ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်
အတွင်းရှိ အလယ်ရွာတွင် ဖေဖော်ဝါရီလ (၆)ရက်နေ့ ယနေ့ နံနက် ၁၁ နာရီခန့်က မီလောင်ကြွမ်းမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ကြွမ်းသည့် အိမ်အချို့တွင်
မိသားစုဝင်များမရှိကြဘဲ လုပ်ငန်းခွင်များသို့ သွားရောက်နေသည့်
အချိန်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လောင်ကြွမ်းသည့် နေရာသည်
မီးသတ်ကားများ ၀င်ရောက်ရန် ခက်ခဲကြောင်းနှင့် မီလောင်မှုကြောင့် နေအိမ်
အများအပြား ပျက်စီးဆုံးရှံးခဲ့ပြီး အသေးစိပ်အချက်အလက်များကို သိရှိရခြင်း
မရှိသေးပါ။
မီးလောင်မှုကြောင့် ဓနိမိုး ထရံကာ အိမ်ခြေ ၃၀၀ ခန့် ၊ ပျဉ်ထောင်အိမ် ၃၇ လုံး
ဆုံးရှုံးခဲ့ကြောင်း သက်ဆိုင်ရာမှ လတ်တလော ကောက်ယူထားသော စာရင်းများအရ
သိရသည်။ အလယ်ရွာ အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းတွင် ယာယီ
မီးဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ထားကြောင်းလည်း သိရှိရပါသည်။
EMG
3 comments:
အခုလိုအဖြစ်မျိုးတွေကို သင်ခန်းစာယူပြီး လက်ရှိ အဆောက်အဦးများ၊ နောက်ဆောက်လုပ်မဲ့ အဆောက်အဦးများတွင် မီးသတ်ကားဝင်နိုင်သောလမ်း (Fire Engine Access Road) ပါရှိဖို့လိုအပ်နေပါပြီ... အဆောက်အဦးများအတွက် မီးဘေးလုံခြုံရေးစည်းကမ်းများကို အမြန်ဆုံးသုံးသပ် ပြုပြင် အသိပေး ဖို့ ဆောင်ရွက်သင့်ပါကြောင်း...
သတင်းများကိုအချိန်နဲ့တစ်ပြေးညီဖေါ်ပြပေးတဲ့အတွက်ကျေးဇူးပါ Eleven Media Group ရေ
မြန်မာနိုင်ငံမှာ safety ဆိုတဲ့ ဝေါဟာရကို လက်ခံနိုင်တဲ့လူတော်တော်နည်းပါတယ်..ခုချိန်ထိ building code ဆိုတာလည်းမရှိသေးပါ...အင်ဂျင်နီယာအသင်းကြီးကတော့ ဒါပေါ်ပေါက်လာဖို့ တော်တော်လုံးပမ်းနေပါတယ်..ဒါပေမဲ့ဆောက်လုပ်ရေးတို့ စည်ပင်တို့.မီးသတ်တို့ ကလည်းစိတ်ဝင်စားဖို့ လိုပါတယ်...မီးသတ်ဆိုရင်အင်ဂျင်နီယာတွေမနေနိုင်အောင် ဗမက တွေကနည်းမျိုးစုံနဲ့ ပထုတ်နေတာတွေ့ ရပါတယ်..မီးသတ်သမားတွေကသနားစရာပါ..ဘာမှခေတ်မှီ ကိရိယာတွေလည်းမရှိ..မီးသတ်ယာဉ်အစုတ်တွေနဲ့ လက်ပူတိုက်နေရတဲ့ဘ၀တွေပါ..ကျလာတဲ့ ဘားချပ်ကို သူ့ အိမ်သူ့မိသားစုတွေအတွက်သုံးဖို့ ဘဲစဉ်းစားနေတဲ့လူတွေပါ..တပ်ထဲမှာမာဇဒါဂျစ်အစုတ် ကို စီးလာတဲ့ ဒီငနဲတွေဟာ အရပ်ဖက်ရောက်လာရင်သွားကြည့်လိုက်ပါ..ခေတ်မီကားတွေချည်းဘဲ ၁၀ စီးလောက်စီးနေပါတယ်...အောက်က၀န်ထမ်းတွေမှာတော့..ထမင်းစားဖို့ အနိုင်နိုင်ပါဘဲ..မီးသတ်ဆိုရင် ၂၄ နာရီ တာဝန်နဲ့ပါ..ဘယ်နိုင်ငံမှမရှိတဲ့တာဝန်ထမ်းဆောင်ချိန်ပါဘဲ...အမှန်ပြောရရင်တော့ စည်းမရှိကမ်းမရှိအလုပ်လုပ်တာနဲ့ တူပါတယ်...ရေးရရင် ဆုံးမှာမဟုတ်တော့ပါဘူး...ဒါတွေကို အမြန်ပြုပြင်ပေးစေချင်ပါတယ်.နိုင်ငံတော်တာဝန်ရှိလူကြီးမင်းများခင်ဗျား....မောင်မီးသတ်(ရန်ကုန်တိုင်း)
Post a Comment