လူဦးရေ သိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ
ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ ရှိ ဧက
၂၀၀ ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီး
တစ်ခုကို ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက စတင် လုပ်ဆောင်နိုင်ရန်
အဆိုပြုထားပြီး ဖြစ်ကြောင်း ၈-၂-၂၀၁၂ ရက်က သိရသည်။ စင်ကာပူစတိုင်
အဆင့်မြင့် အိမ်ရာစီမံကိန်းကြီးတွင် အထပ်မြင့် အိမ်ရာကြီးများ၊
ခြောက်ထပ်ဝန်းကျင် တိုက်ခန်းများနှင့် အခြားသော အိမ်ရာစီမံကိန်းများ
ပါဝင်မည်ဟု သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် ငါးနှစ်စာ တိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ် အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့် ပုံစံများ ပါဝင်ကြောင်း သိရသည်။
“ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ စတင်မယ်” ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။ “ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကလေး ထိန်းသိမ်း စောင့်ရှောက်ရေးတွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ်တစ်ခု ပုံစံမျိုး လုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ “မုဒိတာ၃” လို့ အမည်ပေးလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီအထဲမှာ နေမယ့်သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလို နေထိုင်မယ့်သူတွေ မပါစေချင်ဘူး။ ဒီစီမံကိန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျစနစ်နဲ့ သွားမှာ၊ အရင် Down Payment တွေက ၂၀ ရာခိုင်နှုန်း ပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိက ကျောထောက်နောက်ခံ ယူပေးထားတယ်၊ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ ရှိသွားနိုင်တယ်” ဟု ဆက်လက် ပြောကြားသည်။ လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက် ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်း အရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပ်ခန်းနှစ်ခန်း ပါမယ်။ ဓာတ်လှေကားတွေလည်း ပါမယ်။ ဒီစီမံကိန်းကြီး တစ်ခုတည်းမှာပဲ ဘုရားကျောင်း၊ စေတီ၊ ပန်းခြံ၊ အားကစားကွင်း တွေ အတော်များများ ပါဝင်မယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုး သွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့် မြို့တစ်မြို့ ပုံစံ သွားမှာ” ဟု ဦးကိုကိုထွေးက ပြောကြားသည်။
“မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာလို့ပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျ မပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းအတွက် စင်ကာပူနိုင်ငံသား ဒီဇိုင်းသမားတွေ မသုံးပါဘူး။ မြန်မာတွေပဲ ဆွဲမှာပါ။ စင်ကာပူစတိုင် ဆိုပေမယ့် မြန်မာဆွဲတဲ့ အဆင့်မီ စင်ကာပူစတိုင် အိမ်ရာစီမံကိန်း ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမို တိုးပွားလာမည်ဖြစ်ပြီး အခြေခံ လူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်မှာ ငါးနှစ် အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း ၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၎င်းက ပြောကြားသည်။
အေဝိုင်အီး(ပြည်မြန်မာ)
အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် ငါးနှစ်စာ တိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ် အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့် ပုံစံများ ပါဝင်ကြောင်း သိရသည်။
“ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ စတင်မယ်” ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။ “ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကလေး ထိန်းသိမ်း စောင့်ရှောက်ရေးတွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ်တစ်ခု ပုံစံမျိုး လုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ “မုဒိတာ၃” လို့ အမည်ပေးလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီအထဲမှာ နေမယ့်သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလို နေထိုင်မယ့်သူတွေ မပါစေချင်ဘူး။ ဒီစီမံကိန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျစနစ်နဲ့ သွားမှာ၊ အရင် Down Payment တွေက ၂၀ ရာခိုင်နှုန်း ပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိက ကျောထောက်နောက်ခံ ယူပေးထားတယ်၊ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ ရှိသွားနိုင်တယ်” ဟု ဆက်လက် ပြောကြားသည်။ လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက် ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်း အရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပ်ခန်းနှစ်ခန်း ပါမယ်။ ဓာတ်လှေကားတွေလည်း ပါမယ်။ ဒီစီမံကိန်းကြီး တစ်ခုတည်းမှာပဲ ဘုရားကျောင်း၊ စေတီ၊ ပန်းခြံ၊ အားကစားကွင်း တွေ အတော်များများ ပါဝင်မယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုး သွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့် မြို့တစ်မြို့ ပုံစံ သွားမှာ” ဟု ဦးကိုကိုထွေးက ပြောကြားသည်။
“မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာလို့ပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျ မပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းအတွက် စင်ကာပူနိုင်ငံသား ဒီဇိုင်းသမားတွေ မသုံးပါဘူး။ မြန်မာတွေပဲ ဆွဲမှာပါ။ စင်ကာပူစတိုင် ဆိုပေမယ့် မြန်မာဆွဲတဲ့ အဆင့်မီ စင်ကာပူစတိုင် အိမ်ရာစီမံကိန်း ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမို တိုးပွားလာမည်ဖြစ်ပြီး အခြေခံ လူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်မှာ ငါးနှစ် အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း ၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၎င်းက ပြောကြားသည်။
အေဝိုင်အီး(ပြည်မြန်မာ)
လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား
Reviewed by သစ်ထူးလွင်
on
08:41
Rating:
45 comments:
Myanmar Government is just dumb..We have a lot of land and natural resources..why want to copy everything from Singapore who doesn't even has enough land !!!
စီးပွားရေးသမားတွေ ၀ယ်ပြီးလှောင်ထားတာမျိုး ကို ဂရုစိုက်သင့် ပါသည်..
ဈေးပေါပေမဲ့ ကောင်းစေချင်ပါသည်..
ကျေးဇူးတင်စရာပါ..
ဒီစီမံကိန်းကို စိတ်ဝင်စားပါတယ်ရှင့်
ဘယ်ကိုဆက်သွယ် မေးမြန်းဝယ်ယူနိုင်ပါမလဲရှင်
Myanmar Feedom ရေ ....အစိုးရကိုထောက်ခံလို့ ပြောတာမဟုတ်ဘူး ၊ copy ကူးသင့်ရင်ကူးရမှာပဲ ၊ ဒါပေမဲ့  singapore လို မှန်မှန်ကန်ကန်လုပ်ဖို့ တော့ လိုတယ် ၊ ငွေရှိတဲ့  ဧရာမ သူဌေးတွေက ကလိမ်ကကျစ်နဲ့ ဝယ် ၊လှောင်ထား ၊ ပြီးရင်ဈေးကစား နဲ့ ဆိုရင်တော့  ဒုန်ရင်းဒုန်ရင်းပါဘဲ ...အမှန်အကန်နေထိုင်မည့်  အောက်ခြေနဲ့  လူလတ်တန်းစားတွေကိုပဲ ၀ယ်ယူခွင့်ပြုင့်ပါတယ် ....ဒီ Project တာ ဖြစ်လာမယ်ဆိုရင်ပေါ့၊
Coz they know how to built with international standard....
But company is myanmar company YOMA, list in SGX. YOMA share 47cents, if you buy and invest now, i think will make money in future.
Thank
Lynn
အဲဒါအစိုးရလုပ်တာမဟုတ်ဘူး။ ခရိုနီတွေရိုက်စားလုပ်နေတာ။
should be fit to cctv and 24 hours securitys.....................if dont have its,become a dagerous zone..........
မြန်မြန် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်
Singapore အိမ်ယာစီမံကိန်း များတွင် အနိမ့်ဆုံးအဆင့်ဖြစ်သော HDB အဆောက်အဦးများတွင်တော (15x15 sq ft)စီရှိသော Master Bed Room, Bed Room, Combined Living & Dining Room, Bath Room, Kitchen, Store ဆိုပြီး ပြည်စုံစွာပါရှိပါတယ် တော်ဝင်ကပြောတဲ့ Hall Tpye ဆိုတာမကြားဘူးပါ
ထိုကဲ့သို့သောစီမံကိန်းများကို ဆောက်လုပ်ရေးကုမဏီများ ယှဉ်ပြိင်စေခြင်းဖြစ်တည်ဆောက်သင်.ပါသည် အဆောက်အဦး Design သေသပ်လှပခြင်း- ကြံခိုင်မူရှိခြင်း -မြို.ရဲ.အထင်ကရနေရာတွင်တည်ဆောက်မည်ဆိုပါက မြို့တော်အလှကိုရုပ်မဆိုးစေဘဲ-(Specification,Standards,Security) ဆိုင်ရာအတွေ့အကြုံကောင်းများရှိခြင်း စသည်.အချက်များကိုအခြေခံပြီးရွေးချယ်သင့်ပါသည် တော်ဝင်တည်ဆောက်သော အခြားမုဒီတာများတော့မရောက်ဘူးတော့မသိပါ မြောက်ဒဂုံမှအိမ်ယာစီမံကိန်းကတော့ အတော်ကြီးအကျဉ်းတန်အရုပ်ဆိုးပါသည် အိမ်ယာခြံဝင်းလဲမရှိ-Main Road နှင်.အလွန်နီးကပ်စွာတည်ဆောက်ထားခြင်း-ရေပေးဝေရေးစံနစ်-မိလ်လာစံနစ်-အမှိုက်သိမ်းစံနစ်- Drainage စံနစ်များမကောင်းခြင်း စသည့်အားနည်းချက်များကိုတွေ့ရှိရပါသည် (အပေါ်ရံလူကြားကောင်းအောင်မဟုတ်ဘဲ တကယ်လက်တွေ့ အဆင့်မြင့်သောအိမ်ရာများပေါ်ထွန်ရေးကိုရည်သန်လျက်)
တကယ်ပဲ စင်ကာပူ အိမ်ယာတွေလို ဖြစ်လာမှာလားဟင်။ တကယ်ပဲလားလို့...။
စင်ကာပူက အနိမ့်ဆုံး အဆင့် HDB တောင် ဗမာပြည်မှာ အခု ကွန်ဒို လို့ခေါ်ဝေါ်သုံးနှုန်းနေတဲ့ အိမ်ယာတွေနီးနီးလောက်ရှိတယ်။
အမှန်တစ်ကယ် နေ မဲ့ သူကို ပဲ ရောင်းပေးစေချင်တယ် တစ်ကယ်မနေပဲ အမြတ်တင် ပြန်ရောင်းစားတာမျိုးတွေ မဖြစ်စေချင်ဘူး . . .ဒါကြောင့် ပထမဆုံးစပြီး ငွေသွင်းတဲ့လူကိုပဲ အိမ်သန်းခေါင်းစာရင်းနဲ့ ပိုင်ဆိုင်မှု့ ကို ချပေးစေချင်တယ် . . .လက်ပြောင်းလက်လွှဲတွေကနေ မသမာမှု တွေ ဖြစ်လာရင် အမှန်တစ်ကယ် နေဖို့ လိုအပ်နေတဲ့ သူတွေ အတွက် ထိခိုက်နိုင်ပါတယ် . . .
ဒီစီမံကိန်းမျိုးပေါ်လာတာ အင်မတန်ကောင်းတဲ့အစီအစဉ်ပါ ဒါပေမယ့် ကိုကျော်ကြီးပြောသလိုဖြစ်သွားမှာဆိုးရိမ်စရာ နောက်ပြီးတကယ်တန်းလုပ်ငန်းရှင်ဘက်ကအာမခံထားတာတွေကိုလည်း မှန်မှန်ကန်ကန်လုပ်ပေးဖို့လိုတယ် ကြိုပွိုင့်တွေလည်းရရော ပေါ့ပျက်ပျက်လုပ်ပြီး ဖြစ်ကလက်ဆန်းထားသွားတာမျိုးတွေဖြစ်တတ်တယ် စင်ကာပူမှာလုပ်သလိုမျိုးကူချပြီးလုပ်တယ်ဆိုရင် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေပ် ကူးချဖို့လိုတယ်
Myanmar Freedom ပြောတာမှန်တယ်။ စင်္ကာပူ လုပ်တိုင်း ကကြီး ကနေ အ အထိ အကုန်ကူးချ ပုံတူရိုက်စရာမလိုဘူး။ ကိုယ့်ရေ ကိုယ့်မြေနဲ့ ကိုက်ညီ ဆီလျော်တဲ့ စီမန်ကိန်း တွေ နဲ့ တိုင်းပြည်ကိုတည်ဆောက်ရမှာ။
စင်္ကာပူ နဲ့ မြန်မာ၊ လူမျိုး၊စိတ်နေစိတ်ထား၊လည်း မတူဘူး၊ တိုင်းပြည်တည်ရှိနေပုံလည်းမတူဘူး၊ အနေအထားလည်းမတူဘူး။ အဲ့ဒါကို စင်္ကာပူအတိုင်း လိုက်လုပ်ရင် ရူးတာ နုံတာပဲ။
ခရိုနီတွေကို ဘယ်လိုတားမှာလဲ..တကယ်အိမ်မပိုင်တဲ့သူတွေ..မရပဲ ပိုက်ဆံရှိ.. အာဏာရှိတဲ့လူတွေသာရသွားရင်..ဘာမှ မထူးဘူး..အရင်ကတည်းက မလုပ်တာမှ ပိုကောင်းအုံးမယ်...
စလုံးပုံစံလုပ်ချင်ရင် အိုးအိမ်က တိုက်ရိုက်ကွပ်ကဲသင့်တယ်။ နောက် လူတစ်ယောက်ကို တခန်းပဲ ၀ယ်ခွင့်  ရှိသင့်တယ်။ သို့ မဟုတ်က ဒုံရင်းဒုံရင်း ပြန်ရောက်ပီး ငွေရှိသူတွေရဲ့  ငွေမြုပ်နှံရန် ကစားကွင်းတစ်ခု ပမာ ဖြစ်သွားလိမ့်မယ်။
နောက်တခုက hall type ပုံစံဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး။ ၀ယ်ယူနေထိုင်သူတွေအတွက် အဆင်မပြေနိုင်ပါ.........
မုဒိတာ က အထက်က တဦးပြောတဲ့အတိုင်း သိပ်ပီးတော့ perfect မဖြစ်သေးဘူး။ plan ဖြစ်ခဲ့ရင်တောင် သေချာ စီစစ်ပီးမှ ၀ယ်ယူသင့်ပါတယ်.......
ငါးသောင်းတန်အိမ်တွေကhall type ကို စတုရန်းပေ၂၂၀ ဆိုတာဘယ်လိုလဲ။ အလျား၁၀ပေ၊အနံ၂၂ပေ လောက်ဘဲရှိတာမျိုးလာ။ အဲလောက်ဆိုရင်အရမ်းသေးနေမှာပေါ့။ ရှင်းပြပါဦး။
မြန်မာပြည်မှာ အိမ်ယာဥပဒေ ၇ှိဖို့ လိုအပ်ပါတယ်။ စကာင်္ပူ အတိုင်း ပြော၇၇င်တော့ ။ တစ်အိမ်ထောင် (တစ်ယောက် မဟုတ်ပါ) အိမ်ခန်း တစ်ခန်းသာ ၀ယ် ခွင့်ပြုပါတယ်။ လင် တစ်ခန်း၊ မယား တစ်ခန်း ၀ယ်လို့ မ၇ပါ။ လူပျို၊ အပျို ကြီး ၊သားသမီးများလည်း 35 နှစ် အထက်ေ၇ာက်မှ ၀ယ်ချင် ၀ယ်လို့ ၇ပါတယ်။ ၀ယ်ပြီး၇င် ၅ နှစ်အတွင်း တ၇ားဝင် အိမ်ငှားတင်လို့ ၊ေ၇ာင်းလို့ မ၇ပါဘူး ။ ပိုက်ဆံ ပို၇ှိလာလို့ ပိုကောင်းတဲ့ အခန်း ၀ယ်ချင်၇င် အခန်းဟောင်းကို တ၇ား ၀င် ပြန်ေ၇ာင်း ပြီးမှ ၀ယ်လို့၇ပါတယ်။ အဲဒီလို စဉ်းမျဉ်း ဥပဒေတွေကို ချထားတာဟာ ငွေ၇ှိသူက လုပ်စားမှာ ။ အာဏာ၇ှိတဲ့သူက လုပ်စားပြီး။ (မြန်မာပြည်မှာလို) ဆင်း၇ဲသားတွေဘဲခံနေ၇မှာ စိုးလို့အစိုး၇က ထိန်းပေးထားတာ ။ မြန်မာပြည်မှာလဲ အိုးအိမ်က ကန်ထ၇ိုက်ခေါ် ၊ ကုမ်ပဏီတွေကို ဆောက်ခိုင်း၊ အိုးအိမ်က ခွင့်ပြုချက်နဲ့ ( Control လုပ်ဖို့ ပြောချင်တာပါ ၊ Under Table လုပ်ဖို့ မဟုတ်ပါ) ၀ယ်။ နောက် 10 နှစ် လောက်မှာ လူလတ်တန်းစားတွေ ။ ဆင်း၇ဲသားတွေ အိမ်ခန်း ပိုင်နိုင်လာမှာပါ။
လောကမှာ အပေးသမားရယ်၊ အယူသမားရယ်ဆိုပြီး (၂)မျိုးဘဲရှိတယ်လို့ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်ထဲမှာဖတ်ဖူးတယ်... စီးပွားရေးလောက မှာတော့ အယူသမားတွေဘဲတွေဖူးတယ်ဗျ ၊ တနည်းပြောရရင် အတ္တသမားတွေ ၀ိသမလောဘသမားတွေဘဲပေါ့၊ သူတို့က ဘယ်လောက်ပေးရင် ဘယ်လောက်ပြန်ရမလဲဆိုတာ အမြဲစဉ်းစား အဲအမြဲလုပ်လေ့ရှိတယ်ဗျ ခရိုနီတွေအများစုပေါ့... ထောင်မြင်ရင် ရာစွန့်တဲ့ ..များသလား သူတို့က သိန်းသန်းမြင်မှ ရာစွန့်တာဗျ ဒါတောင် အာဏာမပါမှနော် အာပါပါရင် အကုန်လုံးဝါးပစ်တာလေ.... လောက ငရဲသားများပေါ့.. မြန်မာပြည်သူတွေလည်း ဘာသာရေးသဘောတရားအရ ကံ ကံ၏အကျိုးပေါ့ဆိုပြီး လက်ပိုက်ကြည့်/လက်မိုင်ချမနေကျနဲ့ဦး ကံဆိုတာအလုပ်ဗျ.... ကျွန်ုပ်တို့အနာဂါတ်ကို ကျွန်ုပ်တို့ဖန်းတီးတာဘဲလေ သမိုင်းတွင်မဲ့လုပ်ရပ်မျိုးမှာ အတ္တ နဲ့ ပရ ချိန်ခွင်လျာညှိကြပါစို့ဗျာ...
စီးပွါးေ၇းသမားဆိုတာ အမြတ်အစွန်း ၇ဖို့ လုပ်တာက သဘာဝပါ။ လူတိုင်း အခွင့် အေ၇း၇၇င် ၇သလောက်ယူချင် ကြတာပါပဲ။ ခိုင်မာတဲ့ ဥပဒေ ၊ စည်းမျဉ်း တွေနဲ့ ထိန်းသိမ်းမှသာ လုပ်ချင်တာ လုပ်လို့ မ၇မှာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ ဥပဒေစိုးမိုးေ၇း အေ၇းကြီးတယ်ဆိုတာ အဲဒါပါပဲ ။ လူတွေ ယဉ်ကျေးလာတာနဲ့ အမျှ Jungle Rule ( ကြီးနိုင် ငယ်ညှင်း ဥပဒေ) ကနေ အားနည်းသူကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဥပဒေဆိုတာကလည်း အားနည်းသူတွေ အတွက် ကာကွယ်ပေးဖို့ / တ၇ားမျှတစွာ ယှဉ်ပြိုင်ဖို့ ထိန်းကွပ်ပေးတဲ့ က၇ိယာ တစ်မျိုးပါ။
ဦးခင်ညွှန့် ခေတ်က ယုဇန မှာ ဆောက်တဲ့ တိုက်ခန်းတွေ လို တော့ မဖြစ်စေ နဲ့ လေ။ ယုဇန ဥယျဉ်မြို့ တော်ဆိုတာကြီး ကြည့်ပြီး ဘယ်လောက်စည်းပျက် ကမ်းပျက် အရည်အသွေးမဲ့ ဆောက်ထားလဲ သိနိုင်ပါတယ်။ အခု ဆို လမ်းတွေက အစ သွားမရအောင်ပျက်စီးနေပေမယ့် ဘာတာဝန်မှ မယူတဲ့ လူတွေကြောင့် အကြီးအကျယ်ပျက်စီးနေပါတယ်။
ရှေ့ က နမူနာတွေကောင်းကောင်းယူပါ။ နေရာတကာ စင်္ကာပူစတိုင် လို့ ပြောနေယင်တော့ မဟုတ်သေးဘူးထင်ပါတယ်။
မြေပြန့်တွေအင်မတန်ပေါများတာပဲ။ အဓိက Infrastructure ကို ကောင်းအောင်လုပ်ပါဦး။ ပြောတော့ ငါးသောင်း နဲ့ အမှန်တကယ်ဝယ်မယ့်သူလက်ထဲမှာ ဈေးကြီးတဲ့ပွဲစားနဲ့တိုးတာမျိုး တစ်ဦးတည်းက အခန်း ၁၀၀ လောက်ဝယ်ထားတာမျိုးတော့ မဖြစ်စေချင်ဘူး။ တိုင်းသူပြည်သားကို မျှတအောင်အုပ်ချုပ်ပါမှ သမာသမတ်ကျတဲ့ အုပ်ချုပ်မင်းလုပ်သူဖြစ်မှာပေါ့။
အော် မြန်မာပြည်လည်း စင်ကာပူလို စောက်သုံးမကျတဲ့ နိုင်ငံဖြစ်အုံးမယ်။ ကယ်ပါအုံး သမ္မတကြီးရယ်။ ဒီစီမံကိန်း ကိုခွင့်မပြု သင့်ဘူး။
ရန်ကုန်တစ်မြို့ထဲမဟုတ်ပဲမြို့တိုင်းမှာလုပ်ပေးနိုင်၇င်ပိုကောင်းပါတယ်.ဒါမှနယ်ကလူတွေလဲအဆင်ပြေမယ်..
နေရာတိုင်းမြို့တိုင်းမှာလုပ်ပေးနိုင်ရင်တော့ပိုအဆင်ပြေမယ်
နေရာတိုင်းမှာလုပ်ပေးနိုင်ရင်ပိုကောင်းမယ်ထင်တယ်
ရန်ကုန်တစ်မြို့ထဲမဟုတ်ပဲမြို့တိုင်းမှာလုပ်ပေးနိုင်၇င်ပိုကောင်းပါတယ်.ဒါမှနယ်ကလူတွေလဲအဆင်ပြေမယ်..
ပရဟိတကို စိတ်ဝင်တစား အကျိုးဆောင်ချင်ပြီး၊ ဆင်းရဲသားတွေ အပေါ်မှာ စာနာစိတ်ရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို ဦးစားပေး သင့်ပါတယ်၊ မဟုတ်ရင် အထက်က ပြောကြတဲ့အတိုင်း ဝိသမ လောဘသား နောက်သာ ပါသွားပါလိမ့်မယ်။
ဝန်ထမ်းတွေ အတွက်အစီအစဉ်ဘယ်လိုလုပ်ပေးမည်ဆိုတာသိချင်လိုက်တာ်
We can copy any good things from any developed countries but we need to copy good rules and regulations first. If rules and regulations are not strong and fair enough, this project will not be for middle and low class of our population.
copy cat?? **sigh**
ဟိုက် စတုရန်းပေ ၂၂၀ ဆိုတော့ ဘယ်လိုများနေရမှာပါလိမ့်။ sg မှာ တကယ်ပဲ အဲဒီလောက်ပဲ ကျယ်တဲ့ နေရာမှာ တစ်မိသားစုလုံး နေကြတာလားဗျာ။
စတုရန်းပေ ၂၂၀ (၁၀ ပေပတ်လည်) လောက်နဲ့ ဘယ်လိုလူစဉ်မှီမှာလဲ။ စင်္ကာပူလို ကျွန်းနိုင်ငံသေးတောင် လူကိုလူနဲ့တူအောင် လူလိုနေနိုင်အောင် လုပ်ပေးထားတယ်။
မြန်မာနိုင်ငံက အကျယ်ကြီး ရန်ကုန်မြို့ကအကျယ်ကြီး လူတွေ အသက်ရှူချောင်အောင် အခန်း အနည်းဆုံးရှိရမယ့်အကျယ်ကို အိုးအိမ်က သတ်သတ်မှတ်မှတ် လုပ်ပေးစေချင်တယ်။ အဓိပ္ပါယ်မရှိဘဲ ဈေးတွေမိုးပျံနေတာတွေလည်း ထိန်းချုပ်ပေးစေချင်တယ်။
အောက်မှာ စင်္ကာပူရဲ့ အသေးဆုံးအခန်း ဘယ်လောက်ကျယ်တယ်ဆိုတာကိုကြည့်
Types of HDB flats
1) Studio apartments
Studio apartment sizes range from 377-484 square feet, and are meant for senior citizens who want to live independently. They are renovated with elder-friendly features and are sold on 30 year leases, making them more affordable than other options.
2) 2-room flat
2-room flats are usually under 500 square feet and contain a master bedroom, kitchen, living area and storeroom. They are meant for lower income households. They are the private housing equivalent of a one bedroom apartment.
3) 3-room flat
The floor area of new 3-room flats range from 646 to 700 square feet and they come with one master bedroom, one common bedroom, a kitchen, living area, common bathroom and storeroom. They are the private housing equivalent of a two bedroom apartment.
4) 4-room flat
4-room flats are typically under 1000 square feet in size, and have a master bedroom, two common bedrooms, a kitchen, living area and storeroom. They are the private housing equivalent of a three bedroom apartment.
5) 5-room flat
5-room flats are around 1200 square feet and have a master bedroom, two common bedrooms, kitchen, a separate living and dining area, and storeroom. They are meant to provide a larger living space for extended families of 4-5 members. They are the private housing equivalent of a larger three bedroom apartment.
အရင်က ၁၀ ပေပတ်လည်အခန်းကျဉ်းတွေနဲ့ လူတွေနေခဲ့ရတာပဲလို့ ထည့်မပြောနဲ့။
အတုခိုးရင်လည်း အမေရိကန်တို့၊ ဂျပန်၊ တရုတ်တို့လို ကိုယ်ပိုင်ဟန်၊ နည်းပညာနဲ့ ကျော်ကြားအောင် လုပ်ပါ။ လအော့လအယ် စင်ကာပူလိုမလုပ် ပါနဲ့။
နဲနဲ ကျယ်ကျယ်လေးတော့ လုပ်ပေးကြပါဗျာ...အရမ်းကျဉ်းနေရင် မွေးမြူရေးကြက်ခြံက အကန့်လေးတွေနဲ့ ထားတဲ့ ကြက်တွေလိုဖြစ်နေဦးမယ်...
နောက်ပြီး အိမ်ပိုင်မရှိသေးသူတွေကို ဦးစားပေးနော်...
မျှော်နေမယ်နော်...
မြန်မာနိုင်ငံရဲ့ မြို့ပြအိုးအိမ်ကို စင်္ကာပူနဲ့တူအောင် လိုက်လုပ်ပေးမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် စတုရန်းပေ ၂၂၀ အခန်းဆိုတာကို သဘောမတွေ့လို့ ၀င်ပြောရခြင်းဖြစ်ပါတယ်။
အရင်က ၁၀ ပေတောင်မပြည့်တဲ့မျက်နှာဖွင့်နဲ့ ကန်ထရိုက်အခန်းလေးတွေပြွတ်သိပ်နေတဲ့ မြို့ပြနေလူတန်းစားကို အသက်ရှူချောင်စေချင်တဲ့စေတနာပါ။မြို့သစ်ကွက်သစ်မှာ အဖိုးနည်း အိမ်ယာဆောက်ပြီး လူတွေဝယ်နိုင်အောင် အကြံရတဲ့ မုဒိတာအပါအ၀င် အခြားလုပ်ငန်းရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြို့သစ်ကွက်သစ်မှာ စတုရန်းပေ ၂၂၀ အခန်းကျဉ်းဆိုတာတော့ မလွန်လွန်းဘူးလားဗျာ။ ယုဇနတိုက်ခန်းတွေတောင် အဲ့ဒီလောက်မကျဉ်းဘူးဆိုတာ လေ့လာကြည့်ပါ။
နောက်တစ်ခုက ဒီနေ့ဒီခေတ်ဟာ အရင်ကနေ့အရင်ကခေတ်နဲ့ မတူတဲ့အတွက်ကြောင့် အစိုးရကော စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ တိုင်းပြည်နဲ့လူထု အကျိုးကို တကယ့်ရင်ထဲက စေတနာပါပါ ထမ်းရွက်လုပ်ဆောင်ကြစေချင်တယ်။ ဒီလို အခန်းကျဉ်းလေးထဲမှာ ကိုယ်နဲ့ ကိုယ့်မိသားစုတွေ နေရင်ဘယ်လိုဘယ်ပုံရှိမလဲဆိုတဲ့ အတွေးမျိုးတွေးကြည့်ကြစေချင်တယ်။ မုဒိတာဆိုလည်း နာမည်တင်မဟုတ်ဘဲ အနက်အဓိပ္ပါယ်စေတနာပါ ပြည့်စုံစေချင်တယ်။
သမ္မတကြီး ပြောတဲ့ စင်္ကာပူနဲ့တူအောင် လုပ်ကြဖို့ဆိုရာမှာ အနောက်ကနေ သံယောင်လိုက်ပြီး စင်္ကာပူနဲ့တူအောင်လုပ်နေတာပါလို့ ပြောပြီး ညာနေမယ်ဆိုရင်တော့ မဟုတ်သေးဘူးဆိုတာ သဘောပေါက်စေချင်တယ်။ အရင်က ညာလို့ရရင်ရမယ် အခုတော့ ညာလို့ရမယ်မဟုတ်ဘူးဆိုတာ သဘောပေါက်ကြစေချင်တယ်။
ခုလို စင်္ကာပူလိုလုပ်မယ်ပြောပြီး စတုရန်းပေ ၂၂၀ လောက် Hall Type အခန်းကျဉ်းလေးတွေ အင်တာနက်ပေါ်တက်လာလို့ကတော့ စင်္ကာပူအိုးအိမ်ခမျာ အရှက်ရပြီးသေပွဲဝင်နိုင်တယ်။ စင်္ကာပူဆိုတာ နိုင်ငံသေးတော့ လူနေမှုအဆင့်အတန်းနေရာမှာ နိုင်ငံသားအားလုံးကို မြန်မာပြည်ကခေါ်နေကြတဲ့ကွန်ဒိုလို အဆင့်မြင့်လူနေတိုက်ခန်းတွေမှာ တင်ထားပေးနိုင်တယ်။
သက်ဆိုင်ရာလူကြီးတွေနဲ့ လုပ်နိုင်ကိုင်နိုင်စီးပွားရေးသမားတွေ တွေးပေးဖို့ပါ။ စင်္ကာပူနဲ့တူအောင်လုပ်ဖို့ တကျော်ကျော်အော်နေကြတဲ့ လူကြီးမင်းတို့ကိုလည်း ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ပဲ စင်္ကာပူအစိုးရ ၄င်းတို့လူထုအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ၊ မုဒိတာ ဆိုတဲ့ နာမ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ၀ိညာဉ်ဓာတ်ကိုလည်း သွင်းဖို့မမေ့ကြပါနဲ့ခင်ဗျား။
ကျေးဇူးတင်ပါသည်ရှင့်။ အမြန်ဆုံးအကောင်အထည် ဖော်နိုင်ပါစေရှင်။
သမ္မတက စင်္ကာပူ ဆိုတာနဲ့ အောက်က မောင်တွေ ကန်ထရိုက်တွေက အကုန်ရိုက်စားလုပ်ဘို့ စဉ်းစားကြတယ်။ စင်္ကာပူကို လည်တာ ၇ ရက်လောက်နဲ့
အပေါ်ယံကို ပြောကြတာ။ စီးပွားရေးသမားတွေက ဂွင်ရိုက်ကြတော့မယ်။။
စင်္ကာပူနဲ့ တူအောင် လုပ်ဘို့ အယင်ဆုံး တိုက်ခန်းအောက်တွေ မှာ ထိုင်ကြည့်ပါ။
မိလ္လာနံ့ လုံးဝ မနံအောင် ဘယ်ကနေ မိလ္လာ ထုတ်သွားမှန်း မသိအောင် ရေမြောင်းတွေ လုံးဝ ရေမ၀ပ်အောင် ကြွက် ခြင် ကျီးကန်း လုံးဝမရှိအောင်
မဖြစ်နိုင်သေးသမျှ ဘယ်လိုမှ စင်္ကာပူနဲ့ မတူနိုင်ပါ။ ဆောက်လုပ်မဲ့ ကန်ထရိုက်
တွေကိုယ်တိုင် စင်္ကာပူ HDB Web ဆိုဒ်တွေ မှာ ဘယ်လို အကျယ်အ၀န်း
ဘယ်လို ဥပဒေတွေ ဆိုတာ မသိပါဘူး။အားလုံး အင်ထုဘို့ ဘဲ စဉ်းစားနေကြ
တာ။ ပြည်သူများ သတိထားပါ။ အလိမ်မခံရစေပါနှင့်။
ha ko ko htway tae lar ,လိမ်ချက်ကတော့ဘဝကိုပျက်သွားတာပဲ
စတုရန်းပေ ၂၂၀ ဆိုတာ အနံ ၁၁ ပေ နဲ. အလျား ၂၀ ရှိတယ်လေ
တွက်ချက်လည်း ကြည်.ကြပါအု့း ကျယ်ကျယ် ပြန်.ပြန်.နေစေချင်တဲ. စေတနာ ကို လေးစားပါတယ် ဒါပေမယ်. အခန်းဈေးနုံးကိုလည်း ပြန်ကြည်.ပါအုံး
စင်ကာပူလိုလုပ်ပေးမယ်လို့ပြောရင် သတိသာထားကြပါခင်ဗျာ...
မည်သို့မှမဖြစ်နိုင်ပါ။
(၁) နိုင်ငံတော်တွင် ခိုင်မာမှန်ကန်တိကျသော ဥပဒေ မရှိသေးပါ။
(၂) အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကြိုးနီစနစ် ကျင့်သုံးဆဲ ဖြစ်ပါသည်။
(၃) အာဏာပိုင်အဖွဲ့အစည်းများကိုယ်ကျင့်တရားပျက်ယွင်းဆဲဖြစ်ပါသည်
(၄) ဆောက်လုပ်ရေးဥပဒေ မှန်ကန်တိကျမှူ မရှိသေးပါ။
(၅) ကန်ထရိုက်တာများ ယုံကြည်စိတ်ချရမှူ နည်းပါးပါသည်။
(၆) အရည်းအသွေး စစ်ဆေရေးအဖွဲ့များ ယုံကြည်ရမှူမရှိပါ။
(၇) ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ရေရှည်တာဝန်ယူမှူမရှိပါ။
- သက်သေသာဓကများစွာ ရှိပါသည်။ သူတို့လက်ဝယ်သို့ အခန်းတန်ဖိုး အကြေပေးသွင်းပြီးပါက နောက်ပိုင်းကိစ္စများ လုံးဝတာဝန် ယူတော့မည်မဟုတ်ပါ။
သို့ပါ၍ မြန်မာပြည်သူများ ထပ်မံ၍ အလိမ်မခံရစေရန် စေတနာထား၍ ကြိုတင် သတိပေးပါသည်။
နိုင်ငံတော်သမ္မတကြီးနှင့်တာဝန်ရှိသူများခင်ဗျား ...
လေးစားစွာဖြင့် အကြံပြုပါသည်။ နိုင်ငံတော်သမ္မတကြီး၏ စိတ်ရင်းကောင်းအမှန်ကိုလေးစားပါသည်။ သို့ပါသော်လည်းယခုလက်ရှိ အချိန်တွင် ဆောက်လုပ်ခွင့် မည်သို့မျှခွင့်မပြုသင့်ပါ။ ဥပဒေစိုးမိုးရေး ပြီးပြည့်စုံမှသာ ခွင့်ပြုပေးစေချင်ပါသည်။ သို့မှသာ တိုင်းသူပြည်သားများအပေါ် ချစ်ရာရောက်ပါမည်။ သို့မဟုတ်ပါက အမြတ်ကြီးစား စီးပွားရေးသမားများ လက်ထဲတွင် ပြည်သူများ၏ဘ၀ ကြေမွပျက်စီးယုံသာ ရှိပါလိမ့်မည်။
မြန်မာပြည်သူပြည်သားများ လူလိမ် လူကောက်များ၏ ဘေးအန္တရာယ်မှ ကင်းဝေးပြီး စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်နိုင်ကြပါစေ ...
မြန်မာပြည်သူများ သိသာရန်
ယုဇနဥယာဉ်မြို့တော် အိမ်ယာ အစုတ်စီမံကိန်း
မြောက်ဒဂုံတောဝင်အိမ်ယာ အစုတ်စီမံကိန်း
ကမာရွတ်ပြည်ရိတ်မွန်အိမ်ယာ အစုတ်စီမံကိန်း
... စသဖြင့် အိမ်ယာစီမံကိန်းပေါင်းမြောက်များစွာကို မမေ့ကြပါနှင့်ခင်ဗျား
အပေါ်ကပြောတဲ့သူတွေပြောတာမှန်တယ်...စင်္ကာပူကိုမယှဉ်နဲ့ဦးလောလောဆယ်မင်းတို့ဘေးကနိုင်ငံထိုင်းကိုပဲယှဉ်ပါအုံး ရေမီး 24 hour ဘာမီးအားမြင့်စက်မှမလိုဘူး နိုင်ငံတော်ခတ်အမီတိုးတက်ဖို့ဆိုတာ မီးမှန်ဖို့လိုပါတယ် နည်းပညာပစ္စည်းတွေက မီးနဲ့သုံးရတာတွေချည်းပဲ ဖယောင်း
တိုင်နဲ့သုံးတဲ့ဟာမရှိဘူး ဘာပဲဖြစ်ဖြစ်ဗျာ tv လေးကြည့်ချင်တာတောင် မီးမနိုင်လို့မကြည့်ရဘူး ဘယ်မှာလဲဗဟုသုတ အမြင်မကြွယ်တာအဲ့ဒါလဲပါတယ် နောက်ကျောင်းသားတွေ နည်းပညာတွေလေ့လာချင်တယ် မရှိမဲ့ရှိမဲ့လေးနဲ့ computer လေးတစ်လုံးလောက်ဝယ်ချင်ပေမဲ့ မီးကိုထည့်တွက်နေရတယ်
လုပ်ကြပါအုံးဗျာ စင်္ကာပူလိုstyle ဆောက်ပြီး တိုက်ကြီးကမီးမလာလို့မဲမှောင်နေမှာမြင်ရောင်သေးတယ် အော်အော်စင်္ကာပူ
ရူးပြန်ပြီ လက်ဖက်ရည်ဆိုင်က ပလာတာလုပ်တဲ့သူတွေ(ရိုက်လိုက်စားလိုက်)လုပ်ကြပါ လုပ်ကြပါ လုပ်ပြီးရင်ပြစ်မသွားနဲ့နော်.....
အပြောနဲ့မလုပ်ဘဲ လက်တွေ့လုပ်စေချင်တယ်နော်။ ပြည်သူတွေရေးတဲ့စာ လေးတွေလည်း ဖတ်စေချင်တယ်။ မြန်မာပြည်က အနေအထားကို နားလည်ရင်ကောင်းမယ်။ ကောလဟာလသတင်းတွေ မလွှင့်ရင်ကောင်းမယ်။
လုပ်ပါဗျာ မြန်မြန်လေး မြန်မာပြည်မှာ ဒီလောက်သဲတွေပေါ ကျောက်တွေပေါနဲ့  စင်ကပူဆိုရင်ကျနော်တို့ ဆီကတောင် သဲတွေဝယ်နေရသေးတာ...ပြည်သူကိုစေတနာထားလိုက်ပါ ကိုယ့်အတွက်ချည်းပဲကြည့်မနေကြပါနဲ့  သေရင်ကိုယ့်နောက်ဘာမှမပါနိုင်ပါဘူး..
Post a Comment