တာ​မွေကြီး​ (ခ) ရပ်ကွက် မီးလောင်မှု (ရုပ်/သံ)

ရန်ကုန်တိုင်း​ ​ဒေသကြီး​ တာ​မွေမြို့​နယ်မှာ ဒီ​နေ့​ မနက်က မီး​လောင်ကျွမ်း​မှုတခု ဖြစ်ပွား​ခဲ့​ပါတယ်။
တာ​မွေကြီး​ (ခ) ရပ်ကွက်က ကျိုက္ကဆံလမ်း​နဲ့​ ၁၆၄ လမ်း​ထောင့်​ မှာ နံနက် ၉ နာရီ​လောက်က မီး​စ​လောင်တာဖြစ်ပြီး​ နံနက် ၉ နာရီ ၄၅ မိနစ်​လောက်မှာ မီး​ငြိမ်း​သွား​တယ်လို့​ ရန်ကုန် ဗဟိုမီး​သတ်ဌာနက​ပြောပါတယ်။
မီး​ဟာ မီး​ဖိုမီး​ကြွင်း​မီး​ကျန်က​နေ စတင်​လောင်ကျွမ်း​တာဖြစ်ပြီး​ မီး​လောင်မှု​ကြောင့်​ လူ​နေအိမ် ၄ လုံး​နဲ့​ အိမ် ၄ ခြမ်း​ မီး​ထဲပါသွား​တယ်လို့​ဗဟိုမီး​သတ်ဌာနက စုံစမ်း​သိရပါတယ်။

Myanmar News Now
တာ​မွေကြီး​ (ခ) ရပ်ကွက် မီးလောင်မှု (ရုပ်/သံ) တာ​မွေကြီး​ (ခ) ရပ်ကွက် မီးလောင်မှု (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 17:54 Rating: 5

4 comments:

bophyu said...

ဒို့ ဗမာပြည်သူတွေလဲ အရန်မီးသတ်သင်တန်းလေးတော့  လူတိုင်းတက်သင့်နေပြီလို့ ထင်ပါတယ်..။ လောင်လိုက်တဲ့ မီး တနှစ်ပတ်လုံး..

maxdiego said...

2012 ခုနှစ်ဆန်းပိုင်းမှာတင် မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်တာတော်တော်စိပ် နေတယ်...ဆင်းရဲသားပပျောက်ေ၇း လမ်းစဉ်များ ချမှတ်နေတာလား မသိဘူး...နဲနဲတော့ထူးဆန်းနေတယ်...

Bravo said...

မီသတ်အဖွဲ့ဝင်တွေ ဒီထက်ပိုပြီး ပညာပေးလုပ်ငန်းတွေလုပ်ဖို့လိုတယ်ဆိုတဲ့ ပြယုဂ်ပါ။

ကျော်ထိုက် said...

ဟုတ်ပါ့ဗျာ လောင်လိုက်တဲ့မီးတွေ....ဒါပေမယ့် ဒီမီးတွေက ငြိမ်းလို့ရသေးတယ်...တချို့ဆို ရင်ထဲမှာ ဒေါသမီးတွေ..မနာလိုမီးတွေ အလျှံပယ်တောက်လောင်နေကြတာ...အဲ့ဒီ့ မီးတွေက ဘယ်လိုမှ ငြိမ်းလို့မရတဲ့ မီးတွေ ဖြစ်နေလို့ပဲ...

Powered by Blogger.