အမေစု နဲ.တွေ.ဆုံပွဲကိုမလာနိုင်အောင်လို. ဖျာပုံအာဏာပိုင်တွေကအောက်ဖက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုပိတ်ထားမယ်လို့ ဆို
(၁၇.၂.၂ဝ၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ်
အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်မရရှိသဖြင့်၊ ဟောပြောပွဲမပျက်စေရန် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပရန်အတွက် ပင်ပန်းဆင်းရဲစွာ ကြိုးစား နေကြရသော ဖျာပုံမြို့နယ် NLD အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံ အားပေးသူများ။
ဓါတ်ပုံ-Bryan Adams
17.02.2012 မှာ လာမဲ့ အမေစု ဖျာပုံခရီးစဉ် မှာ ဖျာပုံ အာဏာပိုင်တွေက ဖျာပုံမြို. ဘောလုံးကွင်းမှာ ကျင်းပခွင့် မပေးတဲ့ အတွက် ဖျာပုံမြို.ပြင် ချောင်းတွင်း ကျေးရွာ နဘေးက လယ်ကွင်းထဲမှာ အမေစု နဲ. ဖျာပုံ မြို.နယ် သား/သူ တွေ တွေ.ဆုံပွဲ ကို ကျင်းပနိုင်ရေးအတွက် ဖျာပုံ NLD အဖွဲ.၀င်တွေနဲ. မြို.သူ/သား တွေ ပင်ပန်းဆင်းရဲ စွာ ပြင်ဆင်နေကြတယ်။
အမေစု နဲ.တွေ.ဆုံပွဲကိုမလာနိုင်အောင်လို. ဖျာပုံအာဏာပိုင်တွေကအောက်ဖက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုပိတ်ထားမယ်လို့ ဆို အမေစု နဲ.တွေ.ဆုံပွဲကိုမလာနိုင်အောင်လို. ဖျာပုံအာဏာပိုင်တွေကအောက်ဖက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုပိတ်ထားမယ်လို့ ဆို Reviewed by သစ်ထူးလွင် on 21:45 Rating: 5
9 comments:
Ar Ga said...
အ၇ှက်ကော ၇ှိကြသေးရဲ့လား ? ဘာလို့ ကြောက်၇တာလဲ ။ အမေစုက ဒါးမ တစ်ချောင်းတောင် မ၇ှိတဲ့ မုဆိုးမပါ။ အုပ်ချုပ်သူ လူတန်းစားကို လူတွေ ပိုပြီး ၇ွံမုန်းနေအောင် လုပ်နေကြတာလားဗျာ ....
သူရိယ said...
ဒီလူတွေကားလိုင်းတွေကိုဘဲပိတ်ထားလို့ရမယ်။ ပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ယုံကြည်လေးစားမှုနဲ့ မေတ္တာကိုတော့ ပိတ်နှောင်လို့မရပါဘူး။ ပြည်သူတွေဟာတစ်နည်းနည်းနဲ့ကိုရောက်အောင်သွားကြမှာပါ။လွယ်ကူတာနဲ့ခက်ခဲတာဘဲကွာမှာပါ။ ပြီးတော့ပြည်သူတွေရဲ့ရင်ထဲကဆန္ဒမဲကို ပိတ်ဆို့လို့မရပါဘူး(မဲမခိုးရင်ပေါ့လေ)။
ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကိုကမ်းလုံးညွတ်နေရာတိုင်းမှာ
ကြိုပြီးလို့မှ NLD ကမဲမနိုင်ဘူးဆိုရင်တော့ ပြည်သူတွေက NLD ကိုနောက်တာတော့မဖြစ်နိုင်ဘူးဆိုတာကို ရွေးကောက်ပွဲဝင်မယ့်ပါတီတိုင်းလည်း သဘောပေါက်သင့်ပါဘီ။ ၂၀၁၂ ခုနှစ်ကိုရောက်ပါဘီ IT ခေတ်မှာ လူလိမ်များလိမ်ရခက်လာပြီဆိုတာကိုသိစေချင်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ နေဧေးလိမ်နည်းဆိုတဲ့စာအုပ်ကိုဖတ်တုန်းက နေဧေးဆိုတဲ့လူကလူလည်ပေါ့ဗျာ။ ဥာဏ်ကလည်းပြေး ဟိတ်ဟန်ကလည်းကောင်းဆိုတော့ နေဧေးလိမ်လိုက်ပြီဆိုမှဖြင့် သတ်သတ်ရပ်ရပ်နဲ့ ခံလိုက်ရတာချည်းပါဘဲ။ ဒါပေမဲ့ အခုအချိန်ပြန်ဖတ်ကြည့်လိုက်တော့ ခေတ်မမှီတော့ပါဘူး။ လိမ်နည်းတွေကရိုးစင်းကုန်ပါဘီ။ သူ့ခေတ်နဲ့သူ့အခါတုန်းကတော့ဟုတ်တာပေါ့ဗျာ။ အခုလည်း IT ခေတ်ကြီးထဲမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ပါမယ်လို့ကတိပေးလိုပေး၊ဒ်ါအောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်ရင် ဝမ်းပန်းတသာကြိုဆိုပါတယ်ဆိုပြီးပြောလိုပြောပြီး၊ ဒေါ်အောင်ဆန်းစုကြည်လာမယ့်မြို့တွေမှာ
ပြည်သူတွေမကြိုဆိုနိုင်အောင်လုပ်နေတာဟာကမ္ဘာကိုလိမ်ချင်လို့ပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာမဲလိမ်ချင်လို့ပါ။လူတွေဒီလောက်ကြီးကြိုဆိုကြပြီးမှ NLD မဲရှုံးရင် ယုတ္တိမရှိမှန်းသူတို့လည်းခန့်မှန်းမိကြမှာပေါ့။ ဒါပေမဲ့သူတို့ရဲ့လုပ်ရပ်ကိုလည်းကမ္ဘာကပြန်ခန့်မှန်းမိနေကြတယ်ဆိုတာကိုတော့ဒီလူတွေဥာဏ်ဘဲနည်းတာလားIT ခေတ်ကိုဘဲသေချာသဘောမပေါက်သေးတာလားဒါမှမဟုတ် ဗြောင်လိမ်ဗြောင်စားရဦးမလားလို့ သွေးတိုးစမ်းနေတာလား တစ်ခုခုပါဘဲ။ သေချာတာကတော့အလိမ်ခံရပါများတဲ့ပြည်သူတွေဟာ ဒီနည်းတွေလောက်ကိုတော့စာမဖွဲ့တော့ပါဘူး။စိုက်တာတဖွဲ့ခုတ်တာတဖွဲ့လို့ တော့မလုပ်နဲ့တော့နော်။ ငါတို့တိုင်းပြည်ခေါင်းဆောင်က မိန်းမဆိုရင်လဲ မိန်းမ၊ယောက်ျားဆိုရင်လဲ ယောက်ျားပေါ့ဂန်ဒူးကြီးတော့မလိုချင်ဘူးဟေ့။
ဘကြီးမောင် said...
အာကြီးနဲ့ သူရိယတို့ရေးတာ အမှန်ပဲ ဒါးမတိုတစ်ချောင်းတောင် မရှိတဲ့ မုဆိုးမကြီးတစ်ယောက်ကို ချစ်တဲ့ ပြည်သူတွေရဲ့ ချစ်စိတ်၊ သူ့ကိုယုံကြည့်စိတ်၊လေးစားတဲ့ စိတ်ကို ဘာနဲ့ ပိတ်ဆိုတာဆီးနှိင်မှာလဲ...သေချာတော့ IT ခေတ်မှာ လိမ်နိုင်ရင်တော့ တော်တယ်လို့ပြောရမှာပေါ့....လူကြီးမင်းများ စာဖတ်ကြပါ..သိုသော် ကာတွန်း မပါ (ပြောမယ့်သာပြောရတယ် IT နဲ့ပတ်သက်တာဆိုလို့ သူတို့ သိတာ ရန်ကုန်က IT လက်ဘက်ရည်ဆိုင်လောက်ပဲသူကြတာဆိုတော့ ပြောရခက်သား)
naung said...
ကြားဖြတ်ရွေးကောက်ပွဲတရားမမျှတပါ...
အပြောကတော့ ရွှေမန်းပါပဲ....
Once Myanmar said...
What a narrow-minded, shameful and childish action by so called current LEADERS in that region and anyone behind them!
We admire to those who is struggling to achieve nation's goal. Do not give up! Keep going on!
သက်မောင် said...
အော်... လူတစ်ချို့က အမြင်တော်တော်လေး ကျဉ်းမြောင်းနေကြပါလား.. မြန်မာ့ရေ မြန်မာ့မြေပေါ်မှာနေပြီး မြန်မာပြည်တိုးတက်ဖို့မစဉ်းစားပဲ ငါ့အတွက် ကိုပဲ ကြည့်သူတွေ တစ တစ များလာပါပြီ.. အတ္တ ကို ရှေ့တန်းတင်လာနေကြပြီ.. ကိုယ့်လုပ်ရပ်က သဘောထားသေးသိမ်တယ်ဆိုတာ မတွေးမိကြဘူးထင်တယ်... ဒုက္ခ...ဒုက္ခ လွတ်လပ်မှုတွေ မြန်မာပြည်မှာ ထာဝရရှင်သန်နိုင်ပါစေ...
min yar zar said...
ဟုတ်တယ်၊ သူတို့ အခု အမေစု ကို အရမ်းကြောက်နေကြပြီ။ တစ်မျိုးပြီးတစ်မျိုး နှောက်ယှက်နေကြပြီ၊ အဲဒါကြောင့် နိုင်ငံတကာ က ခေါင်းဆောင်များနဲ့ နိုင်ငံတကာက အဖွဲ့အစည်းများအားလုံး မြန်မာနိုင်ငံကို လစ်လျူရှုမထားကြဖို့နဲ့ မျက်ခြေမပြတ်စောင့်ကြည့်ကြဖို့ အနူးအညွတ် တောင်းပန်ဖိတ်ခေါ်လိုက်ပါတယ်။ အမေစု ရဲ့ လုံခြုံရေးကို လည်း တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ဖိတ်ခေါ်ပါတယ်၊ အမေစုနဲ့ တကွ အမေစုကို ချစ်တဲ့ ထောက်ခံကြတဲ့ မြန်မာပြည်သူပြည်သားများကို ၀ို်င်းဝန်းစောင့်ရှောက်ကြပါ။ အယုတ်တမာ ကောင်တွေက အချိန်မရွေး ထပြီး ယုတ်မာနိုင်ပါတယ် ဆိုတာ မမေ့ကြပါနဲ့.
ewhainnshwe said...
အမေစုဘက်ကနေ ဒေါသဖြစ်ပေးကြ အမေဒေါ်စုကို ၀ိုင်းထောက်ခံကြတဲ့သူတွေချည်းပဲ အများကြီးမို့ ကျေးဇူးတင် အားတက်မိပါတယ်။ ဒါပေမယ့် တွေ့တွေ့နေတဲ့ မုဆိုးမဆိုတဲ့ နာမ်စားကိုတော့ မသုံးစေလိုပါဘူး။ အမျိုးသမီးတွေမှာ ယျေဘူယျအားဖြင့်သက်တမ်းတိုတဲ့ သူတို့ရဲ့ အမျိုးသားတွေ အကြောင်းကြောင်းကြောင့် ဆုံးပါးသွားတဲ့အခါ နောက်အိမ်ထောင်လည်းမပြုကြပဲ ကျန်ခဲ့တဲ့သားသမီးတွေကိုလူဖြစ်အောင် နှစ်ယောက်ဝန်ကို တစ်ယောက်တည်းထမ်းရင်း ရုန်းကန်ကြရတာ သနားဂရုဏာ ထားစရာပါ နှိမ်စရာမဟုတ်ပါဘူး ထိုထိုသော အမျိုးသမီးတွေ မှာ ဘာအမှားမှ မရှိပါဘူး။ မုဆိုးမ ဆိုတဲ့ မြန်မာစကားက လူကို နှိမ်ပြောကြသလိုခံစားမိလို့ပါ။ အခုလည်း အမေစုကို ဓါးမတိုတစ်ချောင်းမှမရှိတဲ့မုဆိုးမကြီးဆိုတာ နားထဲ မှာ သိပ်မချမ်းသာလို့ပါ ... အမျိုးသမီးကြီးဆိုရင် မကောင်းပါလား။ အမေရဲ့ဂုဏ်ဟာ ကမ္ဘာမှာပါဝင့်ထည်လောက်တဲ့ မြန်မာ့ဂုဏ် ဆောင် အမျိုးသမီးကြီးမို့ပါ။
know said...
အမေစု သူတို့ယုတ်မာချိန် နီးနေပြီလို့ခန်ု့မှန်းမိတယ်..ဘုန်းကြီးတောင်ချမ်းသာမပေးခဲ့တာနော်..NLD အဖွဲ့ဝင်များကိုစေလွှတ်ပြီးစည်းရုံးလည်း ဖြစ်ပါတယ်အမေရယ်..စိုးရိမ်လွန်းလို့ပါ..NLD ခေါင်းဆောင်ပိုင်းကလည်းအမေစုကို လုံခြုံရေးအတွက် တားမြစ်ပေးကြပါ..နိုင်ငံတကာခေါင်းဆောင်ကြီးများဧ။် သာဓက များစွာရှိခဲ့ပါသည်။။။။။သူတို့ကိုလုံးဝမယုံပါနှင့်...သူတို့ sign တွေပြနေတာအလေးထားပါ...အမေဟာပြည်သူတို့ရဲံ့အရေးကြီးဆုံးလူပါ...ဘာမျှအဖြစ်မခံနိုင်ပါ...ကြံ့ဆွတ်ပါတီဧ။် မတရားသဖြင့်မဲဆွယ်နေမှုများကိုရွေးကောက်ပွဲ မစ ခင်ကတည်းက နိုင်ငံတကာ သိသာအောင် ထုတ်ပြန်သင့်ပါသည်....
Powered by Blogger.