ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး
ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က
တားမြစ်လိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃
နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို
သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ
စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ်
ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့
လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
RFA
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ
Reviewed by သစ်ထူးလွင်
on
13:00
Rating:
19 comments:
လန့်ကုန်ကြပြီလားဗျ။ အမှန်တရားကို လက်မခံနိုင်သရွေ့ အမှားတွင်းထဲဆက်နစ်မယ့် ဗမာပြည်နဲ့လူထုကိုတော့ ထောက်ထားညှာတာကြပါဦးဗျ။ ယောင်္ကျားတွေမဟုတ်လား။
ဒီဇာတ်ကား ကို နှစ် ၂၀ လောက် ကြည့်မိ လိုက်တော့....ဘယ်သူက လူယုတ်မာ
ဘယ်သူက လူကောင်းဆိုတာ ကွက်က နဲ့ မြင်သွားဘီဗျာ...
တိုင်းပြည်က ဗုံးဗုံးကျ အကြွေးတွေက ထူ အနီးအနား တိုင်းပြည်တွေနဲ့ ဘယ်လို
မှ ယှဉ်လို့ မရ။။လူ့စွမ်းအား အရင်းအမြစ် သဘာဝ အရင်းအမြစ်တွေ အကုန်လုံး
ကုန်။။။ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က မောင်နှမ သားချင်းစိတ်
နဲ့ တိုင်းပြည်အတွက် ရုန်းပြတယ်။။သူမ ရတဲ့ ငွေတွေ ကျော်ကြားမှုတွေကို အကုန်
လုံး တိုင်းပြည်အထဲ ပစ်ထည့်တယ်။။။ဒီအချိန်အထိ လက်တွဲ မည့်သူမရှိတဲ့အပြင်
ယုတ်မာ ရိုင်းစိုင်းတဲ့ ယခင်ခေတ်ကို ဘဲ ပြန်တမ်းတနေကြတယ်။။
စာရေးသူသာ ဒေါ်စု နေရာမှာ ဆိုယင် သောက်မြင်ကပ်စွာနဲ့...နောက်ဆုတ်
လိုက်တော့မယ်။။။ခွေးသေ ၀က်သေ သေပြီး နေခဲ့ကြလို့ လုပ်တော့မယ်။။။
ဒီလို စိတ်ဓါတ်တွေနဲ့တော့ ဒီတိုင်းပြည် လုံးဝ မတိုးတက်စေရဘူးဗျာ...
ဘယ်လိုတုန်းကိုသိန်းစိန်.
ဘာအခုမှကြောက်ပါပီလဲ.
ထမိန်ဝတ်ထားတဲ့မိန်းမနော်.သူ့လိုဖြစ်အောင် မင်းတို့ကြံ့ဖွံ့တွေလဲ
ထမိန်ဝတ်ပေါ့ကွာ.အတောင်၂၀ ထမိန်ဝတ်ယောက်ကျားတွေပေါ့..
အတော်အောက်တန်းကျတဲ့ဟာတွေ..
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေဟာ အရပ်ဝတ်ပြောင်းတွေ၊
ကြံ့ဖွတ်တွေများတယ်။
အကြောက်တရား၊သံသယတရားတွေနဲ့ လွမ်းမိုးနေတဲ့ ကော်မရှင်
ဟာ ရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ဆောင်ဖို့ ဘယ်လို
ဖြစ်နိုင်မှာလဲ။
ဒီလိုပဲ ဖြစ်လိမ်မယ်လို့ အစကတည်းက ထင်သားပဲ။ လူယုတ်မာတွေ၊ ဘယ်တော့မှပြောင်းလဲလာမှာမှ မဟုတ်တာ၊
ဟော်!
မင်းတို့ရဲ့ဘ၀ကတော်တော်ကိုသနားစရာကောင်းနေပြီနော်...
မင်းတို့မြန်မာမြေပေါ်မှာနေပြီး မြန်မာ့အရေးကောင်းစားဖို့အတွက်တော့မလုပ်ဘဲ
တစ်နပ်စားဥာဏ်နဲ့လုပ်နေလို့ကတော့ ဘယ်ဘ၀ရောက်သွားမယ်ဆိုတာတော့
တွေးသင့်နေပြီထင်တယ်...မိန်းမ(ဒေါ်စု)တစ်ယောက်ကိုတောင် ယောင်္ကျား
ကြီးတွေက ဖင်ကတောင်သေးထွက်ကျလောက်အောင်ကြောက်နေကြတာလား။
ဇမ်ဗူတခွင်၊ တူရှင်သူတကယ်ရှားပါလို့၊
သူပင်လျှင်ဇာနည်ပုဂ္ဂိုလ်ဟု၊
တူဆင်ဆင်နာမည် အဟုတ်ကိုမရှိ၊
စိတ်ထဲမှာ၊ ကြိတ်ခဲကာ အားကျတယ်၊
ရှားစွ ဇာနည်.....။
စည်းမျဉ်းစည်းကမ်းအတိုင်း တင်ပြပြီးပြီပဲ..တာဝန်ကျေပြီပေါ့.ကဲ..နမ္မတီးပရိတ်သတ်ကြီးရေ.ဖျာပုံ ပြည်သူတွေ လုပ်သွားတာကြားပြီးသားမဟုတ်လား။။နမ္မတီးမှာလဲ.လယ်ကွင်းတွေအများကြီး ပါပဲ..ကြိုးစားပြကြပါ."ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်"တဲ့..စောင့်ကြည့်နေမယ်နော်..
ဟား ဟား ဟား ဟား ဟား ဟား
လို့တောင် မရယ်ချင်တော့ပါဘူး ဟာ.....
ဘယ်လိုလဲ အဖွဲ့အစည်းတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလို လူစုလူဝေးမျိုး ဘယ်လို အဖွဲ့အစည်းမျိုးမှ မရနိုင်ဘူးဆိုတာသိလို့ လိုက်ပိတ်ပင်နေကြတာလား .. ပိတ်ပင်နေတဲ့ နင်တို့တတွေလေ သေခါနီးရင် ရေတောင် မျိုချလို့ မရပဲ နေလိမ့်မယ် ။။ အဲ့ဒါ ပြည်သူရဲ့ ကျိန်စာပဲ....
စစ်တပ်ကလည်း ဗိုလ်ချုပ်၇ဲ့ခေတ်က စစ်တပ်မဟုတ်တော့ဘူး။ ဖက်ဆစ်နာဇီ စိတ်ဓာတ်သက်သက်ဘဲကျန်တော့တယ်။ ဒီလိုဖြစ်တာ စစ်သားတွေကြောင့်မဟုတ်ပါဘူး။ ဘ၇ိန်းဝက်၇ှ် လုပ်ခံလိုက်၇တာပါ။ မျိုးချစ်တဲ့ ပြည်ချစ်သားတွေ အဖြစ်မြင်ချင်စမ်းလှပါဘိဗျာ။ ။
စိတ်မဆိုးကြပါနှင့်ဆရာတို့။
အားကစားကွင်းဆိုတာ
လူထောင်ဂဏန်းလောက်ဘဲ
ဆန့်တာကြောင့်မငှားတာပါ၊
လူထုက သိန်းချီလာတော့
အပြင်ကွင်းတွေမှာလုပ်တာ
က ပိုသင့်တော်ပြီး
ပိုအဆင်ပြေအောင်လို့ပါ။
ဖျာပုံမှာလိုပေါ့။
ငါတို့ရပ်ရွာ...၊
ပြည်မြန်မာဝယ်....၊
စာနာစိတ်ကင်း...၊
ုယုတ်မာခြင်းနဲ့...၊
အတွင်းပုတ်ကာ...၊
ကောက်ကွေ့စွာသည့်...၊
အာဏာယစ်မူး....၊
စစ်ငရူးတို့....၊
အထူးကြီးစိုး၊
ထီးမိုးလေသမျှ၊
ဤကာလဝယ်...
မုချမသွေ....
မငြိမ်းပေတည့်...။
If there is the security thread current authority need to clear it by using its every forces. That is the real supporter of democracy.
Government without safeguarding its citizen is shameful.
လူတွေအားပေးနေတာမြင်ရတော့..အားရတယ်ဗျာ..
ဒါပေမယ့် ဘုန်းကြီးတွေကတော့ဗျာ..တကယ်မြင်မကောင်းဘူး..
သာသနာအတွက်ပြောတာပါ..
သမ္မတကြီးရေ.... ခင်ဗျားဘာတွေလုပ်နေလဲ ... အိမ်သာတက်နေတာလား ။ တံခါးပိတ်ဖို့နဲ့ ပြီးရင်ရေပြောင်အောင်ဆေးဖို့ မမေ့ပါနဲ့ဦးနော် ။ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ လူထုအော်သံ ၊ ငိုသံ ၊ ငြီးတွားသံ ၊ အသနားခံနေတာတွေကို မသိကျိုးကျွန်ပြုနေပါတယ်လို့ ကျနော်ယုံကြည်လို့မရဘူး ။ ပြည်သူ့အကြီးအကဲသည် ပြည်သူလူထုနှင့် တသားတည်းဖြစ်ရမည်ဆိုသည်မှာ နိုင်ငံတော်သမ္မတတစ်ဦးအဖို့ သဘောပေါက်မလွယ်ကူစရာအကြောင်း မရှိပါ ။ တိုးတက်သွားသော နိုင်ငံများ၏ အခန်းကဏ္ဍတွင် လူထုကို ကိုယ်စားပြုသောအစိုးရသာလျှင် လူထုအကြည်ညိုခံရ၍ သက်တမ်းကြာပါသည် ။ ထိုထိုသော အစိုးရများသာလျှင် သန့်ရှင်းသောအစိုးရဟု အမည်တပ်ခံရကာ နိုင်ငံ့သမိုင်းတွင် မော်ကွန်းတင်နိုင်ပါလိမ့်မည် ။ အစိုးရတစ်ရပ်အဖို့ ချမ်းသာသည် ၊ ဆင်းရဲသည် ။ အစွမ်းထက်သည် ၊ နုံအသည် ဆိုတာမျိုး ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများထက် ပြည်သူလူထု၏ အဆင်မပြေမှုကို စာနာနားလည်နိုင်မှုက ပို၍အရေးပါသည်ဟု ကျနော်အကြွင်းမဲ့ ယုံကြည်ပါသည် ။ သမ္မတကြီးအားလည်း ထိုသို့ယုံကြည်စေချင်ပါသည် ။ ထိုယုံကြည်ချက်သည်သာလျှင် ဦးသိန်းစိန် အစိုးရအား ကမ္ဘာ့သမိုင်းစာမျက်နှာတွင် နေရာပေးနိုင်ပါလိမ့်မည် ။
ဒီသမ္မတမျိုးအတွက်တော့ ကမ္ဘာသမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ စာမျက်နှာပေးဖို့ နေရာမရှိဘူးဗျို့.........
မှန်လိုက်လေဗျာ
ဘယ်လိုတုန်းဟ လွတ်လပ်တဲ့ဒီမိုကရေစီဆိုပြီး ဟိုဟာလိုက်ပိတ်
ဒိဟာလိုက်ပိတ်လုပ်နေတော့ ကြာရင် ပိတ်ဒကာတွေဖြစ်ကုန်တော့မယ်
ကြားဖြတ်ရွေးကောက်ပွဲဆိုတဲ့အမည်နဲ့လိုက်အောင်
လုပ်နေသလိုပဲ ဟိုဟာလိုက်ဖြတ် ဒီဟာလိုက်ဖြတ်နဲ့
ဖြတ်ရင်းဖြတ်ရင်းလုပ်နေတာ မြန်မာနိုင်ငံအထက်ပိုင်းမရှိတော့ဘူး
တရုတ်လက်ထဲရောက်သွားပြီး။
ဒါတောင်ကြားဖြတ်ရွေးကောက်ပွဲမိုလို့တော်သေးတယ်
တကယ်အစစ်မှန်အတည်တကျနေရာယူရမယ်ဆိုတဲ့ရွေးကောက်ပွဲဆိုရင်
1990ကိုပြန်ရောက်သွားမှာသေချာတယ်
Post a Comment