မုံရွာ၊ ဖေဖော်ဝါရီ- ၂၂
မုံရွာခရိုင်၊ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာတွင် ယခုနှစ် ဖေဖော်ဝါရီလ
(၁၄)ရက်(ချစ်သူများနေ့) ညနေ(၆)နာရီအချိန်ခန့်တွင် လင်မယား
စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူကခင်ပွန်းဖြစ်သူအား ရေပုံးထမ်းထန်းလက်
ရေထမ်းပိုးနှင့်ရိုက်နှက်ရာမှ လင်ယောက်ျား ဖြစ်သူသေဆုံးခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားမှုတွင် ဘုတလင်မြို့နယ်၊ကင်းစမ်းကျေးရွာနေ ဦးကျော်ဝင်းအသက်(၄၃)နှစ်သည်ဖေဖော်ဝါရီလ(၁၄)ရက်၊ ညနေပိုင်းက မူးယစ်သောက်စား ၍လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူတစ်ရွာတည်းနေဒေါ်အိမ်ဌေးကပြောကြားခဲ့သည်။ မူးယစ်သောက်စားလာသော လင်ယောက်ျားဖြစ်သူက ဇနီးဖြစ်သူအား လက်သီးဖြင့်ထိုးနှက်ရာဇနီးဖြစ်သူက
အရှည် နှစ်တောင်တစ်ထွာ၊ ဗျက်(၃)လက်မခန့်ရှိ ထန်းလက်ရေထမ်းပိုးတုတ်ဖြင့်
ပြန်လည်ခုခံရိုက်နှက်ခဲ့သည်။ လင်မယားအချင်းချင်းစကားများရန်ဖြစ်ပြီးနောက်ပိုင်း ဦးကျော်ဝင်းမှာနေအိမ်အိပ်ခန်းအတွင်း
ဝင်ရောက်အိပ်ခဲ့သည်ဆို၏။ နောက်တစ်နေ့နံနက်တွင် ဇနီးဖြစ်သူက
လင်ယောက်ျားဖြစ်သူအား အိပ်ရာမှထရန်သွားရောက်နှိုးစဉ်
သေဆုံးနေကြောင်းတွေ့ရှိရသည်ဆို၏။
သေဆုံးသူဦးကျော်ဝင်း၏ ဖခင်ဦးငွေမောင်က သက်ဆိုင်ရာတွင် တရားလိုပြုလုပ်၍
တိုင်ကြားခဲ့ကြောင်းသိရှိရသည်။ ယင်းပြစ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူအား ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့ စခန်း(ပ)-၄၀/၂၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-(၃၀၂)အရ အမှုရေးဖွင့်ကာဘုတလင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စံမြင့်က အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
7Day News
ချစ်သူများနေ့တွင် လင်မယားစကားများရန်ဖြစ်ရာမှ ယောက်ျားသေဆုံး
Reviewed by
သစ်ထူးလွင်
on
17:33
Rating:
5
6 comments:
ဟဟဟ မချစ်နိုင်တော့ဘူးပေါ့ ဗြဲ
အော်!
အစကတော့ ချစ်သူများနေ့ကို ပျော်စရာတွေနဲ့ပဲပြည့်နှက်နေတယ်ထင်ခဲ့တာ!
အချို့သောသူတွေကတော့ ပျော်နေကြပေမယ့်!
အချို့သောသူတွေကတော့ ယခုလိုဖြစ်ရပ်မျိုးနဲ့ပေါ့!
အလွန်ဝမ်းနည်းစရာကောင်းပါတယ်!
ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.......
ဟာာာာာာာ ! ဘာလို့ ကောင်းရာသုဂတိလားရမှာလဲ အရက်သမားက သေရင် ကောင်းရာ ရောက်ပါ့မလား ဟ.
ယောက်ကျားရင့်မာကြီးက လက်သီးနဲ့ထိုးလို့ ခုခံကာကွယ်တာပဲ.. သူ့ဟာသူ အရက်သောက်ပြီး လေဖြတ်သေတာလဲ ဖြစ်နိုင်တာပဲ..
အမှုကို သေချာစစ်ပါ.. သွားတိုင်တဲ့ အဖေကရော အစကတော့ သူများသားသမီးကို ရိုက်နှက်နေတာ မဆုံးမပဲနဲ့ ဘာလဲ ခုမှ
အဲ့လို အမူးသမားတွေ မှ အများကြီးပဲ... ကောင်းကို မကောင်းတဲ့ အမူးတွေ..
it is love
so,,,, this is LOVE,,
XOXO!
:D..
ပထမမှားတာကဘုရားရှင်ကိုယ်တော်မြတ်ကြီးတားမြစ်ထားတဲ့အရက်သေစာမသောက်စားရဘူးဆိုတဲ့သီလကိုဖျက်လို့
ဒုတိယမှာတာကလောဘ၊ဒေါသ၊မောဟဆိုတဲ့ကိလေသာတွေကိုရှေ့တန်းတင်လို့
သီလကျိုးပြီးကိလေသာတွေနဲ့သေတဲ့လူအတွက်တော့သံသရာအရေးမကောင်းနိုင်တော့ပါဘူး
သနားစရာတွေပါ
စိတ်မကောင်းပါဘူး။
Post a Comment