မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း

From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP

စတုတ္ထမဏ္ဍိုင် များသို့-

ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။

၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။

ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။

မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။

စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။

ကိုဝင်းဇော်ဦး
မန္တလေး
bigbbrown
မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း Reviewed by သစ်ထူးလွင် on 10:54 Rating: 5

18 comments:

cnyein said...

အဲ့တာဆို ကြံဖွတ်ကကောင်တွေ အမှိုက်ကျုံးတဲ့အဆင်ဘဲ ရှိတာပေါ့ . . .

ရာရာ said...

ဒီလုပ်ရပ်လောက်ကိုတော့ အထူးအထွေပြောစရာမရှိပါ။ မဲလိမ်၊မဲခိုး၊မဲညစ် ပြီးသကာလ ဖွတ်ကြီးတို့ နိုင်ပြီး ဟု ဇွတ်ကြီးဗြောင်လိမ်မှာကိုပဲ စိုးရိမ်ပါသည်။

မန္တလေးသား said...

မရှက်တက်သော ခေါင်းဆောင်များနှင့် အရှက်မရှိသော အဖွဲ့သားများ လို့ ခေါင်းစဉ်ပေးရမှာဗျး)း)း)

Unknown said...

No, it is fair. USDP know that it cannot match NLD in upcoming elections and decided to wash their past sins by collecting garbage starting from Mandalay and people should forgive them as their already realize and regret their wrong doings in the past.

SN said...

ဘယ်တော့မှ မရှက်တတ်မဲ့ ကြံဖွတ်ဘဲ....ဒီလိုစိတ်မျိုးရှိတဲ့ကောင်တွေ ဦးဆောင်နေတဲ့ငါတို့နိုင်ငံ ဒီလိုချွတ်ခြုံကျနေတာလဲ မဆန်းပါဘူး.....ပြောချင်တဲ့ကောင် ကြိုက်သလောက်ပြောေ-ာက်ရှက်ကို ဘယ်တော့မှ ရှိမှာ မဟုတ်တဲ့ကောင်စားမျိုးတွေ

နွေဦီးသစ်စိမ်း said...

သူ့အဆင့်အတန်းကို သူပြတာပါ။

OZI said...

Staffs of City Development Committee are paid by the respective department using state budget. Not the employee of USDP and police. Considered power abuse by ministry of home or USDP is using State resources. Send the document to Election commission for objection.

chitthu said...

သြော်............ဒုက်ခ.....ဒုက်ခ...
သူတို.တစ်နေ.ကိုဘယ်လောက်ရလဲမသိဘူးနော်...

Weik Zar said...

မဆလတို့၊တစညတို့၊ကြံ့ဖွံ့တို့ရယ်၊ခင်ဗျားတို့လည်း
တိုင်းပြည်အတွက် လုပ်ခဲ့ကြတာ ပင်ပမ်းလှပါပြီး၊
အနားယူကြပါအုံး။အားလုံးလည်း ခင်ဗျားတို့
အကြောင်းသိနေကြပါပြီး။စိတ်သစ်၊အတွေးအခေါ်သစ်နဲ့
လူသစ်တွေကို တလှည့်လုပ်ခွင့်ပေးလိုက်ပါအုံး။

phayoung2009@gmail.com said...

အပေါ်က ကွန်မန့်ရေးထားတဲ့ အပေါင်းအပါတို့ရေ .. ကြံ့ဖွတ်ကို နားလည်ပေးလိုက်ကြပါကွာ... သူတို့က မေစုလို လူလုံးပြပြီး စည်းရုံးရေးမဆင်း ရဲဘူးလေ သူတို့လူလုံးထွက်ပြရင် ရိုက်ထုတ်မယ့် ပြည်သူက ခပ်များများဖြစ်နေတာဆိုတော့ သနားပါတယ် အမှိုက်ကောက်တဲ့ သူကိုတောင် စည်းရုံးခိုင်းရရှာတာ.. ကျွတ် စ် ကျွတ် စ် ... သနားပါ့..
သူတို့ကို သူတို့ သနားစရာ့ သတ္တ၀ါဘ၀ ရောက်နေတာမသိသေးဘူးနော်... (ကြံ့ဖွတ်မှ အမတ်များ ဖတ်မိပါစေပဲ ဆုတောင်းပါတယ်)

tharzaw said...

ညစ်နည်းအဖုံဖုံသုံးလျှက် စတင်လုပ်ကြံဖန်တီးနေပါပြီခင်ဗျား။

ktd said...

ဝန်ထမ်းဘ၀ကို နားလည်ပေးရမယ်။ သူတို့ဘ၀က နင်းပြား၊ နီးရာဓါးကို ကြောက်နေရတယ်။ ၀န်ထမ်းနဲ့ ပါတီနိုင်ငံရေး၊ ပါတီနိုင်ငံရေးနဲ့ ၀န်ထမ်း ရှုပ်နေတာဘဲ၊ အရောင်ဆိုးတာလဲ သူတို့ဘဲ၊ အရောက်ဖျောက်ခိုင်းတာလဲ သူတို့ဘဲ။ အရင်က လူမှုရေးအဖွဲ့အစည်းလိုလို သာရေးနာရေးလိုလို အုပ်စုအဖွဲ့ကြီးက အခု ပါတီလုပ်လာတော့ မဖြစ်မနေအသင်းဝင်လိုက်ရတဲ့ ၀န်ထမ်းတွေ မျက်စိလည်ရော၊ အခုအခြေအနေကျတော့ ထွက်ရမှာလား၊ နေမြဲအတိုင်းနေရမှာလား၊ ညွှန်ကြားချက်လဲ မလာဘူး၊ မသိသလိုပြုနေကြတယ်။ တစ်ခါတစ်လေ အကြီးအကဲတွေရောက်လာပြီး၊ အထူအပါး နားမလည်ဘူးလားလို့ ဟောက်သွားသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ အရှင်ထွက်အာဏာရှင်ခေါင်းဆောင်ကြီးရဲ့ပုံကို ဖြုတ်မထားလို့တဲ့၊ ။ ။

Anonymous said...

ထိပ်ဆုံးက Comment အမှိုက်ကျုံးတဲ့အဆင့်ဆိုတာ နှိမ်စရာ ချိုးစရာ ကဲ့ရဲ့စရာမဟုတ်ပါ။

ပြောချင်ရင် အမှိုက်ကျုံးစည်ပင်သာယာဝန်ထမ်းတွေကို အလွဲသုံးစားခိုင်းစေတဲ့ နောက်က ငနွားတွေကိုပြောပါ။

nationalism said...

They all have enought knowledge that they wear ( မဆလတို့၊တစညတို့၊ကြံ့ဖွံ့တို့ )်free uniform and vote for N L D (MOTHER SU ). HAAAAAAAAAAAAAAAA

thethnin said...

စည်ပင်က ဝန်တမ်းတို့ရေ
လုပ်ပေးလိုက်ကြပါဗျာ
သူတို့မှာ အားကိုးစရာ ခင်ဗျားတို့ပဲ ရှိတော့တာလေ..

soecyclone said...

အမေစုဘက်ကစည်းရုံးရေးဆင်းတဲ့လူတွေထဲမှာဒီလောက်ထိနိမ့်ကျတဲ့လူတွေ
မပါဘူးနော်၊ဒေါက်တာ၊ဘွဲ့ရ၊၁၀တန်းအောင် တွေကများတယ်၊ဒါပေမယ့်ဖွံ့ကြီး
တွေကတော့ထူးထူးဆန်းဆန်းပါလားဗျ!အများတကာစွန့်ပစ်ထားတဲ့အမှိုက်တွေကိုလိုက်လံကောက်တဲ့လူတွေကိုမှစည်းရုံးရေးဆင်းခိုင်းတာကို.ဟဲ..ဟဲ..ဟဲ..အင်မတိအင်မတန်မှကိုသနားစရာကောင်းပါတယ်ဗျာ၊ကျွန်တော်တယ်ကိုပဲသနားမိပါတယ်ဗျာ၊အော်!ဒါနဲ့..ပြောရအုံးမယ်အခုစည်းရုံးရေးဆင်းတဲ့ထဲမှာRapperတွေများပါလားမသိဘူးနော်?ဘာလို့လဲဆိုတော့ ဦးထုပ်ကို
ပြောင်းပြန်ဆောင်းထားတဲ့လူတစ်ချို့ကိုလည်းမြင်လို့ပါ..အဟိ.........
ကျွန်တော် နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ဖွံ့ကြီးတွေရဲ့အဆင့်အတန်း
ကတော့ အမှိုက်ကျူံးတဲ့အဆင့်လောက်ပါရှိတယ်ဆိုတာကို ဖွံ့ကြီးတွေကိုယ်
တိုင်ပဲ ဖော်ပြသွားပါပြီခင်ဗျာ.........

Myanmar said...

ဟား...ဟား..ဟား..ဟား..ကြည့်ကြအုံးငါ့ကောင်တို့ေ၇..။ လွှတ်တော်ဥက္ကဌကြီးဘဲ သနားပါတယ်။ အောက်ကကောင်တွေလုပ်ပုံက ကြံ့ဖွတ်၇ဲ့ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်း အတွေးအမြင် မည်မျှ ကြီးကျယ်သလဲ ကြံ့ဖွတ်ကို ဘယ်လိုပုံဖော်နေသလဲဆိုတာ မတွေးတတ်တော့ဘူးဗျို့။ မထူးဆန်းပါဘူးလေ ကြံ့ဖွတ်ကို ၀င်တာ အများကျိုးသယ်ပိုးမဟဲ့ဆိုပီး ၀င်တာမှမဟုတ်တာ။ ဘယ်လိုများ စားလိုက်၇ပါ့မလဲဆို ၀င်တဲ့သူကြည့်ဘဲဟာ။ ကြံ့ဖွတ်ပျက်စီးသွားလဲ ဒီလိုလူတွေက ၀မ်းနည်းနေမယ်ထင်သလား။ နောက်တနေ၇ာ ပြောင်းပီး စားပေါက်၇ှာမှာဘဲဗျို့။ ။

thuthu said...

စည်ပင်ဝန်ထမ်းတွေရေ အားနာနာနဲ့သာ လုပ်ပေးလိုက်ကြပါ ... သူတို့မှာ အားကိုးစရာဆိုလို့ ခင်ဗျားတို့ပဲရှိတာ ... ကြံ့ဖွတ်က ဒီတစ်ခေါက် ပိုက်ဆံမရှိလို့ မုန့်ဟင်းငါး မကျွေးနိုင်ရှာဘူးနဲ့တူတယ် ..

Powered by Blogger.