ရန်ကုန် ဖေဖော်ဝါရီ ၉
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (စနေနေ့) တွင် ကော့မှူးမြို့နယ်သို့ နေ့ချင်းပြန်ခရီး သွားရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကော့မှူးခရီးစဉ်တွင် ငှက်အော်စမ်းကျေးရွာနှင့် [မယ်ဇယ်ဆိပ်] ကျေးရွာများတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ ဒေါက်တာစိုးမင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးတွင် စစ်မြေပြင် ဆေးတပ်ရင်းမှူးအဖြစ် လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ခရိုင်ကျန်းမာရေး အရာရှိအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
The Voice

ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး သွားရောက်မည်
Reviewed by သစ်ထူးလွင်
on
09:17
Rating:
3 comments:
မြန်မာမှန်ရင် တန်ဖိုးထားသင့်တဲ့  နေ့ တနေ့ ပေါ့ ဗျာ
၁၁ ရက်နေ့ ကြံဖွတ်က ကော့မှူးမှာ နိုင်ငံရေး ဘာအကွက်တွေ ရွေ့မလဲဆိုတာ ကြည့်ကြတာပေါ့....အခုထိတော့ ဘာမှ အသံမထွက်သေးဘူး...အမျိုးယုတ်တစ်စု စုဝေးပြီး ဘယ်လို ဖျက်ရမလဲ တိုင်ပင်နေကြတုန်းပေါ့.......
အမေစု ရဲ့လုံခြုံရေးကို ဂရုစိုက်ကြပါခင်ဗျာ ...
ရန်သူလား ... မိတ်ဆွေလား သာမန်မျက်စေ့ဖြင့်
ခွဲခြားမသိနိုင်ပါ။
ယခုအချိန်တွင် တစုံတစ်ခု အမှားအယွင်း ဖြစ်လို့မဖြစ်ပါ။
ပြည်သူများရဲ့ရှေ့တွင်မားမားမတ်မတ်ရပ်တည်ပေးမည့်သူသည်
အမေစု တစ်ဦးတည်းသာရှိပါသည်။ အားကိုးစရာ မှာ
ပြည်သူ့အချစ်တော် အမေစု တစ်ဦးတည်းသာရှိပါသည်။
Post a Comment