အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ)

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယဉ်လိုင်းတွေကို အမျိုးသမီးထုက သဘောကျကျေနပ်တဲ့ အတွက် တိုးချဲ့ပြေးဆွဲသွားဖို့ရှိနေပါတယ်။ (ရုပ်/သံ)ဒီဗွီဘီ
အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။

Whistle for help အစီအစဉ်အရ အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ အရပ်များတွင် ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင်း ဘတ်စကားယာဉ်များတွင် အမျိုးသမီးများအပေါ် ကာယိနြေ္ဒနှာင့်ယှက်မှုကို ရပ်တန့်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဝေငှခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုသည် အမျိုးသမီးများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ နှောင့်ယှက် ခံရပါက နှုတ်ဆိတ်မနေဘဲ ဝီစီဖြင့် အကူအညီတောင်းရန် လိုအပ်ပြီး အမျိုးသားများကလည်း အကူအညီပေးရန် လိုအပ်ကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာတစ်ဦးက ပြောသည်။ “ခရာမှုတ်တာ၊ မမှုတ်တာကတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ခရာမမှုတ်ဘဲ ဒီအတိုင်း ငြိမ်ခံနေမလား၊ အနည်းဆုံးတော့ ဒီအပြုအမူတွေ တန့်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်း ပြေးဆွဲပေးရန် စတင်လှုံ့ဆော်ခဲ့သူ ဒေါ်ကေခိုင်အောင်ခင်က ယခုအစီအစဉ်သည် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြေ ရှိသော်လည်း အမျိုးသမီးထု၏ ကာယိနြေ္ဒကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းကြောင့် ကြိုဆိုရမည်ဟု ဆိုသည်။

ပေါ်ပြူလာဂျာနယ်
 
အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ) အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 11:37 Rating: 5

23 comments:

su said...

အမျိုးသမီးကောင်းများတဲ့ လုပ်ပေးသင့်တဲ့ အစီအစဉ်တစ်ခုပါ။ မလုပ်ပဲထားရင် ကာမ အခွင့်အရေးသမားကို အားပေးသလို ဖြစ်ပြီး အရွယ်မရောက်သေးတဲ့ ကျောင်းသူ သမီးပျိုတွေအတွက် အန္တရာယ်ကြီးပါတယ်။

Boronmz said...

အဲဒါဆိုရင်တော့ရှုပ်ကုန်တော့မှာပဲ ....... ယာဉ်မောင်းတွေဒုက္ခရောက်မှာပေါ့.......မော်တော်ပီကယ်ကမှုတ်တာလား.......ဘယ်ကမှုတ်တာလဲဆိုတာရှုပ်ကုန်တော့မှာပဲ......မြင်ယောင်သေးတယ်.....ရန်ကုန်မှာတော့ဝီဆီသံတွေဆူညံနေတော့မှာ

Maung Maung said...

ခရာမှုတ်ရတဲ့အဆင့်အထိဖြစ်လာရတာကတော့တစ်မျိုးသားလုံးအတွက်ရှက်စရာပါပဲ။

ktd said...

ရန်ကုန်က ခရီးသွားလုပ်သားပြည်သူတွေထဲက ယောင်္ကျားတွေကို စိန်ခေါ်လိုက်သလိုဘဲ ခံစားရတယ်။ နှမချင်းကိုယ်ချင်းမစာနာသူတဲ့သူတွေရှိသလို၊ စာနာသူတွေလည်းရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ မျက်နှာ ပြည်သူမျက်နှာထောက်ထားသင့်တယ်။ ဘယ်လောက်အထိ လုပ်နိုင်မှာလဲ၊ ခဏတပန်းတော့ တက်ကြွနေကြမှာဘဲ၊ ကြာတော့သည်လဲ မောင့်စကား၊ အပြော့ဆွဲ၊ ပျင်းလို့ မလိုအပ်တော့လို့ စိတ်မပါတော့လို့၊ နောက်တာ၊ ဘယ်တုံးကပြောမိလို့လဲ၊ လျှာလွဲ၊ ဘာကိုဘဲလုပ်လုပ် ၊ လုပ်ချင်တာကို ဦးစားမပေးနဲ့ အရာရာကို သုံးသပ်၊ ကလေးကလား မဆန်နဲ့၊ အမျိုးဂုဏ်ကို စောင့်ထိန်းပါ၊ ငါတို့ လူမျိုးတွေရဲ့သိက္ခာ ငါတို့တိုင်းပြည်ရဲ့သိက္ခာ ငါတို့ကြောင့် မကျပါစေနဲ့၊ ကောင်းတယ်ထင်ရင်လုပ်ကြ၊ ဘယ်လောက်ထိလုပ်မလဲကြည့်မယ်။ နှာဘူးတော့ မဟုတ်ဘူး။ ဖြစ်နိုင်ရင် လိုင်းကားချောင်တဲ့ အချိန်ကျမှ စီးတဲ့ ခရီးသည်ယောင်္ကျားဖြစ်တယ်။

WTN said...

I strongly reject this plan.
Very Very bad...
The one who organize is having lack of gender perspective, instead, she has only the idea of aggressive. it is leading more a sense of discrimination between men and women...

myochit said...

ဒီအစီအစဉ်ကတော့ အချို့သော အချောင်သမား ကြာကူလီဆန်တဲ့ ယောင်္ကျားတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ရှက်ဘို့တော့ ကောင်းတယ်၊ ဒါပေမယ့် ဒီလိုလေး တသီးတသန့်လုပ်ပေးလိုက်တော့ ခပ်အောက်အောက်ရှိတဲ့ ယောင်္ကျားတွေ တန့်သွားတာပေါ့။ ပထမစဉ်းစားမိတာက ငါတို့ယောင်္ကျားတွေ ဒီလောက်အောက်ရသလားပေါ့ အခြားတဖက်ကတော့ မိန်ကလေးတွေ အတွက် လြုံခုံသွားတာပေါ့။ ဘေးတခုပေါ်လာရင် ကာကွယ်နည်းတခုခုတော့ လိုအပ်တယ် အခြေအနေ အချိန်အခါကြောင့် ဖြစ်လာတာကို ခပ်အောင့်အောင့်နဲ့ နားလည်ပေးလိုက်ပါတယ်။ ရထား သို့ လိုင်းကားစီပြီး အချောင်နှိုက်တတ်တဲ့ ယောင်္ကျားကြာကူလီ၊ လူစည်ကားရာနေရာမှာ လူအုပ်တိုးပြီး အချောင်နှိုက်တတ်တဲ့ ယောင်္ကျားကြာကူလီတွေ ပပျောက်ရေး စနစ်တခုလို့ ထင်ပါတယ်။ တချို့မိန်းကလေးတွေ လိုင်းကားပေါ်မှာ ကြာကူလီလက်ချက်ကြောင့် ရှက်ပြီးသတိလစ် မေ့မျောသွားတာတွေ ရှိတယ်လို့ ကြားဘူးပါတယ်။ ဒါကြောင့် လိုအပ်လို့ ဖြစ်ပေါ်လာတဲ့ စနစ်တခုလို့ဘဲ ရှုမြင်လိုက်ပါတယ်။ ဥပမာ ဘန်ကောက် စင်္ကာပူတို့မှာ မိန်းကလေးစီးတဲ့နေရာဆို ယောင်္ကျားလေးတွေ သွားမရပ်ဘူး၊ ဒါဟာ ယဉ်ကျေးမှု ပြယုဂ်တခုပါ။

khristimatic said...

သီးသန်.ကားဆွဲတာမှတ်ချက်မပေးလို။ ငါသာဆို၇င်ဝီဆီတော.မမှုတ်ဘူး အပ်နဲ.ထိုးပလိုက်မယ်။

Myanmar said...

မြန်မာပြည်သမိုင်း ၇ိုင်းချက်က နာလှပါလားသန်းေ၇ွှ၇ာ။ ။

ပျိုတို့မောင် said...

လူနေမှုစရိတ်မြင့်မားတာ၊ ကုန်ဈေးနှုန်းတက်တာကို လခတိုးတာနဲ့ အစားထိုးတဲ့ တစ်ပွဲတိုးအကြံတုံးတွေရဲ့ အစီအစဉ်လိုဘဲ၊ ရေရှည်အတွက်ဘာမှ အကျိုးမရှိနိုင်ဘူး၊ အခုလဲ လိုင်းကားကြပ်တာ လိုင်းကားအထိန်းအသိမ်းညံ့ဖျင်းတာ၊ ခရီးသည် သက်တောင့်သက်သာ မရှိမှုကို မျက်ကွယ်ပြု မဖြေရှင်းဘဲနဲ့ မြန်မာပြည်က လိုင်းကားစီး ပုရိသတွေရဲ့သိက္ခာကို လုံးလုံးကြီးချတာဘဲ၊ မဟာအကြံအစည်ကြီးတစ်ရပ်ကိုကိုင်တွယ်ဖြေရှင်းနိုင်လိုက်ပြီလို့တော့ မကြုံးဝါးလိုက်နဲ့တော် ပါသွားပြီ၊ တိုင်းပြည်သိက္ခာ၊ ။ ။

အမေစုကို ချစ်တဲ့သား said...

အမျိုးသမီးများတွက်ကတော့ကြည့်ရင်ဒီအစီစဉ်ဟာကောင်းဆုံးလို့ လက်ခံနိုင်စရာပါ မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသားအားလုံးဟာ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးအပုဒ်ခံလိုက်ရတာပါ။
အဲသလိုလူမျိုးများကို အမြန်ဆုံးဖော်ထုတ် အရေးယူစေချင်ပါတယ်
ကားပေါ်ကစပယ်ရာတွေကအစပေါ့ ကားပေါတက်တာနဲ့ အမျိုးသမီးများဆိုရင်
ကျောကုန်းလေးကိုပွတ်လိုက် လက်အတင်းဆွဲတင်လိုက်လုပ်နေတာအများဆုံးပါ
ရှေ့ဆောင်ခေါင်းပြလုပ်ပြနေတော့ ကျန်လူများလဲလုပ်မိတာဖြစ်နိုင်တယ်
ကားစပယ်ရာတွေကို သေချာဂရုတစိုက်ရွေးသင့်ပါတယ်
တခြားနိုင်ငံတွေမှာဆိုရင် စပယ်ရာမလိုပါဘူး မောင်းသူတစ်ယောက်တည်းပါ
မြန်မာနိုင်ငံမှာ မကောင်းသောအကျင့်စရိုက်များကို ပယ်ပျောက်အောင်
လူထူအားနဲ့ ၀ိုင်းဝန်ဖယ်ရှားပေးစေလိုပါတယ်....

မောင်မောင် Comment said...

အမျိုးသားတွေ အတွက်ကော ဘာမှ လုပ်မပေးတော့ဘူးလား ။ :P

Thet said...

WTN သို့ ...သေသေချာချာ ပြန်စဉ်းစားပါ။ ဒါဟာ မိန်းကလေးများအတွက် လိုအပ်လို့ လုပ်တာပါ။ ကျွန်မ ငယ်စဉ်က ဘတ်စ်ကားပေါ်မှာ အချောင်လိုက်နှိုက် သူတို့ပစ္စည်းနဲ့ ထိုးတာ အခါပေါင်းများစွာ ခံရဘူးပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းက တွယ်ချိတ်ဆောင်ပေမဲ့ နည်းနည်း အရွယ်ရလာတဲ့အခါ အရှက်မရှိတဲ့ လူတွေနဲ့ ပြိုင်မဖြစ်ချင်လို့ ဖြစ်နိုင်ရင် လမ်းလျှောက်သွားလိုက်ပါတယ်. အခုနောက်ပိုင်း တော်တော် အခြေအနေဆိုးလာလို့ပါ။ မိန်းကလေးများအတွက် ဘတ်စ်ကားဟာ လိုကို လိုအပ်ပါတယ်။

Thet said...

ရန်ကုန်မြို့ပေါ်မှာ နှောင့်ယှက်တဲ့ ယောင်္ကျား၊ နှစ်မသားချင်း မစာနာတဲ့ ယောင်္ကျား၊ ကိုယ့်ဂုဏ်သိက္ခာကိုရော သူများ ဂုဏ်သိက္ခာကိုရော မလေးစားသူ အတောင်နှစ်ဆယ်ဝတ်များ အများကြီး ရှိပါတယ်။ သိချင်ရင် ဆင်းရဲနွမ်းပါးပြီး ရုပ်ကလေးသနားကမား ရှိတဲ့ မိန်းကလေးများကို ချဉ်းကပ်မေးကြည့်ပါ။ ဇာတ်လမ်း စုံအောင် ပြောပြပါလိမ့်မယ်။

တိပံင်ကောံ said...

ဘတ်ကားအရေအတွက်တိုးပေးဖို့နဲ့လမ်းကောင်းအောင် လမ်းကျယ်အောင်ပြုပြင်ပေးဖို့လိုတယ်လို့ထင်တယ်။ ဒီလိုမှမဟုတ်ရင် ယခုတင်ဆောင်နေတဲ့ယာဉ်တွေက အမျိုးသမီးခရီးသည်တိုင်းအတွက် ၀န်ဆောင်မှုပေးနိုင်မှာမဟုတ်တဲ့အတွက် ဘတ်စကားတိုးစီးရတဲ့အမျိုးသမီးများ အခက်တွေ့နိုင်ပါတယ်။ ဘတ်စကားအရေအတွက်တိုးပေးခြင်းနဲ့ လမ်းများကားပိတ်ဆို့မှု မရှိအောင်ပြုပြင်ပေးဖို့နဲ့ ယာဉ်ကြောထပ်မှုမရှိအောင် စနစ်တကျထိန်းသိမ်းပေးဖို့ပဲလိုတယ်လို့ယူဆတယ်။

Thaw Tun said...

In "myochit's comment", I agree that it is actually a shame for all Myanmar people to have such kind of bus but it is necessary due to the requirement. I don't know about Bangkok but in Singapore, there is no such bus only for ladies. We all can take all the bus. "myochit" commented wrongly for Singapore information. sorry but just to share real information. Thanks.

soecyclone said...

ဒီဖြစ်စဉ်ရဲ့အဓိကကြောင်းရင်းကတော့ အစိုးရနဲ့ပဲဆိုင်ပါတယ်...
လိုင်းကားတွေကိုလုံလုံလောက်လောက်ထားမပေးတာကြောင့်ပါပဲ...
လိုင်းကားတွေကိုလုံလုံလောက်လောက်ထားပေးမယ်ဆိုရင်သူ့ခုံသူထိုင်၊ကိုယ့်ခုံကိုယ်ထိုင်ရင်ကာမဖြစ်ရပ်တွေဖြစ်စရာလုံးဝမရှိပါဘူး၊ယခုအတိုင်းအတာက မတ်တပ်တိုးဝေ့စီးနင်းကြရလို့ဖြစ်နေရတာပါ၊ယခုလို(၀ီစီ) မှုတ်ရလောက်တဲ့
အခြေအနေထိဆိုတော့မကောင်းဘူးပေါ့ဗျာ...ကာမရယူချင်တဲ့နှာဘူးတွေရှိ
သလို အမျိုးကောင်းယောကျာင်္းသားတွေလည်းရှိတယ်ဆိုတာထည့်သွင်းစဉ်း
စားသင့်ပါတယ်၊အမျိုးသမီးတွေအတွက်တော့ကောင်းသလို၊အချို့သောယော
ကျာင်္းသားတွေအတွက်တော့...................။

ယုယ said...

ကျနော်အကြံလေးပေးချင်ပါတယ်... ၀ီစီမှုတ်ရင် လူတွေကြည့်ခံရေဦးမယ်... ချုပ်အပ်သာ ဝေပေးလိုက်... မဟုတ်တာလုပ်ရင် တဆုံးသာ ထိုးထည့်လိုက် ... အေးရော.... (မှတ်ချက် မသေနိုင်သောနေရာသာ ထိုးရမည် ဖြစ်ရပါမည်)

inseinguy said...

ဘော်ပြားတွေက နှစ်ပိုင်း တစ်ပိုင်းတွေ ဘယ်ကားသွားစီးမှာလဲ...သူတို့အတွက် တစီးထား အဲဒါမှ မျှတမယ်...

myochit said...

In my comment, I do not say there is lady bus in Sgp. I mean man do not stand or sit close to woman on the bus or train. But if seat is not available, they may stand or sit rarely. If they do stand or sit near woman, they do not do such as like in MR. I would like to say "Thaw Tun" please read carefully my comment what I mean. Because if you get wrong point, you may misunderstand me.Thanks too.

ရာရာ said...

ရွှေဥာဏ်တော်စူးရောက်ပါပေ့ လို့ပဲ မှတ်ချက်ပေးချင်ပါတော့တယ်..ကမ္ဘာမှာမြန်မာဟေ့ လို့ ကြွေးကြော်ရမယ့် တီထွင်မှုကြီးတစ်ခုပေပဲ...

nady said...

အရမ်းကို ကောင်းတဲ့ အစီအစဉ်ပါပဲ။ ညီမ တို့ လူငယ်တွေ အများဆုံး အဲလို့ နှမချင်းမစာနာတဲ့ လူတွေကြောင့် အဲလို့ ဒုက္ခတွေ အမြဲတမ်း ကြုံတွေ့ပါတယ်။ ညီမ ဆို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဟိုင်းလတ်ကားပေါ်မှာ အသက် ၃၀ အရွယ် လူကြီးတစ်ယောက် ညီမပေါင်ပေါ်ကို လက်တင်လာပါတယ် ကားကသေး လူကကြပ် ပြီးတော့ သူတင်ထားတဲ့ လက်ကို သူများမမြင်အောင် သူရဲ့ ပါလာအထုပ်တွေနဲ့ ကာထားပါတယ်။ ညီမလည်း ဘယ်လိုသည်းမခံလို့ နေရာလွတ်သွားတဲ့ အလည်ခုံမှာ ပြောင်းထိုင်လိုက်တဲ့ အခါ သူက ညီမကို ဒေါသဖြစ်တဲ့ ပုံစံနဲ့ ကြည့်နေတယ်။ သူကိုင်တာ မခံလို့ ထင်ပါတယ်။ အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ညီ
အခု အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေ ပေါ်လာတာ မိန်းကလေးများအတွက် အရမ်းကောင်းတဲ့ အစီအစဉ်ပါ။

ရာရာ said...

အဓိကပြသနာဖြစ်သည့် ယာဉ်အစီးအရေအတွက်နှင့် ခရီးသည်အရည်အတွက်ချိန်ခွင်လျှာညှိရမည့်အစား ပေါက်ကရတွေလျောက်လုပ်နေသည်မှာ မိုးပေါက်၍ မိုးယိုနေသည်ကို အပေါက်တက်မဖာပဲ နေရာရွေ့ထိုင်သည်နှင့်တူပါသည်။ အဓိပါယ်မဲ့လေစွ..

Han Htun said...

ဒီအစီအစဉ်ကတော့ စဉ်းစားစရာပါ။ မရောင်ရာ ဆီလူးတယ်လို့  ထင်မိပါတယ်။ ပြသနာအစရှာရင် ကားတွေကျပ်လို့ ဆိုတာ သွားတွေ့ရပါတယ်။ ကားတွေသာမကျပ်ရင် လုပ်ချင်ပါတယ်ဆိုတဲ့လူ လုပ်လို့  မရပါဘူး။ မထသ က ဒီအရင်းခံကို မဖြေရှင်းပဲ အမျိုးသမီး သီးသန့် စီးကား ထပ်ပြေးတယ်ဆိုတာကတော့ အနာတခြား ဆေးတခြားပါ။ အရင် မထသက အထူးကားတွေမှာ ဘယ်ဘက်က ထိုင်ခုံအပို သုံးခုံတန်းမှာ အပိုတက်ထားတဲ့ တစ်ခုံ ဖြုတ်ပေးရပါမယ်။ အထူးကားတွေမှာ မူလထိုင်ခုံ နှစ်ခုံကို သုံးခုံလုပ် အလယ်တန်းမှာ ဘယ်ညာ မတ်တပ်ရပ်တင်၊ ပြီးတော့ အလယ်က လူလျှောက်ခိုင်းမှတော့ အလယ်မှရပ်နေတဲ့ မိန်းခလေး၊ ယောက်ျားလေးကို ကျော်ခွပြီးထွက်ရမှတော့ အသားမထိပဲ နေပါ့မလဲ။ အဲဒီလိုတွေကိုတော့ ထိရောက်အောင် အရေးမယူ၊ ခွင့်ပြုထားပြီးတော့မှ အခု အမျိုးသမီးအထူးကား တဲ့လား။ အခုပြေးဆွဲနေတဲ့ အမျိုးသမီး အထူးကားတွေကကော အချိန်ပြည့် ပြေးတာမို့လား ... မနက်ရုံးချိန် ညနေ ရုံးဆင်းချိန်ပဲ ပြေးတာဆိုတော့ .. မနက်စောစော သွားရတဲ့ မိန်းခလေးတွေ၊ ညနေ မိုးချုပ်မှ ပြန်ရတဲ့ မိန်ခလေးတွေကတော့ မိန်းခလေးတွေ မဟုတ်တော့ဘူးတဲ့လား၊ အနာတခြား ဆေးတခြား ဖြစ်နေကြပြီ။ ခုတ်ရာတခြား .. ရှရာတလွဲပါဘဲ။ သေသေချာချာ စဉ်းစားဖို့ တော့ လိုနေပါပြီ။ မိန်းခလေးတွေ ဘက်ကလည်း တဏှာရူးတွေ ဒီလိုလာလုပ်နေရင် ရှက်ပြီး ငြိမ်ခံမနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်ကနေ အလိုမတူဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြသဖို့ လိုပါတယ်။ ဒါမှကို ဆက်လုပ်လာရင် ဘေးပတ်ဝန်းကျင် တစ်ကားတည်းစီး ခရီးသည်များ၊ ဒရိုင်ဘာ၊ စပယ်ယာတွေကြားအောင် အော်သင့်ရင် အော်ရပါမယ်။ လိုအပ်ရင် နောက်မိန်းခလေးတွေကို မလုပ်နိုင်အောင် တရားဥပဒေအရ အရေးယူသင့်ရင် အရေးယူရပါမယ်။ ဒီလို မဟုတ်မခံ ဇာတ်ဇာတ်ကြဲ မိန်းခလေးတွေရှိလာမှ နောက်မိန်းခလေးတွေလည်း အတုယူပြီး မမှန်မကန် အခွင့်အရေးယူလာတဲ့ ယောက်ျားတွေနဲ့တွေ့ရင် ရင်ဆိုင်ရဲတဲ့ အားမာန်တွေ ရလာမှာပါ။ ဖြစ်သင့်တာကို ပြောရခြင်း ဖြစ်ပါတယ်။
ဖြစ်သင့်တာတွေ မဖြစ်တဲ့အဆုံး ဆိုရင်တော့လည်းပဲ
အမျိုးသမီးအထူးကား ရှိလာတာလည်း အဆိုးထဲက အကောင်းလို့ ပဲ ပြောရတော့မလား .....

Powered by Blogger.