ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို ကြိုဆိုဖို့ ဒေသခံတွေက ပြင်ဆင်နေကြပါတယ်။ ခရီးစဉ်ကြိုဆိုရေးအတွက် လက်ကမ်းကြေညာစာ၊NLD အလံငယ်၊ NLD အလံစတစ်ကာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများကို လူထုအကြား ဖြန့်ဝေခဲ့ပါတယ်။ (Photo Courtesy - ဥက္ကာမိုး)
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

မနက်ဖြန်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ် အချိန်ဇယား
၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ကျေးရွာတွင် ၄၅ မိနစ်ခန့် ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။

၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ် ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။

၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။

အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ် Reviewed by သစ်ထူးလွင် on 18:07 Rating: 5

11 comments:

စစ်မုန်းသူ said...

မြန်မာပြည်တွင်းမှာ ဘယ်နေရာသို့ဘဲသွားသွား ဒေါ်စု၏ လုံခြုံရေးအား အထူးပင်ဂရုစိုက်စေချင်ပါသည် ။ ယခုအချိန်တွင် တစ်နိုင်ငံလုံး၏အနာဂတ်သည် ဒေါ်စုပေါ်တွင်တည်မှီနေရာ မည်သည့်အကြောင်းကြောင်းနှင့်မှ အမှားအယွင်းမခံနိုင်ကြပါ ။ မြန်မာပြည်သမိုင်းတွင်လည်း အကြံပက်စက်ခဲ့သော နိုင်ငံတော်လုပ်ကြံမှုက သင်ခန်းစာယူတတ်ကြရန် သက်သေသာဓက ပြခဲ့ပြီးဖြစ်သည် ။ ရှုပ်ထွေးပွေလီလှသော နိုင်ငံရေး၏လှည့်ကွက်များနှင့် မမြင်နိုင်သောရန်သူကို ( လုံးဝ ) လျှော့တွက်မထားသင့်ပါ ။ မိမိတို့ စိုးရိမ်ပူပန်သည်ထက် အဆင့်မြင့်သောလုံခြုံရေး ၂၄ နာရီ ဒေါ်စုအပါးတွင် ရှိလိမ့်မည်ဟု မျှော်လင့်ပါသည် ။ အနာဂတ်တွင် မြန်မာပြည်သမိုင်အား တန်ဖိုးရှိသောအလှတရားများဖြင့်သာ တည်ဆောက်၍ မြန်မာလူမျိုးများအဖိုးတန်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည် ။ ဒေါ်စု ကိုယ်စိတ်နှဖြာ ကျန်းမာ ၊ ချမ်းသာ၍ ဘေးရန်ကင်းပါစေ ။။။။။

WTN said...

We all Kachin are warmly welcoming the coming of DASSK to Kachin land.
We Kachin do support your work for genuine federal democratic union of Burma.
A million of thanks to DASSK and NLD,as well as to U Win Tin (journalist)for all of your effort for our ethnic people
Please keep going with such good effort and hope achieving the positive good result.

myint soe said...

ကချင်ပြည်နယ်ခရီးစဉ်တွင် လုံခြုံရေးကိစ္စကို အထူးသဖြင့်ဆောင်ရွက်ကြပါရန် နီးစပ်ရာ ဒေသခံများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများကို အထူးတိုက်တွန်းလိုပါတယ်။
ဒေသခံများအနေဖြင့်လည်း လုံခြုံရေးဖွဲ့စည်းပြီး၊ သတင်းစုဆောင်းခြင်း တာဝန်ခွဲဝေခြင်းများ ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါတယ်။
ဝန်ထမ်းများကလည်း လုံခြုံရေးအတွက် သတင်းအချက်အလက်များ ရရှိပါက ဆက်သွယ် သတင်းပေးထားဖို့ တောင်းဆိုအပ်ပါတယ်။
ခရီးစဉ်လုံခြုံရေးကို အထူး ဂရုပြု ပေးကြပါခင်ဗျား။။

thihahtaylwin said...

safety is very important for my hero...

ep said...

mr. sober ပြောတာမှန်ပါတယ် - ဒေါ်စု လုံခြုံရေးအလွန်အရေးကြီးပါတယ် - ဒေါ်စုကိုကာကွယ်ဝန်းရံနေတဲ့ NLD လူငယ်တွေကိုလဲ ချီးကျူးပါတယ် -
အပင်ပန်းခံ စည်းရုံးရေးဆင်းတဲ့ ဒေါ်စု နဲ့ NLD အဖွဲ့သားများ နယ်မြေခံသွေးချင်းသားချင်းပြည်သူလူထုများ ဘေးရန်ကင်းဝေးကြပါစေကြောင်း အဝေးကနေ ဆုတောင်းမေတ္တာပို့ပါတယ် ----

ep said...

mr. sober ပြောတာမှန်ပါတယ် - ဒေါ်စု လုံခြုံရေးအလွန်အရေးကြီးပါတယ် - ဒေါ်စုကိုကာကွယ်ဝန်းရံနေတဲ့ NLD လူငယ်တွေကိုလဲ ချီးကျူးပါတယ် -
အပင်ပန်းခံ စည်းရုံးရေးဆင်းတဲ့ ဒေါ်စု နဲ့ NLD အဖွဲ့သားများ နယ်မြေခံသွေးချင်းသားချင်းပြည်သူလူထုများ ဘေးရန်ကင်းဝေးကြပါစေကြောင်း အဝေးကနေ ဆုတောင်းမေတ္တာပို့ပါတယ် ----

ကိုမျိုး ( မိုးညှင်း ) said...

ဟုတ်ပါတယ်.. အမေစုရဲ့ လုံခြုံရေုးကို အထူးပဲ သတိထားပေးစေချင်ပါတယ်ဗျာ။ နိုင်ငံရဲ့ အနာဂတ်ကို ထွန်းတောက်အောင် လုပ်ပေးမယ့် ခေါင်းဆောင်တစ်ယောက်ကို အရင်တစ်ခါတုန်းက အဖြစ်အပျက်မျိုးတွေနဲ့ဝေးအောင် ၊ အကြံပက်စက် ဇကောလောက်မှ ဇောမနက်တဲ့ လူမျိုးတွေ၊ အလိုတော်ရိတွေက နေရာတိုင်းမှာ အများကြီးပါ။ ဒါကြောင့် အားလုံးက ယုံကြည် အားကိုးရတဲ့ အမေစုကို အထူး ဂရုစိုက်ပေးဖို့ မေတ္တာရပ်ခံပါရစေဗျာ။ အမေစု ကျန်းမာ၊ ချမ်းသာပြီး ဘေးရန်ဟူသမျှ အားလုံးကင်းဝေးပါစေ....

SOE TINT said...

NATIONAL LOSS မဖြစ်အောင်ကြိုးစားစောင့်ရှောက်ကြပါဗျာ

twttaygn said...

သတိမမြေ့ကပါနှင့်။ မပေါ့ဆကြပါနှင့် လို့အကြံပြုပါသည်။

ZMN said...
This comment has been removed by the author.
tharzaw said...

ဟုတ်ပါတယ်ဗျာ။ အမေစုကို ကာကွယ်ပေးကြပါ။
အင်မတန်တော်၊ ထက်၊ မညစ်တဲ့အမေစု၊ သတ္တိရှိပြီးရဲရင့်တဲ့
အမေစုကို ကျွန်တော်တို့ နောင်နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာ
ချမ်းချမ်းသာသာနဲ့ ပြည်သူတွေရဲ့အကျိုးဆောင်ရွက်နေတာကို
(Need)အလိုရှိနေကြလို့ပါ။
အမေစုဘေးကင်းပါစေ။

Powered by Blogger.