ဖိုးချစ် ဗိုလ်ချုပ်ဇာတ်ကားရန်ပုံငွေအတွက် ငွေကျပ်သိန်း၎ဝလှူဒါန်း

ဖိုးချစ်
ဖေဖော်ဝါရီ၁၅ရက်နေ့က မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖိုးချစ်က သူ့ရဲ့မွေးနေ့ကို နှစ်စဉ်အလှူအတန်း တွေနဲ့ပဲ ဖြတ်သန်းလေ့ရှိသူပါ။ ဒီနှစ်မှာလည်း မွေးေ န့ မနက်ပိုင်းမှာ မိဘမဲ့ကလေးကျောင်းတွေကို သွားရောက်လှူဒါန်း မှာဖြစ်ပါတယ်။ညနေပိုင်းမှာတော့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၅ရပ် ကွက်ဘောလုံးကွင်းဇာတ် ရုံကြီး မှာဖေဖော်ဝါရီ ၁၅ရက်ကနေ ၁၈ရက်နေ့အထိ ကပြဖျော်ဖြေမှာဖြစ်ပြီး ဖိုးချစ်နဲ့အတူ အဆိုတော်သားစိုး၊ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဧကရီစုစံတို့ ကလည်း ပါဝင် အာြး ဖည့်ပေးကြမှာဖြစ်ပါတယ်။ မွေးနေ့ရှင် ဖိုးချစ်ကတော့ မွေးနေ့ရက် မှာတောင် မနားဖြစ်ဘဲ သူ့ရဲ့ပရိသတ်တွေအတွက် ကပြဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ ပွဲထဲမှာပဲ   မွေးနေ့ကိတ်ခွဲဖို့လည်း စီစဉ်ထားပါတယ်။ ဖိုးချစ်က မွေးနေ့ပွဲရယ်လို့ အကြီးအကျယ်သိပ်လုပ်လေ့မရှိဘဲ မွေးနေ့ ရက်မှာ နှစ်စဉ်မိဘမဲ့ကလေးတွေ ကိုလှူဒါန်းလေ့ရှိ ပါတယ်။ မွေးနေ့မှာ မိဘတွေကို အရင်ဦးဆုံးကန်တော့ပြီး  မိဘတွေအတွက်ပဲ ဦးစားပေး ဖြတ်သန်းခဲ့ပါတယ်။ ဆက် လက်ပြီး ဖိုးချစ်က ဗိုလ်ချုပ်ဇာတ်ကားရန်ပုံငွေ အတွက် ဖေဖော်ဝါရီ ၈ရက်နေ့ ကျိုက်ခေါက် ဘုရားပွဲမှာ ကပြလို့ ရရှိခဲ့တဲ့ ငွေကျပ်သိန်း၎ဝကို ဖေဖော်ဝါရီ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။
လင်းအက္ခရာ (ပေါ်ပြူလာဂျာနယ်)
ဖိုးချစ် ဗိုလ်ချုပ်ဇာတ်ကားရန်ပုံငွေအတွက် ငွေကျပ်သိန်း၎ဝလှူဒါန်း ဖိုးချစ် ဗိုလ်ချုပ်ဇာတ်ကားရန်ပုံငွေအတွက် ငွေကျပ်သိန်း၎ဝလှူဒါန်း Reviewed by သစ်ထူးလွင် on 16:22 Rating: 5

11 comments:

ပုဂံစစ်သည် said...

လေးစားပါတယ် ကိုဖိုးချစ်၊ သူများတွေက ကိုယ့်အတွက်နဲ့ အမျိုး၊ ဘာသာကို ဖျက်ဆီးဖို့ ချစ်သူများနေ့ ကျင်းပမယ့်အချိန်မှာ ကိုဖိုးချစ်တစ်ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အမွန်မြတ်ဆုံး အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ။

ဖေကြီး said...

တယ်ဟုတ်တဲ့ ဖိုးချစ်..မင်းကို ငါက ပေါကြောင်ကြောင်ပဲ လို့ထင်ခဲ့တာ..
မှားပါတယ်ကွာ..ဒီနေ့ကစပြီး မင်းကိုလေးစားရမယ့်လူစာရင်းထဲ ငါထည့်လိုက်ပြီဟေ့...ဖိုးချစ်ကို ချီးကျူးပါတယ်ဗျား.........

Anonymous said...

လေးစားပါတယ် ကိုဖိုးချစ်..
ဗိုလ်ချုပ်ဇာတ်ကားအတွက် အခုလိုတစ်ဖက်တစ်လမ်းကနေ
ကူညီတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဂုဏ်လည်းယူပါတယ်
မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်
အမြဲပျော်ရွှင်အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....

ဖိုးတုက်ကြီး said...

ကောင်းတယ်ကွာ နောက်ဆိုရင် ဇာက်ဖြစ်ဖြစ် အခွေပဲဖြစ်ဖြစ် ဖိုးချစ်ပဲ အားပေးမယ် ဒါမှ တို့ ပိုက်ဆံတွေ အကျိဲူးရှိတဲ့ ဆီသေချာပေါက်ရောက်မယ်

tun win said...

ဒါကိုခေါ်တယ်..မိမိတတ်တဲ့ အနုပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုတယ်ဆိုတာ..လေးစားတယ်..ဒါသမိုင်းမှာ ကျန်ခဲ့မယ့် နာမည်ကောင်းဘဲ..

Kyaw Minn said...

ဖိုးချစ်ကွ

Unknown said...

thar du per,,,

lay lay said...

အရင်ကထက်
ပိုချစ်သွားပြီနော်

တို့ခေတ် said...

လေးစားပါတယ် ကို ဖိုးချစ်

shan lay said...

Very good

aristhteinwin said...

ဖိုးချစ် ရေ- မင်း စေတနာတွေ ကို လေးစားအသိအမှတ်ပြုပါတယ်။
ဆက်လက်ပြီးတော့ပြည်သူလူထုကို စစ်မှန်တဲ့ အနုပညာနဲ့  တင်ဆက်နိုင်ပါစေ။ ဖိုးချစ် ကျမ္မာစွာဖြင့် မိဘပြည်သူတွေရဲ့ မေတ္တာကို ခံယူနိုင်ပါစေ။

Powered by Blogger.