ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်၍ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုးမင်း ရွေးချယ်ခံမည်

ရန်ကုန်၊ ဖေဖော်ဝါရီ(၂)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဖေဖော်ဝါရီ(၁)ရက်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ရွေးချယ်ခံမည့်သူမှာ ဒေါက်တာစိုးမင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ဖြူဖြူသင်း၊ ဒီမိုကရက်တစ်(မြန်မာပြည်)မှ ဦးသုဝေတို့ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်တွင် ပြည်ခိုင်းဖြိုးပါတီမှ ဒေါ်လဲ့လဲ့အေးက ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော စာရင်း၌ တွေ့ရသည်။
NLD မှ ဇေယျာသော်ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးသာဌေး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ NLD မှဦးဖြိုးမင်းသိမ်းနှင့်အပြိုင် ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူက လှည်းကူးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံကြမည်ဖြစ်သည်။
ပြည်ခိုင်းဖြိုး၏ ကိုယ်စားလှယ်လောင်း ၄၈ ဦးစာရင်းတွင် လက်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်း၏သား၊ နေပြည်တော် ဘောလုံးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းက ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီက တာဝန်ပေးအပ်ထားသည့်ကိုယ်စားလှယ်များအားလုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ၊ ကြေညာချက်များနှင့်အညီ တရားသဖြင့်ယှဉ်ပြိုင်ပြီး အနိုင်ရရှိရေးအတွက် ပြည်သူများနှင့် ၀ိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အကြောင်းကြားပါသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက လက်မှတ်ရေးထိုး၍ ညွှန်ကြားထားသည်ကိုလည်း တွေ့ရသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်၍ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုးမင်း ရွေးချယ်ခံမည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်၍ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုးမင်း ရွေးချယ်ခံမည် Reviewed by သစ်ထူးလွင် on 15:54 Rating: 5

35 comments:

kyaw soe ko ko said...

ဟား.....ဟား...ဟား..

Unknown said...

Doc Soe Min..သနားတယ်..........;)

SN said...

မင်းတို့ မဖတ်နိုင်မမြင်နိုင်ပေမယ့် တစ်ခုတော့ ပြောလိုက်ချင်တယ်.....တရားသဖြင့်ပြိုင် မင်းတို့နိုင်မယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေပြမယ်....အခုတောင် ပွဲကမစသေးဘူး နေပြည်တော်က ၀န်ထမ်းတွေကို မင်းတို့ပါတီမဲရအောင် ဘာတွေပြောနေပြီလဲ.....မဟုတ်တာလုပ်ဖို့ ဘာတွေ ကြံစည်နေလဲ....ေ-ာက်ရှက်ကို တစ်ပြားသားမှ မရှိတဲ့ မျက်နှာပေးနဲ့မင်းတို့မို့ပြောနေတယ်.......

Unknown said...

မရှုမလှရှုံးမဲ့ကြံ့ဖွတ်အတွက်စိတ်မကောင်းပါဘူး။
သိသိကြီးနဲ့ဝင်ပြိုင်ပေမဲ့လဲ၊ကြိုတင်မဲ၊မဲခိုး၊သခိုးသဝှက်၊
မိန်းမရှာများကတောင်သြောချရမဲ့ကလိန်ကညစ်နည်းတွေနဲ့ယီတခါလုပ်လို့
မရတော့ဘူးဆိုတာကိုကောင်းကောင်းနားလည်ဘို့သတိပေးပါရစေ။
လူထုဒါဏ်ခတ်တာကိုလည်စီးခံဘို့အသင့်ပြင်ထားပါ။
၂၀၁၅ရွေးကောက်ပွဲမှာခွက်ထိုးခွက်လန်ရှုံးမဲ့ကြံ့ဖွတ်အတွက်၊
အမြည်းလေးပေးထားတာပါ။
နလံမထူနိုင်တော့ဘူး။
ဘာမှမသမာလုပ်ဘို့စဉ်းစားမနေနဲ့တော့။

paukhlange said...

နေရာတိုင်းမှာ NLD တွေအားလုံးအပြတ်အသတ်နိုင်ပါစေ..

zinzin said...

ကြံ့ဖွတ်က ဟာတွေ နိုင်တယ်ဆိုရင် မဲကို မသမာသောနည်းနဲ့လုပ်လို့ နိုင်တာပဲ ဖြစ်ရမယ်(သူတို့ရဲ့ထုံးစံအတိုင်းပေါ့ ခိုးမဲ၊ ၀ှက်မဲမသမာသောနည်းပေါင်းစံနဲ့ရထားတဲ့မဲ)
မှန်ကန်တဲ့နည်းနဲ့ သွားမယ်ဆိုရင်တော့ ... ပြည်သူတွေရဲ့စိတ်ထဲက မဲအတိုင်းဆိုရင်တော့
.... မဲရုံတွေသာ စည်းစနစ်တကျနဲ့ဆိုရင်တော့
....... ဟေးး ဟေးးး ဘယ်သူနိုင်မလဲ သိသာပါ့ကွယ်
(တို့ကတော့ တွေ့သမျှလူ မေးသမျှလူကို တို့အားလုံးရဲ့ အမေ ရှိတယ်လို့ တွေ့တိုင်း မေးတိုင်း ပြောခဲ့တယ်... :))

Anonymous said...

ပြည်ခိုင်ဖြိုးကို နိုင်ဖို့ ----ကျော်ဟိန်းပြောသလို ပြောရရင် ၁၀ နှစ် ၁၀ နှစ် ကြိုးစားလိုက်အုံး -------NLD ရေ --

ရာရာ said...

russia ဆိုတဲ့ကြံ့ဖွတ်လေးရေ...ဘုန်းကြီးဝတ်ပြီးတရားပြဦးမယ်ဆိုတဲ့ ကိုကျော်ကြီးလဲ ဘယ်သောင်ဘယ်ကမ်းကပ်သွားပြီမသိဘူး...သူပြောတဲ့ အရူးစကားတွေနဲ့ရူးမနေနဲ့....မင်းတို့ကြံ့ဖွတ်မဲသူခိုးတွေ ခေတ်ကုန်သွားပဟ..မဲခိုးနည်းအသစ်အသစ်တွေရှာတွေ့ဖို့ နောက်ထပ် အနှစ်100 ကြိုးစားလိုက်ပါဦး..ဟလား..

Anonymous said...

အော် အော် သိလိုက်ပါပီ မဲခိုးတော့မယ်ပေါ့

Aung said...

ကြံဖွတ်တွေ မဲ ခိုးမှာတော့ အသေအချာဘဲ

Myanmar said...

ကြံ့ခိုင်ေ၇းသာ တကယ်တ၇ားဖြောင့်မတ်မှု၇ှိတယ်ဆို၇င် တကယ်ကို ကြိုဆိုသင့်ပါတယ်။ ဒါမှသာ လက်၇ှိအင်အားကြီးအဖွဲ့စည်း၇ဲ့ ပြည်သူ့ကောင်းကျိုးဖော်ဆောင်မှုတွေကို မျှော်လင့်လို့၇မှာဖြစ်ပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ လက်၇ည်ညီတဲ့ ပြိုင်ဘက်တွေကိုမျှော်လင့်လို့၇မှာဖြစ်ပါတယ်။

kokochit said...

ကြိုက်တယ်ဗျာ အမှန်တွေမပြောနဲ့လေ. :-D

Show said...

တရားသောနည်းဖြင့်ယှဉ်ပြိုင်ရင်တော့ဒေါ်စုကိုဘယ်လိုမှနိုင်မှာမဟုတ်ဘူး ဒါ..သေချာတယ်
သတင်းကြားတာက တအိမ်ထောင်ကိုဘယ်လောက်ဆိုပြီးပေးတယ်တဲ့
မဲဆွယ်တာလေ
ပိုက်ဆံတွေတော်တော်ပေါနေတယ်
ဘယ်နိုင်ငံမှာမှသူတို့လောက်ချမ်းသာတဲ့ပါတီရှိမှာမဟုတ်ဘူး
ခိုးထားတဲ့ပိုက်ဆံတွေနဲ့လေ
Russia ဆိုတဲ့အခြောက်ကသူ့အမေလင်တွေပါလို့လားမသိဘူးနော်
Myanmar လိုပြောရင်လက်ခံပါတယ်ဗျာ
မှန်တဲ့ဘက်ကိုလိုက်တာကောင်းပါတယ်

Unknown said...

အော်...russia့ 
U့ ကဖွတ်လား....ဖွတ်ဆိုရင်တောင်
ဖွတ်ကြားဆိုတာ..သေချာပါ့........
အကြောပေးထားတာ....ပျင်းတောင်ပျင်းသေးတယ်..
Doc: soe win..အရမ်းသနားတယ်..တကယ်ပါ..

စိုးလွင်ဥိး said...

ကြံ့ ဖွံ့ ဆိုပေမဲ့ လို့ ဦးသိန်းစိန်လိုသမ္မတမျိုးထိုးတင်လိုက်လို့ ဝမ်းသာတယ်။
နိုင်ချင်တာကတော့  NLD ပဲ

နိုင်မွန်အောင်သွင် said...

ဒေါက်တာ့ကို အမှန်တကယ် အားနာမိပါတယ်။
ရလဒ်ရဲ့လားရာကိုသိရက်နဲ့ အလှည့်ကျ မနွဲ့ရသူမို့ပါ။
မန်ချက်နဲ့ မြန်မာလိဂ်နဲ့ပြိုင်ရသလိုမျိုးမို့
ဒိုင်ပဲ အားကိုးကိုး၊ သူ့လူတွေ မဲပဲခိုးခိုး
ပွိုင့်တောင် မထုတ်သင့်တဲ့ ပွဲပါ။

စနေငထိန် said...

ဒေါက်တာ့ကို အမှန်တကယ် အားနာမိပါတယ်။
မန်ယူနဲ့ မြန်မာလိဂ်နဲ့ ပွဲကို ကြည့်ရသလိုမျိုးမို့
ဒိုင်က ဘယ်လိုပဲ ဘက်လိုက် ဘက်လိုက်၊
သူ့လူတွေ ဘယ်လိုပဲ မဲခိုးခိုး(အစဉ်အလာမပျက်)၊
မရှုမလှအခြေအနေပါ။
ဆရာ့မှာ အလှည့်ကျ မနွဲ့ရမို့လို့သာ
ဆက်လှမ်းရတော့မှာသာ ဖြစိပါတယ်။

အမြင်သစ် said...

မြန်မာပြည်မှာက ဘာမှ အသိတရားမရှိ တထွာတမိုက်ဥာဏ်လေးနဲ့ တနပ်စားကောင်တွေကလည်းရှိနေတော့ခက်တယ်ဗျ .. တကယ်တမ်းတွေးတတ်မြင်တတ်တဲံ့ လူတွေကြီးဘဲဆိုရင် ကြံ့ဖွတ်က အသင်းဝင်တောင်ရှိနေမှာမဟုတ်ဘူး၊ ဘာမှ အင်အားကြီးဖြစ်နေစရာလဲမလိုဘူး။အဲလို တနပ်စားကောင်တွေကလဲ ဘယ်တော့မှ ရိုးရိုးသားသားလုပ်မှာမဟုတ်ဘူး။

မြန်မာပြည်သား said...

ဒေါက်တာစိုးမင်ရယ် ကိုယ်သိပ်ခါကိုယ်ဆယ်တဲ့အနေနဲ့ ကောမူးကမပြိုင်ပါနဲ့ လား.....သူများမြောက်ပေးတိုင်လိုက်လုပ်ရင်.....ခွေးဖြစ်သွားမယ်နော်...ဒေါက်တာဘွဲလေးကိုအားနာပါအုန်း......ဆရာသန်ဖြစ်ပီသူများကြိုးဆွဲရာကတာတော့အရူးပဲ့..........သန်းရွှေလမ်းစဉ်မလိုက်ချင်ပါနဲ့ ....မိန်မခိုင်တိုင်လိုက်လုပ်ရင်..သီပေါဖြစ်မယ်နော်....မြန်မာမှာဒုတိရသီပေါ့ကသန်ရွှေနော်........
ဆရာသန်တွေသိပ်ခါမချပါနဲ့ ...........

kyaw soe ko ko said...

Myanmar လဒလေး စွမ်းအာရှင်ဆိုတာ ဘယ်သူတွေနဲ့  ဖွဲ့ ထားတာတုံး ၂၀၀၃ ဒီပဲယင်း အုပ်စုဖွဲ့  အကြမ်းဖက်ရက်စက်မှု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဗုဓ္ဒဘာသာ သံဃာတော်တွေကို တပ်(စစ်ဗိုလ်တယောက်ကွမ်းဝါးရင်းအမိန့် ပေး)ရဲ့  ညွှန်ကြားမှုအောက် အုပ်စုဖွဲ့ အရပ်ဝတ်စွမ်းအားရှင် တို့  ရဲ့  ရက်စက်ယုတ်မာမှု ၂၀၀၈ နာဂစ် မုန်တိုင်းဒဏ်ခံစားနေရတဲ့ ဒုက္ခရောက် ပြည်သူတွေကို ကူညီ တဲ့ သူတွေ ကို အနှောင့်အယှက်ပေး တားဆီးပိတ်ပင် ယုတ်မာခဲ့တဲ့ စွမ်းအားရှင် ဆိုတာ ဘယ် အဖွဲ့ စည်းလဲ .. သေချာလေ့လာလိုက်အုံး ...ငါးစာပဲ မမြင်နဲ့  ငါးမျှားချိတ် လဲ မြင်အောင်ကြည့်...အတိတ်ရာဇ၀င် အစဉ်အလာ မကောင်းခဲ့ ဘူး လဒလေးရဲ့ ... .ကြောင်လက်သဲဝှက်လေးတွေ ကွ လဒလေးရဲ့  ....စိတ်ချ လဒလေး ငါတို့ ပြည်သူတွေ က သူတို့ လို လက်နက် အာဏာ စွမ်းအားရှင်ဆိုပြီး လက်ရုံးအားကိုး လက်ရည် မပြိုင်ဘူး ပြည်သူအပေါ် စစ်မှန်တဲ့ စေတနာ ထားရှိတဲ့ နှလုံးရည်ပဲပြိုင်မယ် ... လက်ရည်ချင်း ယှဉ်မယ်ဆိုရင်တောင် လက်နက်အားမကိုးပဲ မှန်ကန်တဲ့ လက်ရည်မျိုးနဲ့  ပဲ ယှဉ်မယ်...အရင်ထဲ က စစ်မှန်တဲ့ လက်ရည်သာမျှခဲ့ ကြည့်(ယုတ်မာကောက်ကျစ်စဉ်းလဲ ကလိန်ကကျစ်ဥာဏ်တွေမစဉ်ခဲ့ပဲ ပြည်သူ့  ဆန္ဒအမှန်တိုင်း ၁၉၉၀ ရွေးကောက်ပွဲ ကို တရားမျှတအောင်သာလုပ်ပေးခဲ့ကြည့်) """ရာဇ၀င်မှာ ကြံ့ ဖွတ် ဆိုတာ ရှိလာခဲ့မှာတောင်မဟုတ်ဘူး""".... နိုင်ငံနဲ့ ပြည်သူလဲဒီလောက်ထိ ဆင်းရဲဒုက္ခရောက်မှာမဟုတ်ဘူး..လဒလေးရဲ့ ......အတိတ်ရာဇ၀င် ကိုရှက်တတ်သော.. စိတ်ရင်းကောင်းမွန်မှန်ကန်သော်လဲ အတင်းအကြပ်စည်းရုးံ ခံရပြီး ကြံ့ ဖွတ်ဖြစ်နေရသော မစို့ မပို့  အကျိုးလေးလို၍ ကြံ့ ဖွတ်ဖြစ်နေရသော ယောင်တောင်တောင်ဖြင့် ကြံ့ဖွတ်ဖြစ်နေရသော သူများအားလုံး အတိတ်ဆိုးခဲ့သော်လဲ အနာဂတ်ကောင်းမွန်ရန် စိတ်ရင်းမှန်ရှိသူများ ယခုမနှောင်းသေးသောအချိန်ကာလတွင် ကြံ့ဖွတ်အဖြစ်မှ ၄င်း၊ ကြံ့ဖွတ် ကိုယ်စားလှယ်အဖြစ်မှ ၄င်း နုတ်ထွက်သင့်ကြောင်းစေတနာထားပြောအပ်ပါသည်..(မှတ်ချက်။ ။ ပြည်သူသတ် ကျောင်းသားသတ် သံဃာတော်သတ် ရမှကျေနပ်ပီတိဖြစ်သော ကြံ့ဖွတ်စွမ်းအာရှင်များ မနုတ်ထွက်လိုက သဘောပါ...)

JuMaung said...

အန်တီစုနဲ့အတူအပြိုင်ဝင်နွှဲမယ့် ဒေါက်တာစိုးမင်းတဲ့- အန်တီစုလို ပြည်သူကိုချစ်တဲ့စိတ်၊ တိုင်းပြည်ကိုချစ်တဲ့စိတ်လေးမွေးနိုင်လို့ ၀င်ပြိုင်တာလား၊ ဒါမှမဟုတ် ဒေါက်တာစိုးမင်း ခင်ဗျားအဖေတွေက၀ိုင်းမြှောက်လို့ဝင်ပြိုင်လိုက်တာဗျာ၊

Unknown said...

နိုင်တဲ့သူဟာ ပြည်သူကို တကယ်ကောင်းကျိုးပြုမဲ့ သူတွေ ဖြစ်ဖို့ ဘဲလိုပါတယ်။

ရာရာ said...

ကိုရွှေမြန်မာလေးရေ...
မင်းရဲ့ အကောင်းမြင်ဝါဒ လေးကိုလေးစားပါတယ်ကွာ..ဒါပေမယ့် ဒီကြံ့ဖွတ်တွေက လိမ်ဖို့ညာဖို့ ငို့ဘလုပ်ဖို့ အထက်ဖါးအောက်ဖိလုပ်ဖို့ စိတ်ဓါတ်တွေက အရိုးစွဲနေပြီ...ခွေးကြီးမှလက်ပေးသင်သလိုဖြစ်နေမှာမို့ သူတို့ဆီက ပြည်သူ့ကောင်းကျိုးဖေါ်ဆောင်မှုဆိုတာကို ဘယ်လိုမှမျှော်လင့်လို့မရတာကတော့ အသေအခြာပါပဲ..မဲခိုးမဲလိမ်မဲညစ် ပြီးပြိုင်မှာမို့လည်း လက်ရည်ညီတဲ့ပြိုင်ဖက်အဖြစ် အသိအမှတ်ပြုဖို့ကလည်းဘယ်လိုမှမဖြစ်နိုင်တာကြောင့် စိတ်လျော့လိုက်ပါတော့..

blackeyes said...

လူထုခေါင်းဆောင်ကောင်း တစ်ဦးအတွက်၊ အမျိုးသားရေးတာဝန်ကို အတိုင်းထက်လွန် ကျေပွန်စွာ၊ ရဲရင့်စွာ၊ စွန့်လွှတ်အနစ်နာခံစွာ သစ္စာရှိရှိ ထမ်းရွက်ခဲ့ ထမ်းဆောင်ဆဲ နောင်လဲ ထမ်းဆောင်နေဦးမယ့် ပုဂ္ဂိုလ် တစ်ဦးအတွက်၊ မီးထဲမှာ ဘယ်လောက်ပင် ရှည်ကြာစွာ ပင်ပန်းခဲ့ပါစေ.. ဘယ်တော့မှ ညှိုးနွမ်းသွားမှာ မဟုတ်ပါဘူး ... အခုချိန်က ကျွန်တော်တို့ ပြည်သူတွေက ပြန်ပြီးတော့ သစ္စာရှိရှိ ပေးဆပ်ရမယ့်အချိန် ရောက်လာပြီလေ ... ရလာဒ်အနေနဲ့လား ? အမေစု + NLD 100% - ကြံ့ဖုတ် 0% ပေါ့ဗျာ ... ဦးနှောက်ရှိတယ်ဆိုရင် ကလေးကအစ သိတတ် မြင်တတ်နေတဲ့ဟာကို ... အရှင်းကြီးပဲ ကွန်ပျူတာနဲ့ပဲတွက်တွက် ပေသီးပဲခေါက်ခေါက် အချိန်ကုန်ပါတယ်ဗျာ ...

ချူးအောင်းနယ်မှ ချောင်းဦးသား

Theodo said...

စစ်ခွေးကလည်းဟောင်တယ်ဟ ခွေးကခွေးနေရာနေ
မင်းတို.ကြံဖွတ်က စောက်ရှက်မရှိတာတစ်ကမ္ဘာလုံးသိတယ်
သခင်အားရကျွန်ပါးဝဟောင်ပြမနေနဲ.

ဇော်ဇော် said...

သိတယ်မဟုတ်လား ကြိုတင်မဲ..

ManU Lover said...

ဒေါက်တာစိုးမင်းကြီးခင်ဗျား.....
ဒီတိုင်းလေးပဲနေကောင်းမယ်ထင်ပါတယ်..အရှက်ကွဲတာ မခံဖူးဘူးနဲူ့တူတယ်...အန်တီစုနဲ့ ဒေါက်ချာက ကော့မှုးမှာ ၀င်ပြိုင်မလို့ ..ဟုတ်လား....စဉ်းစဉ်းစားစားလုပ်နော်....ကြံဖွတ်ကြီး အရှုမလှ ခံရမှာမြင်ယောင်သေး.....စောက်ရှက်မရှိတဲ့...ကြံဖွတ်

Anonymous said...

ကြံဖွံ့က အင်အားကြီးတယ်ဟုတ်လား။ အားနာတယ် အသင်းဝင်တွေက ဘယ်သူလဲ၊ အရင်က ၀န်ထမ်းတွေကို မဖြစ်မနေ အတင်းဝင်ခိုင်းတယ်။ ကျောင်းသူ/သားလေးတွေကို အရောင်ဆိုးတယ်။ အနှေးယာဉ်တွေကို အဲဒီကဒ် ကိုင်ရင် ပေါ်တာမပါဘူး။ ကုန်ကုန်ပြောရင် လုပ်ချင်တာလုပ်နိုင်တယ် (မကောင်းတာမှန်သမျှ) ဆိုပြီး လိမ်လည်ပြီး အတင်းဝင်ခိုင်းတဲ့ အသင်းဝင်တွေများတယ်။ ပါတီအဖြစ်ကျေညာတာ ရွေးကောက်ပွဲဝင်ခါနီးမှ မလိမ့်တပါတ်ပြောင်းလိုက်တာ၊ ၀န်ထမ်းတွေ နိုင်ငံရေးနဲ့ ကင်းရမယ်။ ကျောင်းသူ/သားတွေရော။ အတင်းဝင်ခိုင်းထားတဲ့ စာရင်းတွေ ဆွဲထုတ်လိုက်ရင် အလကောင်ကားတွေဘဲ ကျန်တာနော်။ ရပ်ကွက်အကျိုးလဲ မပြု၊ ရဲနဲ့ပေါင်းမယ်။ ထောက်လှမ်းရေးနဲ့ပေါင်းမယ်။ မကောင်းတာလုပ်တဲ့သူတွေကို ကာကွယ်သလိုနဲ့ ဆက်ကြေးကို ဖြတ်ဘုန်းမယ်ဆိုတဲ့ ကောင်တွေဘဲ ရှိတဲ့ အဖွဲ့ကို ဘယ်လိုလုပ်။ ပြီးတော့များ။ ။ ။ အင်အားကြီးပါတီတဲ့ အံ့ရော။ အံ့ရော။ အံ့ရော။ NLD နဲ့ မဲပြိုင်ရွေးရင် ဘာမှကို မလိုဘူး။ တောင်းတစ်လုံးဘဲလိုတယ်။ဗြောင်ကျကျမဲထည့်ခိုင်းလိုက်၊ ကြံဖွံ့ကို လိုလားရင် တောင်းထဲမဲထည့်ခိုင်းလိုက်၊ အဲဒီတောင်းထဲမှာ မဲမရှိစေရဘူး။ ရှိနေတဲ့မဲက ကိုယ်စားလှယ်တော်ကြီးရဲ့ မဲဘဲဖြစ်လိမ့်မယ်။

AyeeSett said...

ဘာကောင်လဲကွ ...ရူးနေလား ...ေxာက်ရူး

SKy said...

Russia တဲ့....
မြန်မာပြည်က ပြည်သူတွေပို့ တဲ့ စရိတ်နဲ့  ရုရှားမှာ ပညာတော်သင်သွားတာနဲ့ ပဲ
ကိုယ့်အမိနိုင်ငံတော်ကို မေ့နေလော့လားကွယ်......
ဒါနဲ့ များ ပုခုံးမှာ ကြယ်ပွင့်တွေနဲ့  နိုင်ငံတော်ကို
ဘယ်လိုကာကွယ်အုံးမှာလဲ??????

Android Myanmar said...

ဒေါက်တာ စိုးမင်းဆိုတဲ့လူ... ဒေါက်တာ ပညာတတ်ဖြစ်ပြီး ကြံ့ဖွတ်တွေနဲ့ရောပြီး ကိုယ့်ကိုယ်ကို ဖွတ်ကြားဇာတ်ထဲသွင်းနေတာ နှမျောလို့မဆုံးဘူး။
"russia said...

ပြည်ခိုင်ဖြိုးကို နိုင်ဖို့ ----ကျော်ဟိန်းပြောသလို ပြောရရင် ၁၀ နှစ် ၁၀ နှစ် ကြိုးစားလိုက်အုံး -------NLD ရေ --"
ဟိုကောင် Russia ဆိုတဲ့ကောင် မင်းကဘာလဲ ကြံ့ဖွတ်အစိုးရပေးတဲ့ ပေးစာကမ်းစာနဲ့ Russia ကနေအော်နေတာလား။ မင်းလဲ ဖွတ်ပဲ။ ကြံ့ဖွတ် ရူးတွေကို အားပေးနေ ဟုတ်လား၊ ကြံ့ဖွတ်ထဲကပဲလား။ ပြောရအုံးမယ်၊ မြန်မာပြည်မှာ ကြံ့သူတော်တွေ မျိုးတုံးတော့မယ်တဲ့၊ အမှန်က ကြံ့သူတော်တွေမျိုးတုံးရမှာမဟုတ်ဘူး၊ မင်းတို့လို ကြံ့ဖွတ်မျိုးတွေ တုံးရမှာကွနားလည်လား။
သန်းရွှေလို ခွေးဇာတ်ခင်းချင်ပြန်ပြီနဲ့တူတယ်။ ခွေးဇာတ်ခင်းချင်ရင် ဒီကိုမလာနဲ့၊ စောက်ရူး။

Android Myanmar said...

"tunnyo said...

ကြံ့ဖွံ့ပဲမဲထည့်ရတော့မှာပဲ။ သူတို့က ပညာတတ်တွေများတယ်။"
ပညာတတ် များတယ်၊ ဟုတ်တယ် အလိမ်အညာ၊ အခိုး၊ အဝှက် နဲ့ လူကတော့ တော်ရင် တော်မှာပေါ့၊ မကောင်းတာတော့ အသေအချာပဲ။ တစ်ခု သတိပေးချင်တာက ပညာတတ်တွေကောက်ကျစ်ရင် သူများထက်ကြောက်ဖို့ကောင်းတယ် ဆိုတာပဲ။ လူတော် လူမကောင်းများ မိမိပညာကိုမှ မထောက် မကောင်းတာမလုပ်ကြပါစေနဲ့ဗျာ။

AyeeSett said...

ဘာကောင်လဲကွ russia , မင်းဖထွေးကိုတော်တော်ချစ်လား ...ဟားဟား ...
ငါတို့ အမေက ထိုင်နေရင်တောင် မဲနိုင်ပြီးသား
မင်တို့ဖွတ်တွေ နောင်တစ်ခေတ်မှာ ခွက်ဆွဲပြီးတောင်းစားနေရမှာမြင်ယောင်သေးတယ်
ပြည်သူ့ ကင်ချီ ပဲ ... ၀ါးဟားဟား

ပြည်ချစ်သူ said...

ကြံ့ဖွတ်တွေကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ကြပါစေကွာ....။ ဒါမှ အမေစု နိုင်တာအရသာရှိမှာပေါ့။ NLD ကတော့ အပြတ်အသတ်နိုင်မှာပါပဲ။ ဒါပေမယ့် ဖွတ်တွေမပြိုင်ရင် သူတို့မပြိုင်လို့ပါလို့ပြောနေဦးမယ်...။ ပြိုင်မှ သူတို့လည်း ပြည်သူ့စိတ်ရင်းမှန်ကိုသိသွားတာပေါ့ကွာ။ အမေစုလည်း အလှပေါ အယဉ်ဆင့်ဆိုသလို တင့်ပြီးသားဂုဏ် ပိုမြင့်သွားတာပေါ့ကွာ........။ ကြံ့ဖွတ်တွေကိုတော့ သနားမိပါတယ်။ လူကောင်းအတွေးနဲ့တွေးတာပါ။ တကယ်တော့ ဒီကောင်တွေက ပြည်သူတွေရဲ့ သနားမှုနဲ့တောင် တန်တဲ့ကောင်တွေတော့ မဟုတ်ဘူး...........။

Naw Naw said...

William Shakespeare ကပြောခဲ့တယ်လေ။ "Justice and Right always won in the end." တဲ့။ အဆုံးတစ်နေ့ကျရင် မင်းတို့ သဘောပေါက်လာပါလိမ့်မယ်။ ပြည်သူ့အားကို ဆန့်ကျင်ဝန့်တဲ့သူ ကြံ့တွေ၊ ဖွတ်တွေ၊ သေနာချုပ်ဟောင် (ဟောင်း မဟုတ်ဘူးနော်) တွေရေ .......။

Powered by Blogger.