အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ
မရှုမြင်ရန် ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အခါတွင် နှစ်နိုင်ငံပြည်သူများ၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်အပါအ၀င် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်းလည်း ပြောသည်။
တရုတ်က ရင်းနှီးမြှုပ်နှံထားသည် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ရပ်တန့်ထားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။
တချိန်တည်းတွင်ပင် မြန်မာ-အမေရိကန် ဆက်ဆံရေးသည် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် တိုးတက်လာပြီး သံတမန်အဆင့် ပြန်လည်ထားရှိရန် စီစဉ်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွင် နည်းပညာအထောက်အကူ ရရှိစေရန် ပိတ်ဆို့မှုတချို့ အမေရိကန်က လျှော့ပေါ့ပေးခြင်းများ လုပ်ဆောင်နေသည်။
အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အာရှနှုန်းစံတန်ဖိုးများနှင့် အနောက်တိုင်းနှုန်းစံတန်ဖိုးများ ဆန့်ကျင်ဘက်ဖြစ်သည်ဆိုသော အချက်ကို ငြင်းပယ်ကြောင်း၊ ထို့အပြင် တရုတ်နှုန်းစံတန်ဖိုးနှင့် အိန္ဒိယနှုန်းစံတန်ဖိုး မတူနိုင်သကဲ့သို့ မြန်မာ နှုန်းစံတန်ဖိုးကလည်း တသီးတခြားဖြစ်ကြောင်း ပြောထားသည်။
အဆိုပါမဂ္ဂဇင်းက တရုတ်သတင်းထောက် Yang Xizo ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် ယမန်နှစ်က ရန်ကုန်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းနှင့် နီးစပ်သူများက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်ကြီး Li Junhua တို့ တွေ့ဆုံဆွေးနွေးသည့်ကိစ္စကို တရုတ်ဘာသာဖြင့် ရေးသားဖော်ပြသည့် Asia Weekly ကလည်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခြင်း မရှိကြောင်းသိရသည်။
အနှစ် နှစ်ဆယ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်တရုတ်အရာရှိဖြစ်သော သံအမတ်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မရောက်ဖူးသေးကြောင်းနှင့် အလည်အပတ်သွားရန် ဆန္ဒရှိသည်ဟု ပြောကြားကြောင်း သိရသည်။
ဧရာဝတီ

မြန်မာကို စီးပွားရေးအတွက်သာ မရှုမြင်ရန် တရုတ်အား ဒေါ်အောင်ဆန်းစုကြည် ပြော
Reviewed by သစ်ထူးလွင်
on
18:38
Rating:
10 comments:
ဟုတ်တယ်။တရုတ်တွေက မြန်မာ ပြည်ကို စီးပွားရေး ဂုတ်သွေးစုတ်ဘို့လောက်သားစဉ်းစားကြတာ။တရုတ် နဲ့မြန်မာ နယ်စပ်မှာ သစ်ခွဲစက် တည်ပြီး မြန်မာ ပြည် က ကျွန်းတွေ မတရားနည်းနဲ့ယူပြီးတခြားတိုင်းပြည်တောင် တင်ပို့နိုင်တာ ကြည့်။လုပ်ကြပါအုံး တရုတ်နဲ့ ကင်းကင်းနေကြပါ။
အမေလို့ သြဇာညောင်းတဲ့သူက တ၇ုတ်ကို အခုလိုမက်ဆေ့ပေးလိုက်တာ သိပ်အား၇တယ်ဗျာ။ ဒါပေမယ့် အမေ့မှာ ဘာမှလုပ်ပိုင်ခွင့်မ၇ှိပါဘူး။ သြော် လုပ်ပိုင်ခွင့်၇ှိတဲ့သူတွေများ အခုလို အသိလေး၇ှိ၇င် ဘယ်လောက်ကောင်းမလဲဗျာ။
အမှန်က ၇ှစ်လုံးကို အစိုး၇ တ၇ုတ်နဲ့ ဆက်ဆံ၇ာမှာ အသုံးချဘို့ မွေးထားတာထင်ပါတယ်။ ဒါပေမယ့် ၇ှစ်လုံး လှည့်စားတာကို အစိုး၇က သိသိနဲ့ ခံနေ၇တုန်းဘဲ။ ခုချိန်မှာ ၇ှစ်လုံးကို မလိုအပ်တော့ဘူး။ ။
ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်း တစ်ခု အနေနဲ့ပဲ မမြင်ဘို့ ဆိုတဲ့အသုံးအနှုန်းကို လေးစားတယ် အန်တီစု တကယ်ကို လေးစားတာပါ တယုတ်က မြန်မာအပေါ်ကို စားခွက် တစ်ခုအဖြစ်ပဲ သဘောထားတာပါ ကြာပါပြီဗျာ..
မှန်တာပေါ့အမေစုရယ် တိုင်းပြည်အကျိုးစီးပွားအတွက်
အမှန်ဆုံးဘယ်သူမျက်နှာမှမထောက်ပဲပြောတဲ့စကားပေါ့။
ပြည်သူ့ခေါင်းဆောင်အစစ်ပါအမေ။အမေအခုပြောခဲ့တဲ့စကား
အတွက်ဒီနေရာကရှိခိုးဦးချပါတယ်အမေ။
Awesome!
Be win-win game/strategy!!!
ဒါမှဒို့အမေ....ဒို့အမေစုဟေ့
အမေ..သာသာနဲ့ နာနာလေးနှက်ပေးပါ ဒီကောင်တွေကို
မျက်စိစပါးမွှေးစူးလွန်းလို့ ဟိုနေရာလည်းဒင်းတို့
ဒီနေရာလည်းဒင်းတို့ အရေးအကြောင်းဆိုနှုတ်ဆိတ်
မတရားတဲ့ဘက်ကဘယ်နိုင်ငံဘယ်နေရာမှာမဆိုအမြဲတမ်း
ရပ်တည်ပေးကာကွယ်ပေး ကျုပ်တို့မြန်မာနိုင်ငံကို
စားကျက်တစ်ခုလောက်သာသဘောထားတဲ့ကောင်တွေ
ဘယ်သူသေသေငတေမာပြီးရောကောင်တွေ
မင်းတို့မိုးကောင်းတုန်းရွာထားကြပေါ့ကွာ
မင်းတို့အလှည်ကြရင်မိုးကြိုးပါပစ်မယ်ဟေ့
Yes that right amay suu.
မန္တလေးမှာ ကျောင်းတက်နေတဲ့ တရုတ်ကလေးတွေ နိုင်ငံတော်သီချင်းဆိုသံ ကြားရတာ စိတ်ထဲတစ်မျိုးပဲ ... ဘာတဲ့ ...
"ဒါ ဒို့ပြည် .. ဒါ ဒို့မြေ ... ဒို့ ပိုင်တဲ့မြေ" ... တောက်!!!!
တရုတ်(တယုတ်)ကို ဖအေခေါ်နေတဲ့သူတွေကို
မေးချင်တယ်(လျှပ်စစ်(၁)ဇော်မင်းအပါအ၀င်)။
"စားရတာမ၀ကြသေးဘူးလား?
နှိပ်စက်တာ အားမရကြသေးဘူးလား?"
ဟိုအရင်က နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်။
အခု ဂုတ်သွေးစုပ်တရုတ်နဲ့ စစ်အာဏာရှင်။
“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်”
အမေစုကို လေးစားတယ်။
လက်ရှိအချိန်အခါမှာ နံနက်မိုးလင်း အိပ်ယာထတာနဲ့ တရုပ်သွားတိုက်ဆေးနဲ့ သွားတိုက်တံနဲ့ စတွေ့တာဘဲ။ မိုးလင်းကနေ မိုးချုပ်ထိ တရုပ်ပစ္စည်းနဲ့ မကင်းနိုင်သေးတဲ့ မြန်မာပြည်ဘဲ။ ကင်းမဲ့ တစ်နေ့တော့ ရောက်လာမှာဘဲ။ ရှစ်လေးလုံး လူထုတော်လှန်ရေး မြန်မာပြည်က စတင်ပြီး၊ မကြာခင်မှာ တရုပ်မှာ လူထုတော်လှန်ရေးဖြစ်တယ်။ တရုတ်အစိုးရက ပြည်သူတွေကိုနှိပ်နင်းပြီး သူတို့ကိုယ်တိုင် တိုင်းပြည်စနစ်ကို ဈေးကွက်စီးပွားရေးစနစ်ပြောင်းပစ်ပြီး၊ လူထုရဲ့ တော်လှန်ရေးကို ခေါင်းပုံဖြတ်ခဲ့တယ်။ လူလည်ကျသွားတဲ့ အစိုးရ ခုထိအုပ်ချုပ်နေခဲ့တယ်။ မြန်မာပြည်ကိုလည်း သူတို့အတိုင်း မိတ္တူပွားခိုင်းတယ်။ သတိကြီးကြီးထားရမယ်။ မြန်မာနိုင်ငံရေးက တရုတ်ချယ်လှယ်မှု ကြံစည်မှုက လွတ်မြောက်အောင် သတိအမြဲထားကြရမယ်။
Post a Comment