ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ

ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများထံမှ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ၏ ဆက်စပ်ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်း ဈေးကွက်လုယူခဲ့သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းအချို့မှ လုပ်ငန်းရပ်နားရသည်အထိ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရန် ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းကာလများတွင် နိုင်ငံသားပိုင်ကုမ္ပဏီများမှ ဈေးကွက်လုယူခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်လာသည့် အတွက် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို ပြည်တွင်းကကုမ္ပဏီတွေ အထိနာအောင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက တိုက်ခိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စတွေကို ရပ်တန့်သင့်ပါပြီ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြား လုပ်ငန်းရှင်တွေကို တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါပြီ” ပာု ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံသား ခရီးသွားကုမ္ပဏီများ၏ အကျိုးကိုကြည့်၍ ကာကွယ်ရန် လိုအပ်ပြီး လက်ရှိ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခြင်းများကို ရပ်တန့်နိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
YC
ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ Reviewed by သစ်ထူးလွင် on 05:10 Rating: 5

3 comments:

san san said...

ခရီးသွားလုပ်ငန်းကို ပြည်တွင်းနိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့်ပေးသ့င်တယ်။သူတို့နိုင်ငံခြားတွေ ပိုက်ဆံရှိရင် မြန်မာ ပြည်မှာ စက်ရုံလာဆောက်ပါလား။နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွင် မြန်မာ နိုင်ငံသားများကိုသာ ဦးစားပေးသင့်ပါကြောင်း

ဆုံဆည်းရာ said...

ပြည်တွင်းပုဂ္ဂလိက စီးပွါးရေးကို အစိုးရက အကာအကွယ်ပေးဝင်ရောက်ထိမ်းညှိပေးတာက နိုင်ငံတိုင်းမှာ ရှိပါတယ်----ဒါပေမဲ့ ပြည်တွင်းနိုင်ငံသားလုပ်ငန်းရှင်တွေကလဲ ကိုယ့်လုပ်ငန်းကိုဖွံဖြိုးတိုးတက်အောင် ဖော်ဆောင်ဖို့ လိုအပ်ပါတယ်--- တခါးဖွင့်စီးပွါးရေးမှာ အစိုးရက အကန့်အသတ်ဖြင့်သာဆောင်ရွက်လို့ရပါတယ်-- အရင်အစိုးရလက်ထက်တွေကလို သွင်းကုန်/ပို့ကုန်တွေကို ကန့်သတ်ချင်တိုင်းကန့်သတ်လို့မရပါဘူး----- နောက်ပိုင်း 2015 မှာ အာဖတာတို့လို မူဝါဒတွေ ကိုလိုက်နာရရင် ပိုတောင်ဆိုးလာပါမယ်---တခြားတဖက်ကကြည့်ရင်လဲ တိုင်းရင်းသားလုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာတွေ နည်းစနှစ်တွေကို အဆက်မပြတ်လေ့လာပြီး ကိုယ်လည်းအကျိုးရှိအောင် စားသုံးသူအတွက်လဲဝန်ဆောင်မှုထိုက်တန်အောင် ထွက်ရှိတဲ့ ထွက်ကုန်တွေကလဲ အရည်အသွေးမြင့်မားပြီးဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင်ဆောင်ရွက်သင့်ပါတယ်---- ဒါပေမဲ့ ကိုယ့်ထွက်ကုန်ပစ္စည်ကအရည်အသွေးရှိသော်လည်း ဈေးကွက်မှာ ပြည်ပကတင်သွင်းတဲ့ အရည်အသွေးနိမ့်ပစ္စည်းတွေ (ပြည်သူကို ဘေးထွက်ဆိုးကျိုးဖြစ်စေသော)နဲ့ယှဉ်ပြိုင်လို့ အခက်အခဲရှိတယ်ဆိုရင်တော့ အစိုးရက ဘေးထွက်ဆိုးကျိုးကိုအကြောင်းပြပိတ်ပင်လို့ ရနိုင်သေးတယ်---- အဲဒီလိုမဟုတ်ဘဲ ကိုယ်ကျတော့ အကျိုးအမြတ်ကိုဦးထိပ်ထားလွန်းပြီး အရင်းအနှီးအနည်းဆုံးနဲ့ အကျိုးအမြတ်အများဆုံးမှန်းမျှော်ပြီး လုပ်နေရင်တော့ 2015 ကနောက်ပိုင်း ပျောက်ကွယ်သွားဖို့ပဲရှိပါတော့မယ်--- သူများတွေဘာတွေဘာတွေလုပ်နေလဲ-- ဘယ်လိုလုပ်နေလဲ--- ဘာကြောင့်ဒီလောက်ဈေးနဲ့ရောင်းဝယ်နိုင်တာလဲ--- ကိုယ်ကဘာလို့ မလုပ်နိုင်တာလဲ--ဘာတွေလိုလို့လဲ-- အရင်းအနှီးလား -- နည်းပညာလား--- တစ်ယောက်တည်းမို့ အရင်းအနှီးနည်းနေရင် ရှယ်ရာစနှစ်လုပ်နိုင်အောင် လေ့လာ-- ကြိုးစား--- နည်းပညာမရှိရင် ရအောင်ဘယ်လိုလုပ်မှာလဲ---၀ယ်မှာလား--အသစ်တီထွင်မှာလား---
ကိုယ်လည်းညှစ်အားသုံး လက်သည်လေးကိုလည်းအကူအညီတောင်းပေါ့ ---- အချိုရည်နဲ့ ဘီစကစ်တွေကိုသွင်းခွင့်ပြုတာမကြာသေးပါဘူး---- မြန်မာပြည်မှာ ဘီစကစ်လည်းထုတ်တယ်-- အချိုရည်မျိုးစုံလည်းထုတ်တယ်--- ဘာလို့ မယှဉ်နိုင်တာလည်--အခြားပစ္စည်းတွေအများကြီးရှိသေးတယ်--- စက်ရုံထောင်ကတည်းကငွေကြေးအင်အားတောင့်တင်းတာပြောစရာမလိုဘူး--နိုင်ငံတကာကိုထွက်လေ့လာပြီးတော့မှ နည်းပညာနဲ့ စက်ပစ္စည်းတွေမှာယူပြီးထူထောင်ရတာ----- ပြည်သူတွေ စားသုံးသူတွေ ကိုယ့် ပရောဒတ်ကိုဘာကြောင့်မသုံးချင်တာလဲ--- မ၀ယ်ချင်တာလဲ--- ကိုယ်က အဆင့်အတန်းမှီအောင်မထုတ်ဘဲ ပြည်ပက အဆင့်အတန်းမှီပစ္စည်းတွေကျတော့ ကိုယ့်စီးပွါးရေးရပ်တည်နိုင်ဖို့ တစ်ခုအတွက်နဲ့ အစိုးရကိုပိတ်ခိုင်းရင် ---- စားသုံးသူတွေသာနစ်နာမှာဖြစ်ပါတယ်---- အရင်တုန်းကလည်း အကာကွယ်ပေးခဲ့တာပါပဲ--- ကိုယ့်တိုင်းပြည်မှာ ကိုယ်တိုင်ကားထုတ်နိုင်အောင် အားပေးခဲ့တာပဲလေ-- ပြီးတော့လဲ့ အကျိုးအမြတ်ကြည့်ပြီး အောက်လမ်းကပဲ ကားအစီးလိုက်သွင်းပြီး ပြည်သူကိုလိမ်တာပဲလေ---- လုပ်နိုင်ရင် လုပ်--- မလုပ်နိုင်ရင် မလုပ်နဲ့ ---- ပြည်သူကိုတော့ မထိခိုက်ပါစေနဲ့--- ဆက်သွယ်ရေးဝန်ကြီးဌာနကလို ကိုယ်လည်းမလုပ်နိုင် -----လုပ်နိုင်တဲ့သူကလုပ်မယ်ဆိုတော့လည်း မဖြစ်နိုင်ဘူးပြော----- လုပ်နိုင်ရင်လုပ်--- မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကိုပေးလိုက်--- မဖြစ်နိုင်ဘူး-- မကြားဖူးဘူးတွေလုပ်မနေပါတော့နဲ့---- ပြည်သူလယ်ယာမြေတွေသိမ်းပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းပြီး စီးပွါးရေးလုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေရဲ့ လုပ်ရပ်တွေလဲ ရပ်သင့် နေပါပြီ--- ကြားလည်းမကြားလိုပါ-- မြင်လည်းမြင်လိုပါလို့ ပဲပြောချင်ပါတယ်ဗျာ----- ကျွန်တော့် ကိုယ်ပိုင်အမြင်လေးမို့ မှားတာရှိ ပြင်ပေးကြပါလို့ပဲ----

Ar Ga said...

နေ၇ာတကာမှာ ကိုယ်ကျိုးစီးပွါး ကာကွယ်နေလို့ မဖြစ်နိုင်ပါ ။ Tour Company တွေ ညံ့လို့ မယှဉ်နိုင်လို့၊ နိုင်ငံခြား Compnay တွေကို ပိတ်မယ်ဆို၇င် မသင့်တော်ပါဘူး ။ Tourism စီးပွါးေ၇း တစ်ခုလုံးက Tour Company တွေ အတွက်ပဲ မဟုတ်ပါဘူး ။ Hotel တွေ ၊ စားသောက်ဆိုင်တွေ၊ လက်မှု ပစ်စည်းဆိုင်တွေ၊ နောက်ဆုံး Tour Guide / Taxi နဲ့ အိမ်သာ လုပ်ငန်းတွေက အစ ပါဝင်ပါတ်သက်နေတာပါ ။ မြန်မာ Company တွေက ယှဉ်ပြိုင်နိုင်အောင် ကြိုးစား၇မှာပါ ။ နိုင်ငံခြား Company တွေ ပိတ်ခြင်းအားဖြင့် Tourism စီးပွါးေ၇း နယ်ပယ် တစ်ခုလုံး ဆုတ်ယုတ်သွား၇င် အများစု နစ်နာမှာပါ ။ လက်ဝါးကြီးအုပ် ၊ ဟိုလူ့ပိတ် ၊ ဒီလူ့ဖွင့် ဆိုတာတွေ ၇ပ်သင့်နေပါပြီ။ တ၇ားသဖြင့် ယှဉ်ပြိုင်၇မယ့် အချိန်ေ၇ာက်ပါပြီ။ ကိုယ်လုပ်နိုင်မှ ကိုယ်၇မယ့် စနစ်မျိုးမှပဲ အဘက်ဘက်က တိုးတက်လာမှာပါ ...

Powered by Blogger.