ကျပ်သန်းပေါင်းများစွာကုန်ပြီးအလုပ်မဖြစ်တဲ့ ဆည်မြောင်းစီမံကိန်းများရပ်ဆိုင်းထားမည်

 မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရပ်တန့်ထားရန် လွှတ်တော်မှ သဘောတူ 

မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည်စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိခြင်းကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရပ်တန့်ထားရန် ပြည်သူ့လွှတ်တော်မှ သဘာတူကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအပေါ် မူတည်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရယူကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တင်ပြလာတဲ့ အချက်တွေအရ မြစ်ရေတင်စီမံကိန်း ၆၇ ခုရဲ့ မူလလျာထား အကျိုးပြုဧကမှာ ၂၉၉၈၉၅ ဧက ဖြစ်ပြီး အမှန်ရေပေးဝေနိုင်တဲ့ ဧကမှာ ၄၈၈၃၃ ဧကဖြစ်တဲ့အတွက် စီမံကိန်းလျာထားချက်အပေါ် ၁၆.၃၀ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ပါတယ်။ ဒီစီမံကိန်း ၆၇ ခုရဲ့ စုစုပေါင်းကုန်ကျငွေမှာ မြန်မာကျပ်ငွေ  ၃၇၅၉၃.၃၁၅ သန်း၊ အမေရိကန်ဒေါ်လာ ၂၀.၆၄ သန်း၊ ယူရို ၂.၅၃ သန်းနဲ့ အာအမ်ဘီ ၅.၅၅ သန်း ကုန်ကျခဲ့ပါတယ်။ လုံးဝ ရေမပေးနိုင်သော မြစ်ရေတင်လုပ်ငန်း ၅ ခု ရှိပါတယ်။ နိုင်ငံတကာ ဆည်မြောင်းစီမံကိန်းများ ရေးဆွဲရာတွင် စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိကို သုံးသပ်စိစစ် တွက်ချက်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေကိုက်မှုရှိ၊ မရှိ စိစစ်ခြင်း စသည်တို့ကို လုပ်ဆောင်လေ့ ရှိသော်လည်း ယခုမြစ်ရေတင်စီမံကိန်များတွင် ထိုကဲ့သို့ တွက်ချက်ထားမှုများ မရှိကြောင်း တွေ့ရှိရပါတယ်။ မြစ်ရေတင် စီမံကိန်းများကို ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း လျှပ်စစ်မီး အပြည့်အ၀မရှိခြင်း၊ မြောင်းများ ပြုပြင်ဖောက်လုပ်ရန် လိုအပ်ခြင်း၊ ရေတင်ပန့်များ တပ်ဆင်ရန်လိုအပ်ခြင်း၊ ဒီဇယ်ဆီသုံး လျှပ်စစ်မြစ်ရေတင် စနစ်များ ဖြစ်၍ ကုန်ကျစရိတ်များခြင်းတို့ကြောင့် စနစ်တကျ ရေပေးဝေနိုင်မှု မရှိခဲ့ပါ။ ထို့ကြောင့် မြစ်ရေတင်စီမံကိန်းများကို ထပ်မံ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲလုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် အချိန်ယူ ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း စွမ်းရည်တိုးမြှင့်စေရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု အစီအရင်ခံစာ တင်သွင်းခဲ့သည်။ ဆက်လက်၍ ၎င်းက '' . . . ရေလှောင်တမံရေလွှဲဆည် ၆၄ ခုသည် စိုက်ပျိုးရေ လုံးဝမပေးနိုင်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ရေလှောင်တမံ ရေလွှဲဆည်များကို ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြီးသော်လည်း ဆည်ရေသောက်စနစ်များ မပြီးသေးသဖြင့် လေးနှစ်မှ ၁၀ နှစ်အထိကြာသည့်တိုင် ရေပေးဝေနိုင်ခြင်း မရှိသေးသည်မှာ မဖြစ်သင့်ကြောင်း သုံးသပ်ရပါတယ်။ ထို့ကြောင့် ရေလှောင်တမံ၊ ရေလွှဲဆည်များ အသစ်တည်ဆောက်ခြင်းကို ရပ်တန့်ထားသင့်ပါတယ်'' ဟု တင်ပြခဲ့သည်။ အဆိုပါ ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောတူညီချက် ရယူခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲဝင်းက ''ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ သုံးသပ်ချက်များဟာ အသေးစိတ်ကျပြီး စေ့စပ်သေချာစွာ လေ့လာထားတာဖြစ်တဲ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ မအောင်မြင်တဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ် တင်ပြထားတာတွေ့ရလို့ ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပေါ်လစီအမှားတချို့ကို ပြုပြင်နိုင်ဖို့အတွက် လမ်းစပွင့်ပြီလို့ ယူဆပါတယ်'' ဟု ထောက်ခံပြောကြားခဲ့သည်။ ထိုအခါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ သ၀ဏ်လွှာ မူကြမ်းရေးကာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
ကျပ်သန်းပေါင်းများစွာကုန်ပြီးအလုပ်မဖြစ်တဲ့ ဆည်မြောင်းစီမံကိန်းများရပ်ဆိုင်းထားမည် ကျပ်သန်းပေါင်းများစွာကုန်ပြီးအလုပ်မဖြစ်တဲ့ ဆည်မြောင်းစီမံကိန်းများရပ်ဆိုင်းထားမည် Reviewed by သစ်ထူးလွင် on 16:57 Rating: 5

27 comments:

ရာရာ said...

နဂိုကတည်းကမှ စောက်ရူးသန်းရွှေရဲ့ စောက်အဓိပါယ်မရှိတဲ့ ယတြာအလုပ်တွေ ရပ်တန်းကရပ်သင့်တာကြာပေါ့...ဒုက္ခရောက်လိုက်တဲ့ပြည်သူတွေ..ရေ၀ပ်ဧရိယာမှာရှိတဲ့ရွာတွေ ရွှေ့ကြရ...ဟိုပြေးရဒီပြေးရ...ပြည်သူ့ငွေတွေလည်း အလဟသဖြစ်...ခွေးကြီး..တဘို့တည်းကြည့်တဲ့ ကိုနေကိုတိုးကြီး..(ကောမက်ဖတ်သူများကို ကန်တော့ပါရဲ့ဗျာ..စိတ်တိုလွန်းလို့ပါ)

Anonymous said...

တကယ်အလုပ်လုပ်နေကြတာပဲ

Android Myanmar said...

ဆောက်လိုက်တဲ့ ဆည် မိုးတွင်းဆို ရေလျှံပြီး ဆည်ပြိုမှာစိုးလို့ ရေဖောက်ချရ၊ လယ်တွေရေမြှုပ်။ နွေဆိုရင် အတင်းအကျပ် စပါးစိုက်ခိုင်းပြီး ရေကိုမလွှတ်ပေးဘူး၊ ပိုက်ဆံပေးမှ ရေလွှတ်ပေးတယ်။ စာထဲမှာရေးတော့ တောင်သူလယ်သမားဦးကြီးများတဲ့၊ အပြင်မှာတော့ ငါတို့ရဲ့ ဦးကြီးတွေကို လူလို မဆက်ဆံချင်ဘူး။ ခွေးဓားပြ သန်းရွှေရဲ့ အလုပ်တွေ ရပ်တန်းက ရပ်ရင်ကောင်းတာပေါ့။ ဒါတောင် သန်းရွှေ နောက်လိုက်တွေ သန်းရွှေလို ခွေးစိတ် မမွေးရင် ကောင်းမယ်။

kuro kosan said...

ဆည်မြောင်းအဖွဲ့တွေ စားပေါက်ပိတ်ပြီဆိုတော့...စင်တင်တေးဂီတတွေတော့နာပြီ...အလကားရတဲ့ငွေတွေကို စင်တင်တွေမှာ သုံးနေကြတာ...နှစ်ပေါက်နေပေါ့...

phyoe ko lay said...

အာ...... ခုမှ ရပ်ခိုင်းတယ်ဟုတ်စ.......... အညာက ငါ့အမေရဲ့လယ်တော့ ကုန်ပြီ ပါသွားပြီ........ ဘာလျှော်ကြေးမှ ရပါဘူးဗျာ.....

naingwinlwin said...

တော်တော်တောင်အချိန်နောက်ကျနေသေးတယ်၊ လည်/ဆည်ဝန်ကြီးဌာနရဲ့ဘတ်ဂျက်၇၀ရာခိုင်နှုန်းကျော်ကျော်ကို ဆည်မြောင်းတွေပဲဖြုန်းနေကြတာ၊ ၀န်ကြီးအဆက်ဆက်ပေါ့၊ သူတို့ကလည်းတရားဥပဒေအရမငြိအောင်ယူတတ်တယ်ဗျ၊ ဆည်မြောင်းတွေကတည်ဆောက်ရေးပဲလုပ်ချင်ကြတာ၊ထိန်းသိမ်းရေးကိုတာဝန်ယူဖို့ဆိုရင် ငွေကိုပုံပေးပြီးအမိန့်စာ(order)ထွက်ပြီးတာတောင် နောက်ဆက်တွဲအမိန့်စာနဲ့ လိုချင်တာကိုဖြစ်အောင်လုပ်နေကြတာ၊ င၀ိုင်း မပေးနိုင်တဲ့သူကတော့ သွားပေါ့ထိန်းသိမ်းရေး၊
ဒါတွေအားလုံးကခေါင်ကမလုံလို့ဖြစ်နေခဲ့ရတာဆိုတာ လက်ရှိလူကြီးတွေအားလုံးသတိကပ်ပြီး ပြည်သူနဲ့တိုင်းပြည်အတွက်
ပြတ်ပြတ်သားသားအရေးယူနိုင်အောင်စီမံခန့်ခွဲကြစေလိုပါသည်၊ပြည်သူတွေ
အတွက်စေတနာမှန်ရင် မဟုတ်တာလုပ်တဲ့ လူမျိုးအတန်းအစားမရွေး(ကိုယ့်သားသမီးဖြစ်ပါစေ)ပြတ်ပြတ်သားသား
အရေးယူလိုက်ပါ၊နတ်လူသာဓုခေါ်ကြမှာပါ၊
ကျုပ်တို့ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ပြီး မသမာမှုမှန်သမျှကို ကူညီတိုက်ဖျက်၊ တတ်သိပညာရှင်ပေါင်းစုံကလည်း weak point အနည်းဆုံးဖြစ်တဲ့ စီမံခန့်ခွဲမှုစနစ်တွေဖော်ဆောင် လူမျိုး၊လူအတန်းအစား၊အလွှာ အားလုံးညီညီညွတ်ညွတ် ဆောင်ရွက်လုပ်ကိုင်ကြရင် ....
ကျုပ်တို့ မြန်မာပြည် တကယ့်ရွှေမြန်မာပြည်ဖြစ်မှာအမှန်ပါ
နိုင်ဝင်းလွင်

GURU MYO said...

မိတ်ဆွေတို.၊

ဝန်ကြီးမြင့်လှိုင်နဲ.ညွှန်ချုပ်ကျော်မြင့်လှိုင်တို.

ဆည်မဆောက်ရတော့ပေမဲ့

မြောင်းတွေဆောက်လို.ရနေပါသေးတယ်။

ရှေ.နှစ်ဘတ်ဂျက်မှာ ရေကြီးတာတွေကို အကြောင်းပြပြီး

မြောင်းတွေ အဆောက်ပြကာ

လူထုပိုက်ဆံတွေကို အိတ်ထဲထည်.ဖို.

အသေအချာ ကြံစည် ထားပြီးပါပြီ။

လွှတ်တော်ကိုယ်စားလှယ်ကြီးများ သူတို.တင်တဲ့ ဘတ်ဂျက်ကို

သေသေချာချာ စစ်ကြည့်ကြပါခင်ဗျား။

သူတို.လုပ်ပုံတွေအသေးစိတ်သိချင်ရင် ဒီမိုဝေယံ မှာ

အသေးစိတ် ကြည့်နိုင်ပါတယ်၊

http://www.demowaiyan.co.cc/2012/01/blog-post.html

GURU MYO said...

ဟုတ်တယ်ဗျာ လမ်းဖောက်၊ တံတားဆောက်တာတွေက သတင်းအဖြစ် တင်ပြတာလောက်ဆိုတော်ပါပြီ၊ ခုတော့ ရေးကြီးခွင်ကျယ်လုပ်လွန်းတယ် ထင်တာပဲ၊ အဲဒါ အစိုးရတိုင်းလုပ်ရမယ့် အလုပ်တွေပါ၊ Budget ရှိရင်ဆောက်လို့ရတာဘာထူးဆန်းလဲ၊ သူတို့အိပ်ကဒ်ထဲက ကိုယ်ပိုင်ပိုက်ဆံနဲ့စိုက်ထုတ်ပီး ဆောက်ပေးသယောင်ယောင်နဲ့ ပြောနေကျတာ၊ အဲဒါ ပြည်သူအများရဲ့ ပိုက်ဆံတွေဆိုတာ မမေ့ဖို့လိုတယ်၊ အရေးကြီးတာက ဥပမာ-ဆည်တစ်ခုဆောက်မယ်ဆိုရင် အဲဒီဆည်က ဆည်ရေသောက်ဧက ဘယ်လောက်ထိ အကျိုးပြုလဲ၊ အဲဒီဒေသအတွက် တကယ်ကောလိုအပ်သလား၊ တခြားအရေးပါတယ့် Urgent Need တွေဘာတွေရှိသေးလဲ၊ လာမယ့်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မသိနိုင်သေးပေမယ့် ရေရှည်မှာဘယ်လို ဆိုးကျိုးတွေ(long term impact)ရှိနိုင်သလဲဆိုတာ တွက်ထားဖို့(Risk Analysis)ဆိုတာ လိုတယ်၊ ကမ်ဘာ့သမိုင်းမှာ မလိုအပ်ပဲ ဆည်တွေဆောက်မိလို့ မြို့တွေ၊ ရွာတွေအပြင် ယဉ်ကျေးမှုတွေပါ ပျက်သုန်းသွားဖူးတယ်၊ နာက်ပီး မြန်မာပြည်မှာဆောက်တဲ့ဆည်အားလုံးနီးပါးဟာ မြေသားတမံတွေချည်းပဲ၊
ဆောက်တဲ့ အမြင့်ဆုံးနည်းပညာကလည်း တရုတ်ဆီကရတာ၊ ကဲ စဉ်းစားသာ ကြည့်ပေတော့၊ ဘယ်လောက် အန်တရာယ်များလဲ၊ ဒါကြောင့် မိုးကျပီဟေ့ဆိုရင် ဆည်အောက်ကရွာတွေ မျက်ခုံးလှုပ်နေကြပီ၊ ဒီကြားထဲ ပေးတဲ့ Budget ရဲ့ ၄-ပုံ၊ ၁-ပုံလောက်ပဲ ဆည်တည်ဆောက်ရတာဆိုတော့ ကဲ စဉ်းစားတာကြည့်ကြတော့ အရပ်ကတို့ရေလို့ ပြောချင်တော့တယ်၊ နောက်ပီး လက်ရှိဆောက်ပီး ဆည်တွေရဲ့ Cost & Benefit တွေတွက်ဖို့တင်တဲ့ Research Proposal တွေဆိုရင် ကြီးကြီးပိုင်းတွေက နှာခေါင်းရှုံ့ချင်ကြတယ်၊ ဆည်မြောင်းက ပုဂိုလ်တွေကလည်း ပါးနပ်လွန်းတော့ စာရင်းစစ်ကအစ အရာရှိကြီးများအပါအ၀င် အရာရှိသေးများပါ မကျန် အားလုံးပါးစပ်ပိတ်အောင် ခွံ့ပေးထားတယ်လေ၊ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ လုပ်နိုင်တာက ဘယ်ဝန်ကြီးလက်ထက်၊ ဘယ်ညွှန်/ချုပ်လက်ထက်၊ ဘယ်ညွှန်မှုး၊ တည်ဆောက်ရေး နံပါတ်ဘယ်လောက်က ဘယ်နှစ်ခုနှစ်မှာ တည်ဆောက်ခဲ့တာလဲ တိတိကျကျ မှသားထားဖို့ လိုပီ

GURU MYO said...

ဘယ်သူတွေဘယ်လောက်ပြောပါစေ
အဓိက ကိုထိရောက်အောင်မလုပ်နိုင်သေး သည့်အချိန်မရောက်မချင်း
လက်ရှိအတိုင်းဆက်လက်ခံစားနေကြရအုံးမှာဘဲမဟုတလား
သူငယ်ချင်းတို့

ဆည်မြောင်းမှာလည်း ညွှန်ကြားရေးမှူးချုပ် ကျော်မြင့်လှိုင်ဆိုတဲ့ လူကြီးနှိပ်စက်နေတာကို
ဝန်ထမ်းအားလုံး မျက်စိမှိတ် လည်စင်းခံစားပေးနေတာကြတာ ကြာလှပါပြီ
(သူ့အကြိုက်မလိုက် လူမိုက်ဖြစ်ကြမှာကို)
ဌာနကြီးတော့ ဘယ်လိုကောင်းလဲမသိဘူးဗျ သူတော့တော်တော်ကောင်းစားနေပြီ
အော်မေးစရာလေးကျန်နေလို့
တက်လာသမျှဝန်ကြီးတိုင်းကို အဖေခေါ်ပြီး ၀န်ကြီးစိတ်ကြိုက်လိုက်လုပ်နေတာ အလုပ်လား
ဆည်မြောင်းလုပ်ငန်းတွေတိုးတက်အောင်လုပ်တာအလုပ်လား
သိရင်ဖြေစေချင်ကြပါတယ်ဗျ
ပြည်ခိုင်ဖြိုး အသင်းဝင်ဟောင်းတဦး

GURU MYO said...

အရင်မသိခဲ့ဖူးတဲ့ မြင့်မိုရ်ဂုဏ်ရည် ကုမ်ပဏီ အကြောင်းသိရလို့ ကျေးဇူးတင်ပါတယ်။
အရင်က စိတ်မ၀င်စားခဲ့ပေမယ့် အခုတော့ ဆက်ပြီး အသေးစိတ် စုံစမ်းပါအုံးမယ်။
ဆမက ပြည်သူ့ငွေတွေနဲ့ ကျပ်သိန်း ၁၅၀၀၀ တန် အိမ်ဆိုတာကတော့ ဟုတ်ပါ့မလား။

ဝန်ကြီးအတွက် သိန်း ၂၀၀ တန် အဲယားကွန်းတွေ တပ်ထားတဲ့ ခွေးအိမ်တော့ ဆောက်ပြီးသွားပြီလို့
လုပ်သားတွေထံက ခိုင်မာတဲ့ သတင်း ရထားပါတယ်။ နေရာ၊ ပါဝင်သူတွေ နဲ့ ငွေကိစ်စ တွေ ကို ဆက်စုံစမ်းဆဲပါ။
ဆမညွှန်ချုပ်ဟာ သိပ်ချမ်းသာနေတာသိရလို့ သူ့စီးပွားရေးအတွက် ထည့် အကြံပေးမနေပါနဲ့။
ဆည်တွေကြံခိုင်ဖို့ အကြံပေးတာ ကောင်းပါတယ်။
လူလည်း ကြံခိုင်ပါစေလို့ ထပ်ဆင့် ဆုတောင်းပါတယ်။

တာဝန်ကျ စစစ ၀န်ထမ်းတစ်ဦး

GURU MYO said...

အထက်က ပြည်ခိုင်ဖြိုးဝန်ထမ်းတစ်ဦး ပြောထားခဲ့တဲ့ ဆည်မြောင်းက ညွှန်ချုပ် ကိစ်စ မေးထားတာ ဖြေပါရစေ။
တက်လာသမျှ ၀န်ကြီးတိုင်းကို အဖေခေါ်ပြီး ၀န်ကြီးအကြိုက် လိုက်လုပ်တာ အလုပ်မဟုတ်ပါ။ ဖားပြီး ပထွေး တော်ချင်တာသာ ဖြစ်ပါတယ်။
ဆည်မြောင်းလုပ်ငန်းတွေ တိုးတက်မှုကတော့ ပဆင နောက်မှာ အများကြီး ပြတ်ကျန်ခဲ့ပါပြီ။
နှစ်ဆန်းတုန်းက 2008 ကစဆောက်တဲ့ ပခုက်ကူ တံတားရဲ့ ဖွင့်ပွဲဟာ ခန်းနားသလောက်
2003 ကတည်းက စဆောက်ခဲ့တဲ့ ကညင်ဆည်ဖွင့်ပွဲကတော့ ကျီးနဲ့ ဖုတ်ဖုတ် ဆိုတာ တီဗီမှာ သတိထားမိပါတယ်။ 2.1.2012 သတင်းစာတွေမှာ ရှာကြည့်ပါ။

အော် ဒါနဲ့ သူငယ်ချင်း အသင်းဝင်ခဲ့ဖူးတာ ကျုပ်လို အစိုးရအလုပ် လွယ်လွယ်ရဖို့ ၀င်တာနဲ့ တူပါတယ်။
ရည်ရွယ်ချက် ကကောင်းတော့ ခုလို အသင်းအပေါ် အမြင်ကပ်လာတော့ ရင်ဝ ဆောင့်ကန်ကြတာပေါ့။
ဗမာစတိုင်လေ။

ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းတစ်ဦး

GURU MYO said...

မိမိကိုမိမိ လူနဲ့ရင်းပြီး ရာထူးတက်လာသူအဖို့တော့
ဒါတွေက အလွန်ကို လုပ်စားရမည့် ခွင်ကောင်း၊
နေရာကောင်းဖြစ်နေပါသည်။
မြန်မာ့စိုက်ပျိုးရေး စီမံရေးရာဌာနခွဲမှာက အစဉ်
အဆက်ကတည်းက နေစားအဆင့်ဝန်ထမ်း
(ဘွဲ့ရ မဟုတ်သော ၀န်ထမ်းများပင်လျှင်)
နေရာ ကောင်းရင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဆိုင်ကယ်၊
ကိုယ်ပိုင်ဟန်းဖုန်း များကို ဟန်ပါပါ၊ မာန်ပါပါ
ကိုင်တွယ် သုံးစွဲနေကြသူ များဖြစ်ပါသည်။
ဒီလို နေရာမျိုးမှာ ပညာရှင်တစ်ယောက်ဖြစ်ပြီး
မည်သည့်နယ်၊ မည်သည့်ဒေသကိုမျှ တစ်ခေါက်မျှ
မရောက်ရဘဲ ဘက်တူလျှင်ပြိုင်ဘက်ကင်းအောင်
လူကြီးအဆင့်များကို ခေါင်းငုံ့ဖင်ကုန်း ပေးတတ်
သူများကတော့ (ဒုအထွေထွေမန်နေဂျာ) ရာထူးတက်
မြန်နေစမြဲပါ။ အထက်လူကြီးတွေအတွက်ကလည်း
ဒါမှ အာသီသ ပြေမှာပါ။ ဒါပေမယ့် ဒီဟာကြီးက
ခေါင်းငုံ့ဖင်ကုန်းရများလွန်းတော့လည်း ခေါင်းဦးရေ
တွေ တွန့်နေသလို ဖင်မှာလည်း ဟိုဒင်းအရာတွေ
ပြည့်နေပါပြီ။ ၀ိုင်းစုခိုင်သိန်း သီချင်းဆိုထားသလို
မက်လောက်စရာ တစ်ကွက်မှမရှိတော့ပါဘူး။

ရုံးချုပ်က လူကြီးတွေကြားထဲမှာ ခေါင်းငုံ့ဖင်ကုန်းပြီး
ဟန်ရေးပြနေတာတွေကိုပဲ အလုပ်ထူးချွန်တယ်။
တော်တယ်လို့ မြင်နေတတ်တဲ့ လူကြီးမင်းများ
ခင်ဗျာ (နယ်ရုံးတွေမှာ- ဝေးလံခေါင်းပါးဒေသတွေမှာ
အဲဒီလူတွေကို အလှည့်ကျ လွှတ်ပေးလိုက်ပါ) ဒါမှသာ
ရာထူးတိုး၊ နေရာပေးရတာ သင့်တော်မှန်ကန်ပါမယ်။
သူများ ၀န်ကြီးဌာနတွေမှာကတော့ ရပေါက် (စားပေါက်၊
ငွေဝင်ပေါက်)ရှိသည့် နေရာများ(နယ်ရုံး များကို)
ဝန်ထမ်းမျာ အလှည့်ကျ သွားရောက်တာဝန်
ထမ်းဆောင်ရပါသည်။ မြန်/စိုက် မှာကတော့
ဒီလူကြီး ကို အိတ်ထဲထည့်မိတာနဲ့ ဒီလူကြီး
ပင်စင်မယူမချင်း တော့ ဒီနေရာကောင်းကို
ဘယ်သူမှ ဖယ်မပေး တော့ပါဘူး။

ခေတ်အဆက်ဆက် အကျင့်ပျက်ခြစားမှုများ---
- လယ်/ဆည် ၀န်ကြီး။( အထူးအားဖြင့်
Company ကိစ္စရပ်များ )
- လယ်/ဆည် ရုံးမှူးကြီး။ (
အထွေထွေ စာရင်း ပျောက် - အင်းပျောက်။
အကြံအဖန်များ )
- စိုက်/စီ ညွှန်ချုပ်။(နိုင်ငံရပ်ခြား ကိစ္စရပ်များ၊
ပညာတော်သင် ထွက်ခွါကိစ္စရပ်များ )
- မြန်/စိုက် ဦး/ညွှန်မှူး။(
လုပ်ငန်းခွင့်ပြုမိန့်များနှင့် ရာထူးတိုး၊ နေရာကောင်းပြောင်း၊
တင်ဒါ၊ လေလံ၊ အပျောက်ရိုက်ခွင်များ၊ စီမံခန့်ခွဲ ရေး
ဌာနခွဲအကူအညီရယူလျက် ငွေကြေးအလုံး အရင်း
သုံးစွဲခြင်းကိစ္စရပ်များ )
- ဆ/မ ညွှန်ချုပ် ( ငွေကြေးဖန်တီးရယူမှု
အများ ဆုံးနှင့် အသံတိတ်ကြိုးပမ်းမှုများ နောက်ကွယ်မှ
ပြည်သူ့ဘဏ္ဍာနှင့် ပြည်သူများကို ဒုက္ခပေးနေ သော
ငရဲအိုးကြီးသဏ္ဍာန်)

GURU MYO said...

သမ္မတကြီးနှင့် ပြည်ထောင်စုလွှတ်တော်
ဥက္ကဌ၊ ပြည့်သူ့လွှတ်တော် ဥက္ကဌ၊
အမျိုးသားလွှတ်တော် ဥက္ကဌ များဆီိကို
ဒီစာတွေအားလုံး မိတ္တူကူးပြီး ပို့သင့်ပြီး
တိုင်ကြားသင့်နေပါပြီ။

သူတို့လည်း ကြားသိပြီးဖြစ်မှာပါ။ ဒီလောက်
အဖက်ဖက်က အကြံပေးတွေ အများကြီးခန့်အပ်
နေရာပေးထားတာ။ ခက်တာက သမ္မတ အကြံပေး (စိုက်ပျိုးရေးဆိုင်ရာ)ကလည်း ဒီပုတ်ကြီးထဲက ဒီပဲပုပ်(ပုပ်သိုးနေသောပဲတစ်မျိုး) ဖြစ်နေတာပါပဲ။
လယ်/ဆည်ကို လာပြီးတော့ မင်းတို့ငါ့ကို ဘယ်မှာ
ဘာနဲ့ဧည်ခံမှာလဲ။ ဘယ်ဆိုင်မှာလဲ။ ဘာပါသလဲ။
ဘယ်လောက်ကျွေးမှာလဲ။ ငါ့ကို ဘယ်ကားစီစဉ်ပေး၊
ဘယ်လူတွေကို ငါနဲ့ထည့်ပေး(အားလုံး အပျို /
တစ်ခုလပ် မတမ်းလေးတွေ)ဆိုတာတွေကိုသာ
အမြဲတမ်း တောင့်တနေသော၊ လိုချင်နေသော
ဒေ၀ဒတ် အကြံပေးကြီးပါ။ သမ္မတကြီးက ဘယ်လိုမှာတာ။
သမ္မတကြီး ကိုယ်ရေးအရာရှိကို ငါက
ဘယ်လိုပြောလိုက်တာဆိုပြီး လူစွာဟစ်ပြရုံကလွဲလို့
သူ့ကြောင့် ကောင်းသော အပြောင်းအလဲ တစ်ခုမှ
မရှိသေးတာကတော့ (စိုက်ပျိုးရေးဆိုင်ရာ အကြံ ပေးကြီး
ဘာတွေများ အကြံပေး နိန်ကီး နေပါသလဲ)
အခြားအကြံပေးတွေကတော့ မျှော်မှန်းမထားတဲ့
အကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်
ခဲ့သလို၊ ရေလုပ်ငန်း၊ ငါးလုပ်ငန်း တွေကိုလည်း
ဒီထက်ပိုပြီး ပုဂ္ဂလိကအခန်းကဏ္ဍလုပ်ပိုင်ခွင့် ပိုမိုရရှိ
စေဖို့ ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့နယ်ရုံးတွေမှာကအင်တာနက်၊
အီးမေလ်အသုံးပြုရတာ မလွယ်ကူပါ၊ ရုံးချုပ်မှ
သူငယ်ချင်းတွေ ပြောပြမှသာ သိရ၊မြင်ရ ၊
တွေ့ရ တာပါ၊ အခုတလော သိရသည့်
သတင်းများအရ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၏
စီမံရေးရာကဏ္ဍမှ အကျင့်ပျက်ခြစားမှုများ ကို
လွှတ်တော်အမတ်တစ်ဦးမှ ထိထိရောက်ရောက်
မေးမြန်းလိုက်သည်ကို တွေ့ရှိရပါသည်။ စီမံရေးရာမှ
ဝန်ထမ်းများခန့်အပ်ရာတွင် လာဘ်စားမှုများ။
ဘက်လိုက်မှုများ၊ အကျင့်ပျက်ခြစားမှုများ ရှိသည်ကို
တွေ့နေရပြီး၊ ၀န်ထမ်းရာထူးတိုးနှင့် ၀န်ထမ်း
လုပ်သက်ရေတွက်ပုံမှာလည်း သိတဲ့သူကိုတစ်မျိုး၊
နားမလည်တဲ့ နယ်က၀န်ထမ်းတွေကိုတစ်မျိုး



မူ(၂)မျိုးရှိတဲ့ စီမံ၏ကွာဟချက်တွေကို လွှတ်တော်
အမတ်တစ်ဦးမှ အချက်ကျကျမေးမြန်းထားသည်ကို
သိရှိရပါသည်။ အလွန်ကောင်းပါသည်၊

GURU MYO said...

ဆည်မြောင်းမှာ ၀န်ကြီး လယ်၊ အိမ် ၀ိုင်းလုပ်ပေးနေသူများ နိုင်ငံခြားသွားရခြင်း၊ ရာထူးကျော် တိုးပေးရန်
အမည်စာရင်းပေးခံရခြင်းများ ရှိနေပါသည်။ ပုတ်ကိုယ်ရေး မထိခိုက်လိုသဖြင့် အချက်အလက်များ ရှိထား သော်လည်း
ယခု မပြောသေးပါ။
ပင်ပင်ပန်းပန်း လူမသိသူမသိ ရိုးသားစွာ အလုပ်လုပ်နေသူများ အတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိပါ။
ဆည်မြောင်း ညွှန်ချုပ်၏ တရားလက်လွတ် အအော်အငေါက် အစဉ်ခံနေရပါသည်။ လွန်စွာ အသည်းနာလှပါသည်။
ဝန်ကြီးနှင့် ဆက်စပ်လျက်ရှိသဖြင့် တိုင်စာ အဖြစ် အားလုံးသိရှိနိုင်ရန် မျှဝေခံစားပေးကြရန် မှတ်တမ်း
အဖြစ် တိုင်ကြားအပ်ပါသည်။

GURU MYO said...

မှန်ကန်တိကျ တဲ့ ကွန်မင့်တွေပါ။ အထူးသဖြင့် မြန်မာ့စိုက်ပျိုး နဲ့ ဆည်မြောင်း ဌာန များအတွက် သိပ်ကို
မှန်ပါတယ်။

ပြည်ပ နိုင်ငံမှာ မြန်မာပြည်ကို ဆင်းရဲ လို့ ခွဲတမ်းနဲ့ ပေးတဲ့ ပညာသင် ဆိုတာကိုပဲ မျှော်ပြီး လင်တကွဲ သားတကွဲ တက်နေရတာက ပျော်လို့ အခွင့်ရေးရလို့ တက်နေကြတာ မဟုတ်ကြပါဘူး။ ရင်းနှီး ပေးဆပ်မှူ
များစွာနဲ့ပါ။ ဘွဲ့လွန် ရပြီး ပြန်လာလဲ ရာထူး အခွင့်လမ်းက မတိုးတက်ပါဘူး။ ဝန်ကြီးဌာန တစ်ခုတည်းမှာပဲ
ဆည်မြောင်းနဲ့ စိုက်ပျိုး ရာထူး အဆင့် ယူထားကြတာ ကွာပါတယ်။ (အင်ဂျင်နီယာ တွေ ဆိုတော့ ခေတ်မှီ ဖွ့ဖြိုး တိုးတက်သော စက်မှူ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေတာ ဆိုတော့ နေရာ ကောင်းကောင်း ပေး၇တာပေါ့)။

ပြည်ပ ပညာသင်ဆိုတိုင်း အထင်မကြီးကြပါနဲ့ ဂျပန်က တစ်လ ယန်း ၁၈ သိန်း (ဒေါ်လာ ၁၈၀၀)နဲ့ တက်နေချိန်မှာ ထိုင်းလို နိုင်ငံမှာ ဘတ် ၇ ထောင် (ဒေါ်လာ ၂၀၀) နဲ့ ချို့တဲ့စွာ တက်နေကြတာ ဒုနဲ့ ဒေး။
ဂျပန်ပြန်တွေက ဘဝ တိုးတက်ရေးအတွက် လိုအပ်သလို လုပ်သွားကြတာ။ ဟိုဌာန ဒီဌာန ပြောင်းတာ။ ၂ နစ်အတွင်း နောက်တစ်ခေါက် ပြန်မထွက်ရ ဆိုတာတွေ ကျော်လွားနိုင်တာ။ အို စုံလို့ ပါ။

ကျုပ်တို့လဲ သူများ မကောင်း ပြောနေမဲ့ အစား ဘာခိုးလို့ ရမလဲ စိစစ်ကြရအောင် မဟုတ်ရင် (မခိုးနိုင်ရင် ငွေ မရှိတော့ မျက်နှာငယ်မယ်လေ)။ ဥပမာ ဖုန်းဆက်စရာ ရှိရင် ရုံးဖုန်းနဲ့ ဆက် နောက်ဆုံး ခိုးစရာ မရှိရင် အချိန်ကို ပဲ ခိုးကြရမှာပဲ။ ခိုးတယ် ပြောတော့ ရိုင်းတာပေါ့။ အချိန်ကို အကျိုးရှိစွာ ကိုယ်ကျိုးအတွက် အသုံးချရမယ် ဆိုရင်တော့ ယဉ်ကျေးသလို ဖြစ်မယ်။
အခု လည်ပတ်နေတဲ့ ယန္တယားကြီးထဲကို ပျော်ရွှင်စွာ စီးမျော နိုင်အောင် ကျိုးစားကြပါစို့။ (အဲဒီ ယန္တယားကြီးက တော့ ပြောင်းမှာ မဟုတ်တာ သေချာလို့ပါ။

GURU MYO said...

ဝန်ကြီးအတွက် သိန်း ၂၀၀ တန် အဲယားကွန်းတွေ တပ်ထားတဲ့ ခွေးအိမ်တော့ ဆောက်ပြီးသွားပြီလို့
လုပ်သားတွေထံက ခိုင်မာတဲ့ သတင်း ရထားပါတယ်။ နေရာ၊ ပါဝင်သူတွေ နဲ့ ငွေကိစ်စ တွေ ကို ဆက်စုံစမ်းဆဲပါ။
U Thar Yar, Staff officer
U Kyaw Myint Hlaine, DG
Irrigation Department
State's budget

GURU MYO said...

အရင်မသိခဲ့ဖူးတဲ့ မြင့်မိုရ်ဂုဏ်ရည် ကုမ်ပဏီ အကြောင်းသိရလို့ ကျေးဇူးတင်ပါတယ်။
အရင်က စိတ်မ၀င်စားခဲ့ပေမယ့် အခုတော့ ဆက်ပြီး အသေးစိတ် စုံစမ်းပါအုံးမယ်။
ဆမက ပြည်သူ့ငွေတွေနဲ့ ကျပ်သိန်း ၁၅၀၀၀ တန် အိမ်ဆိုတာကတော့ ဟုတ်ပါ့မလား။

ဝန်ကြီးအတွက် သိန်း ၂၀၀ တန် အဲယားကွန်းတွေ တပ်ထားတဲ့ ခွေးအိမ်တော့ ဆောက်ပြီးသွားပြီလို့
လုပ်သားတွေထံက ခိုင်မာတဲ့ သတင်း ရထားပါတယ်။ နေရာ၊ ပါဝင်သူတွေ နဲ့ ငွေကိစ်စ တွေ ကို ဆက်စုံစမ်းဆဲပါ။
ဆမညွှန်ချုပ်ဟာ သိပ်ချမ်းသာနေတာသိရလို့ သူ့စီးပွားရေးအတွက် ထည့် အကြံပေးမနေပါနဲ့။
ဆည်တွေကြံခိုင်ဖို့ အကြံပေးတာ ကောင်းပါတယ်။
လူလည်း ကြံခိုင်ပါစေလို့ ထပ်ဆင့် ဆုတောင်းပါတယ်။

တာဝန်ကျ စစစ ၀န်ထမ်းတစ်ဦး

GURU MYO said...

ေ ကျာ် မြင့်လှိုင်က ဖော်လံဖားအစစ်ပါ
တပ်ချုပ်ကအစ ၀န်ကြီးအဆက်ဆက် ညွှန်ချုပ်အဆက်ဆက်
ဖားတက်လာတာပါ

GURU MYO said...

ဒီဝန်ကြီးက တော်တော်ရယ်ပါ။

သူ့ အနားက ဆ/မညွှန်ချုပ် ဆိုတဲ့သူက အထက်ဖား အောက်ဖိပါ။
ကိုကျော်လို့ ခေါ်ကြတယ်လို့ ဆ/မ ၀န်ထမ်းတစ်ချို့ ပြောကြပါတယ်။

မနှစ်က အခုဝန်ကြီး စတက်စ တုန်းက ကိုကိုကျော်ဘဲ ဒီဝန်ကြီး ညံ့သလေး ဘာလေး နဲ့။
အရင်ဝန်ကြီးကိုဘဲ ပို ပိုင်သလိုလို သူဘဲ ၀န်ကြီးဌာနထဲမှာ ၀န်ကြီးထက် တော်သလိုလို ဆက်ဆံခဲ့ဖူးတယ်လေ။
မှတ်မိတဲ့သူ သိထားခဲ့တဲ့သူတွေ လယ်/ဆည် မှာ အများကြီးပါ။
သူဟာ မိဘမျိုးရိုး ချမ်းသာပြီး ငွေရှင် အာဏာရှင် တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက အလုပ်မှာ ကျင်လည်ကြီးပြင်းလာခဲ့သူပါ တဲ့။

သူလိုလူမျိုး ဗျုရိုကရေစီ အစိုးရဌာနမှာ နေရာရခဲ့တာ အဲဒီအောက်က ၀န်ထမ်းအဆင့်ဆင့်တွေ
ပိပြား ရူးသွပ်ပြီး လူညွှန့်တုံး ကျွန်ကြောက်လေးတွေ အဖြစ် ပုံစံသွင်းခံရမယ်ဆိုတာ သာမန်လူတစ်ဦး
အနေနဲ့ ဘေးကနေ မြင်နေရပါတယ်။

လောကမှာ ကိုယ့်ကိုယ်ကိုယ်သာ တော်တယ် ထက်တယ် မြင့်မြတ်တယ် လို့ အမြင်ရှိသူ တွေ၊ အာဏာရူးတွေ ၊ သူဌေးရူးတွေ
နောက်ဆုံးဘယ်လမ်းကို မြန်းကြရလဲဆိုတာ သာဓကတွေ အများကြီးပါ။

ဦးခင်ညွန့်လို၊ ကဒါဖီလို၊ ဟစ်တလာလို၊ ဦးနေ၀င်းလို၊ ဦးမြင့်အောင်လို ............. အများကြီးပါ။
အတိတရား နဲ့ ဒီဝန်ကြီး နဲ့ မလွန်ခင် သတိပေးပါရစေ။

ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းတစ်ဦး

GURU MYO said...

ဦးမြင့်လှိုင် ရဲ့ ချစားမှုတွေကို ထပ်လောင်းပြောပြလိုပါတယ်
လည်/ဆည် ၀န်ကြီး ဦးမြင့်လှိုင် ဟာ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာ စံပြစိုက်ပျိုးရေးအထူးဇုန်(ဒဂုံအရှေ့) မှာ သူ့ပိုင် ဆင်းရွှေလီ(၄)၊ ဆင်းရွှေလီ(၅) နဲ့ သူ့မြေးနာမည်နဲ့ ထူထောင်ထားတဲ့ မြင့်ဇေယျာ ကုန်မဏီ စတဲ့နာမည်များနဲ့ စုစုပေါင်း ဧက(၁၅၀၀) ရှိပါတယ်။ အဲဒီမှာ စံပြကွက်များဆောင်ရွက်ရန် အကြောင်းပြပြီး သူ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဟက်တာကွက်(၂.၅ ဧကစာ) များ ဖော်ထုတ်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းများ တူးဖော်ရာမှာ နိုင်ငံတော်ပိုင် ငွေကြေး၊ စက်ယန်းတရား၊စက်သုံးဆီများ နဲ့ လူလုပ်အားတွေကိုအသုံးချနေပါတယ်၊ မြင့်ဇေယျာ ကုန်မဏီတစ်ခုတည်း တွင် ဆည်းမြောင်းလုပ်ငန်းကုန်ကျငွေစုစုပေါင်း ကျပ်သန်း (၁၈၀၀) ရှိနေပါပြီ။ ယခုအချိန်ထိ မြေတူးစက်ကြီး(၁၄)စီး၊ ဒိုဇာ(၂)စီး နဲ့ ဂရေဒါ (၁)စီးအသုံးပြုပြီး စိုက်ပျိုးရေးအထူးဇုန်ထဲမှာ ငါးကန်များကိုလည်းတူးဖော် လျက်ရှိပါသည်။ စက်ယန်းတရားအားလုံးမှာ ဆည်မြောင်းဌာနပိုင်ဖြစ်ပါသည်။
သူတာဝန်ပေးထားတဲ့ ဗိုလ်မှုးဟောင်းတစ်ဦးဆိုရင် စိုက်ခင်းအတွက် ကုန်ကျစရိတ်တွေ ပေးချေဖို့တင်ပြမိရာ မြင့်ဇေယျာ ကုန်မဏီက မောင်းထုတ်ခံခဲ့ရပါတယ်။
မီဒီယာများအနေဖြင့်လည်း အဖြစ်မှန်ကို လေ့လာပြီး ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေ သိရှိစေနိုင်ရန် တင်ပြကြဖို့ တိုက်တွန်းလိုက်ရပါသည်။

GURU MYO said...

စက်မှုလယ်ယာ ၀န်ထမ်းတွေဆိုရင် တပြည်လုံးမှ ၀န်ထမ်းငယ် (၁၀၀)ကျော် ဟာ မြင့်ဇေယျာ ကုမဏီမှာ နေ့စားပျံကျ အလုပ်သမားတွေလို ကန်သင်းဖို့တဲ့လုပ်ငန်း၊ မြေပြင်တဲ့လုပ်ငန်းတွေသာမက ကန်ဘောင်မှာ အုန်း ငှက်ပျော် စိုက်ဖို့ ကျင်းတူးတဲ့ လုပ်ငန်းကအစ လုပ်ကိုင်နေရပါတယ်။ အဲ့ဒီ ကုမဏီ ဟင်းသီးဟင်းရွက်စိုက်ခင်းမှာ sprinkler တွေနဲ့ နဂါးမောက်စိုက်ခင်းမှာ ကျောက်တိုင်တွေနဲ့ စံပြစိုက်ခင်းဆိုပြီး ပြည်သူ့ ဘဏ္ဍာတွေ နဲ့လုပ်ကိုင်နေတာဟာ တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်။ Clean Government ဖြစ်ဘို့ တိုင်းပြည်ဘဏ္ဍာတွေမဆုံးရှုံးစေဖို ဒီဝန်ကြီး ကို အမြန်ဖြုတ်ချဖို့ လိုနေပါပြီ

GURU MYO said...

စိုက်ပျိုးရေးကို ဖျက်ဆီးပြီး ခုမှသူတော်ကောင်းလိုလိုနဲ့ စားဖါး ဒု ၀န်ကြီး ဦးအုန်းသန်းကိုလည်း
အရေးယူပေးရန် သမတကြီးထံ တိုင်ကြားဘို့ လိုပြီ။ နာဂစ်တုန်းက မျိုးစပါးဘိုး သန်း(1000) ကို
ဧရာဝတီသားတွေနဲ့ အလွဲသုံးစားလုပ် ၊ စိုက်ပျိုးရေးတစ်ခုလုံး ဦးအုန်းသန်း MD လက်ထက်မှာ
နည်းပညာဆိုတာ ဘေးရောက်ပြီး ငွေကြေးသာအဓိက မူဝါဒနဲ့ လုပ်စားခဲ့တာ ဒီလိုလူမျိုးကလည်း
ဒု ၀န်ကြိးဖြစ်လာတော့ နဂိုကတည်းက မြောင်းထဲကစိုက်ပျိုးေ၇း ဘယ်နလံထူပါ့မလဲ ၊
ခင်စန်းမြင့် မောက်မာနေတာလည်း ဒီလူကြောင့်ဘဲ

GURU MYO said...

သမ္မတကြီးနှင့်တကွ တကာဝန်ရှိသူများ၊ စာဖတ်သူများခင်ဗျာ….
အထက်ပါ ကွန်မန့်များဟာ အမှန်တရားများဖြစ်ပါတယ်လို့ ထပ်ဆင့်ထောက်ခံပါတယ်။ အဖိနှိပ်ခံ လယ်/ဆည် ၀န်ထမ်းတွေရဲ့ ရင်ထဲကအသံတွေပါ။ ၀န်ကြီးရဲ့ဖော်လံဖားတွေကလွဲရင် ကြိုက်တဲ့ဝန်ထမ်းတွေထံ တိုက်ရိုက်စုံစမ်းနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ ၀န်ကြီးရဲ့ လုပ်ချင်တာလုပ် မူဝါဒကြောင့် ၀န်ထမ်းအကြီးအငယ်မှန်သမျှ စိတ်သောကရောက်နေကြရပါတယ်။ သူ့ကိုယ်ကျိုးစီးပွား စပ်မျိုးစပါးထုတ်ဖို့အတွက် ကိုယ့်စရိတ်နဲ့ကိုယ့်ထမင်းကိုယ်စား၊ စိုက်ပျိုးရေးပညာရှင်ဖြစ်လျှက်နဲ့ (ဘွဲ့လွန်၊ ပါရဂူဘွဲ့ရများအပါအ၀င်) နေ့စဉ် ၀န်ကြီးပိုင်ကွင်းထဲသွားပြီး၊ အလုပ်သမားတစ်ယောက်လို လုပ်နေကြရပါတယ်။ ဘယ်လောက်တောင် စပ်မျိုးစပါးထုတ်ချင်သလဲဆိုရင် အခြားဌာနက မျိုးစပ်ပညာရှင်ကို စိုက်ပျိုးရေးတကúသိုလ် ပါမောက©ချူပ်ခန့်ပစ်တာသာ ကြည့်ပါတော့။ ၀န်ထမ်းစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းကိုနားမလည် အလုပ်သမားခေါင်းတစ်ယောက်ရဲ့ ဦးနှောက်သာ ၀န်ကြီးမှာရှိပါတယ်။ သမ္မတကြီးက ဒီမိုကရေစီစနစ်ဖော်ဆောင်၊ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ချိန်မှာ သူကတော့ တသွေးတသံတမိန့်၊ ဖြုတ်ထုတ်၊ နိုင်ငံတကာအကူအညီကို ငြင်းဆန်၊ ထင်ရာစိုင်းနေတာပါ။ အုပ်ချူပ်မှုစက်ယန္တယားမှာ ဒီဝန်ကြီးက ရပ်နေတဲ့ ပင်နယံတစ်ခုပါ။ သူ့ကြောင့် အကုန်ရပ်ဆိုင်း ဒုက©ရောက်ရပါလိမ့်မယ်။ ယနေ့ခေတ်မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုသည်သာ နိုင်ငံတော်တိုးတက်ရေးအတွက် အဓိကလို့ လူတိုင်းလက်ခံနေချိန်၊ သယံဇာတမရှိတဲ့ စင်္ကာပူတောင် လူသားအရင်းအမြစ်နဲ့ပဲ ကမ္ဘာ့ထိပ်သီးနိုင်ငံဖြစ်အောင် လုပ်ဆောင်နိုင်ချိန်မှာ စာတွေသင်ယူတာ၊ စမီနာ အလုပ်ရုံဆွေးနွေးပွဲတွေတက်တာ အချိန်ကုန်တယ်။ ကွင်းထဲမှာပဲအလုပ်လုပ်ကြဆိုတဲ့ ၀န်ကြီးရဲ့အယူအဆဟာ ခေတ်နဲ့ အံမ၀င်တော့တဲ့အပြင် နိုင်ငံတော်တိုးတက်ရေးအတွက် အတားအဆီးတစ်ခုပါ။ ပညာရှင်တွေကို နှိပ်ကွပ်၊ ပညာတော်သင်သွားမယ့်သူတွေကို ပိတ်ပင်၊ ကန့်သတ်၊ လှောင်ပြောင်၊ နည်းမျိုးစုံနဲ့ ဒုက©ပေး၊ ဒီလိုလူမျိုးဟာ ၀န်ကြီးဌာနတစ်ခုရဲ့ ဦးဆောင်သူ မဖြစ်သင့်တော့ပါဘူး။ နိုင်ငံတကာအဆင့် စမီနာတွေဆိုလဲ သက်ဆိုင်တဲ့ ကျွမ်းကျင်သူကို မစေလွှတ်ပဲ ကွင်းထဲဆင်းတဲ့သူတွေကိုပဲ စေလွှတ်လို့၊ ဘာသာရပ်ကိုဆွေးနွေးဖို့မဆိုထားနဲ့၊ အင်္ဂလိပ်လိုတောင် ကောင်းကောင်းမပြောတက်လို့ နိုင်ငံတကာအဆင့်မှာ မြန်မာဆို မျက်နှာငယ်ခဲ့ရပါပြီ။ လယ်/ဆည်နဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ ၀န်ကြီးဆိုရင် စိတ်ပျက်နေကြပါပြီ။ နိုင်ငံခြားမှာ မာစတာ၊ ပီချိတ်ဒီသင်ကြားနေကြတဲ့ ကျောင်းသားတွေကိုလဲ (ဘွဲ့လွန်ပညာသင်ကြားမှုကို နားမလည်ဘဲ) အတင်းအဓမ®အချိန်တွေကန့်သတ်နေပါသေးတယ်။ အခြားပညာသင်အဖွဲ့အစည်းရဲ့အထောက့်အပံ့နဲ့ မြန်မာနိုင်ငံအတွက် ပညာရှင်များရရှိမယ့် သဘောတရားကို နားမလည်ဘဲ၊ အထူးအခွင့်အရေးကြီးယူထားသောသူများကဲ့သို့ ပညာသင်များကို နှိမ်ချဆက်ဆံ နည်းမျိုးစုံနဲ့ ဖိနှိပ်လျှက်ရှိပါတယ်။ ၀န်ကြီးရဲ့ လက်ရှိခေတ်စနစ်နဲ့အံမ၀င်၊ ခေတ်နောက်ပြန်ဆွဲ၊ တယူသန်အုပ်ချုပ်မှုဟာ ဒီမိုကရေစီစနစ်နဲ့ ဘောင်မ၀င်ပါဘူး။ လက်ရှိဝန်ထမ်းတွေကို အလုပ်ခွင်မှာ မပျော်စေရုံသာမက၊ စိုက်ပျိုးရေးနိုင်ငံကို တိုးတက်အောင်ဆောင်ရွက်ပေးမယ့် ၀န်ထမ်းအားလုံးကို သူ့ရဲ့ကိုယ်ပိုင်အလုပ်သမားများကဲ့သို့ ပြောဆိုဆက်ဆံခိုင်းစေလျှက်ရှိပါတယ်။ ဒါကြောင့် ဒီလိုဝန်ကြီးမျိုးကို မြန်မြန်ဖြုတ်ချအရေးယူပေးဖို့ တောင်းဆိုပါတယ်။ လယ်/ဆည် ၀န်ထမ်းများနဲ့၊ မတရားမှုကို မနှစ်သက်သူများလည်း ၀ိုင်းဝန်းကူညီဆန့်ကျင်ပေးကြပါလို့ တောင်းဆိုတင်ပြပါတယ်။

GURU MYO said...

ဒီ်လူကြီး ဒီလောက်ဆိုးနေနိုင်အောင် အဓိကပံ့ပိုးနေသူကတော့
ဆည်မြောင်း ညွန်ချုပ် ကျော်မြင့်လှိုင်ပါ။
နန်းတော်၊ ကား၊ လယ်၊ မြေ၊ ငွေ၊ ဆန်စက်၊ ၈ိုဒေါင်၊ အားလုးံ၊ အားလုးံ ............
နိုင်ငံအနှံ.လိုတာအားလုးံ နိုင်ငံပိုင်ငွေတွေနဲ. လှည့်ပြီး
ု့သူ.ဆွေမျိုးတွေနံမယ်တွေနဲ.၀ယ်ပေးထားတာပါ။
ဒီငွေတွေကို လာမယ်. လွှတ်တော်ဘတ်၈ျက်မှာ လှလှပပကြီး ထည်.ထားပြီး
သမတ ဦးသိန်းစိန် နဲ့ ခေါင်းမပါတဲ့အမတ်အများစုကို
လှလှပပကြီး မျက်လှည့်ပြတော့မှာပါ။
တိုင်းပြည် ချစ်သူများ ထိုင်ကြည့်မနေကြပါနဲ.။

လေးစားအပ်ပါသော နိုင်ငံတော် စာရင်းစစ်ချုပ်ကြီး ခင်ဗျား၊

လယ်ဆည် ဌာန အားလုးံကို စားရင်းမစစ်တော့တဲ့
တပည့်ကောင်းတွေသုးံပြီး အချိန်မီ နိုင်ငံ့ ဘဏ္ဍာတော်တွေ မဆုးံရူးံ၇အောင်
စနစ်တကျ စစ်ဆေး ပြီး ကယ်တင် ပေးပါခင်ဗျား။
ဒါဆို၇င် ဌာနပိုင်ဆိုင်မှုတွေအားလုံးနီးပါးဟာ ဘယ်ပုံဘယ်နည်းနဲ.
သူ.တပည်.စူပါကုလားနဲ. ကိုင်ရိုကုလားတွေလက်ထဲကို
ရောက်နေတယ်ဆိုတာ စပ်မျိုးစပါးလယ်ပြင်မှာ မြင့်လှိုင်ဆင်ကြီး
သွားနေသလို ဘွားဘွားကြီး ပေါ်လာပါလိမ့်မယ်။

ဒုဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ၊ ဦးညွှန်မှုးတွေ၊ ရုံးမှုးတွေ၊
ဒီမြင့်လှိုင်ဆင်ဖြူတော်ကြီးကိုမှီပြီး ဘယ်လို ကိတ်မုံ.တွေကို
မှိန်းပြီးစားနေတယ်ဆိုတာ တွေ.လာပါလိမ့်မယ်။
ဒါတွေကို မသိပါဘူးလို.ပြောတဲ့သူတွေဟာ
စားနေကျ ကြောင်ဖါးများသာဖြစ်ပါလိမ့်မယ်။

GURU MYO said...

လည်ဆယ်ဝန်ကြီးဌာန မှာဖြစ်နေတာတွေကတော.ကြားရက်စရာ
မကောင်းလောက်အောင်ပါပဲ။သမ္မတကြီးအနေနဲ.သေချာစုံစမ်းပေးစေချင်ပါတယ်။
ဒီအတိုင်းတာဆက်သွားနေမယ်ဆိုရင် စိုက်ပျိုးရေးကဏဏ္ဍကို အားထားနေရတဲ.
ကျွန်တော်တို.ရဲ.နိုင်ငံဟာ ဘယ်လောက်ထိတောင် ဆိုးရွားသွားမယ်ဆိုတာ
လယ်ဆည်မှပညာရှင်များ(ဒုဝန်ကြီး.MD များGM များစိုက်သုမှပညာရှင်များ
စိုက်တက္ကသိုလ်မှဆရာဆရာမများ)ကို ပွင်.လင်းစွာမေးမြန်ရင် အဖြေပေါ်မှာပါ။
လည်ဆည်ဝန်ကြိးဌာနရဲ.လုပ်ငန်းဆောင်တာတွေဟာ အင်မတန်မှကျယ်ပြန်သလို
အမှန်တကယ်လဲမွန်မြတ်လှပါတယ်။ပညာပိုင်းဆိုင်ရာမှာလဲ လေ.လာလို.မကုန်နိုင်
အောင်ကျယ်ပြန်လှပါတယ်။Agriculture The Mother of all Sciences
ဆိုပြိးတောင်တင်စားတယ်။
ဒိလိုဝန်ကြီးဌာနမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပြီး
ငါတကောကောလို.မရပါဘူး။ပညာရှင်တွေဘေးမျာထားပြိးမင်းတို.ငါလောက်တတ်
လို.လားလို.ဆိုပြီးအလေးဆန်ဆန် လုပ်လို.မရပါဘူး။စပါးစိုက်တတ်ရုံလောက်နဲ.လဲ
ငါစိုက်ပျိုးရေးကိုဦးဆောင်နိုင်ပြိလို.တွေးနေလို.မရပါဘူး။ဆန်စပါးဟာမြန်မာပြည်ရဲ.အဓိက
သိးနှံဆိုပေမယ်.နိုင်ငံ့ဝင်ငွေပဲမျိုးစုံကရနေတာပါ။ဒိလိုနိုင်ငံ့ဝင်ငွေ ၇မယ်.သိးနှံကိုတော.
အထွက်တို.ဖို. နိုင်ငံတကာမှာဈေးကွက်ရအောင် မစွမ်းဆောင်ပဲ စပ်မျိုးစပါခင်းမျာပဲ
အချိန်ကုန်နေတာကိုလဲ နာမလည်နိုင်အောင်ပါပဲ။
။တောင်သူလယ်သမားပညာပေး
စိုက်ခင်းတွေစိုက်ပြိးလယ်သမားတွေခေါ်ပြတာတွေ ကကောင်းပေမယ်.တောင်သူလယ်သမား
တွေအမှန်လိုက်လုပ်နိုင် မလုပ်နိုင်ကိုစဉ်းစားမပေးတာအလွန်မှားပါတယ်လို.ထင်မြင်ပါတယ်။ဘယ်တောင်သူ
လယ်သမားမဆို စပါးကိုကျွမ်းကျင်အောင်စိုက်တတ်ပါတယ်။နိုင်ငံတော် ဘဏ္ဍာငွေတွေကို အလကားဖြန်းတီးနေသလိုပါပဲ။ တောင်သူပညာပေးရန်အတွက် သက်ဆိုင်ရာမြို.နယ်တွေမှာ
ကျေးရွာအုပ်စုအလိုက် Extension ၀န်ထမ်းတွေခန်.ထားပြိး တောင်သူပညာပေးလုပ်ငန်းများ
ဆောင်ရွက်စေပါတယ်။ဝန်းကြီးအနေနဲ.လုပ်ဆောင်ရမှာက အဲ.ဒီဝန်ထမ်းတွေရဲ.အရေအတွေးများ
မြင်းမားလာစေရန်သင်တန်းများပေးခြင်း၊.တောင်သူများအပေါ်အမှန်စေတနာထားတယ်ဆိုရင်သွင်းအားစု
များပံပိုးပေးခြင်း၊.ဈေးကွက် ၀င်သော၊အရည်အသွေကောင်းသော၊ဒေသနှင်.ကိုက်ညိသောစပါးမျို
များဖြန်းဖြူးပေးခြင်းများဆောင်ရွက်ရမှာဖြစ်ပါတယ်။နေပြည်တော်တ၀ိုက်မျာသာ ကြွားဝါလိုစိတ်နျင်.
လုပ်နေလို.မရပါ။(၀ါးလုံးခေါင်းထည်း လသာသလို.ပဲဖြစ်ပါလိမ်.မည်)။
သတင်းစာမှာအမြဲတွေ.ဖတ်နေရသည်.' ဧက ၅၀၀ တစပ်စပ်တည်း'စကားလုံ့းမှာ
လူရယ်စရာပင်ဖြစ်ပေလိမ်.မည်။ပညာရှင်များနေနှင်.လဲ မှန်ပ ဘုရားပဲလုပ်နေပြီး မိမိရာထူး
တည်မြဲရေးအတွက် မိမိတတ်သောပညာကို အာဏာရှင်အောက်မှာ စတေးခံနေရသည်မှာ
အလွန်သနားစရာကောင်လှပါသည်။စိုက်ပျိုးရေးတက္ကသိုလ်တွင်တက်ရောက်ပညာသင်ကြားနေသော
ကျောင်းသူကျောင်းသားများလည်းကောင်းစွာပညာမသင်ကြားရပဲ စပါးခင်းမှာသာ အချိန်ကုန်နေသည်
ဟုကြားသိရပါသည်။ပြည်ပ ပညာတော်သင်များကိုလဲမလိုအပ်ဘူး၊အချိန်ကုန်တယ် ဆိုကာငြင်းပယ်နေခြင်းမှာ
လူငယ်များရဲ.အနာဂတ်ကိုချိုးနျိမ်ခြင်ပင်ဖြစ်သည်ဟုမြင်ပါတယ်။
ဒိမိုကရေစီနိုင်ငံတော်ကိုတညိဆောက်နေသော သမ္မတကြိးအနေနဲ.အာဏာရှင်ဆန်ဆန်
မိမိလုပ်ချင်ရာတခုတည်းကိုသာ (ပညာရှင်များကိုခေါင်းမဖော်ရဲအောင် ကြမ်းမောင်ပြိး)လုပ်ဆောင်နေသော
လည်ဆယ်ဝန်ကြီးဌာနကို ပြောင်းလည်းဖွဲ.စည်းပေးပါရန်တောင်ဆိုအပ်ပါသည်။

လယ်သမားကြီး ဥိးဖိုးထောင်

GURU MYO said...

ညောင်ပင်ကြီးစုဝန်ကြီးဆိုတာ ဘာလို့ခေါ်တာလည်း နားမလည်လို့ပါ။
စပါးပဲ အရေးကြီးတယ်ထင်တဲ့ ဒီဝန်ကြီးကို မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဌာန ဌာနဆိုတာရှိရင် အဲဒီဌာနမှာပဲ ညွှန်ကြားရေးမှူးလောက်ပဲလုပ်ခိုင်းသင့်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပါတ်သက်ပြီး တခြားဘာမှသိပုံလည်း မပေါ်ပါဘူး ...
စပါးရူးဝန်းကြီး ... :)

GURU MYO said...

လယ်ဆည်ဝန်ကြီးဌာနနဲ့ပါတ်သက်လို့ လည်ဆည်မှ ပင်စင်စားဝန်ထမ်းတစ်ဦး အနေနဲ့ အနည်းငယ် ဆွေးနွေးလိုပါတယ်။
နည်းပညာပိုင်းဆိုင်ရာ နဲ့ပါတ်သက်လို့ကတော့ ဒီစပ်မျိုးစပါး ဟာ ဈေးကွက်မဝင်၊ အရည်အသွေးမမှီ၊ စီးပွားရေးတွက်ခြေမကိုက် ဟုယူဆကြလျှင် လည်ဆည် ဝန်ကြီးဌာန မှပညာရှင်များက ပညာရှင်ပီသစွာ အကြံပြုတင်ပြသင့်ပါတယ်။
အကျင့်ပျက်ချစားမှု ပိုင်းမှာတော့ လည်ဆည်ဝန်ကြီးဌာန တွင်သာမက အခြားဌာနတွေမှာလည်း နိုင်ငံတော် budget ကို မိမိ ကိုယ်ပိုင် ငွေကြေးသဖွယ် သုံးစွဲခဲ့ကြတာဟာ ကြာခဲ့ ပါပြီ။ မိမိ အခွင့်အရေးရဖို့အတွက်အရည်အချင်း မလို အရည်အတွက် ငွေကြေးပေးနိုင်ရင်ဘာမဆိုရတယ် ဆိုတဲ့စနစ်နဲ့ လည်ပါတ်နေခဲ့ကြတာကြာခဲ့ပါပြီ။ အလွန်ပဲစိတ်ပျက် စရာကောင်းပါတယ်။ လာဘ်စားသူတွေသာမက ပေးတဲ့သူမှာလည်းအပြစ်ရှိပါတယ်။
ပညာသင်ကိစ္စ တွေမှာ တော့ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဖြစ်တာကြောင့် အားပေးသင့်ပါတယ်။ ဝန်ထမ်းတွေကလည်း မိမိအားခွင့်ပြုထားတဲ့ အချိန်အတွင်းမှာ ပြီးမြောက်အောင် သင်ယူဖို့ အရေးကြီးပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းကမ်းကို တိကျစွာ လိုက်နာသင့်ပါတယ်။ တချို့သော သူများဟာ ပညာသင်ကာလပြီးဆုံးသော်လည်း မိမိတိုင်းပြည်ကို ပြန်လာခြင်း မရှိပဲ အောက်ခြေတွင် လာဘ်ထိုးကာ မိမိ အကျိုးစီးပွား အတွက် ဆက်လက် နေထိုင်လေ့ရှိကြပါတယ်။ ယင်း အကျိုးဆက်ကြောင့် ပညာသင်စေလွှတ်ရေး ကိစ္စတွေကို ဝန်ကြီး မှ ငြင်းပါယ်လာသည့်အတွက် ပြည်တွင်းမှ ပညာသင်ကြားလိုသော ဝန်ထမ်းများအတွက်၊ တိုင်းပြည်အတွက်၊ မျိုးဆက်သစ်လူငယ်များအတွင် နစ်နာလာပါတယ်။ အချုပ်အားဖြင့် ဆိုရလျှင် မူဝါဒချမှတ်သူ ဘက်မှ ပြုပြင်ဖို့လိုသလို ဝန်ထမ်းများအနေမှလည်း စည်းကမ်းပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်ကြဖို့လိုကြောင်း အကြံပြု ဆွေးနွေးလိုပါတ

Powered by Blogger.