မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားနှင့် ၈၈
မျိုးဆက်ကျောင်းအဖွဲ့နှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု့များကို
လေ့လာပြီး ၄င်း တို့၏ သဘောထားအမြင်များအား သက်ဆိုင်ရာသို့ အစီရင်ခံရမည်
ဖြစ်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ
(၃)ရက်နေ့ ညနေ ၅း၃၀ နာရီတွင် မစ္စတာကင်တာနားနှင့်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တို့သည် ကုလသမဂ္ဂ
တိုးတက်ရေးဌာနရုံး(UNDP)တွင် ၂း၀၀နာရီကျော်ခန့် ကြာအောင်တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။
“နောက်ဆုံးကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ဖို့ရယ် ပြည်တွင်းငြိမ်းချမ်းရေး အာမခံချက်ရဖို့ ပြည်တွင်းမှာ
ပြင်ဆင် ပြောင်းလဲရမယ့် ဥပဒေတွေရယ် သတင်း မီဒီယာလွတ်လပ်ခွင့်
ကျောင်းသားသမဂ္ဂ ကိစ္စတွေကို ပြောဖြစ်ခဲ့တယ်” ဟု ကိုမင်းကိုနိုင်မှ ပြောသည်။
အဆိုပါ
တွေဆုံမှု့တွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး အတွက် အာမခံချက်ရရေး၊ ပြည်တွင်း၌ ပြင်ဆင်
ပြောင်းလဲရမည့် ဥပဒေရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် နှင့်
ကျောင်းသားသမဂ္ဂကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများ
ထံမှ သိရှိရသည်။
“မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့
စိုးရိမ်ချက်တွေကို လျှော့ပေါ့ပြီးတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့
လိုပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းရွက်မယ် ဆိုရင် မစ္စတာ
ကင်တာနားရဲ့ထင်မြင်ချက် ယူဆချက်တွေ တင်ပြချက်တွေကအရေး ပါပါတယ်”ဟု မစ္စတာ
ကင်တာနားနှင့် ပတ်သတ်၍ ကိုဋ္ဌေးကြွယ်မှ သူ၏အမြင်ကို ပြောခဲ့သည်။
မစ္စတာ
ကင်တာနားသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်
ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်
ခရီးစဉ်ဖြစ်ကြောင်းသိရှိရသည်။
၈၈မျိုးဆက်ကျောင်သားများနှင့်
မတွေ့ဆုံမှီ မစ္စတာ ကင်တာနားသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ညနေ ၄း၃၀ နာရီ
အချိန်တွင်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အောင်ကိုကိုလတ်၊ ထွန်းနေအောင်(ရွှေမြစ်မခ)
ကင်တာနားနှင့် ၈၈မျိုးဆက်ကျောင်သားတို့ တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
23:14
Rating:
4 comments:
ကိုသစ်ထူးလွင်
လေးစားစွာဖြင့်အကြံပြုပါသည်
လက်ရှိအစိုးရအဖွဲ့ဝင်အားလုံး၏နာမည်များအား (ဦး)တပ်၍မသုံးဘဲ
မူလစစ်တပ်ရာထူးအဆင့်အတိုင်းသုံးစွဲသင့်ပါသည်။
ဥပမာ- ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း) ။ ဗိုလ်ချုပ်ဌေးဦး(ငြိမ်း)
သို့မှသာ စစ်အာဏာရှင်များသာ အုပ်ချုပ်နေသည်ကို မမေ့မည်ဖြစ်ပါသည်။
David Henry ရဲ့ ကွန်မင့်ကို ထောက်ခံ ပါတယ်။ လက်ရှိ ဒီမိုကရေစီ သွားနေ
တယ် ဆိုတဲ့သူများ ဟာ ၉၉% က စစ်ဗိုလ် ပြုတ်တွေ ချည့်ပါ။ဘယ်နေရာကြည့်
ကြည့် အပေါ်ကနေ အောက်ဆုံးအထိ စစ်ဗိုလ်တွေ အယောင်ဆောင်နေကြတာ။
၁၉၈၈ ဖြစ်ကတည်းက ကျောင်းသားတွေ လက်နက်ကိုင် တိုက်ပွဲလုပ်တယ်။
တောထဲ ရောက်နေပြီး ထိပ်ဆုံးမှာ ကွပ်ကဲနေတာ စစ်ဗိုလ်တွေ မှန်းမသိကြဘူး။
ဟိုဟာက တောထဲမှာပါ။ ခု မြို့ပေါ်မှာ အကုန်လုံး စစ်ဗိုလ်တွေချည်း။
ပြည်သူများ နဲ့ နိုင်ငံခြားသားများ ပိုမို အမှတ်ရစေဘို့ နာမည်ရှေ့မှာ ယခင်ရာထူးကို တည့်ပေးပါ။သူတို့ ကိုယ်တိုင်က အလုပ်မှာ ဦးတပ်ခေါ်တာ
မကြိုက်ပါ။ အဘ လို့ခေါ် ဒါမှ မဟုတ် ရာထူးထည့် ခေါ်နေရတာ ထုံးစံပါ။
ဗိုလ်ချုပ်ကြီး ခင်ဗျာ...........ဗိုလ်ချုပ်ခင်ဗျာ...........ဗိုလ်မှူးခင်ဗျာ....သုံးရ
တဲ့အပြင် တိုက်ပုံဝတ်ပြီး သတိ ဆွဲနေရတာ ခုထိ မို့ပါ....
မှန်လိုက်တဲ့ စကား David Henry နဲ့  ဥာဏ်ထက် ရေးတဲ့စာသား ....ပုတ်သင်ညိုအရောင်ပြောင်း အဟောင်းဘ၀ မမေ့စေချင်...မြွေဆိုးတွေအရေခွံလဲ အဆိပ်တွေတမျိုး တိုးလို့ လာဆဲ ...ဘောင်းဘီချွတ်လို့  ပုဆိုးပြောင်း ရင်ထဲမှာက စိတ်ဓါတ်အဟောင်း ....ဘောင်းဘီချွတ်လို့  ပုဆိုးလဲ သူ့ နေရာ ရာထူးနဲ့ သူ ရှိနေတုံးပဲ...အမှန်တိုင်းသာရေးပေးပါ ကိုသစ်ထူးလွင်ရာ....နာမည်ရှေ့မှာဗိုလ်ထည့်ပေး အတိတ်ဆိုးကိုမမေ့ရေး.......""" မြွေဆိုးတွေအရေခွံလဲ အဆိပ်တွေတမျိုး တိုးလို့ လာဆဲ"""
ကောင်းလိုက်တဲ့  comment တွေပဲ . . .
Post a Comment