မကွေးဆေးတက္ကသိုလ်ဆရာ/ဆရာမများ အိမ်ထောင်စုဇယားပြောင်းရန်အမိန့်စာထုတ်ထား
မကွေးဆေးတက္ကသိုလ်
မကွေးဆေးတက္ကသိုလ်မှာ မဲပေးနိုင်သည့် အသက်ပြည့်ကျောင်းသားများ မှတ်ပုံတင်
နေရပ်လိပ်စာ ထူးခြားစွာ ကောက်ယူနေပြီး နယ်ဝေးမှဆရာများကို လည်း
အိမ်ထောင်စုဇယားပြောင်းရန်အမိန်
့စာထုတ်ထားကြောင်းသိရသည်။
       မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်မှာ တက်ရောက်နေသည့်
အသက်၁၈နှစ်ပြည့် ကျောင်းသားများအား နေရပ်လိပ်စာအတိအကျနှင့်မှတ်ပုံတင်နံပါတ်များကို
အချိန်အခါမဟုတ် ဖေဖော်ဝါရီ ဒုတိယအပတ်တွင်းက လိုက်လံကောက်ယူနေသည်ဟု 
အဆိုပါတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦးထံမှသိရသည်။
ထို့ပြင် အဆိုပါတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော နယ်ဝေးမှ ဆရာ 
ဆရာမများကိုလည်း အဆိုပါတက္ကသိုလ်တည်ရှိရာဒေသတွင်းသို့ ပုံစံ၁၀ 
အိမ်ထောင်စုဇယားပြောင်းရမည်ဟုအမိန့်ထုတ်ထားသည်ဟုလည်းသိရသည်။ 
အထက်ပါ ကိစ္စရပ်နှစ်ရပ်ပြုလုပ်ခြင်းမှာ ဧပြီ၁ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ
 ကြိုတင်မဲပေးနိုင်ရန်အတွက်ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟုလည်း အချို့က သုံးသပ်သည်။
အဆိုပါတက္ကလိုလ်တွင် ယာယီတာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာများကမူ
 ကြိုတင်မဲပေး ရန်ရှိပါကလည်း မိမိအမြဲနေထိုင်သည့် ဒေသသို့သာပြန်ပြီးမဲပေးလိုပြီး
အိမ်ထောင်စုဇယားပြောင်း ရွေ့ရန် ဆန္ဒမရှိကြောင်းပြောဆိုပါသည်။
ထူးဆန်းပေသည်။ထိုကျောင်းသားများ
သည် ကျောင်းဝင်ခွင့်လျောက်ထားစဉ်ကတည်းက
မှတ်ပုံတင်နှင့်နေရပ်လိပ်စာများကျောင်းဝင်ခွင့်ဖောင်တွင်ဖြည့်
ခဲ့ပြီးဖြစ်သည်။
အထက်ပါကဲ့သို့ ဆရာဆရာမများအား ပုံစံ၁၀ပြောင်းခိုင်းခြင်းမှာ လည်း
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသအချို့တွင်သာ ဖြစ်ပေါ်နေသည်ဟု
သိရသည်။ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးမသမာမှုများ
မဖြစ်ပေါ်စေရန် ယခုကဲ့သို့တမူထူးခြားစွာဖြစ်ပေါ်
နေသည့် ကိစ္စများကို
မီဒီယာသမားများက မျက်ခြေမပျက်စောင့်ကြည့်ရန်လိုအပ်ကြောင်း 
မကွေးဆေးတက္ကသိုလ်မှဆရာတဦးက Myanmar News Now ကိုပြောပြပါသည်။
Myanmar News Now
မကွေးဆေးတက္ကသိုလ်ဆရာ/ဆရာမများ အိမ်ထောင်စုဇယားပြောင်းရန်အမိန့်စာထုတ်ထား မကွေးဆေးတက္ကသိုလ်ဆရာ/ဆရာမများ အိမ်ထောင်စုဇယားပြောင်းရန်အမိန့်စာထုတ်ထား Reviewed by သစ်ထူးလွင် on 22:14 Rating: 5
9 comments:
Sunmoon said...
I heard that Magway division head is trying to get the illegal votes for his mother party by using power.
oaksoeaung@gmail.com said...
မကွေးဒေသမှာတမူထူးခြားမှု့များတွေ့တွေ့နေရသည်...
U Thar said...
၇ှင်း၇ှင်းလေးပါ စား၇တဲ့အ၇သာတွေသိနေပြီလေ
မ၇၇တဲ့နည်းနဲ့ညစ်ပတ်ကြမှာဘဲ အပေါ်ကလူကြီး
ကဘယ်လောက်ပြောပြောလေ သူ့ထိုင်ခုံတော့အ
လွတ်ခံမှာမဟုတ်ဘူး သူတို့အချင်းချင်းလဲ သိနေ
တာပဲ ဘယ်လူကြီးက ဘယ်လူကြီးကိုထိခိုက်
အောင်အေ၇းယူဘူးလို့လဲ အားလုံးကအပစ်တွေနဲ့
ဆိုတော့မပြော၇ဲတာ
အဲ့ဒါအေ၇းမကြီးဘူး ဦးသိန်းစိန်၊ဦးေ၇ွှမန်းတို့က တ
ကယ်ေ၇ာတိုင်းပြည်၇ဲ့လူကြီးတွေဟုတ်၇ဲ့လား လူကြီး
ဆို၇င်အမိန့်အာဏာ၇ှိ၇မှာပေါ့ ခုဟာကပြဇတ်ခုန်ပေါ်
လူ၇ွှင်တော်ထွက်လာတလိုဖြစ်နေပြီ
ေ၇ှ့ကနေဟိုဟာလုပ်မယ်ပြောလိုက် နောက်ကိုလှည့်
ကြည့်၇င်လုပ်ချင်၇ာတွေလုပ် ဖြစ်ချင်၇ာတွေဖြစ်နေကြ
တာ တိုင်းပြည်ကိုအုပ်ချုပ်တဲ့လူကြီးတွေအနေနဲ့တော့
အတော်၇ှက်ဖို့ကောင်းနေပါပြီ
nationalism said...
now they start already ,aware for fair election
ကျော်ထိုက် said...
မကွေး က မဲ လိမ်ဖို့ စလုပ်နေပါပြီ......မှန်ကန် မှုရှိဖို့..မကွေး က ပြည်သူများ အားလုံး ညီညွတ်ပြီး လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်...စု ရမှ တို့ ချမ်းသာမည်....
Unknown said...
give and take must be fair,,,,mr precident,,,
OZI said...
This instruction against the citizens' rights. Civil servants are not permanent residence at his transfer area and must be moveable as per instruction. No reasonable to change Form 10 wherever they are moved.
san san said...
အဲ့လို တနေရာထဲကွက်မလုပ်နဲ့လေ။လုပ်ရင် တနိုင်ငံလုံးလုပ်ပါလား။ တရုတ်တွေ မြန်မာနိုင်ငံမှာ မြန်မာ မှတ်ပုံတင်တွေ လုပ်ပြီးနေလာတာ ဆယ်စုနှစ် ၃စုတောင် ကျော်ပြီး။လက်ရှိလည်းဝင်လာ မဆဲပါဘဲ။မှတ်ပုံတင်တွေလုပ်ပြီးနေကြတာ။ဒီကိစ္စကိုတော့မသိ ယောင်ဆောင်နေတယ်။ဘာမှမဟုတ်တဲ့ ဒီကိုကိစ္စတော့ အသည်းအသန်လုပ်နေကြတယ်။မြန်မာပြည်သားအစစ်ကိုတော့ ပြဿနာရှာတယ်။
thethe said...
It is kind of fraud done by local authorities...It is going to be lots of malpractices out there at Magway when election happen.
Powered by Blogger.