မြန်မာပြည်မှ မြစ်ရေတင်စီမံကိန်း ၄၁ ခုအနက်မှ ၄၀ ကို ရပ်ဆိုင်းထားပြီး တစ်ခုကိုသာ ဆက်လက်တည်ဆောက်နေလျက်ရှိ
လက်ရှိတည်ဆောက်နေဆဲ
မြစ်ရေတင်စီမံကိန်းများနှင့် ဆည်များကို ရပ်ဆိုင်း၍ လေ့လာစိစစ်သင့်ကြောင်း
အဆိုကို အတည်ပြုပြီးနောက်တွင် လက်ရှိတည်ဆောက်နေသော မြစ်ရေတင်စီမံကိန်း ၄၁
ခုအနက်မှ ၄၀ ကို ရပ်ဆိုင်းထားပြီး တစ်ခုကိုသာ
ဆက်လက်တည်ဆောက်နေလျက်ရှိနေကြောင်း သိရှိရသည်။
“မူလက
ဆောင်ရွက်ဆဲ မြစ်ရေတင်စီမံကိန်း ၄၁ ခုတွင်
မန္တလေးတိုင်းဒေသကြီးစဥ့်ကိုင်မြို့နယ် ရွှေလှံဗိုလ်
မြစ်ရေတင်စီမံကိန်းတစ်ခုတည်းကိုသာ ဆက်လက်တည်ဆောက်လျက်ရှိပြီး ကျန်စီမံကိန်း
၄၀ ခုအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွဲဝေပေးထားခြင်းမရှိဘဲ
ရပ်တန့်ထားပြီးဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ကျင်းပသည့် ပထမအကြိမ်
ပြညထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က
ထည့်သွင်းပြောကြားခဲ့ သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းနှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်းကော်မတီ
ဦးသူရိန်ဇော်တို့မှအကျိုးမပြုသည့်ဆည်နှင့် မြစ်ရေတင်စီမံကိန်းများကို
ခေတ္တရပ်ဆိုင်း၍ ပြန်လည်စီစစ် လေ့လာသင့်ကြောင်းအဆိုကို ဖေဖော်ဝါရီလ ၁၆
ရက်နေ့ ထောက်ခံမဲ ၃၉၉ မဲ၊ ကြားနေမဲ ၆၃ မဲ ကန့်ကွက်မဲ ၅၃ မဲဖြင့်
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“စက်ရုံသာရှိပြီး
လျှပ်စစ်မရ၊ စက်ရုံသာရှိပြီး လောင်စာမရ၊ စက်ရုံသာရှိပြီး ကုန်ကြမ်းမရတဲ့
စီမံကိန်းတွေ ရပ်ထားရတာတွေကို သတိမူသင့်ပြီးတော့
မြစ်ရေဆည်ချောင်းစီမံကိန်းတွေကို လေ့လာစီစစ်သင့်ပါတယ်” ဟုပထမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆည်များနှင့် မြစ်ရေတင်စီမံကိန်းများ ဆောက်ခြင်းနှင့်ပါတ်သတ်၍ ပြည်သူလူထု အကျိုးဖြစ်ထွန်းစေသော စီမံကိန်းများကိုသာ ဆောင်ရွက်သင့်ကြောင်း၊
အကျိုးမပြုနိုင်သော စီမံကိန်းများဆိုလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ
ဖြစ်ပေါ်စေနိုင်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရှိရသည်။
“ဆည်တစ်ခု
ဆောက်တယ်ဆိုတာ ဘယ်လောက်အတိုင်းအတာအထိ အကျိုးပြုနိုင်မလဲဆိုတဲ့
ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ ဆုံးဖြတ်ချက်အရ ဆောက်ရတာပါ။
အကျိုးသိပ်မပြုနိုင်တဲ့ စီမံကိန်းတွေဆို ရပ်လိုက်တာပိုကောင်းပြီးတော့
အကျိုးပြုနိုင်တဲ့ စီမံကိန်းတွေဆိုရင်တော့ ဆက်လုပ်သင့်ပါတယ်” ဟု
ဆည်မြောင်းဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
မြစ်ရေတင်စီမံကိန်းများနှင့်
ဆည်များဆောင်ရွက်ရာတွင် မူလမျှော်မှန်းချက် ၁၆ ဒသမ ၃ ရာခိုင်နှုန်းသာ
ရရှိပြီး နိုင်ငံတော်မှ မြစ်ရေတင်လျှပ်စစ်ခများအား
စိုက်ထုတ်ကျခံနေရသည့်အတွက် ထိုစီမံကိန်းများကို ခေတ္တ
ရပ်ဆိုင်းပြီးစီစစ်လေ့လာသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏
ပြောကြားချက်အရ သိရှိရသည်။
ယမင်း(ရွှေမြစ်မခ)
မြန်မာပြည်မှ မြစ်ရေတင်စီမံကိန်း ၄၁ ခုအနက်မှ ၄၀ ကို ရပ်ဆိုင်းထားပြီး တစ်ခုကိုသာ ဆက်လက်တည်ဆောက်နေလျက်ရှိ
Reviewed by သစ်ထူးလွင်
on
17:22
Rating:
1 comment:
It is trap. China's dam will use much Irrawaddy river's water.
So that Irrawaddy will loss much river's water.
Not for Myanmar.
Post a Comment