တာမွေကြီး (ခ)ရပ်ကွက် တွင် မီးငြိမ်းသတ်နေစဉ် တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက် တွင် ယနေ့နံနက် ၉နာရီခန့် ကမီးလောင်ကျွမ်းမှူတစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅ လုံးခန့်ပျက်စီးဆုံးရှူံးခဲ့သည်။ မီးလောင်မှူဖြစ်ပွားသည့် နေရာသို့တာမွေ၊ မင်္ဂလာတောင်ညွန့် ရန်ကင်းစသည့် မြို့နယ်များမှမီးသတ်တပ်ဖွဲ့များလာရောက်ငြိမ်းသတ်လျက်ရှိသည် မီးသတ်အင်အား ၅၀ ခန့်နှင့် ကား အစီးရေ ၂၀ ခန့်လာရောက်ငြိမ်းသတ်ခဲ့ကြ ပြီး ၁ နာရီနီးပါမျှ အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်သည့်နေရာအနီး တစ်ဝိုက်တွင် တိုက်တာ အများအပြားရှိသော်လဲ လောင်ကျွမ်းသည့် ဧ၇ိယာတစ် ၀ိုက်မှာ ပြုပြင်ထိန်းသိမ်းခြင်းမရှိသည့် ပျဉ်ထောင်အိမ်များဖြစ်ပြီး နောက်ဖေးလမ်းကြားများတွင်ရှိနေခြင်းကြောင့်လမ်းမကြီးပေါ်မှ သာငြိမ်းသတ်ခဲ့ရသည်။ စတင်လောင်ကျွမ်းမှူနှင့် ပျက်စီးဆုံးရှူံးမှူအခြေအနေအသေးစိတ်ကို မသိရှိရသေးပဲ လက်ရှိတွင် ယင်းနေရာတစ်ဝိုက်ရာ မီးသတ်တပ်ဖွဲ့မှစောင့်ကြည့်လျက်ရှိသည်။ အဆိုပါနေရာမှာ တာမွေပလာဇာ နှင့် ရွှေဗဟိုရုပ်ရှင်ရုံအနောက်ဘက်ခြမ်းတွင်ရှိပြီး ယင်းအိမ်ခြေမျာလောင်ကျွမ်းမှူကြောင့် အနီးတစ်ဝိုက်ရှိတိုက်နံရံများမီးစွဲလောင်ခဲ့သည်။ 7Day News Journal
2 comments:
မီးလောင်တဲ့သတင်းတွေကြားရတာကြောက်စရာပါပဲ။
နွေရာသီရောက်လာပြီ။ မီးကို အထူးသတိပြုရမယ်။
လောစာဆီတွေ ရေသန့်ဗူးတွေနဲ့ထည့်ပြီး လမ်းဘေးဝဲယာ မြို့တွင်းမှာ အနှံ့အပြားရောင်းချနေတာတွေ မရှိသင့်ဘူးထင်ရဲ့။
အင်မတန်ကြောက်စရာကောင်းပါတယ်။
တာမွေမီးသတ်ခွဲဧ၊်ရှေ.ကရပ်ကွက်ဖြစ်ပါသည်။ရပ်ကွက်သူရပ်ကွက်သားများပြော ကြားချုက်အရ ”မီးသတ်ကားများသည် ချက်ချင်းမရောက်လာနိုင်ကြပါ။ ၁၅ မိနစ်လောက်ကြာမှ ရောက်လာကြပါသည်” ဟုပြောကြသည်။
Post a Comment