လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီ

ခရိုင်ကော်မရှင်ရုံးသို့ လာရောက်သော ဒေါ်အောင်ဆန်းစုကြည်ကို သန်လျင်မြို့မှ ဒေသခံများက ကြိုဆိုစဉ်။
ဓာတ်ပုံ - ဝေယံ
ယနေ့နံက် (ဖေဖော်ဝါရီ ၆ ရက်) ၁၀ နာရီက သန်လျင်မြို့ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားမှုကို ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မိနစ် ၄၀ ခန့်အကြာ တွေ့ဆုံမေးမြန်း စိစစ်နေစဉ်။ ထိုတွေ့ဆုံစိစစ်မှုအပြီး ခရိုင်ကော်မရှင်ရုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီဖြစ်သည်။
ဓာတ်ပုံ - ဝေယံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ ပြန်လည်ထွက်ခွာလာစဉ်။
ဓာတ်ပုံ - ဝေယံ
မနားမနေ အလုပ်တွေလုပ်နေတဲ့ အန်တီစု ။ (၆-၂-၂၀၁၂) မနက်ပိုင်း သံလျင်ကိုသွားပါတယ် ။ သံလျင်ကပြန်လာပြီး ရုံးကိုပြန်လာပြီး ၊ (၇-၂-၂၀၁၂)နေ့ ပုသိမ်ခရီးစဉ်အတွက် အလုပ်တွေ ဆက်လုပ်ပြီးတော့ ရုံးချုပ်က အပြန် မမောနိုင်မပမ်းနိုင် အန်တီ့မျက်နှာ..........

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီ Reviewed by သစ်ထူးလွင် on 16:21 Rating: 5

5 comments:

kokochit said...

အမေစုကျမ်းမာပါစေ

Anonymous said...

ဝမ်းသာမိပါ၏

Unknown said...

အရမ်းချစ်ပါသည်...အမေစု....
အရာရာသတိထားပါနော်..
အဆုံးရှုံးမခံနိုင်ဘူး...

Anonymous said...

အမေစုကျမ်းမာပျှော်ရွှင်ပါစေ..

Unknown said...

ပုသိမ်က မုန့်ဟင်းခါးစားကြွမဲ့ သူတွေရေ
စား သတိ ၊ သွား သတိ နော်
ဝမ်းတော်လားကုန်ရင် အမေစုရဲ့ ဟောပြောပွဲကို မသွားရဖြစ်နေမယ်

Powered by Blogger.