ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် ရောင်းစားခြင်းဖြစ်စဉ်များပြားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှုပေါင်း ၁၃၆ မှုရှိခဲ့ပြီး အဓမ္မထိမ်းမြားမှု ၈၉ မှု၊ ပြည့်တန်ဆာမှု ၂၉ မှု၊ အဓမ္မစေခိုင်းမှု ၁၄ မှု၊ အဓမ္မ ကိုယ်ဝန်ဆောင်စေမှု ၁ မှု၊ ကလေးသူငယ် လူကုန်ကူးမှု ၁ မှု၊ အဓမ္မ တောင်းရမ်းစေခိုင်းမှု ၁ မှုနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းမှု ၁ မှုတို့ ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ လူကုန်ကူးမှုများ ဖြစ်ပေါ်ရာတွင်လည်း တရုတ်နိုင်ငံသို့ ဦးတည်၍ ဖြစ်ပွားသည့် လူကုန်ကူးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးမှာ ပြည်တွင်းတွင် ဖြစ်ပွားခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှုမှာ တတိယအများဆုံး ဖြစ်ပွားခဲ့သည်။ ယင်းအနက် တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှု ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့် အမှု ၁၉ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''တရုတ်နိုင်ငံမှာက အမျိုးသမီးတွေကို တင်တောင်းရတဲ့ စရိတ်မြင့်မားမှုက အဓိကပြဿနာဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကို တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသားတွေနဲ့ အဓမ္မလက်ထပ်ထိမ်းမြားဖို့ ရောင်းစားကြတဲ့အမှုက ၂၀၁၁ ခုနှစ်အတွင်းမှာ ၆၉ ဒသမ ၁ ရာခိုင်းနှုန်းရှိခဲ့တယ်။ ထိုင်းနိုင်ငံကို ဦးတည်တဲ့အမှု ၁၉ မှုထဲမှာ ၈ မှုက ထိုင်းနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ပင်လယ်ငါးဖမ်းသင်္ဘောတွေမှာ မြန်မာလူမျိုးတချို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ကြတာတွေကြောင့် အဓမ္မစေခိုင်း အလုပ်စေခိုင်းမှုနဲ့ ပြည့်တန်ဆာပြုမှု ဖြစ်ပွားခဲ့တယ်။   ပြည်တွင်းလူကုန်ကူးမှု ၂၃ မှုမှာတော့ အမျိုးသမီးငယ်တွေကို သွေးဆောင်ဖြားယောင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းတဲ့အမှု ၂၁ မှု ဖြစ်ပွားခဲ့ပြီး လုပ်အားခေါင်းပုံဖြတ်မှုနဲ့ ကလေးသူငယ် လူကုန်ကူးမှု ၂ မှုဖြစ်ပွားခဲ့တယ်'' ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
၂၀၁၁ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ၁၈ မှုဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၇ မှုဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွားခဲ့သည်။ ယင်းအနက် ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးခံရသူမှာ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၂၂၀ ဦးတို့ရှိခဲ့ပြီး တရားခံပေါင်း အမျိုးသား ၁၂၆ ဦး နှင့် အမျိုးသမီး ၁၂၅ ဦးတို့ကို အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


အရေးယူခဲ့သည့် လူကုန်ကူးမှု ၁၃၆ မှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၅၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ၁၈ မှု ဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၇ မှု ဖြင့် တတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် စတုတ္ထအများဆုံး ၁၅ မှု ဖြစ်ပွားခဲ့သည်။
''လူကုန်ကူးခံရတဲ့သူတွေထဲမှာ အများစုကတော့ သွေးဆောင်ဖြားယောင်းခံရပြီး တရားမ၀င် အလုပ်လုပ်ကိုင်ရာကတစ်ဆင့် လူကုန်ကူးခံရတာ ပိုများတယ်။ တချို့ကျတော့လည်း နယ်ကတက်လာပြီး အလုပ်လုပ်ဖို့ ရှာနေတဲ့အချိန်မှာ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရင် ၀င်ငွေပိုရနိုင် တယ်လို့ ပြောတဲ့သူတွေနဲ့တွေ့လို့ ယုံမိပြီး သွားအလုပ်လုပ်ရာကနေ ကိုယ့်ကိုရောင်းစားလိုက်မှန်းမသိဘဲ တစ်ဖက်နိုင်ငံကို ရောက်သွားလို့ ကိစ္စမျိုးစုံ ကြုံတွေ့မှ သိကြရတာတွေလည်း ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး သာမန်မဟုတ်တဲ့ ငွေကြေးဆွဲဆောင်မှုတွေကို လုံးဝမယုံကြည်သင့်ဘဲ တရားဝင် လုပ်ရတဲ့အလုပ်မျိုးကိုပဲ ရွေးချယ်လုပ်ကိုင်သင့်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ အရေးယူခဲ့သည့်တရားခံများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်ကချင်ပြည်နယ်တို့မှ အများဆုံးပါဝင်နေပြီး လူကုန်ကူးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ များပြားကြကြောင်း သိရှိရပါသည်။
EMG
 ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့  ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ဦးတည်သည့် လူကုန်ကူးမှု ၆၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ Reviewed by သစ်ထူးလွင် on 11:02 Rating: 5

5 comments:

Unknown said...

uhmmmm...china china....

မျိုးစင်ဆွေဆက် said...

.... ရွှေသမင် ဘယ်ကထွက်.....

Ko Win said...

ပြန်ကြားရေးဝန်ုကီး ဦးကျော်ဆန်းခင်ဗျား.... တရုတ်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ရိုက်ရင် အဲဒီအဖြစ်အပျက်လေးတွေပါ ပါဝင်အောင် မဖြစ်မနေထည့်သွင်းရိုက်ကူးပေးပါခင်ဗျား... ဒါမှ ခင်ဗျားတို့ချစ်တဲ့ တရုတ်ကို ပြည်သူတွေကလည်းချစ်လာကြမှာဗျ......

mrpeople said...

တစ်ကယ်တော့ ဦးကျော်ဆန်းအနေနှင့် ထဘီဝတ်ပြီး တရုပ်ပြည်သွားသင့်တာကြာပါပြီ။

kyawtan said...

အမေစုကျေးဇူး

Powered by Blogger.