မကွေးတိုင်း မှာ ကြံ့ဖွံ့ ဝန်ကြီးတွေ ရုံးမတက်ပဲ မဲဆွယ်စည်းရုံးရေးဆင်းနေ (ပေးစာ)

ဒီမြို့နယ် (၃)မြို့နယ်မှာ အနိုင်ရဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးတွေဖြစ်တဲ့ ဦးမြင့်နိုင်ကို ရေစကြို၊ ဦးသိန်းထွန်းကို ပခုက္ကူမှာ
ပြီးခဲ့တဲ့ တစ်လလောက်ကတည်းကလွှတ်ပြီး စည်းရုံးရေးတွေ ဆင်းခိုင်းနေခြင်း
ဖြစ်ပါတယ်။ အဲဒီဝန်ကြီး(၂)ယောက်ဟာ မကွေးမြို့မှာ ရုံးမတက်တာ ၁
လလောက်ရှိပြီဖြစ်ပါတယ်။ 


ဒါအပြင် မကွေးနဲ့ ပွင့်ဖြူမြိ့နယ်တွေမှာလည်း
ပြည်သူ့လွှတ်တော် (၂)နေရာ၊  တောင်တွင်းကြီးမှာ အမျိုးသားလွှတ်တော် (၁)နေရာ
ပြိုင်ဖို့ရှိတော့ အဲဒီမြို့နယ်တွေကိုလည်း ၀န်ကြီးတွေဆင်းခိုင်းပြီး
ပြည်သူတွေကို စည်းရုံး ခိုင်းထား ပါတယ်။


နောက်ပြီး ရေစကြိုနဲ့ မြိုင်မှာ
ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် ဒေသခံ ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့
သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်၊ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်၊
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းတို့ဟာ ရေစကြိုနဲ့ မြိုင်ကို
ချောင်းပေါက်မတတ် လာပြီး ပြည်သူတွေကို ငွေနဲ့မျှားပြီး မဲတွေဝယ်နေ ပါတယ်။


 ပွင့်ဖြူကိုတော့ အဲဒီဇာတိသားဖြစ်တဲ့ သာသနာရေးဒုဝန်ကြီး
ဒေါက်တာမောင်မောင်ဌေးက စည်းရုံးရေးဆင်းနေပါတယ်။
ဒီဝန်ကြီးတွေဟာ အစိုးရအဖွဲ့မှာ ပါဝင်သွားပြီးရင် ပါတီအလုပ်ကို
မလုပ်ရဘူးလို့ ကြားဖူးဖတ်ဖူးပါတယ်။


ဒါပေမယ့် သူတို့က
ပြည်သူကပေးတဲ့ရာထူးကိုယူ၊ လစာကိုယူပြီး
သူတို့ပါတီအကျိုးအတွက်ပဲလုပ်ေ
နတယ်။  ပြည်သူကပေးထားတဲ့ ဆောင်အယောင်
မော်တော်ကားတွေကို စီးပြီး ပါတီကိစ္စကို ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အမေစုရဲ့ပါတီကတော့ တန်းတူအခွင့်အရေးမရပါဘူး။

 
သူတို့က လက်ရှိအာဏာရတွေဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့
စာသင်ကျောင်းတွေကိုလည်း စည်းရုံးရေး နေရာအဖြစ်အသုံးချနေပါတယ်။
ရေစကြိုက တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်နိုင်ဆိုရင် သူတို့ပါတီက
ပြိုင်မဲ့အမတ် ဦးဘိုးဝင်းကို သွားလေရာခေါ်ပြီး မျက်နှာပြနေပါတယ်။
အမှန်ကတော့ အဲဒီလို လုပ်လို့မရဘူးလို့ထင်ပါတယ်။ ဦးဘိုးဝင်းအနေနဲ့
တရားဝင် စည်းရုံးခွင့်မရှိသေးတော့ ၀န်ကြီးသွားလေရာကို လိုက်ပြီး
မျက်နှာပြ၊ ပြည်သူရင်းနှီးအောင်လုပ်နေခြင်း ဖြစ်ပါတယ်.။
အမေစုတို့ပါတီအနေနဲ့ ကြံ့ဖွတ်ပါတီကို လျှော့မတွက်သင့်ပါဘူး၊ သူတို့က
အာဏာကို မစွန့်လွှတ်ချင်တော့ ရတဲ့နည်းနဲ့ နိုင်အောင်လုပ်မှာဘဲ။
အခုလို ဦးဘိုးဝင်းကြီးက ဦးမြင့်နိုင်သွားလေရာလိုက်နေ
တာဟာရွေးကောက်ပွဲဥပဒေနဲ့ ညီမညီ စိစစ်သင့်ပါတယ်။

 
ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း သူတို့ခိုင်းတာလုပ်မယ့်လူတွေကို
ရွေးထားတာဖြစ်တော့ နှာစေးနေတာပါဘဲ။
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း ဆိုရင်လည်း မြိုင်နယ်တကြောမှာ
ဂျီအက်စ်အမ်တွေ၊ စီဒီအမ်အေတွေ ဘယ်နေရာကနေ ပြောပြော ပြောလို့ရအောင်
လုပ်ပေးပြီး မဲဆွယ်စည်းရုံးနေပါတယ်။ တစ်တိုင်းတစ်ပြည်လုံး အတွက်
မစဉ်းစားပဲ ကိုယ့်ဒေသ ကောင်းကျိုး
ကိုပဲကြည့်၊ကိုယ့်ပါတီအနိုင်ရေ
ရးကိုပဲကြည့်နေကြတာပါ။
ပြည်သူတွေသိသင့်ပါတယ်။


အမေစုတို့လည်း သူတို့ရဲလုပ်ဆောင်ချက်တွေကို
မျက်ခြေမပြတ်သင့်ပါဘူး။ အမေစုအနေနဲ့ ကျွန်မတို့ ပခုက္ကူ၊ ရေစကြို၊
မြိုင်ဒေသကို စည်းရုံးရေးခရီးရောက်အောင် လာစေချင်ပါတယ်။ အခုမြို့နယ်
(၃)ခုစလုံးမှာ ကြံ့ဖွတ်ပါတီက အနိုင်ရရှိရေးအတွက် ဘယ်လောက်ပဲလုပ်နေလုပ်နေ
ပြည်သူကတော့ အမေစုကိုပဲ အားပေးမှာပါ။


မကွေးတိုင်းမှပြည်သူတဦး
မကွေးတိုင်း မှာ ကြံ့ဖွံ့ ဝန်ကြီးတွေ ရုံးမတက်ပဲ မဲဆွယ်စည်းရုံးရေးဆင်းနေ (ပေးစာ) မကွေးတိုင်း မှာ ကြံ့ဖွံ့ ဝန်ကြီးတွေ ရုံးမတက်ပဲ မဲဆွယ်စည်းရုံးရေးဆင်းနေ (ပေးစာ) Reviewed by သစ်ထူးလွင် on 08:36 Rating: 5

9 comments:

maybe said...

အင်း ကောင်းပါတယ် အဲလိုတင်ပြပေးတော့ ကျွန်တော်တို့တွေသိရတာပေါ့ ကြံ့ဖွတ်ဆိုတာက အရင်ထဲကလမ်းတွေခင်းပြီး မဲဆွယ် မဲလဲပြီးရောလမ်းတွေဆကမခင်းဒီအတိုင်းထား အခုတော့ဆက်ခင်းနေပြန် ဆိုတော့ သူတို့က အာဏာသာရမယ်ဆို အကုန်လုပ်မဲ့လူတွေဘဲ သိုးရေခြုံထားတဲ့ ၀ံပုလွေ တွေလိုဘဲ အစတော့သူ့လောက်လုပ်ပေးတဲ့လူမရှိ ဘြူး ရပြီးသွားရင်လဲ သူ့လောက်မျိုးချစ်တာလဲမရှိ တော်တယ်ဗျာသိလား အမျိုးတွေအကုန်လုံးဖုန်းတွေနဲက ဆိုင်ကယ်တွေနဲ့မျိုးချစ်တာများ

soecyclone said...

ရုံးမတက်ဘဲနဲ့တောင် စည်းရုံးရေးဆင်းနေရတာဆိုတော့ အင်မတန်မှသနားစရာ
ကောင်းလိုက်တာဗျာ၊ဒါပေမယ့်လည်း ဖံွ့ကြီးရေ အချိန်တန်ရင်တော့ ဒို့ခွပ်ဒေါင်း
တွေပဲအောင်ပွဲခံသွားမှာပါကွာ၊စောင့်ကြည့်နေပေါ့ ဖွံ့ကြီးရေ.....

cherry pan said...

ဟုတ်လား....စောင့် ကြည့် ရအုံးမယ်ဗျို့ ......

ရာရာ said...

သေခြာပေါက်ပြောလို့ရတာတစ်ခုကတော့ ကြံ့ဖွတ် မဲဆန္ဒနယ်တစ်ခုလောက် မှာ နိုင်တယ်ဆိုရင်တောင် မဲလိမ်လို့၊ မဲခိုးလို့ပဲ...ဘယ်သူ့မေးမေး ဒီအဖြေရမှာပဲ...နည်းနည်းပဲ စဉ်းစားကြည့်ရအောင်..အရင်ရွေးကောက်ပွဲမှာ အမေစု ပါလို့မရအောင်လုပ်ထားတယ်၊နောက်ပြီး ခမောက်ကိုမဲပေးရင်ပဲ ချက်ချင်းထောင်ထဲထည့်မတတ်ချိန်းခြောက်ပြီး နည်းအမျိုးမျိုးနဲ့ မဲလိမ်..မဲခိုး..ပြီးညစ်ပတ်တာတောင်မှ NLD နိုင်ပွဲဆင်ခဲ့တဲ့မဲဆန္ဒနယ်တွေရှိခဲ့သေးတယ်...အခုလိုအခြေအနေနဲ့တော့ ဘယ်လို့မှ စဉ်းစားမနေနဲ့တော့...

ကိုကို said...

မကွေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့ မနလေးတိုင်းဒေသ ၀န်ကြီးတွေက ဘာအလုပ်မှ
လုပ်ပိုင်ခွင့်မှ မရှိတာ။အလုပ်မရှိအားနေတာ။သူတို့အလုပ်ရှိအောင်လို့ အလုပ်ပေးတဲ့သဘောနေမှာပါ။

ကိုကို said...

စစ်ကိုင်း၊မကွေးနဲ့မန်းတိုင်း ဒေသကြီးဝန်ကြီးတွေက ဘာမှလုပ်ပိုင်ခွင့်မှမရှိဘဲ
အားနေတာကိုး

Aung said...

ုကြံဖွတ် ဆိုတာ ကိုယ်ကျိုးသာ ကြည့်တတ်ပြီး
အများ အကျိုးအတွက် အကြံဥာဏ် ဖွတ်ကြား ဖြစ်နေတဲ့သူတွေ ထားရာနေ စေရာသွား ခိုင်းတာလုပ် ( ဥပမာ ဒေါက်တာစိုးမင်းလို လူ) ဝေစားမျှစားတွေ စုထားတဲ့ အဖွဲ့ အစည်း
သူတို့ သာ ဆက်အုပ်ချုပ်နေ လို့  ကတော့ မတွေးဝံစရာပါဘဲ

aung aung said...

သီးခံပေးကြပါဗျာ ...သူတို့က မရှက်တတ်လို့ပါနော်
ရှက်တတ်တယ်ဆိုရင် သေလို့တောင် ရပါတယ် ...
သူတို့ကို မွေးစဉ်တုန်းက ချက်ကြိုးနဲ့ရှက်ကြိုးကို လွဲပြီး ဖြတ်မိလိုက်လို့ ထင်ပါတယ် ............

Wai Lar Ko Ko said...

ဘာပဲဖြစ်ဖြစ်ပတ္တမြားမှန်ရင်နွံမနစ်ပါဘူးဗျ
ကျောက်စရစ်တွေသာနွံထဲရောက်မှာစိုးလို့ကုတ်ဖဲ့တက်နေရတာ

Powered by Blogger.