ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို သယ်ယူနိုင်ရန်အတွက် ဓာတ်ငွေ့လိုင်းနဲ့ ရေနံပိုက်လိုင်းတွေ ချဖို့ မကွေးတိုင်း စကုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေပေါ်မှာ မြောင်းတွေ ဖောက်လုပ်နေတဲ့အတွက် ယာမြေတွေနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပါဝင်နေတဲ့ ယာမြေတွေအတွက် လျော်ကြေးပေးမယ် ဆိုပေမဲ့ ဆုံးရှုံးတဲ့ ပမာဏနဲ့ ပေးလျော်တဲ့ ငွေကြေး မမျှတတာကြောင့် တောင်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အခု ဓာတ်ငွေ့ပိုက်လိုင်းတွေ ချနေတဲ့ ယာမြေတွေမှာ ပဲသီးနှံတွေ ရိတ်သိမ်းဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
11:41
Rating:
1 comment:
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ လယ်သမားတွေကို ကိုယ်ချင်းမစားနာဘူး
ကိုယ်ဖြစ်ချင်တာကိုအတင်းဖြစ်အောင်လုပ်နေတယ်
လယ်သမားတွေတစ်နှစ်ကို အပင်တစ်ပင်ဖြစ်အောင် နဖူးကချွေးခြေမကြအောင်
မနဲကြိုးစားရုန်းကန်လုပ်ကတာ သူတို့မလို့ကိုယ်ချင်းမစာမနာလုပ်ရက်တယ်
အဲဒီဓါတ်ငွေ့တွေကိုယ် ပြည်သူအတွက်တော့အသုံးမချဘူး
ကိုယ်ကြိုးစီးပွားတွက်ပဲ အသုံးချချင်နေကြတယ်
ဒီဓါတ်ငွေ့တွေရောင်းရတဲ့ငွေတွေ ပြည်သူတွေ တစ်ကျပ်ပေးဖူးသလား
ပြည်သူတွေရဲ့ လယ်ယာမြေတွေသာဆုံးရုံးသွားတယ် ဘာမှမလျော်ပေးဘူး
လယ်သမားတွေဟာလဲ အလျော်မလိုချင်းပါဘူး လယ်မြေသာပြန်လိုချင်တာ
အဲဒီ ဓါတ်ငွေ့လိုင်းကို ပြတ်အောင်သာဖြတ်တောက်ကြပါ
အမိ နိုင်ငံမှထွက်သော သဘာဝသံယံဇာတများကို အမိ နိုင်ငံသားတိုင်းသာ
ခံစားပိုင်ခွင့်ရှိတာပါ
ပြည်သူလူထူ တညီတညွတ်တည်း လယ်ယာမြေလိုက်လံဖြတ်ဆီးနေသာ အဲဒိဓါတ်ငွေ့လိုင်းကိုဝိုင်းဝန်းဖြတ်တောက်ကြပါ။
Post a Comment