ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား

ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်စုမှာ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက ညွှန်ကြား​လိုက်ပါတယ်။

ဦးခင် ရွှေ
ဦး​ခင်​ ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ လွန်ခဲ့​တဲ့​ ၂၀၁၀ ဧပြီလက လယ်သမား​တွေလုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။
ဒီစက်မှုဇုန် စီမံကိန်း​နဲ့​ ပတ်သက်လို့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက တိုင်ကြား​ခဲ့​ပြီး​တဲ့​နောက် အဲဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ရဲ့​ ညွှန်ကြား​ချက်ကို ​ဇေကမ္ဘာ ကုမ္ပဏီမန်​နေဂျာ ဦး​မြင့်​ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်​နေ့​မှာ ဖတ်ပြပါတယ်။
ရန်ကုန်တိုင်း ​ ​ဒေသကြီး​အစိုး​ရရဲ့​ ညွှန်ကြား​ချက်မှာ စက်မှုဇုန်​ဖော်​ဆောင်ခွင့်​ ပြသဖို့​ လယ်​မြေ​ပေါ်မှာ စက်မှုဇုန် လုပ်ခွင့်​ မရှိတာ​ကြောင့်​ သီး​စား​ချထား​ပေး​တာကို ပြန်လည်ရုပ်သိမ်း​မှာ ဖြစ်တဲ့​အ​ကြောင်း​ ပါရှိပါတယ်။
တကယ်လို့​ မလိုက်နာရင် အ​ရေး​ယူခံရမယ် ဆိုတဲ့​စာသား​ကို စာလက်ဝယ်ရထား​သူ လယ်သိမ်း​ခံရတဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ခုလို ဖတ်ပြပါတယ်။
“ခွင့်​ ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေပါက လယ်​မြေကို ဖျက်ဆီး​ခြင်း​ဟု သတ်မှတ်၍ အ​ရေး​ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်တဲ့​။”
ရန်ကုန်တိုင်း ​ဒေသကြီး​အစိုး​ရက ​ဇေကမ္ဘာကုမ္ပဏီ မန်​နေဂျာကို မ​ခေါ်ခင်မှာ ​ဇေကမ္ဘာဥက္ကဋ္ဌ ဦး​ခင်​ရွှေနဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​ရွှေသီဟတို့​ကို ဆင့်​ခေါ်​ပေမယ့်​ မွန်ပြည်နယ် ဘီး​လင်း​မြို့​ ကျိုက်ထီး​ဆောင်း​စေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်က​နေ ၂၇ အထိ ပဉ္စင်း​ဝတ်​နေတာ​ကြောင့်​ မလာ​ရောက်နိုင်ခဲ့​တာလို့​ ဆိုပါတယ်။
ဒီသတင်း​နဲ့​ ပတ်သက်လို့​ ​ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ​တွေကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​ရက်ပိုင်း​အထိ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဘူဒိုဇာနဲ့​ ထိုး​ဖျက်​နေရာက​နေ အခုရက်ပိုင်း​မှာ​တော့​ ရပ်နား​ထား​တယ်လို့​ လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်က ​ပြောပါတယ်၊​။
“သူတို့​ နှစ်တိုင်း​ တာဝန်​ကျေစပါး​တွေ၊​ ကျ​နော်တို့​ သီး​ထပ်တင်တဲ့​အချိန် သီး​ထပ်တင်တယ်။ စိုက်ဘဏ်တို့​ ရိတ်ဘဏ်တို့​ အကုန်လုံး​ထုတ်​နေကြ။ နှစ်တိုင်း​ထုတ်​နေကြ။ အခု သူဝင်လာ​နှောင့်​ယှက်မှ ဦး​တို့​ လယ်သမား​တွေ ဘာမှ မဖြစ်​တော့​ဘူး​။ တကယ့်​လယ်သမား​အစစ်ဆိုတာ ဦး​တို့​ လယ်သမား​ပါ။”
အဲဒီအချိန်က စစ်​ကောင်စီ​ခေတ်ဖြစ်ပြီး​ လယ်​မြေ​တွေကို နိုင်ငံ​တော်ပိုင်​မြေအဖြစ် သိမ်း​မယ်လို့​ သတင်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်တာ​ကြောင့်​ လယ်သမား​တွေက ဆုံး​မယ့်​အတူတူ ကျပ် ​ငွေ ၃ သိန်း​ ရတာကိုပဲ ​ကျေး​ဇူး​တင်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဒါ့​အပြင် ဦး​ခင်​ရွှေကိုယ်တိုင် စင်​ပေါ်တက်ပြီး​ ဒီ​မြေ​တွေမှာ ဆက်လက်လုပ်ကိုင်ခွင့်​ ရှိတယ်လို့​ လယ်သမား​တွေကို ကတိပြုပြီး​ မကြာခင်မှာ လုပ်ခွင့်​မ​ပေး​တော့​ဘူး​လို့​ ၁၄ ဧက ဆုံး​ရှုံး​ခဲ့​တဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ​ပြောပါတယ်။
“ပိုက်ဆံ​ပေး​ တာက ကရုဏာ​ကြေး​ပေး​တာတဲ့​၊​ လယ်ဝယ်တာမဟုတ်ဘူး​တဲ့​။ ဦး​ခင်​ရွှေကိုယ်တိုင် ​ပြောသွား​တာပဲ။ လယ်သမား​တွေ ဘာမှ စိတ်မပျက်နဲ့​ ဒီတိုင်း​ပဲလုပ်စား​တဲ့​။ ကျမတို့​လည်း​ ဝမ်း​သာအား​ရ​ပေါ့​။ ယူပြီး​ တနှစ်​တောင် မရှိ​သေး​ခင် တခါတည်း​ တံစဉ်း​တွေ အကုန်ဖျက်ပြီး​ လယ်မလုပ်ခိုင်း​ဘူး​လေ။”
သူတို့​လယ်​ မြေ​တွေဟာ တဧကကို ကျပ်​ငွေ သိန်း​ ၃၀ က​နေ သိန်း​ ၅၀ အထိ ​ပေါက်​နေတာ​ကြောင့်​ အစိုး​ရသစ်လက်ထက်မှာ သူတို့​လယ်​တွေမှာ ပြန်လုပ်ခွင့်​ပေး​ဖို့​ အကြိမ်ကြိမ်တိုင်တန်း​ခဲ့​တယ်လို့​ ဦး​ကျော်စိန်က ​ပြောပါတယ်။
တား​ မြစ်ခံရတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ စက်မှုဇုန်ဟာ ​ဒေသခံလယ်သမား​တွေ နှစ် ၂၀ ခန့်​ လုပ်ကိုင်စား​သောက်တဲ့​ ​မြေဖြစ်တယ်လို့​ လယ်ဆုံး​ရှုံး​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။ 
ဒီဗွီဘီ
ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား​ ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား​ Reviewed by သစ်ထူးလွင် on 17:47 Rating: 5

28 comments:

minkhantaung said...

ခင်ရွှေက သူအမတ်မဖြစ်သေးတဲ့ အချိန် မဲဆွယ်တဲ့အနေနဲ့ နစ်နာကြေးဆိုပြီးပေးတာ အမတ်လည်းဖြစ်ရော ဘီလူးရုပ်ကပေါ်လာရော
အမတ်ထဲမှာသူတော်တော်မွှေနေတယ်. ဖြုတ်သင့်ပြီ အမတ်ဘ၀ကနေ ချီးထုပ်

Anonymous said...

မလှိမ့်တပတ် ဘဲကြီး

Aung said...

ရှုပ်ပါတယ်ကွာ သူတောင်းစားကြံဖွတ် တွေ အကုန် ပြုတ်အောင် လုပ် ကြကွာ

Android Myanmar said...

ဦးခင်ရွှေကို ဖြုတ်ချင်ရင် ရွှေမန်းကို အရင်ဖြုတ်။ မဟုတ်ရင် ပြုတ်မှာမဟုတ်ဘူး။

Android Myanmar said...

အော် ဦးခင်ရွှေ ခင်ဗျား ဒီတစ်သက် စားမကုန်တော့ပါဘူးဗျာ၊ ခင်ဗျားရှာထားတာတွေ ခင်ဗျားသေရင် ငရဲကို ယူသွားလို့မရပါဘူးဗျာ။ အဲဒါလေးသိထားရင် ပိုအဆင်ပြေမယ်ထင်တယ်။

မီဒီယာ said...

ဥိးခင်ေ၇ွက နိင်ငံရေး လောကထဲသာဝင်လာတယ် နိင်ငံ ရေးနဲ့ ပါတ်သက်တဲ့ သဘောထား နားလည်ပုံမပေါ်ဘူး..ဘယ်သူက သူ့ကို နျိင်ငံရေးထဲဝင်ပါလို့ မြောက်ပေးလိုက်လည်းမသိပါဘူး ဆွေနွေးတင်ပြချက်တွေနဲ့သူ့သဘောထားတွေက မူလတန်းအဆင့်တောင် မရှိဘူး..။

aung san lin said...

ခင်ရွှေရေ ခင်ဗျားပုံက ဦးကျောက်လုံး၊ ဦးအံကျော် တို့ထက်တောင် အဆ ၁၀၀ လောက် သောက်ကျက်သရေမရှိပါလား။ သောက်ကျင့်ဆိုးနဲ့ သောက်ခွပ်လိုက်တယ်ဗျာ...

kokochit said...

ဟုတ်တယ် ဖွတ်တွေအာဏာရနေသရွေ နိုင်ငံပါဖွတ်ဖြစ်လိမ့်မယ်

kokochit said...

ဟုတ်တယ်ကွာ ဖွတ်တွေအာဏာရနေသ၍ နိုင်ငံပါဖွတ်တက်သွားလိမ့်မယ်။

Thet said...

ဦးခင်ရွှေတို့လို အခွင့်အရေးသမားတွေ၊ အကျင့်ပျက်ချစားသူတွေကြောင့် တိုင်းပြည် ဒုက္ခရောက်နေရတာ. ဝိသမလောဘသားဆိုတာ ဘယ်နေရာမှာ မဆို ရှိတယ်။ သူတို့လို လူမျိုးတွေကို ခုလို ထိထိရောက်ရောက် ကိုင်တွယ်မှ နောင်ကို ဘယ်သူမှ မတရား မလုပ်ရဲမှာ.

JuMaung said...

သူလည်း မင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့သတဲ့အထဲမှာပါနေပြီ၊ “လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ”တဲ့၊ မေတ္တာဆိုတာထိုက်တန်တဲ့လူတွေအတွက်ပဲရှိတာ၊ မထိုက်တန်တဲ့လူတွေကြတော့လည်း တစ်နည်းမဟုတ် တစ်နည်းခံစားရပေဦးပေါ့။ သူက ထမင်းရှင်တွေကိုစော်ကားတာကိုး၊

ဂျာမွန်း ရွှေဝတ်မှုန် said...

တကယ်ဘီလူးက လူယောင်ဆောင်နေတဲ့သူတွေပါ..ဇေကမ္ဘာက ဖော်လံဖား
ပြီး မလိမ့်တပတ်နဲ့ ငွေရှာနေတဲ့ လူ့ဘီလူးကြီး တောင်သူလယ်သ
မားတွေရဲ့ ချွေးနှဲစာတွေကိုမှ ကြံစည်ရသလား လူမှန်ရင် ရှေ့နောက်အပြော ညီရမှာပေါ့..ကြံဖွတ်အစုတ်အပဲ့တွေ

Anonymous said...

မည်သည့်အဖွဲ့အစည်းမဆိုလူဆိုး၊လူကောင်းရောနှောပါတတ်ကြောင်းသတိပြု
မိကြစေချင်ပါသည်။(

akar said...

ပြုသူအသစ်ခံသူအဟောင်း ကဲဘာဆက်လုပ်ကြမလဲ

လူသားတစ်ယောက် said...

ပိုင်လိုက်တဲ့ခွေးအကြံ ၃-သိန်းစီနဲ့အပိုင်သိမ်းမလို့

Alfie said...

လွတ်တာနဲ့ မကောင်းမှူ့ကို စလုပ်တော့တာပဲကွာ၊ အမေစု ရေ တိုင်းပြည် တိုးတက်ဖို့ ဆိုရင် အာဏာ ရူးတွေကို ရှောင်ပါ အမေ
အမေ တစ်ယောက်ကျန်းမာပါစေ အမေစု။

Myanmar said...

၇ှက်............။

Myo Aung said...

ဦးခင်ရွှေက သူ့သမီးနဲ့ ဦးရွှေမန်းသားနဲ့ ပေးစားတုန်းက ဦးခင်ရွှေသမီးက အသက်ငယ်ငယ်လေး၊ ကျောင်းနေရမည့်အရွယ်ဘဲရှိသေးတယ်လို့ မင်္ဂလာတေဆာင် အခန်းအနားတက်ဖြစ်တဲ့ အန်တီကြီးတယောက်ပြောပြဖူးတယ်။ ဦးခင်ရွှေက သမီးကိုတောင် ရောင်းစားတဲ့သဘောမှာရှိတယ်။ သတိတော့ထားကြပါ။

Anonymous said...

ဒေါက်တာ အတု ခင်ရွှေ သူက နိုင်ငံရေး ဘာနားလည်မှာလဲ စီးပွားရေးသမားအစစ်ကြီးပဲ အကျိုးအမြတ်သာ ရမယ်ဆို သားကိုတောင် ထိုးကျွေးဖို့ ဝန်မလေးတဲ့ အဖေပါ . . . အဘက နန္ဒာလှိုင်ကို ယူပေးလိုက်ဆို သားနဲ့ ပေးစားလိုက်ရတာပဲလေ ဒါမှ အခွင့်ထူးခံတွေက ရမှာလေ .ငွေ ငွေ ငွေ ပဲမြင်တာလေ . . . တရုတ်သွေးကလည်းပါတာကိုး . .

tonn said...

ခွေးမသားငရွှေမင်းလိုကောင်မျိုးတွေရှိလို့ ဒို့ တိုင်းပြည်နာတယ်ကွမသာရဲ့ 

gawleee said...

လူယုတ်မာကြီးရေ ခင်များသေရင် တကယ်လိုအပ်တဲ့မြေက ၃ပေ,၆ပေ လောက်ဆိုရပါတယ်..နားလည်ထားပါ

True sky said...

သားခင်ရွှေ မင်းလုပ်ရပ်တွေရပ်ပါတော့ သားရယ် အမေတိုအဖေတို့ မျက်နှာကို ကြည့်ပါဦး.ငါသားလေး ဒုကရောက်တော့မယ်..

ပေါက်ပေါက်ဆုပ် said...

အဲဒါပဲဗျာ..ကျွန်တော်တို့အခြေခံဥပဒေကိုနားလည်အောင် လုပ်ဖို့လိုအပ်တယ်ဆိုတာ ပြတာပဲ..သူတို့ကိုအမတ်ဖြစ်အောင် ပြည်သူတွေက စိတ်ပါပါမပါပါ မဲပေးခဲ့ပီးပီ သူတို့အမတ်ဖြစ်တဲ့အခါမှာလည်း ပြည်သူက အမတ်တွေကို လမ်းလွဲမသွားအောင် လမ်းမှားမသွားအောင် ထိန်းမတ်ပေးသင့်တဲ့နှင်တံဖြစ်သင့်တယ်လို့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်..ဥပဒေကိုလူတိုင်းနားလည်လောက်အောင် ပြဋ္ဌာန်းမှ လူတိုင်းလည်းနားလည်မှ ဘယ်လိုနစ်နာရင် ဘယ်လိုတိုင်တန်းရမယ် ..ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို ဘယ်လိုတောင်းယူလို့ရမယ်ဆိုတာသိမှာပေါ့..မြန်မာနိုင်ငံမှာက တခုခုဖြစ်လိုက်ရင် အခြေခံကျောမွဲလူတန်းစားတွေချည်းပဲ ..ဒီလိုလူတန်းစားတွေဘက်က ရဲရဲရပ်တည်ပြီး လုပ်ကိုင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အများကြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လိုအပ်နေပြီလို့ ထင်ပါတယ်..

rapper said...

အသက် ဖြင့် သာလူလုပ်နေသော ...ခွေးရွှေ

Toe Gyi said...

အမတ်ဆိုတာအခွင့်ထူးခံမဟုတ်ဘူး၊ ပြည်သူ့ကျွန်းပါလို့ မဲဆွယ် တုန်းကပြောခဲ့ကြပြီး၊ အာဏာလည်းရ ပြည်သူလည်းကြွ ဖြစ်နေပြီ ဒီလောက်ငွေမက်နေရင် ဝါဇီသာဝိုင်းပို့ပေးလိုက်ကြပါ၊ ဒီလူထမင်း မစားဘဲကြီးလာတာဖြစ်မယ်၊ လယ်သမားဘဝကိုနားမလည် အစာနာဘူး၊ လူ့ပြည်မှာ (မထသ ဖြစ်နေပြီ၊( လိုင်ပေါင်းစုံ မဟုတ်ဘူး)မထားသင့်တော့ဘူး၊ နောင်ဘဝလူမပြောနဲ့
ခွေးတောင်ဖြစ်မှာမဟုတ်ဘူး၊ ငရဲပြည်မှာ လေအေးပေစက် တတ် ချင်လို့ ငွေတွေရှာနေပါ ခွင့်လွှတ်လိုက်ကြပါ (သတ်ပြီးတော့)

Yan Naing Aung said...

@minkhantaung မဲဆွယ်ရအောင် နေရာတူလို့လား။ အမတ်ဖြစ်လောက်တဲ့အရည်အချင်း မင်းမှာရှိလား?
@Aung မင်းရပ်ကွက်တစ်ခုထဲက တိုက်ဝင်းတစ်ခုကိုအုပ်ချုပ်ကြည့်ပါ့လား။ဒီမိုကရေစီဆိုတဲ့အဓိပါယ်ဆိုတာဘာလဲ?
@Android Myanmar တိုင်းပြည်ကမင်းမဲ့တိုင်းပြည်မဟုတ်ဘူးဆိုတာမင်းသိဘို့ကောင်းတယ်။မင်း တရားသဘောသိနေရင် ဘုန်းကြီး ၀တ်ပါ့လား။
@aung san lin ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်အုံး သရဲ ဟားဟား ;
@ko ko chit မင်းအရည်အချင်းဘယ်လောက်ရှိလဲ။
@Thet တိုင်းပြည်တိုးတက်အောင်မင်းဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ဘူးသလဲ။
@ဂျာမွန်းရွှေဝတ်မှုန် အော် လယ်သမားတွေယူတော့ပြုံးပြုံး တောင်းတော့မုန်းဆိုတာ သူတို့ပါဘဲလား။
@everLife မှန်လိုက်တာကွယ် ဦးနှောက်သုံးပြီး လူကောင်းလူဆိုးနဲ့အမှားအမှန်ကို ခွဲခြားတတ်မှပညာရှိတဲ့သူတော်ကောင်းကွဲ့။
@akar စိတ်ကောင်းရင်ကံကောင်းတတ်ပါတယ်။
@လူသားတစ်ယောက် နာမည်ကလူသားတဲ့ ရေးတော့ခွေးစာ
@Myo Aung အန်တီကြီးဆိုတာမင်းမိန်းမအဖွားကြီးလား။မျက်မှန်ပါဝါထူထူတတ်ပေးလိုက်အုန်း။
@MPP သူများလုပ်ရည်ကိုင်ရည်မဝေဖန်ခင် ငါဘာလဲဆိုတာအရင်ပြန်ကြည့်ကွ။
@rapper ကိုယ့်ကိုယ်ကိုပြန်ကြည့်အုံး။ဦးချိုထွက်နေအုံးမယ်။
@Toe Gyi လူသားတိုင်းကိုနားလည်တတ်ပါတယ်။အမှားနဲ့အမှန်လေ့လာလိုက်အုံး။ချာတိတ် ငယ်ပါသေးတယ်။
@TrueSky ဥပဒေဆိုတာရှိပြီးသားပါ။

Kingdavid said...

အမတ်အရည်အချင်းနဲ. ပြည်.ဖို.အရေးကြီးပါတယ် ။ အမတ်ဆိုတာ ပြည်သူ.ကိုယ်စား ဆောင်ရွက်ပေးဖို. ပြည်သူတွေကရွေးချယ်တင်မြှေက်ထားတာပါ ။ယနေ. ဒီမိုကရေစီ နိုင်ငံဖြစ်တဲ.အတွက် အခြေခံဥပဒေမှာပါတဲ.အခွင်.အရေး တွေ လူတိုင်းသိစေဖို.အရေးကြီးပါတယ် ။မသိနားမလည်တဲ. ပြည်သူတွေပေါ်မှာ မလုပ်အပ်မပြုအပ်တာတွေကို သိနေတဲ.လူတွေကအခွင်.ကောင်းယူပြီးမလုပ်စားသင်.ပါဘူး ။ ကျနော်တို.နိုင်ငံကနုနယ်သေးတဲ.ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ် ။ နောက် ပြီး လူတိုင်းပြောနေတဲ. " အခွန်" အခွန် ကတော.လူတိုင်းပေးရပါမယ် အခွန်မရှောင်ဖို.နဲ. ပေးဆောင်ဖို.ကိုအစိုး၇က နားလည်အောင်ရှင်းပြရပါမယ် ပြီးတော.ဒီ အခွန်ငွေတွေအတွက် ဘယ်လိုအသုံးချတယ်ဆိုတာ သိသာထင်ရှား အောင်စာရင်းဇယားနဲ.ပြ၇ပါမယ် ၀င်ငွေတိုးအောင်လည်းအလုပ်အကိုင်တွေအစိုး၇ကဖန်တီးပေးရပါမယ် ။ အလုပ်လက်မဲ. က ကျနော်တို.နိုင်ငံတခုထဲမဟုတ်ပါဘူး ဒါကိုနားလည်ပေးရပါ.မယ် ကျနော်တို.တွေ က ဘယ်လူကြိးမကောင်းဘူး ၊ ဒီလူကြီးမကောင်းဘူး ဆိုပြီး ပြောနေမဲ.အစား ငါ ကိုယ်တိုင်ရောကောင်းလားမေးသင်.ပါတယ် ကိုယ်.နိုင်ငံအတွက် တနေရာ ရာကနေပါဝင်ကူညီဖို.တိုက်တွန်းပါတယ် တယောက်အားနဲ.မရပါဘူး အားလုံးပြိုင်တူတွန်းမှရပါမယ် အခုရေတွင်းတူး ရေကြည်သောက်လို.မရပါဘူး ( မှတ်ချက် ။မည်သူ.ကိုမျှ ထိခိုက်လိုသောစိတ်ဖြင်.ရေးခြင်းမဟုတ်ပါ)

Yan Naing Aung said...

@kingdavid အမှန်တရားပေါ်ရပ်တည်တတ်ပြီး တွေးခေါ်တတ်တာကို လေးစားပါတယ်

@ပေါက်ပေါက်ဆုပ် အခြေခံကျောမွဲလူတန်းစားကို ပံ့ပိုးပေးတဲ့ စိတ်ဓါတ်ကိုမြှင့်တင်ပေးတဲ့ အောင်မြင်ထိရောက်စွာလုပ်ပေးနိုင်တဲ့ လူအဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးလိုအပ်တယ်ဆိုတာ သိပ်ဟုတ်တာပေါ့ ပူးပေါင်းပါဝင်ကြပါစို့။

@Toe Gyi, @ gawleee , @ ဂျာမွန်းရွှေဝတ်မှုန်
အရာရာကိုပြောချင်ရင် အရင်ဆုံးအကြောင်းအရာကိုသိအောင်လေ့လာပါ။ ပြီးမှဝေဖန်ပါ။

Powered by Blogger.