အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း သည် နိုင်ငံတော်မှ
ငွေကြေးအမြောက်အများကို လိမ်ယူထားသူဖြစ်ကြောင်း ၊ ပြည်သူ့ လွှတ်တော် အဆောက်အဦး
အမှန်တကယ် ကုန်ကျငွေ၏ နှစ်ဆကျော်ခန့် ကုန်ကျကြောင်း၊ နေပြည်တော် ဆောက်လုပ်ရေး
လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှသိရသည်။ လိမ်လည်မှုတွေနှင့် ပါတ်သတ်လို့ 
ဆောက်လုပ်ရေးအင်ဂျင်နီယာတဦး က Myanmar News Now ကို စာရေးသားပေးပို့ ထား
ပါသည်။ ပေးပို့ လာတဲ့ စာကို အောက်မှာမူရင်းတိုင်း ဖော်ပြပေးလိုက်ပါသည်။ စာမှာ စာလုံးပေါင်း
တချို့ မှားယွင်းမှုရှိနေတာကို စာဖတ်သူတို့  နားလည် ဖြည့်စွပ်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။

အားကစားဝန်ကြီးဦးတင့်ဆန်း
လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း
UTS
အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ (တိုင်ကြားစာ) အားကစားဝန်ကြီးဦးတင့်ဆန်း၏ လာဒ်စားမှုများပေါ်ပြီ  (တိုင်ကြားစာ) Reviewed by သစ်ထူးလွင် on 03:05 Rating: 5

57 comments:

Tri Asian Taste said...

ဟေ့ကောင် ငတင့်ဆန်း မင်း ရုပ်နဲ့လိုက်အောင် ယုတ်မာမဲ့အကောင်၊ မင်းရုပ်ကိုက အကျင့်ယုတ်မဲ့ ရုပ်မျိုးဘဲ၊ ဟင်း မင်းအခုတော့ ဘာတက်နိုင်သေးလဲ မင်း မျိုထား ဆို့ထားတာ အခုတော့ ပေါ်ပြီး။ မင်းသိပါတယ် မင်းဘယ်သွားရမယ်ဆိုတာ။

ko myo said...

If really like this,need to remove quickly from the position of minister and also should be punishment by the law at once.

thuyawin02 said...

နိုင်ငံကိုအကြွေးထူထူလေးလုပ်ပေးတဲ့မင်းရဲ့ကျေးဇူးကို။။။။။။တောင်မမေ့ဘူး အင်းစိန်ထောင်မှာသီးသန့်ထူရှယ်အခန်းနဲ့မစပရစေ။

မီဒီယာ said...

ကဲ...မောင်မင်း ဘာဆက်လုပ်မှာလည်း... ဟုတ်လို့လည်းကျော် ပုတ်လို့လည်းပေါ်ပြီ..မောင်မင်းချီးထုပ်ကျခဲ့တဲ့လုပ်ရပ်တွေလေ..အများသူငါ စိတ်အနှောင့်အယှက်ဖြစ်အောင်ဒုက္ခပေးခဲ့ဒါတွေ ၀ဋ်လည်ပြီပေါ့..မောင်မင်းဘာဆက်လုပ်အုံးမှာလည်း..။။

ဂေါက်သီး said...

အဲဒါ တင့်ဆန်းတဲ့ကွ....
သူ့လို ဝန်ကြီးတွေ ဘယ်လောက်များနေပီလဲ...။
သူတို့ မျိုထားတာတွေနဲ့တင် တတိုင်းပြည်းလုံး ကျွေးထားနိုင်လောက်တယ်...။
ရွံလိုက်တာ...

thethnin said...

ဘုရား ဘုရား
သိန်းပေါင်း ၃ သိန်းကျော်...
ငရဲပြည်မှာ လာဘ်ထိုးဖို့ များ အဲလောက် ယူထားတာလားကွာ...
တတိုင်းပြည်လုံး ဖွတ်ဖြစ်အောင် မျိုကြ ဆို့ကြ...
ဒီလို လူတောင် ဒီလောက် ဆို ကျန်တဲ့ ဟာကြီးတွေဆို
အောင်မလေး မြန်မာပြည် ဆင်ရဲတာလဲ မပြောနဲ့တော့...

moeoo said...

Mr President you fire to minister tim sam please hurry up.

Anonymous said...

သမ္မတကြီးရေ clean & good government ကို သက်သေပြဖို့ အချိန်တန်ပြီ ထိထိရောက်ရောက်လေးနဲ့ နမူနာ လုပ်ပြပေးစေလိုပါတယ် . . .သူ ယူထားတဲ့ ငွေတွေ ပြန်သိမ်းပြီး တိုင်းပြည်ရဲ့ တင်နေတဲ့ အကြွေးတွေ အချို့ တစ်ဝက်ပြန်ဆပ် နိုင်လိမ့်မယ်ထင်တယ် . . . အခုလို သိသိကြီးနဲ့ တော့ လွှတ်မထားသင့်ဘူးလို့ ထင်တယ် . . .

Maung Maung said...

တင်ပြထားတဲ့အတိုင်းမှန်ကန်ရင်တော့ ၀န်ကြီးအဖြစ်မှ ထုတ်ပါယ်/နှုတ်ထွက်သင့်ပါတယ်။

kiddykid said...

Yeah..yeah...ဒီပုတ်ထဲက ဒီပဲတွေကြီးပါပဲ.....

OZI said...

Lwin Thandar is a brave person. We can pay back World Bank's debit by Tint San and Zaw Min's corruption.
U Shwe Mann must credit to Lwin Thandar Soe who follow your briefing writing for truth.

Violin Angle said...

မြန်မာပြည်အကြွေးတင်တာဒင်းတို့ကြောင့်ကိုး

aye said...

နိုင်ငံ့ခေါင်းဆောင်များ ညံ့လေစွ..ညံ့လေစွ...နှောင်းမှသိတာတွေချည့်ပဲ.. ဒီလောက်တော်တယ်ဆိုတဲ့ ထောက်လှမ်းရေးဆိုတာတွေကလည်း... ထောက်ချင်ရာထောက် လှမ်းချင်၇ာလှမ်း.. အပြစ်မရှိတဲ့ ကျောင်းသား ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တာလောက်ပဲ တတ်ကြတယ်။

နွေဦီးသစ်စိမ်း said...

ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဆပ်ကန်ထရိုက်တွေ..
ပေါင်း မစားထားဘူးဆို အဖြစ်မှန်ကို သက်သေလိုက်ပေးကြ။
ပေါင်းစားတဲ့ကောင်တွေတော့ အမှုတွဲ ထဲ ဘယ်နေရာပါမလဲလို့
ကြည့်ထားကြ။
မင်းတို့က သာပေါင်းညာစားတွေ..ခေတ်ပြောင်းချိန် မှာ ဘက်ပြောင်းပြီး
ဖေါ်ကောင်လုပ်ကြ.. အစိုးရ သက်သေဆို ပြစ်ဒဏ် လျှော့ပေးမှာ။

yoothar said...

ဒီလိုကိုယ်ကြိုးအတွက်လောဘစိတ်တက်နေသူတွေ အစိုးရ၀န်ကြီးအသိုင်းအ၀ိုင်းမှာရှိနေလို့ အုပ်ချုပ်သူလူနည်းစုမှာ ထားစရာနေရာမရှိအောင်ချမ်းသာနေသော်လည်း တိုင်းပြည်ကအကြွေးထူ၊ ပြည်သူကဆင်းရဲမွဲတေမှုတွေများနေတာ၊ ဒီလိုလူမျိုးတွေ ဆက်ထားနေရင် တိုင်းပြည်နဲ့ပြည်သူအတွက် ကောင်းလာဖို့မမြင်ဘူး၊ မြန်မြန်ဖော်ထုတ်အရေးယူသင့်တယ်

TTMY said...

ကောင်းသတင်းမို့... မောင်းကြေးနင်းလည်ခတ်လိုက်ရအောင်
ရှိသမျှ website တွေ.. blog တွေကနေတင်ပေးလိုက်ကြပါဗျို့

su said...

အဲဒါ ၀န်ကြီးတစ်ယောက် စားထားတာပဲ ရှိသေးတယ်နော် ဟဲဟဲ။ စစ်အစိုးရ အဆက်ဆက် စားထား ၀ါးထားတာတွေပါ စာရင်းပြုစုလိုက်ရင်ကတော့ မြန်မာပြည် မွဲထိုက်ပါပေတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးတဲ့။ အခြားလုပ်စရာ မလိုဘူး အဲဒီစားထားတဲ့ကောင်တွေကို အကုန် အရေးယူလိုက်ရင် ဆင်းရဲမွဲတေမှု ပပျောက်မှာ သေချာတယ်ဟေ့။

ပုဂံစစ်သည် said...

အောင်မလေးတော်သေးတာပေါ့၊ ကျုပ်တို့တိုင်းပြည် အကြွေးနွံနစ်နေလို့ ဘယ်လိုများဆပ်ကြမလဲလို့ စဉ်းစားနေတာ၊ အခုမှအဖြေပေါ်တော့တယ် ဒီဝန်ကြီးတွေ လက်ထဲရောက်နေတာကိုး၊ ကဲကဲ နိုင်ငံတကာကချေးထားတဲ့ပိုက်ဆံတွေကို ဒီကောင်တွေဆီပြန်တောင်းပြီး ဆပ်ရမယ်၊ ဒါမှတို့တိုင်းပြည်လဲ အကျွေးမရှိတော့မှာ။

မောင်မောင် Comment said...

တင့်ဆန်း တင့်ဆန်း ၊ မင်းဟာ အကျင့်သရမ်းတော့ အခွင့်အလမ်းတောင် မရှိပဲ ဖြစ်တော့မယ်။

Naung Taw Lay said...

ဘယ်ကောင်တွေ ဆက်ပေါ်အုံးမလဲ ... စောင့်သာကြည့် ... တစ်ယောက်မှ မရိုးဘူး ... မသန့်ရှင်းဘူး

Myanmar said...

မလွင်သန္တာစိုး ဆိုပါလား။ အမျိုးသမီးတစ်ယောက်ပါလား။ ၀န်ကြီးတစ်ယောက်ကို စွပ်စွဲလိုက်တာလား။ စွဲချက်တင်လိုက်တာလား။ အားပါးပါး..။ မသေချာဘဲနဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်ကတော့ ပြောမည်မထင်။ ပြည်သူတွေ တာဝန်ကျေပါပီ။ အစိုး၇အဖွဲ့ တာဝန်ကျေဘို့သာ လိုပါတော့သည်။ ဟုတ်သည်မဟုတ်သည် အပထား။ ယခင်ခေတ်နဲ့မတူ ခေတ်ပြောင်းခဲ့ပြီမို့၊ စစ်ဆေးေ၇း အဖွဲ့ ဖွဲ့စည်းပီး စစ်ဆေးသင့်ပါပြီ။ စစ်ဆေးမှုမပီးမချင်း အ၇ှိန်ဝါ သုံးစွဲခွင့်မ၇နိုင်စေ၇န် တာဝန်ကို ယာယီ၇ပ်စဲသင့်ပါပီ။ မနာလိုဝန်တိုလို့ပြောနေသည်ဟု မထင်စေချင်ပါ။ ပြည်သူတွေ မွဲသင့်တာထက်ပိုမွဲနေတာဟာ သည်လို ၀ိသမသားတွေ၇ဲ့ အောက်တန်းကျတဲ့ တဘ၀စာ တနပ်စားလုပ်၇ပ်တွေကြောင့်ပါ။ သည်လိုလူတွေသာ အသိ၇ှိမယ်ဆို၇င် ပြည်သူတွေ၇ဲ့ ပညာေ၇း ကျန်းမာေ၇း လူမှုေ၇း ၇ံပုံငွေများ အခုလောက် ချိုံ့တဲ့နေမည် မဟုတ်ပါ။ သည်လူတွေသည် ပြည်သူတွေ၇ဲ့ အသက်သွေး ဘ၀တွေကို စားသုံးနေသူများဖြစ်ပါတယ်။ ထိေ၇ာက်စွာ အေ၇းယူပေးဘို့ လေးစားလှစွာသော သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဌကြီးကို တောင်းပန်ပါတယ်ခင်ဗျာ။ ။

thant said...

Please post the true person

U Pai Soe Oo said...

တင်.ဆန်း၊ကျော်ဆန်း သန်းချီအောင်ခိုးလေပြီ။လက်ပိုက်ကြည်.နေကြတော.မှာလား clean government ကြီးရဲ.။

Nonling said...

မြန်မာပြည်ထဲက ၀န်ထမ်းတွေတော်တော်များများက ဘောက်ချာ ၂ ခုဖွင့်ခိုင်းတာကို ကျွန်တော်ကိုယ်တိုင်လုပ်ပေးဖူးပါတယ်။ သူတို့ကတော့ပေါ်တင်ဘဲ မရှက်တော့ဘူး။ ဒါကြောင့် တိုင်းပြည်အနာဂတ်လှချင်ရင်တော့ ဒီလိုဝန်ထမ်းတွေဖော်ထုတ်ပြီး ပြစ်ဒဏ်ပြင်းပြင်းချသင့်တယ်။ သာဓက တွေရသွားအောင်ပေါ့ဗျာ။

may said...

အားကစားဝန်ကြီးဦးတင့်ဆန်း ဖတ်ပေးပါရန်

အော်.. ဦးတင့်ဆန်းဆိုသူ ခင်ဗျားက ဒါကြောင့်မို့ အမေစု ၄၈ နေရာဝင်ပြိုင်တာကို အသည်းအသန် အသေအလဲ မဟားဒယား လိုက်ပိတ်နေတာကိုး.... အမေစုဆိုသူက ခင်ဗျားတို့နဲ့တန်းတူ ခိုးစားဖို့ ညှိလို့ရမယ့်သူမဟုတ်ဘူးဆိုတာ ခင်ဗျားတို့သိနေတယ်နော်... ဟား ဟား ဟား ခုတော့ ဘာတတ်နိုင်သေးလဲ ခင်ဗျားကြီး ရဲ့ မကောင်းတာလုပ်ခဲ့တာတွေ ခင်ဗျားကြီးခံဖို့ အချိန်ရောက်ပြီ။
ဘယ့်နှယ့်ဗျာ ကိုယ်ကကျတော့ မကောင်းတာမှန်သမျှ မဟုတ်တာမှန်သမျှ အကုန်လုပ်ထားပြီးတော့ ပြည်သူလူထုနဲ့ နိုင်ငံတကာက ထောက် ခံနေတဲ့သူကိုကျတော့ ပိတ်ပင်တားဆီးနေတယ် ခင်ဗျားတို့ အားလုံး တကြိတ်ထဲ တဥာဏ်ထဲတွေပဲ။ (အင်း.. သူလုပ်သမျှကို သူတောင်းသမျှကို ပေးခဲ့တဲ့ ဟိုအုပ်ချုပ်သူ အဟောင်းကြီးကလဲ စာမတတ်ပေမတတ်မှန်း သိသာလိုက်တာနော် တောင်းသလောက်ပေးလိုက်တာပဲ အေးပေါ့လေ သူကလဲ သူ့ရပေါက်သူ ကြည့်နေတဲ့အချိန်မှာ သူများက ရနေတာမသိလိုက်ဘူးနေမှာပေါ့ ဒါမှမဟုတ်လဲ ညီတူမျှတူဆိုပြီး မှိန်းနေတာဖြစ်မှာပေါ့ .. အလကားကောင်တွေ အသက်ကြီးပြီး အချိန်မစီးတဲ့ဟာတွေ ဒီကောင်တွေကြောင့် အကြွေးတင်နေတာ ဒီကောင်တွေဆီက အရာတွေ ပြန်ယူလိုက်ရင် အကြွေးတော်တော် ကျေမှာပဲ)

အာကာထက် said...

အေးကွာတင့်ဆန်းရာ အကျင့်ကလည်းသရမ်းလိုက်တာ ဒါကြောင့်အဖြစ်ကလည်းဆန်းတာပေါ့ မင်းရုပ်ကိုသေချာကြည့်ရတာကွာ ခွေးဘီဘူးက သံပုသီးကို စားမိတဲ့ ပုံပေါက်နေတယ် ပြန်ပေးလိုက်ကွာ တိုင်းပြည်က မတရားစားထားတာတွေ မဟုတ်ရင် မင်းသေသွားလဲ မင်းရဲ့မျိုဆက်တွေ မြန်မာပြည်မှာ မျက်နှာပြ၀ံ့တော့မှာမဟုတ်ဘူး -- တင့်ဆန်းရေ လစ်လမ်းကိုသာရှာထားပေတော့

Ashin Vicitta Sara said...

ညည်းမှာလည်း အမုန်းတွေနဲ့ပါလား။ ပင်ပန်းလိုက်တာနော်။

Anonymous said...

ဦးတင့် ဆန်းလို..လောဘအိုးကြီးတွေ..အစိုး၇အဖွဲ့ ထဲ..ဘယ်လောက်ထွက်လာအုန်းမလဲမသိ။များများဖော်ထုတ်နိုင်လေမြန်မာပြည်၇ဲ့ အနာဂတ်ကောင်းလေဘဲ...သူတို့ တွေကြောင့် တိုင်းပြည်စီးပွားေ၇းချွတ်ခြုံကျနေ၇တာ။ကို့ ပြည်သန့် ရှင်းေ၇းအတွက်တိုင်းပြည်ဘဏ္ဏာသူခိုးကြီးများကိုဖော်ထုတ်ကြပါ။

Thet said...

For the emergence of clean government,the corrupted officials should be evicted from the government body as soon as possible for the prospect of our country.If not,bibary, corruption,poor country and poor people will go on forever and viscious cycle will occur.

Maunglusoe said...

မှန်ပါတယ် အဲ့လွတ်တော်တည်ဆောက်ရေးအတွက် သူကိုပိုက်ဆံမပေးနိုင်လို့  ရာထူးတစ်နေရာပေးထားတာပါ

Anonymous said...

ုူစားတာကတော့စားတဲ့လူတွေချည်းဘဲ။ ဒို့မြို့ကစည်ပင် ဦးစီးအရာ၇ှိ ဒေါ်နီနီခင် ဆို ဈေ့းထဲက အခိုင်အခန့် ပတ်ကား ဈေး၇ုံကြီးကို ကြက်တန်းကုလားကို ကန်ထ၇ိုက်ပေးလိုက်တာ ကုလားက လုပ်အားခမယူဘဲ အလကားဖျက်ပေးပီး အုတ်သံသွတ်အိုင်ဘင်း ဘိုးတွေတောင် လာဘ်ပေးသွားတယ်။ ပီးတော့လေးတိုင်စင်တွေဆောက်ပီး နေ၇ာပါေ၇ာင်းစားသွားသေးတယ်။ တိုင်တော့ပြည်မြို့ကို၇ာထူးတောင်တက်သွားသေးတယ်။
သူနဲ့တွဲတဲ့စည်ပင်စစ်ဗိုလ်ဆို ဗထူးတပ်တုံးက ဆန်တောင်မလောက်ဘူး။မြို့ေ၇ာက်တော့အိမ်မှာ ဆန်ဆိုင်တောင်ဖွင့်လို့၇တယ်။ဘယ်မှာလဲလူထုအတွက်?

Thurein said...

Congratulation Ma Lwin Thandar Soe!

soecyclone said...

ကဲ...မောင်တင့်ဆန်း!
မင်းရဲ့လုပ်ရပ်က ရေငုပ်ချီးပါသလိုဖြစ်နေပြီပေါ့...
ကိုယ်ကသာ ရေထဲမှာချီးပါနေတာ၊ကိုယ်ပါတဲ့ချီးတုန်းက ရေပေါ်ကို ပေါ်နေပြီဒါကို ကိုယ်ကမသိဘူးလေ...
ကဲ...ငတင့်ရေ ဒီတစ်ခါတော့ခံပေအုံးပေါ့ကွာ...
မင်းကိုသတိပေးလိုက်မယ် မဟုတ်တာလုပ်တဲ့လူဆိုတာတစ်ချိန်မှာတော့ပေါ်တတ်စမြဲပါကွာ...

moon star said...

ဒလ က မြို့ နယ်နဲ့ ရပ်ကွက်ကအုပ်ချုပ်‌ရေးမှူး‌တွေစည်ပင် အ ဖွဲ‌တွေဝါး‌စေ ‌ဝေစားပြီး ကျူးေ ကျာ်‌တွေချထားလိုက်တာများပြည့်‌
‌နေတာဘဲ။တစ်ကွက်ကို‌လေးသိန်းနဲ့ ‌ရောင်းစားပြီး လစဉ်‌ကြေးလည်းထပ်ယူ
‌သေးတယ်။

tharzaw said...

မြန်မြန်ဖြုတ်ပစ်ကြပါဗျို့။

ယုယ said...

မှန်ပါသည်.... နေပြည်တော်မှာ စည်ပင်နဲ့ပေါင်းပြီး ၄င်းပိုင်ဆိုင်သော ဘောဂသိဒ`ဓိ ဆိုင်မှ MICC မှာ အဆင့်မမီသော အကျွေးအမွေးများဖြင့် မတန်တဆငွေကြေးယူပြီး ၀န်ဆောင်မှု ပေးခဲ့ဘူးသော/ပေးနေသော အစီအစဉ်များ တွေ့မြင်နေရပါသည်... ၄င်းဆိုင်တွင်လည်း အဆင့်မမီသော အစားအသောက်များကို ၀န်ဆောင်မှုဟန်ပြဖြင့် မတန်တဆဈေးယူကာ ရောင်းနေသည်ကို မသိသဖြင့် သွားရောက်စားသောက်မိကာမှ သိရှိခဲ့ရသည်မှာ ကိုယ်တွေ့ဖြစ်ပါသည်...
ဆိုင်ပတ်လည်အဆောက်အဦးအား ကျွန်းသစ်များဖြင့် ခြံခတ်ထားပါသည်...( ခြံစည်းရိုးအုတ်တံတိုင်းအတွင်းတွင်)
မောင့်ပလဲစင့်ဟိုတယ်သည်လည်း ၄င်းပိုင်ဆိုင်သည်ဟု ကြားသိရပါသည်... မိဘမှ အမွေပေးခဲ့သော ကြွယ်ဝမှု ဖြစ်လျှင်တော့ ၄င်း၏ အတိတ်ကုသိုလ်ကို ဂုဏ်ယူပေးနိုင်ပါသည်... ဟုတ်မဟုတ်ကိုတော့ မြောင်းမြသားများ သိပါလိမ့်မည်....မှန်မှန်ကန်ကန်
စွန့်ဦးတီထွင်သူဖြစ်လို့ကြွယ်ဝလာလျှင်လည်း ၄င်း၏အရည်အချင်းကို လေးစားပါမည်....
သို့ဆိုလျှင်လည်း မြန်မာပြည်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် အတော်လေး ကြွယ်ဝကြမည်ထင်ပါသည်... ဆောက်လုပ်ခ မတန်တဆရလို့လား... ခိုပြီး ခိုးဆောက်လို့လား ... BQ မမှန်မကန်တွက်ချက်တင်ပြတောင်းခံလို့လား....
စသည်ဖြင့် လားပေါင်းများစွာက တွေးတောစရာဖြစ်လာမှာပါ....
ပြည်သူများအနေဖြင့် နေစရာအိမ်ပိုင်မရှိ၊ ၀ါးတဲသာသာ အဆောက်အဦးများ၊ (နယ်များတွင်) ဖြစ်နေရချိန် လွှတ်တော်ဆောက်သော လူမှ ၀န်ကြီးဖြစ်၊ ပိုင်ဆိုင်မှု ဖော်မပြနိုင် ဖြစ်နေခြင်းသည် ပြည်သူ့ဘဏ္ဍာကို တလွဲသုံး ခိုးယူခဲ့ခြင်းမှာ မငြင်းသာသောဖြစ်ရပ် ဟုတ်/မဟုတ်ကိုမူ ခံစားခွင့်မျှဝေယူခဲ့ကြသူများမှတပါးးး......

လောကပါလ said...

တင့်ဆန်းရေ ငရဲပြည် မှာသုံးလို့မရဘူးဟ။
ဒင်းတို့လိုကောင်တွေကြောင့် ပြည်သူတွေ
ဆင်းရဲနေရတာ။နောက်ထပ်လည်းသူတို့လို
ကောင်တွေထပ်ပြီးဗူးပေါ်သလိုပေါ်ပြီးဖွတ်ကြီး
တွေဖြစ်ကြပါစေဗျာ။။။။။။

super hero said...

မလွင်သန္တာစိုး တို့ လို ရဲရဲေူပာ ရဲရဲရေးတတ်တဲစိတ်ကို လေးစာပါတယ်
ခုလိုမျိုး များများရေနိုင်ကြပါစေ ဒါမှ တင်ဆန်းလို အကျင့်သရမ်းတဲသူတွေကို
ြူပည်သူတွေက သိုကရမှာ
များများရေးကြပါ ကျေးဇူအထူးတင်ပါသည်
တင်ဆန်းလည်း ဘ၀င်နန်းကနေ ဖင်ရမ်ူးပီး ရွင်လန်းစွာနဲ ဆင်းပါတော

မေတ္တာရှင် said...

ဒီသတင်းထဲမှာပါတဲ့ ဘောင်ချာကို (၃)ဆ တင်ပေးတဲ့ ကုန်သည်များကိုလည်း
သူခိုးလက်ခံ (သို့) ကြံရာပါအဖြစ်တရားစွဲ စေချင်ပါတယ်။ ထိန်ချန်သောသူများကိုလည်း ထိထိ ရောက်ရောက် တည်ဆဲဥပဒေနဲ့ အရေးယူပေးပါ လို့ clean government ကိုတည်ထောင်သူ သမ္မတနှင့် ဥပဒေကို လေးစားသော ဥပဒေ ဘက်တော်သားများအား
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

nationalism said...

How ? Mr Presendent ,
Everyone went to know how do u take action on this guy .
I suggest that sack this guy for clean GOVERMENT & learned other who are immoral .

ko pwa said...

ကျွန်တော်သိသလောက် ပြောရရင်တော့ လွှတ်တော်အတွက် ငွေတောင်းရင် ACE က တဈေးပါ။ ကျန်တဲ့ company က သူ့ဈေးတ၀က်လောက်ပဲ ရတာပါ။ မယုံရင် စာရင်းစစ်ကြည့်လိုက်ပါ။

phomesatpaing said...

မကောင်းတော့ဘူးမင်းကြီး၊အကောင်းတော့ဘူး.......
ဒီလို မျိုးဆက်(generation)ပျောက်ဖို့တော့ အဏုမြူဗုံး(၂)လုံးလောက်
ကျဲမှပဲ ရတော့မယ် မင်းကြီး

Bravo said...

သမတကြီးရေ...
ဖိလစ်ပိုင်နိုင်ငံကိုကြည့်လိုက်ပါ။ အရင်သမတ လာတ်စားလို့ အရေးယူခံနေရတယ်။
မြန်မာနိုင်ငံမှာလည်း ရှင်းလင်းဖို့အချိန်တန်နေပြီ။ အရင်အုပ်ချုပ်သွားတဲ့သူတွေ၊ အခုအုပ်ချုပ်နေတဲ့သူတွေရဲ့ မသမာမှုတွေကိုဖေါ်ထုတ်ပြီး အရေးယူပေးပါ။ ဒါမှ တကယ့်ကိုသန့်ရှင်းတဲ့ အစိုးရတရပ်ပေါ်ထွက်လာမှာပါ။ ပြည်သူရဲ့ကြည်ညိုလေးစားမှုအတွက်လိုအပ်ပါတယ်။

Unknown said...

I wonder how these people claim themselves to be patriots while their corrupted administration continuously exploited Myanmar's resources and suppress the whole country under military boots. If there exist real intention of clean government USDP should first announce the personal ownership of each and every leaders i its including but not limited to Tint San, Aung Thein Linn, Zaw Min and Kyaw San.

ငဖြိုး said...

သမ္မတကြီးရေ clean & good government ကို သက်သေပြဖို့ အချိန်တန်ပြီ ထိထိရောက်ရောက်လေးနဲ့ နမူနာ လုပ်ပြပေးစေလိုပါတယ် . . .သူ ယူထားတဲ့ ငွေတွေ ပြန်သိမ်းပြီး တိုင်းပြည်ရဲ့ တင်နေတဲ့ အကြွေးတွေ အချို့ တစ်ဝက်ပြန်ဆပ် နိုင်လိမ့်မယ်ထင်တယ် . . . အခုလို သိသိကြီးနဲ့ တော့ လွှတ်မထားသင့်ဘူးလို့ ထင်တယ် . . .

joker said...

ဒီးဒုတ်ဦးဘချိုရဲ့ မျက်နှာမှ မထောက် လုပ်ရက်ပါပေ့ မောင်မောင်တင့်ရယ် မြောင်းမြသားတွေသိက္ခာကျတယ်.. နောက်ဒါမျိုးမလုပ်နဲ့ ဘုရားရိုက်လိမ့်မယ်...

Anonymous said...

တိုင်းပြည်ကနိုင်ငံတကာမှာအကြွေးတွေပတ်လည်ဝိုင်းနေတာကို...
လုပ်ရပ်တယ်...ငတင့်ရယ်....
မင်းတို့လိုကောင်တွေ...စားထားဝါးထားတာတွေနဲ့ ...
တိုင်းပြည်တိုးတက်ရာ...တိုးတက်ကြောင်းလုပ်ရင်ဖြင့်...
မြန်မာပြည်ကြီး...ကမ္ဘာမှာတင့်တယ်နေတာကြာပြီပေါ့...
...

Anonymous said...

.လောဘအိုးကြီးတွေ..အစိုး၇အဖွဲ့ ထဲ..ရှိသေးတယ်..ပို့ ဆောင်ရေးဝန်ကြီး လဲအတူတူ...Myanmar Airways ကို SunFar Agent နဲ့ ပေါင်းပြီး အခုလုပ်စားနေတယ်...SunFar ကို Airline အားလုံးက သွေးစုပ်ဖုတ်ကောင် လို့ ခေါ်တာ...သူကို အကူအညီတောင်းတဲ့ Airline တိုင်း မွဲသွားတာချည်းပဲ....သူက အပေးကြမ်း ပြီး အပေါင်းကြမ်းတယ်...

ကိုငလင်း said...

အသင်ငမိုက်သားတို့...သင်တို့ဦးညွတ်ကိုးကွယ်နေသောအရာမှာ တောင်ပိုမှန်းသိရလေအောင် ငါကိုယ်တော်အစွမ်းနဲ့ အသာ မန်းလိုက်မယ်... ဖွတ်တွေ တစ်ကောင်ပြီး တစ်ကောင်ထွက်ကြစေ....လာလေ....ရော့....
(သိကြားမင်း)

pt said...

အဲလိုရုပ်ရည်မျိုးတွေကကျောက်စရာကောင်းတယ်....တစ်ဘို့ပဲသိတဲ့ရုပ်မျိုးတွေ....နဖူးပြောင်ပြောင်...ဗိုက်ပူပူ...အမြဲခန့်ထည်အောင်နေတတ်ပီး....မိန်းကလေးမြင်ရင် နှာဘူးထတဲ့ရုပ်မျိုး

seazinyaw said...

စစ်အစိုးရ လက်ထက်တွင် လူယုံမွေး လက်သိပ်ထိုးယူ ပေါ်လစီကြောင်. အံ့သြဘွယ်ရာ သူကြွယ်ကြီး များ အများအပြား ပေါ်ပေါက် ခဲ့ သည်၊စိုးသိန်း(ယခုဝန်ကြီးက) ဘိလပ်မြေ ကိုင်သောလက် ဘိလပ်မြေ ပေတာမဆန်း ပါဘူး ဟု ပြောခဲ့ သည်၊ သူတို့.ကြွယ်ဝလာတော့ တိုင်းပြည် ကိုတအား ချစ်ကြောင်း အသံကောင်းဟစ်ခဲ့ ကြသည်၊ တိုင်းပြည် အကြွေး တွေတင်နေ သည် မှာ သူတို.မျှစားခဲ့ကြသောကြောင့် ဖြစ်သည်၊ ယခုတော.ပြည်သူ အခွန်ဖြင့်ဆပ်ရတော.မည်၊။ လုပ်ကွက်ဖေါ် အလုပ်ပြပြီး သဲ့ထုပ်သွား ကြပြီ ယခု တော.သူတို့ အရေးယူ မခံရအောင် ရာထူးအကာအကွယ်ယူထားကြပြီ၊ သန်းရွှေ နဲ့ ရွှေမန်း တို.ရဲ့ လုပ်ကွက်များပါပေ။ အခုတော.ရွှေမန်း က လစာတိုးပေးရေး အသံကောင်း ဟစ် ဂူးချင်ရောင်ဆောင် စည်းရုံး အသံကောင်းဟစ်နေ လေရဲ့

linthandalatt said...

HAHAHA...
Ma Lwin Thandar Soe .
Can you show me engineer who are not making like this..
u also engineer,,if u r U thin San,, How will u do.........

rico said...

ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း တဲ့...
ဒေါက်တာဘွဲ့ကို ရွေးကောက်ပွဲနီးမှ ပိုက်ဆံနဲ့ ပေါက်ဝယ်တယ်...
ကျက်သရေကို မရှိဘူး...
ခုနေသာ သခင်ကိုယ်တော်မှိုင်းရှိသေးရင် အဲလိုလူမျိုးတွေကို ကြည့်ပြီး မစ္စတာမောင်မှိုင်းလို့ မပေးဘဲ ဒေါက်တာမောင်မှိုင်းလို့ ပေးလိမ့်မယ်...

aunglay said...

သြော်----မောင်တင့်ဆန်းလိုကောင်တစ်ယောက်တော့ပေါ်သွားပြီပေါ့။ကျန်သေး
တယ်ဗျ--သူလောက်တာမများတာ။ပွစာကိုထိုးလို့။

MMT said...

ကျေးဇူးအထူးတင်ပါတယ် မလွင်သန္တာစိုး ရဲ့ထုတ်ဖော်ချက်ဟာပြည်သူတွေအတွက်တော်တော်တန်ဖိုးရှိပါတယ်။တချိန်လုံး Clean Government လုက်မယ်ဆိုပြီးအော်နေတဲ့သူတွေဒီအမှူ့ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာပြည်သူတွေစောင့်ကြည့်နေတယ်ဆိုတာမမေ့ပါနဲ့နော်။သက်သေထွက်ဆိုရမယ့်သူတွေကလဲပြည်သူ့မျက်နှာကိုကြည့်ပြီးတော့ရဲရဲကြီးသက်သေခံပေးလိုက်ပါ။တင်ဆန်းရေ-အခုမင်းဘာတွေတွေးပြီးကြံစည်နေမလဲဆိုတာသိချင်လိုက်တာနော်။

iban said...

တကယ်တမ်း အစိုးရနဲ့ တင့်ဆန်းတို့လို ကုမဏီကြီးတွေက ဒီလိုလုပ်ငန်းကြီးတွေကို ဘယ်လောက်ကုန်ကျမယ်ဆိုတာ လူကြီးတွေနဲ့ အားလုံးသဘောတူ ခွင့်ပြုချက်ကျပြီးမှ စာချုပ်စာတမ်းနဲ့ လုပ်ရတာပါ။ ရပ်ကွက်ထဲမှာ အရောင်းအ၀ယ်လုပ်သလို အခုအပေါ်မှာရေးပြသလို လုပ်တာမဟုတ်ဘူး။ ဘောက်ချာကို လိမ်ပြီးရေးခိုင်းရလောက်အောင် မလိုပါဘူး။ အဲဒီလိုလုပ်တာဆိုရင်လည်း တင့်ဆန်းက ပြန်ပေးထားတဲ့ ပထမဆပ်ကန်ထရိုက်က သူကထပ်ငှားထားတဲ့ ဒုတိယဆပ်ကထရိုက်၊ တတိယဆပ်ကန်ထရိုက်တွေ အဆင့်ဆင့် မသမာမှု လုပ်ကြတာမျိုးပဲဖြစ်မှာပါ။ အခုဟာက တင့်ဆန်းကို ဆော်ချင်တာနဲ့ ဖော်ထုတ်ကြတာပါ။ ဒါက ဒီဆောက်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်မှာ အောက်ကအဆင့်တွေ လုပ်လေ့ရှိတဲ့ ပုံစံမျိုးပါ။ တကယ်တမ်း ပြောရမယ်ဆိုရင် ဒီလွှတ်တော်ကြီး တည်ဆောက်တဲ့ စရိတ်ဟာ တကယ်ကုန်ကျတဲ့ စရိတ်ထက် ၅-၁၀ ဆလောက် ပိုများနိုင်ပါတယ်။ ဒီလွှတ်တော်တစ်ခုတည်းမဟုတ်ပါဘူး။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအပါအ၀င် လေယာဉ်ကွင်း၊ ၀န်ကြီးဌာန ရုံးတွေ၊ ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးနဲ့ နေပြည်တော်ကြီး တစ်ခုလုံးရဲ့ ဆောက်လုပ်ရေးလုပ်ပိုင်ခွငိ့ရ ကုမဏီကြီးအားလုံး၊ အားလုံးဟာ တကယ့်အမှန်တကယ်ကုန်ကျစရိတ်ထက် အနည်းဆုံး ၅ဆကနေ ၁၀ဆ အထိပိုပြီး တင်ပြလေ့ရှိတာပါ။ ၁၀ ဆလောက်ပိုတင်ပြထားတာကို လူကြီးအဆင့်ဆင့်က စိစစ်ပြီး ၆ဆလောက်နဲ့ လုပ်ကိုင်ခွင့်ပြုလိုက်တယ်။ လုပ်ခွင့်ရတဲ့ ကုမဏီကြီးတွေက ခွင့်ပြုမိန့်ချပေးတဲ့ အကြီးအကဲတွေကို အဲ့ဒီရတဲ့ငွေရဲ့ ၂၀%-၅၀%ထိကို ဝေမျှဂါဝရပြုရတာပါ။ ကျန်တာသူစားတာပေါ့။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို မတရားတဲ့နည်းနဲ့ တရားဝင်ဖြစ်အောင် လုပ်ပြီးစားကြတာပါ။ အခု မလွင်သန္တာစိုးက သူဖော်ထုတ်လိုက်တဲ့အဆင့်က ဘာမှမဟုတ်သေးပါဘူး။ တကယ်တမ်းမှာက အဲဒီထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။ အခုလောလောဆယ် တိုင်းပြည်က အရင်အစိုးရတွေလက်ထက် ဒီလိုမတရားမှုတွေကြောင့် ဒီနေ့အချိန်မှာ အကြွေး အမေရိကန်ဒေါ်လာ ၁၁ဘီလျံကျော်တင်နေတာ တရားဝင်ထုတ်ပြန်ထားတယ်။ လူဦးရေ သန်း၆၀ အချိုးနဲ့ တွက်ကြည့်ရင် လူတစ်ယောက်ကို ၁၈၅ဒေါ်လာလောက် အကြွေးဆပ်ရမယ့် တာဝန်ရှိနေပြီ။ တိုင်းပြည်က သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ ကျွန်းသစ်အပြင် စီးပွားဖြစ်ထုတ်လုပ်နေတဲ့ ဓာတ်သတ္တု၊ သတ္တုရိုင်းတွေ၊ လျှပ်စစ်ဓာတ်အားတွေ အများကြီးထုတ်ပြီး ရောင်းစားနေပေမယ့် တိုင်းသူပြည်သားတွေက အကျိုးမခံစားရပဲ အကြွေးကျ ၀ိုင်းပြီးဆပ်ကြရတော့မယ်။ ခင်ဗျားတို့ ကျုပ်တို့ဆီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နေ့တစ်ဓူဝကောက်သွားတဲ့ အခွန်အတုတ်တွေ၊ သဘာဝအရင်းအမြစ်နဲ့ ကုန်သွယ်လုပ်ငန်းတွေကရတဲ့ တိုင်းပြည်ဝင်ငွေထဲကနေ အကြွေးဆပ်ရမှာဆိုတော့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ရပိုင်ခွင့်တွေထဲက ဖဲ့ပြီး အကြွေးဆပ်လိုက်ရတာပါ။ လောလောဆယ် ဒီစာကို ဖတ်နေတဲ့လူ မြန်မာနိုင်ငံသားဆိုရင် ခင်ဗျားမှာ ဒေါ်လာ၂၀၀လောက် အကြွေးတင်နေပြီဆိုတာ သိထားလိုက်ပါ။

iban said...

တကယ်တမ်း အစိုးရနဲ့ တင့်ဆန်းတို့လို ကုမဏီကြီးတွေက ဒီလိုလုပ်ငန်းကြီးတွေကို ဘယ်လောက်ကုန်ကျမယ်ဆိုတာ လူကြီးတွေနဲ့ အားလုံးသဘောတူ ခွင့်ပြုချက်ကျပြီးမှ စာချုပ်စာတမ်းနဲ့ လုပ်ရတာပါ။ ရပ်ကွက်ထဲမှာ အရောင်းအ၀ယ်လုပ်သလို အခုအပေါ်မှာရေးပြသလို လုပ်တာမဟုတ်ဘူး။ ဘောက်ချာကို လိမ်ပြီးရေးခိုင်းရလောက်အောင် မလိုပါဘူး။ အဲဒီလိုလုပ်တာဆိုရင်လည်း တင့်ဆန်းက ပြန်ပေးထားတဲ့ ပထမဆပ်ကန်ထရိုက်က သူကထပ်ငှားထားတဲ့ ဒုတိယဆပ်ကထရိုက်၊ တတိယဆပ်ကန်ထရိုက်တွေ အဆင့်ဆင့် မသမာမှု လုပ်ကြတာမျိုးပဲဖြစ်မှာပါ။ အခုဟာက တင့်ဆန်းကို ဆော်ချင်တာနဲ့ ဖော်ထုတ်ကြတာပါ။ ဒါက ဒီဆောက်လုပ်ရေးလုပ်ငန်း အဆင့်ဆင့်မှာ အောက်ကအဆင့်တွေ လုပ်လေ့ရှိတဲ့ ပုံစံမျိုးပါ။ တကယ်တမ်း ပြောရမယ်ဆိုရင် ဒီလွှတ်တော်ကြီး တည်ဆောက်တဲ့ စရိတ်ဟာ တကယ်ကုန်ကျတဲ့ စရိတ်ထက် ၅-၁၀ ဆလောက် ပိုများနိုင်ပါတယ်။ ဒီလွှတ်တော်တစ်ခုတည်းမဟုတ်ပါဘူး။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအပါအ၀င် လေယာဉ်ကွင်း၊ ၀န်ကြီးဌာန ရုံးတွေ၊ ၀န်ထမ်းအိမ်ရာတည်ဆောက်ရေးနဲ့ နေပြည်တော်ကြီး တစ်ခုလုံးရဲ့ ဆောက်လုပ်ရေးလုပ်ပိုင်ခွငိ့ရ ကုမဏီကြီးအားလုံး၊ အားလုံးဟာ တကယ့်အမှန်တကယ်ကုန်ကျစရိတ်ထက် အနည်းဆုံး ၅ဆကနေ ၁၀ဆ အထိပိုပြီး တင်ပြလေ့ရှိတာပါ။ ၁၀ ဆလောက်ပိုတင်ပြထားတာကို လူကြီးအဆင့်ဆင့်က စိစစ်ပြီး ၆ဆလောက်နဲ့ လုပ်ကိုင်ခွင့်ပြုလိုက်တယ်။ လုပ်ခွင့်ရတဲ့ ကုမဏီကြီးတွေက ခွင့်ပြုမိန့်ချပေးတဲ့ အကြီးအကဲတွေကို အဲ့ဒီရတဲ့ငွေရဲ့ ၂၀%-၅၀%ထိကို ဝေမျှဂါဝရပြုရတာပါ။ ကျန်တာသူစားတာပေါ့။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို မတရားတဲ့နည်းနဲ့ တရားဝင်ဖြစ်အောင် လုပ်ပြီးစားကြတာပါ။ အခု မလွင်သန္တာစိုးက သူဖော်ထုတ်လိုက်တဲ့အဆင့်က ဘာမှမဟုတ်သေးပါဘူး။ တကယ်တမ်းမှာက အဲဒီထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။ အခုလောလောဆယ် တိုင်းပြည်က အရင်အစိုးရတွေလက်ထက် ဒီလိုမတရားမှုတွေကြောင့် ဒီနေ့အချိန်မှာ အကြွေး အမေရိကန်ဒေါ်လာ ၁၁ဘီလျံကျော်တင်နေတာ တရားဝင်ထုတ်ပြန်ထားတယ်။ လူဦးရေ သန်း၆၀ အချိုးနဲ့ တွက်ကြည့်ရင် လူတစ်ယောက်ကို ၁၈၅ဒေါ်လာလောက် အကြွေးဆပ်ရမယ့် တာဝန်ရှိနေပြီ။ တိုင်းပြည်က သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ ကျွန်းသစ်အပြင် စီးပွားဖြစ်ထုတ်လုပ်နေတဲ့ ဓာတ်သတ္တု၊ သတ္တုရိုင်းတွေ၊ လျှပ်စစ်ဓာတ်အားတွေ အများကြီးထုတ်ပြီး ရောင်းစားနေပေမယ့် တိုင်းသူပြည်သားတွေက အကျိုးမခံစားရပဲ အကြွေးကျ ၀ိုင်းပြီးဆပ်ကြရတော့မယ်။ ခင်ဗျားတို့ ကျုပ်တို့ဆီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နေ့တစ်ဓူဝကောက်သွားတဲ့ အခွန်အတုတ်တွေ၊ သဘာဝအရင်းအမြစ်နဲ့ ကုန်သွယ်လုပ်ငန်းတွေကရတဲ့ တိုင်းပြည်ဝင်ငွေထဲကနေ အကြွေးဆပ်ရမှာဆိုတော့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ရပိုင်ခွင့်တွေထဲက ဖဲ့ပြီး အကြွေးဆပ်လိုက်ရတာပါ။ လောလောဆယ် ဒီစာကို ဖတ်နေတဲ့လူ မြန်မာနိုင်ငံသားဆိုရင် ခင်ဗျားမှာ ဒေါ်လာ၂၀၀လောက် အကြွေးတင်နေပြီဆိုတာ သိထားလိုက်ပါ။

Powered by Blogger.