ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ မနက်က မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပါတယ်။
တာမွေကြီး
(ခ) ရပ်ကွက်က ကျိုက္ကဆံလမ်းနဲ့ ၁၆၄ လမ်းထောင့် မှာ နံနက် ၉ နာရီလောက်က
မီးစလောင်တာဖြစ်ပြီး နံနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ
မီးငြိမ်းသွားတယ်လို့ ရန်ကုန် ဗဟိုမီးသတ်ဌာနကပြောပါတယ်။
မီးဟာ
မီးဖိုမီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး
မီးလောင်မှုကြောင့် လူနေအိမ် ၄ လုံးနဲ့ အိမ် ၄ ခြမ်း
မီးထဲပါသွားတယ်လို့ဗဟိုမီးသတ်ဌာနက စုံစမ်းသိရပါတယ်။
Myanmar News Now
တာမွေကြီး (ခ) ရပ်ကွက် မီးလောင်မှု (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
17:54
Rating:
4 comments:
ဒို့ ဗမာပြည်သူတွေလဲ အရန်မီးသတ်သင်တန်းလေးတော့  လူတိုင်းတက်သင့်နေပြီလို့ ထင်ပါတယ်..။ လောင်လိုက်တဲ့ မီး တနှစ်ပတ်လုံး..
2012 ခုနှစ်ဆန်းပိုင်းမှာတင် မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်တာတော်တော်စိပ် နေတယ်...ဆင်းရဲသားပပျောက်ေ၇း လမ်းစဉ်များ ချမှတ်နေတာလား မသိဘူး...နဲနဲတော့ထူးဆန်းနေတယ်...
မီသတ်အဖွဲ့ဝင်တွေ ဒီထက်ပိုပြီး ပညာပေးလုပ်ငန်းတွေလုပ်ဖို့လိုတယ်ဆိုတဲ့ ပြယုဂ်ပါ။
ဟုတ်ပါ့ဗျာ လောင်လိုက်တဲ့မီးတွေ....ဒါပေမယ့် ဒီမီးတွေက ငြိမ်းလို့ရသေးတယ်...တချို့ဆို ရင်ထဲမှာ ဒေါသမီးတွေ..မနာလိုမီးတွေ အလျှံပယ်တောက်လောင်နေကြတာ...အဲ့ဒီ့ မီးတွေက ဘယ်လိုမှ ငြိမ်းလို့မရတဲ့ မီးတွေ ဖြစ်နေလို့ပဲ...
Post a Comment