မြိုင်မြို့ နယ်မှာ စာပေဟောပြောပွဲကျင်းပတဲ့သူတွေကို အရေးယူဖို့ ပြင်ဆင်နေ
ကာတွန်းအော်ပီကျယ်
၅.၂.၂ဝ၁၂ နေ့ ညပိုင်းမှာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊
ဗဟင်းကျေးရွာတိုက်နယ်ဆေးရုံအနီးမှာ စာရေးဆရာ စမ်းစမ်းနွဲ့(သာယာဝတီ)၊
နုနုရည် (အင်းဝ)၊ ကာတွန်းအော်ပီကျယ် တို့ရဲ့ စာပေဟောပြောပွဲ
ကျင်းပခဲ့ပါတယ်။
အဲဒီစာပေဟောပြောပွဲကျင်းပခဲ့တာဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တယ်ဆိုပြီး
ဟောပြောပွဲစီစဉ်ကျင်းပသူ တွေဖြစ်တဲ့ ပခုက္ကူစက်မှုဇုန်က ဦးမြင့်လွင်၊
ဗဟင်းအုပ်စု၊ သနပ်ရင်းရွာက ဦးကျော်အောင်၊ ဦးထွန်းဆင့်၊ ဗဟင်းရွာက
ဦးဝင်းသိန်းတို့အပါအဝင် (၉)ဦးကို ကျေးရွာအက်ဥပဒေပုဒ်မ ၂၁(၁)နဲ့
အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးရုံးက စီစဉ်နေပါတယ်။
အခုလိုအရေးယူဖို့ဖြစ်လာရတာကတော့ ရွေးကောက်ပွဲမကျင်းပခင် စာရေးဆရာတွေက
အမေစုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်
စည်းရုံးဟောပြောပေးတယ်ဆိုပြီး မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်က
အထင်အမြင်လွဲမှားပြီး ခရိုင်အုပ်ချုပ်ရေးမှူးကို မာန်တာနဲ့
ခရိုင်အုပ်ချု့ပ်ရေးမှူးကလည်း မနေသာတော့ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးကို
ထပ်ဆင့်အမိန့်ပေးရတော့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၆-၂-၂ဝ၁၂ နေ့မှာ ပခုက္ကူမြို့ စက်မှုဇုန်မှာ ဟောပြောဖို့
စီစဉ်ထားတာတွေကိုပါ ဖျက်လိုက်ရ ပါတော့တယ်။ ပခုက္ကူစက်မှုဇုန်မှာ
ဟောဖို့အတွက် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်
ပေးထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကျင်းပမယ့်နေ့ (၆)ရက်နေ့ မှာပဲ
မြို့နယ်အုပ်ချုပ်ရေးမှူးက  ကျင်းပရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံပြီး
စသုံးလုံး၊ အက်စ်ဘီတို့နဲ့အတူ အင်အားပြခြိမ်းခြောက် ခွင့်ပြုချက်
ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ အလားတူ ရေစကြိုမှာ ဟောဖို့ စီစဉ်ထားတာတွေကိုပါ
ဖျက်လိုက်ရပါတယ်။
အကြောင်းပြချက်တွေကတော့ ကျောင်းသားလေးတွေ စာမေးပွဲနီးနေလို့၊
ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေကို လုံခြုံရေးပေးနေရလို့ပါတဲ့။
ကျိုးကြောင်းမဆီလျော်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။
ဆယ်တန်းကျောင်းသားတွေက မတ်လထဲမှာမှ ဖြေရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မဲ့
အမတ်လောင်း တွေကလဲ ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့မှ စည်းရုံးခွင့်ရမှာဖြစ်ပါတယ်။
အခုမြို့နယ် အန်အယ်လ်ဒီက စည်းရုံးရေးခရီးသွားနေတာတွေကိုလည်း ဘယ်သူမှ
လုံခြုံရေးလိုက်ပေးတာမဟုတ်ပါဘူး။
သူတို့က ပခုက္ကူ၊ ရေစကြိုနဲ့ မြိုင် (၃)မြို့နယ်
ယှဉ်ပြိုင်ဖို့ရှိနေတာကြောင့် ရှုံးမှာကြောက်တာနဲ့ အခုလို
သွေးရူးသွေးတန်းတွေဖြစ်ကုန်တာပါလို့ ပခုက္ကူမြို့ ခံတဦးက Myanmar News Now ကို ပြောပါတယ်။
MNN
5 comments:
ပန်းသတင်း said...
ဒါလာကွ..ဒီမိုကရေစီနီင်ငံတော်ကို သွားနေတယ်ဆိုဒါ..စာပေဟောပြောပွဲလေ..လူတွေကိုအသိညဏ်တွေ ရှိလာအောင် မျက်စီတွေ ဖွင့်လာအောင် ဗဟုသုတတွေ ရလာအောင် စာပေကို ချစ်မြတ်နိုးသူတွေက အသိပညာ မီးကို လက်ဆင့်ကမ်းကူပေးတဲ့ပွဲလေ..ဒီလိုပွဲမျိုးတွေကိုတောင် လိုက်ပြီးနှေက်ယှက်နေလေးတယိဆိုရင်တော့..မငိးတို့ပြောပြောနေတဲ့ဒိမိုကရေစီကတော့..ဘယ်တော့မှရောက်လာမှာမဟုတ်သေးဘူး...။။
အညာသားလေး said...
ဟုတ်တယ် ဒီကောင်တွေကြောက်နေပြီ စာပေးဟောပြောပွဲကိုပိတ်တာ
``မြန်မာစာသည့် ငါတို့စာ
မြန်မာစကာသည် ငါတို့စကာ´´
ဆိုတဲ့ မြန်မာစာပေကိုစော်ကာတာ
maybe said...
အင်း ရထားတာမကြာသေးပါဘူး သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတာလား အခုကျတော့လဲ အရင်လိုဘဲအရင်တိုင်းဘဲနော် ဘာမှလဲသိပ်မပြောင်းသလိုဘဲ အကြောင်းအမျိုးမျိုးပြပြီး လိုက်ပိတ်နေတာ ကျွန်တော်ကတော့သိပ်မသိဘူး အရင်လိုတော့ပြန်မဖြစ်ပါစေနဲ့ပေါ့ ဒီမိုကရေစီဆိုတာ ဘာကိုပြောတာလဲမသိလို့မေးကြည့်တာပါ
ရန်လင်း said...
မြန်မာပြည် ဘယ်တော့ လွတ်လပ်ရေးရမှပြါလိမ့်
aung aung said...
အဲဒီကောင်တွေက အာဏာကို အလွဲသုံးစားလုပ်နေကြတာ..
သူတို့ရဲ့ ပထွေး သန်းရွှေရဲ့ အကျင့်နေက သူတို့ရဲ့ ချီးတွေနဲ့ပြည့်နေတဲ့ (ဦးနှောက်မရှိ)ခေါင်းထဲမှာ စွဲနေတာ ဖြစ်မှာပေါ့
နိုင်ငံသား အချင်းချင်းကြတော့ ဖင်ခေါင်းကျယ်ပြတယ် ...သူတို့နှမတွေပေးထားပြီးတော်ထားတဲ့ တရုတ်တို့ ကုလားတို့ကြတော့ ကြောက်လိုက်တာ ....မပြောလိုက်ချင်ဘူး...စာဖတ်သူများ အားလုံးကို တောင်းပန်ပါတယ် လေးလဲလေးစားပါတယ် ဗျာ ...ကိုယ့်အချင်းချင်း အနိုင်ကျင့်စော်ကားတာကို စိတ်တိုလွန်းလို့ ရေးလိုက်မိတာပါ..အားလုံးပဲ နားလည်ပေးကြပါဗျာ ..
ဒီကောင်တွေ တော်တော့်ကို လွန်လွန်းတယ်
အရှက်မရှိတဲ့ကောင်တွေ
ဘယ်လို မိဘများက ပေါက်ဖွားလာလဲ မသိပါဘူးဗျာ
အဲလိုပြောတော့ သူတို့မိဘတွေပါ ပါကုန်ပြီ ..
သားသမီးမကောင်းတော့ မိဘခေါင်းတဲ့ ..
မြန်မာစကားပုံရှိပါတယ်
ဒီကောင်တွေ အဲလောက် သိမဲ့ကောင်တွေလည်း မဟုတ်လောက်ပါဘူး
မသိလို့လဲ လုပ်တော ဖြစ်မှာပေါ့ ...........
တူသော အကျိုးကို ခံစားရပါစေဗျာ
Powered by Blogger.