လျှပ်စစ်မီးခ ပေးနေရပြီး မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ပွဲတော်ကြီး မှ ဈေးသည်များ (ရုပ်/သံ)

ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့် နေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီ၏ အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါသည်။အဆိုပါ ပွဲတော်တွင် ဈေးရောင်းသူများကို အခကြေးငွေယူပြီး ဆိုင်ခန်းများ ရောင်းချပေးနေသည့် ရွှေတိဂုံဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီး မှာ ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။ သို့သော် ဈေးရောင်းချ နေရသူများသည် ဆိုင်ခန်းခ ပေးရသည့် အပြင် လျှပ်စစ်မီးခ ကိုလည်း သပ်သပ်စီ ထပ်မံပေးဆောင်ရပြီး မီးပုံမှန် မရရှိသည့်အတွက် တပိုင်တနိုင် မီးစက်များ ဖွင့်ကာ ဈေးရောင်းချနေရသဖြင့် အဆင်မပြေမှုများ တွေ့ကြုံနေရပါသည်။
ဘားမားဗီဂျေ
 
လျှပ်စစ်မီးခ ပေးနေရပြီး မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ပွဲတော်ကြီး မှ ဈေးသည်များ (ရုပ်/သံ) လျှပ်စစ်မီးခ ပေးနေရပြီး မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ပွဲတော်ကြီး မှ ဈေးသည်များ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:07 Rating: 5

2 comments:

myochit said...

အော် ရွှေတိဂုံဘုရားကြီးကိုတော့ ကြည်ညိုဂါရ၀ပြုပါတယ်။ ဒါပေမယ့် ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတဲ့ ဂေါပကကိုတော့ ကြာလေ ရွံဘို့ကောင်းလေ။ ဘုရားကြီးကို အကြောင်းအမျိုးမျိုး ပြပြီးသူတို့အိပ်ထဲ ထည့်နေတာပါ။ ပြည်သူတွေလှူလို့ရတဲ့ငွေ၊ နိုင်ငံခြားသားတယောက်ဆီက ၅ဒေါ်လာကောက်ခံလို့ရတဲ့ငွေ၊ တခါတလေ ထိုင်း၊ ထိုင်ဝမ်၊ ဂျပန်ဘုရားဖူးအဖွဲ့တွေက ဒေါ်လာသောင်းချီလှူတာတွေ၊ ရွှေတိဂုံဘုရားရဲ့ တရက်ဝင်ငွေက ပျမ်းမျှတရက် သိန်း၅၀ထက်လို့ ပြောကြတယ်။ အဲဒိငွေတွေကို ဘာလုပ်လဲ? ဘယ်သူတွေ အိပ်ထဲကိုထည့်လဲ? ဖိနပ်ကောင်တာ၊ ဓာတ်ပုံ၊ ဈေးဆိုင်တွေကို ကန်ထရိုက်နဲ့ ရောင်းချထားတာ၊ တကယ်တော့ ဘုရားကြီးက ပြည်သူတွေကို သနားစောင့်ရှောက်ပါတယ်။ ဒါပေမယ့် ဂေါပကတို့ လက်ထဲမှာတင် စာရင်းပျောက်နေတယ်။ တခါရွှေတိဂုံဘုရား ရင်ပြင်ပေါ်က အလှူခံပုံးတွေကို ကုလားတယောက်ကို ကန်ထရိုက်နဲ့ ရောင်စားထားတယ်လို့ မေးမှာပြန့်လာသေးတယ်။ ဘာဘဲဖြစ်ဖြစ် ဘုရားကြီးကို ကုသိုလ်လိုချင်လို့ လာရောက်ဖူးမျှော်တဲ့ ပြည်သူတွေကို ရိုက်စားမလုပ်ပါနဲ့လို့ ဂေါပကတွေကို အချိန်မှီ အသိပေးလိုက်ပါတယ်။ အော် မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒုက်ခ...။

shein said...

အဲဒီပွဲအတွက် ပြင်ဆင်တာ သိန်းလေးထောင်ကျော် ကုန်ကျတယ်တဲ့။
တ၀က်လောက်တော့ သူတို့အိတ်ထဲရောက်သွားလောက်ပြီထင်တယ်။
အကုန်လုံးကိုပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အများစုဖြစ်နေတယ်။
တစ်ခါတစ်လေ ဒီလိုလူမျိုးတွေကြောင့် ကိုယ့်ဘာသာအတွက်
တော်တော်ရှက်မိတယ်။ သူတို့မို့...

Powered by Blogger.