ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်နေ

ဒုဋ္ဌ၀တီမြစ်တစ်နေရာ

ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး တတိယအကြိမ်ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၏ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် မင်းကြီးရန်နောင်လမ်းတောင်ဘက်ရှိ ရေပေးဝေရေးစီမံကိန်း မရောက်ရှိသေးသော မြို့သစ်ရပ်ကွက်နေ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေရရှိရေး စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးဖုန်းဇော်ဟန်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ စည်ပင်သာယာရေးကော်မတီ ရေပေးဝေရေးစီမံကိန်း မရောက်ရှိသေးသော ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့သစ်ရပ်ကွက် များတွင်  ယင်းကဲ့သို့ ဒုဋ္ဌ၀တီမြစ်ရေကို သန့်စင်ကာ ပေးဝေနိုင်ရန်အတွက် JACA နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ၁၉၉၄-၁၉၉၅ ခုနှစ်မှ စတင်၍ မြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်ရေတွင်း ၅၄ တွင်း တူးဖော်ကာ ရေပေးဝေမှုဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတူ အ၀ီစိတွင်း ၈၅၆၁ တွင်းရှိပြီး အနက်ပေ ၈၀ ကျော်၌ပင် မြေအောက်ရေကောင်းမွန်စွာ မရရှိသော မြို့နယ်တစ်ခုအဖြစ် စမ်းသပ်တွေ့ရှိရကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးဖုန်းဇော်ဟန်က ဖြေကြားခဲ့သည်။
EMG
ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်နေ ဒုဋ္ဌ၀တီမြစ်ရေကိုသန့်စင်ပြီး ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေပေးဝေနိုင်ရန် စမ်းသပ်ဆောင်ရွက်နေ Reviewed by သစ်ထူးလွင် on 11:02 Rating: 5

No comments:

Powered by Blogger.