ဗိုလ်ချုပ်ရုပ်ရှင်ရုံးခန်းဖွင့် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းကိုနိုင် တို့ ၏ မိန့် ခွန်း ကောက်နုတ်ချက်

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးဆိုင်ရာများ ပြောကြားနေစဉ်
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက်ပိုင်းတွင် ရုံးခန်းတည်ရှိရာ အမှတ် ၁၀၁ ဘီ၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အရှင်ဆန္ဓာဓိက၊ စာပေနှင့် ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးဆိုင်ရာများကို ပြောကြားခဲ့ကြသည်။
EMG
““ဗိုလ်ချုပ်ကို ကြည်ညိုတဲ့စိတ်တစ်ခုတည်းနဲ့ ရုပ်ရှင်လောက သားတွေ တော်တော်လေးပေါင်း မိသွားကြပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ဒီခေါင်းစဉ်အောက်မှာ လာစုမိကြတာ သဘာဝကျပါတယ်။ ရိုးရိုးပဲပြောပါရစေ။ ဗိုလ်ချုပ်ရဲ့ ကျောင်းသားဘ၀နဲ့ လှုပ်ရှားမှုမှတ်တမ်းကို ကိုယ်တိုင်မကြုံဖူးပေမယ့် အခုမျက်ဝါးထင်ထင်မြင်ချင်ပါတယ်။ ကျောင်းသား သမိုင်း၊ ကျောင်းသားသမဂ္ဂသမိုင်း၊ သမဂ္ဂအဆောက်အဦနဲ့ ခွပ်ဒေါင်းအလံကိုတော့ ရုပ်ရှင် ကြီးပေါ်မှာ ထထင်ထင်ရှားရှားမြင်ရပါစေ”” ဟု ယနေ့နံနက်က ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဆွမ်းကပ်ပွဲနှင့် အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်လာသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောသွားသည်။
ဥက္ကာကိုကို


ဗိုလ်ချုပ်ရုပ်ရှင်ရုံးခန်းဖွင့် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းကိုနိုင် တို့ ၏ မိန့် ခွန်း ကောက်နုတ်ချက် ဗိုလ်ချုပ်ရုပ်ရှင်ရုံးခန်းဖွင့် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းကိုနိုင် တို့ ၏ မိန့် ခွန်း ကောက်နုတ်ချက် Reviewed by သစ်ထူးလွင် on 16:42 Rating: 5

No comments:

Powered by Blogger.