ဦးတင်ရီရယ် ပတ္တမြားမှန်ရင်နွံမနစ်ဘူးနော်

Ar Ga said...

ဆောက်၇ူးတွေက နေ၇ာတကာပါလား ။ တင်၇ီ တင်၇ီ လူကို မမြင်ဘူး။ မသိဘူးပေမယ့် ။ တော်တော်တော့ အထင်သေးသွားပြီ။ ဒါလား တိုင်းပြည်ကောင်းဖို့ အတွက် ။ ပြည်သူလူထု အတွက်ေ၇ွးကောက်ပွဲ ၀င် ချင်တာ ??? အခွင့်ေ၇းသမား ၊ တင်၇ီ အမတ်သာဖြစ်လို့ကတော့ တိုင်းပြည်အတွက် လုပ်ပေးနိုင်မလား ? တိုင်းပြည်က ငွေတွေပဲခိုးမလားမသိဘူး ။ ဘာတဲ့ ဥပဒေအ၇ ကန့်ကွက်တာပါတဲ့ ။ ဟုတ်ကဲ့၊ မြန်မာပြည်မှာ ဥပဒေအ၇ ကန့်ကွက်စ၇ာတွေ၊ လုပ်စ၇ာတွေမှ အများကြီး ။ ဘတ်စ်ကားပေါ်မှာ မိန်းကလေးတွေ နှောင့်ယှက်တာက အစ ၊ ၀န်ကြီးတွေ ခိုးဝှက်နေတာ အဆုံး ကန့်ကွက်စ၇ာတွေ အများကြီးပါ ။ ဦးတင်ရီေ၇ ... ကျန်တဲ့ ဥပဒေ အ၇ ကန့်ကွက် စ၇ာတွေ ကိုေ၇ာ ပြည်သူလူထု အတွက် ဘာတွေ ကန့်ကွက် ပြီးပြီလဲ သိချင်ပါတယ်ခင်ဗျား ။ ပြည်သူ လူထုအတွက် လုပ်ပေးနိုင်တာလေးတွေများ သိ၇၇င် ဦးတင်၇ီ ကို မဲထည့်ချင်လို့ပါ .....

kyawzinthant said...

တင်ရီဆိုတာဘာကောင်လဲတော့မသိဘူး ဒါပေမယ့်ဘာမှသုံးစားရမယ့်ကောင်မဟုတ်တာတော့သေချာတယ်....
ချှီးဦးနှောက်နဲ့ လာပြီးကန့်ကွက်မနေနဲ့
ခွေးချီးနဲ့ စတုမဒူ လာတုနေသေးတယ်....
မင်းသတ္တိရှိရှင် ရွှေဘိုခရိုင် ဝက်လက်မြို့ကိုလာခဲ့လေ မျက်နှာသစ်စရာခေါင်းမရှိဖြစ်သွားမယ်

Ashin Vicitta Sara said...

ဒီမိုကရေစီမှာ ကန့်ကွက်လို့မရဘူးလားဗျာ။

pheasant said...

The Teachings of The Lord Buddha ဆိုတဲ့ကောင် ဒီမိုကရေစီမှာ ကန့်ကွက်လို့ရတယ် ဒါပေမယ့် အခြေအနေနဲ့ အချိန်ခါကို ကြည့်ရတယ် ငတုံးရဲ့ ခုချိန်မှာ နိုင်ငံပြောင်းလဲဖို့ ဒေါ်စုလို လူမျိုး တစ်ယောက်ထဲမဟုတ်ဘူး အများကြီးကို လိုအပ်တာ နိုင်ငံအတွက် တစ်ကယ် ထက်မြက်တဲ့သူ တစ်ကယ် လက်ရှိအစိုးရ ကို ပါဝါယှဉ်နိုင်တဲ့သူ တွေ လိုအပ်နေတာ လမ်းဘေးက နလပိန်းတုံးတောင်သိတယ်ကွ တင်ရီဆိုတဲ့ကောင်ရဲ့ ကန့်ကွက်မှုက ပြည်သူတွေရဲ့ ဆန်ဒကို ဆန့်ကျင်လို့ ၀ိုင်းဆဲ ၀ိုင်းသမခံရတာ ဒါထက်လွန်ရင် အသက်ပါ အိုးစားကွဲမယ် နားလည်လား

Powered by Blogger.