|
ဒေါင်းအလံများဝှေ့ရမ်းကာဒေါ်အောင်ဆန်းစုကြည်ကိုအားပေးနေကြသောပုသိမ်လူထု
|
ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ မီတာ၄၀၀အားကစားကွင်းတွင်ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်-
“ကျွန်မတို့ပါတီက ပြည်သူတွေကိုအားကိုးပြီးတော့ ရပ်တည်ခဲ့တာ
အနှစ်၂၀ကျော်ပါပြီ။ ဒီလိုအားထားခဲ့တာ မမှားဘူးဆိုတာ ဒီလိုနေ့မျိုးက
သက်သေထူပါတယ်။ ပြည်သူတွေသာ ကျွန်မတို့ဘက်က မရပ်တည်ခဲ့ရင် အခု ကျွန်မ
ပြည်သူတွေရှေ့ရပ်ပြီး စကားပြောနိုင်တဲ့အခြေအနေ ရောက်လာမှာမဟုတ်ပါဘူး။
ပြည်သူတွေရဲ့မျှော်မှန်းချက်တွေ၊
မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေအားလုံးကို ကျွန်မတို့နားလည်ပါတယ်။
ဒီဟာတွေပေါ်မှာ အခြေခံပြီးတော့ ပြည်သူတွေအတွက် အကျိုးမြဲမယ်
အပြောင်းအလဲတွေလုပ်ဖို့ ကြိုးစားနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ခံပြည်သူများအား မိန့်ခွန်းပြောကြားရာတွင်
ယနေ့လာသည့်လမ်းတစ်လျှာက်တွင် သူမအနေဖြင့်ပြည်သူများမည်မျှဆင်းရဲနေသည်
ကိုမြင်တွေ့ခဲ့ရကြောင်း၊ အထူးသဖြင့်တောင်သူလယ်သမားများမည်မျှဆင်းရဲသည်ကိုတွေ့ခဲ့ရ
ကြောင်း၊ထို့ကြောင့်သူမအနေဖြင့်နိုင်ငံရေးတာဝန်များပိုမိုကြီးမားလာပြီဖြစ်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။အလားတူဒေါ်အောင်ဆန်းစုကြည်က ၂နာရီနီးပါးမျှ နေပူထဲတွင်စောင့်ဆိုင်းခဲ့ရသောပြည်သူများအားတောင်းပန်ခဲ့သည်။
၁၅ မိနစ်ခန့်မိန့်ခွန်းပြောကြားအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ ခရီးစဉ်ပြီးဆုံးသွားပြီဖြစ်၍ရန်ကုန်သို့ပြန်လည်ထွက်ခွါလာကြပြီဖြစ်သည်။
7Day News Journal
1 comment:
take care as always,,,
i mean..... everything...(EVERYTHING)
and take more rest,,,,
you look tired ah may Su..
God bless you...
Post a Comment