ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည်

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ စာနယ်ဇင်းသမားတဦး အနေဖြင့် သွားရောက်မည်ဖြစ်သည်။
ကိုအောင်ဇော်သည် စာနယ်ဇင်းသမား ဗီဇာ (Journalist Visa) ဖြင့် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၂၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခြင်းဖြစ်သည်။
ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ၌ ရောက်ရှိစဉ်အတွင်း အစိုးရအာဏာပိုင်များ၊ ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ စာပေ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံရန်ရှိသည်။
ကိုအောင်ဇော်သည် ၈ လေးလုံး အရေးတော်ပုံတွင် ကျောင်းသားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် စက်တင်ဘာလ တွင် ထိုင်း မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဧရာဝတီမဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာဖြင့် တလနှစ်ကြိမ် ထုတ်ဝေပြီး မြန်မာနှင့် အရှေ့တောင်အာရှ ရေးရာများကို လေ့လာသည့် ပညာရှင်များ၊ မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသို့ ဖြန့်ချိခဲ့သည်။
ဧရာဝတီမဂ္ဂဇင်းသည် မြန်မာ့ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အတိုက်အခံများနှင့် ပတ်သက်၍  ပထမဆုံးလွတ်လပ်စွာ ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။
ကိုအောင်ဇော်သည် The Nation, Bangkok Post, Asian Wall Street Journal, The Guardian, Time, Yale Global, Foreign Ploicy စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ကိုအောင်ဇော်သည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက်လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရသည်။
မကြာသေးမီကလည်း ပြည်ပအခြေစိုက် မီဒီယာများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ ပြည်တွင်း စာနယ်ဇင်းများ၏ လက်ရှိအခြေအနေများကို သွားရောက်လေ့လာခဲ့ကြသည်။
ရန်ပိုင်(ဧရာဝတီ)
ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည် Reviewed by သစ်ထူးလွင် on 18:21 Rating: 5

9 comments:

မျိုးစင်ဆွေဆက် said...

ကိုသစ်ထူးလွင် ရေ....ဒီကောင့်စောက်ခွက်မမြင်ချင်လို့  အမြန်ဖျက်ပေးပါဗျာ.....

Tatine Mhawe said...

ကိုမျိုးစင်ဆွေဆက်ပြောတာကို ထောက်ခံတယ်ဗျာ...။
ဒီလိုအခွင့်အရေးသမားကို အဲဒီထက်ရင့်သီးတဲ့စကားမျိုးနဲ့တောင်ပြောသင့်တယ်...။
သူ့ရဲ့အမှားကိုဝန်မခံမချင်းပေါ့ဗျာ...။(အယ်ဒီတာအောင်ဇော် အကြောင်းမသိသေးတဲ့သူတွေကို အတိုချုပ်မျှဝေလိုက်ပါတယ်...
ဟိုတလောက သူရဲ့အင်တာဗျူးတခုမှာ သူ့Websiteလှူဒါန်းငွေအရနည်းသွားရတာဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ သူကဝေဖန်ပြောဆိုသွားတယ်ဗျာ)
ကိုယ့်ရဲ့Website လှူဒါန်းငွေများများရအောင် ကိုယ့်အစွမ်းအစနဲ့ကိုယ်မကျိုးစားဘဲ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရတာတောင်မှ ဆင်ဖြူတော်ကိုရန်လုပ်ချင်နေသေးတယ်။ အောင်ဇော်ရေ...မင်းတော့ကြပ်ကြပ်သတိထား.....အခုမျိုးဆက်သစ် New Generation တွေကမင်းတို့ပြောတိုင်းမယုံတော့ဘူးကွ။ အဲဒီတော့ မင်းရဲ့အပြော၊အဆို၊အနေအထိုင် ပြုပြင်လိုက်အုံးဟေ့။

ပန်းသတင်း said...

အောင်ဇော်..မြန်မာပြည်လာမလို့တဲ့..ဘော်ဘော်တို့ရေ..စိတ်ဓါတ်မမှန်တဲ့အကောင်လေ..၈၈ က ကျောင်းသားတဲ့ ကျောင်သားစိတ်မ၇ှိတဲ့အကောင်အခွင့်ရေးသမားဘဲ..ဧရာဝတီ ဆိုက်ကိုဦးဆောင်နေပြီးအမျီုးသားရေးစိတ်မရှိဘဲထောက်ပံ့ငွေဖြတ်ခံ ရလို့အမေကိုစော်ကားတဲ့အကောင်လေ..၀ိုင်းပြီးသာ မေတ္တာပို့လိုက်ကြ..။။

Unknown said...

why??? i really dunoe why??
plz lemme know abt him..thnx..

Bob Aye Lwin said...

Thit Htoo Lwin is the best website until before this article is published. All media people in exile lost the opportunity to prolong their corrupt lifestyle and so they just go into Burma and look for pasture. Those running the exile media organization or working to promote democracy for Burma in overseas are doing everything same as the Burmese regime. They re running the organization like that of their family-owned business by employing relatives, friends. If people have these kinds of attitudes how can our country attain a goal.

kokochit said...

ဘာကြောင့်ပါလဲခဗျာ

ma har said...

သို့
သစ်ထူးလွင်
သတင်း ကို သတင်းလိုသာတင်ပေးနေတဲ့ သစ်ထူးလွင်ကို ကျေးဇူးတင်တယ် ။သတင်းတွေကလည်း မြန်မှမြန်ပါဘဲ ။ တခုတော့ မေတ္တာဖြင့် အကြံပေးပါရစေ ဘာဘော်တွေမရေးပါနဲ့ အုံး ။ အာဘော်ရေးတဲ့ ဘယ်သတင်းဋ္ဌာန
မဆို အဆဲခံနေရတာဘဲ ဖြစ်တယ် ။ လူနာမည်တွေ အဖွဲ့အစည်းနာမည်တွေ သတင်းဋ္ဌာန နာမည်တွေကိုတော့ အများသိပြီးဖြစ်လို့ မရေးတော့ပါ ။ အဲဒီလူတွေကို ကြည့်ပြီးဆင်ဆင်ချင်ချင် နေပါက အများလက်ခံပါလိမ့်မယ်
ကျေးဇူးတင်စွာဖြင့်

philosophermgmyathar said...

အဲဒီကောင်ကို တခါတည်းရိုက်သတ်လိုက်ရင်ကောင်းမယ်ဗျ ..ဒီကောင် ဆိတ်
လစေ့ လိုကောင်မျိုး ...စစ်အစိုးရနဲ့ ပေါင်းပြီးလုပ်စားအုန်းမှာမြင်သေးတယ်.

ko naung said...

စောက်ခွက်ကိုယ်က ကျက်သရေမရှိဘူး။ တိုင်းပြည်နာတယ်။

Powered by Blogger.