အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေးမြို့နယ် ဆိုင်းဘုတ်တင်၊ ရုံးခန်းနှင့်
အရောင်းဆိုင် ဖွင့်လှစ်ပွဲကို ဖေဖေါ်ဝါရီလ (၅)ရက် တနင်္ဂနွေနေ့ နံနက်
(၉)နာရီတွင် ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက် ဒူးယားလမ်း အမှတ်(၇)၌
ကျင်းပပြုလုပ်ခဲ့ရာ အခန်းအနားမှုးအဖြစ် မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ဝင်
ဦးအောင်ကျော်ဦးက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင်
ဒေါ်ခင်ဌေးကြွယ်၊ မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်
နိုင်သောင်းညွန့်၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်
ဒေါတ်တာကျင်သိန်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့ခေါင်းဆောင်
ဦးမြ၀င်းတို့မှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပါသည်။
မြို့ပေါ်ရပ်ကွက်များဖြစ်သော ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ အောင်မင်္ဂလာ၊ အောင်မေတာ၊ အောင်သုခ၊ သီရိမာလာ၊ အဏ၀ါ ချောင်းတောင် စသောရပ်ကွက်များသာမက အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ ကံလှ၊ ဘားကြီး၊ ကျောက်မိကျောင်း၊ ကျုံလောင်း၊ ကွင်းရှည်၊ ကျောင်းရွာ စသော ကျေးရွာများမှ ကိုယ်စားလှည်များ စုစုပေါင်း အင်အား ၃၀၀၀ခန့်အတီးအမှုတ် အက အခုန်များဖြင့် သီဆိုတီးမှုတ် တက်ရောက်ခဲ့ကြပါသည်။ ဧည့်သည်တော်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှည်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်များ ကိုလည်းနံနက်စာ ကောက်ညှင်းပေါင်း နှမ်းမနဲတို့ဖြင့်ဧည့်ခံကျွေးမွေးပြီး ရင်းရင်းနှီးနှီး မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။
Myanmar News Now

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေးမြို့နယ် ဆိုင်းဘုတ်တင်၊ ရုံးခန်းနှင့် အရောင်းဆိုင် ဖွင့်လှစ်ပွဲ
Reviewed by သစ်ထူးလွင်
on
07:39
Rating:
1 comment:
အောင်မေတ္တာ၊ အဏ္ဏဝါ. စာလုံးဆင့်တွေပါခင်ဗျား.. ရေးမြို့ပေါ်မှာ ၁၀ ရပ်ကွက်ရှိပါတယ်.. ချောင်းတောင်ကျေးရွာမပါပါဘူး.. ချောင်းတောင်ကျေးရွာက ရေးမြစ်တစ်ဖက်ကမ်း ဈေးကြီး တစ်ဖက်ကမ်းမှာရှိတာပါ. ရထားလမ်းဖြစ်တဲ့တံတားကြီးတော့ရှိတယ်.
Post a Comment