ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်တော့မည်

ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင်
ပုဂံခေတ်မြို့ဟောင်း သရေ ခေတ္တရာအားကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းတင်သွင်းနိုင်ရန် မြန်မာ နိုင်ငံ၊ အီတလီအစိုးရနှင့် UNESCO  တို့ပူးပေါင်းမှုဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ် ကြောင်း သိရသည်။ ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ် အမည်စာရင်းတင်သွင်းခြင်း ကိစ္စရပ် နှင့်ပတ်သက်၍ ပုဂံရှေးဟောင်းသုတေ သနပြတိုက်တွင် ဖေဖော်ဝါရီ(၁၅) ရက်မှ (၁၇)ရက်အထိ ကျင်းပခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းအတွက် အင်ဂျင်နီယာ ပညာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်ဆန်းက မိန့်ခွန်းစကား တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အမည်စာရင်း (World Heritage List )တင်သွင်းနိုင်ရန်အတွက် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ ဟောင်းများ အားလုံးကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းမြို့ဟောင်းများ အနက် သရေခေတ္တရာမြို့ဟောင်းသည် ရှေးအကျဆုံး မြို့တော်တစ်ခုဖြစ်ခြင်း ကြောင့် ပထမဆုံးဦးစားပေးအဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းမြို့ဟောင်း ၃ မြို့အား အမည်စာရင်းတင်သွင်း နိုင်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်သော Nomination Cossier ရေးသားခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့အဖြစ် UNESCO မှ ကန်ဒေါ်လာသုံး သောင်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့မှုပေးထားပြီဖြစ်ရာ အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။''သရေခေတ္တရာ၊ဗိဿနိုး နဲ့ ဟန်လင်းမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်း ရေးဆောင်ရွက်ပြီးတဲ့နောက်မှာ ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် ထည့်သွင်းရေးလုပ်ငန်း တွေကို ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ဆောင်ရွက်ရာမှာ လည်း လုပ်ငန်း  စွမ်းဆောင်ရည်မြှင့် မားဖွံ့တိုးတက်ရေးစီမံကိန်းကို အီတ လီနိုင်ငံအစိုးရ ၊  UNESCO  တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင် အထည်ဖော် သွားမှာဖြစ်ပါတယ်'' ဟု ယင်းကပြောသည်။
ထိုသို့ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင်ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင် ကမ္ဘာ့ ရှေး ဟောင်းအမည်စာရင်းတင်သွင်း နိုင်ရန်အတွက် ပုဂံဒေသရှိ စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်း(၂၂၃၀)ဆူမှ တစ်ဆူချင်းစီ၏ သတင်းအချက်အ လက်နှင့် မှတ်တမ်းဓာတ်ပုံများကိုအ သေးစိတ်ပြုစုထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းဆောင်ရွက် ရန်ရွက်ရန်အတွက် UNESCO  သည် အီတလီအခြေစိုက်အပြည် ပြည်ဆိုင်ရာ ရှေးဟောင်းအမွေအ နှစ်ထိန်သိမ်းရေး ဗဟိုဌာန International Centre For Study of the Preservation and Restoration of Cultural Property (ICCROM) အပြင် အီတလီနိုင်ငံမှ  Lerici Foundation အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြင့် မြန်မာနိုင်ငံတွင် အရေးပေါ် ထိန်းသိမ်းရမည့် စီမံခန့်ခွဲမှု၊ လုပ်ငန်း ခွင်အတွင်း ပြုပြင်ထိန်သိမ်းခြင်းနှင့် မှတ်တမ်းပြုစုခြင်း၊ယဉ်ကျေးမှုအချက် အလက်ဆိုင်ရာ GIS စနစ်ကိုဖော် ဆောင်တည် ဆောက်ခြင်း၊အမည်စာ ရင်းတင်သွင်းမှုလုပ်ငန်းစဉ်များ၏ မှု ဝါဒနှင့် နည်းပညာများကိုကူညီပံ့ပိုး ပေးခြင်း စသည့်လုပ်ငန်းစဉ်(၄)ရပ် ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။ပုဂံဒေသရှိရှေးဟောင်းအမွေ အနှစ်များနှင့်ပတ်သက်၍ နိုင်ငံတ ကာမှ သိရှိနိုင်ရန်အတွက်       UNESCO  မှ ရှေးဟောင်းသုတေ သန ပညာရှင် မစ0x081စတာပီရာပစ်ချပ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှသက် ဆိုင်ရာဌာနမှ ဝန်ထမ်းများသည် ၁၉၈၄ ခုနှစ်မှစတင်ကာ သတင်းအ ချက်အလက်များ ကိုမှတ်တမ်းပြုစု ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Invertory Of Monuments Of Bagan အ မည်ရှိ အင်္ဂလိပ်ဘာသာ ဖြင့် စာအုပ် အတွဲ(၈)တွဲကိုထုတ်ဝေမှုပြုလုပ်ခဲ့ ကြောင်းသိရသည်။ထို့အတူ ပုဂံဒေသရှိ နံရံဆေး ရေးပန်းချီရှိသော ဘုရားပေါင်း(၄၆၈) ဆူမှ နံရံဆေးရေးပန်းချီများ၊မင်စာ များ၊ဇာတာခွင်များကို ရေရှည်မှတ် တမ်းဓာတ်ပုံတည်ရှိစေရန်အတွက်   ဘုရား(၄၁၂)ဆူမှ နံရံဆေးရေးပန်း ချီများ၊မင်စာများ၊ဇာတာခွင်များကို  Digital Format ဖြင့်သိမ်း ဆည်းထားပြီးဖြစ်ကာ ကျန်ရှိနေဆဲ ဖြစ်သော ဘုရား(၇၄)ဆူရှိ အလား တူအနုပညာလက်ရာများကို ဆက် လက်ဆောင်ရွက်နိုင်ရန်အတွက် မှု ဝါဒများချမှတ်ထားကြောင်းသိရ သည်။
ရန်ကုန်တိုင်းမ်
ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်တော့မည် ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်တော့မည် Reviewed by သစ်ထူးလွင် on 21:38 Rating: 5

6 comments:

မျိုးဆက်သစ်လူငယ် said...

ပုဂံဒေသတွင် Hotel ဇုံများတည်ဆောက်ရန်တောင်းဆိုနေကြရာတွင် တူရွင်းတောင်ဘက် အခြမ်းကို လုပ်ငန်းရှင်ကြီး တစ်ဦးမှတောင်းဆိုနေသည် ဟုသိရသည်။ ယာဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးမှ အရာရှိတစ်ဦးက ကန့်ကွက်ပြောဆိုသည်ကိုပင် ပျက်ရယ်ပြုပြောဆိုသည်ဟု ကြားသိရပါသည်။ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် အရှည်သဖြင့် တည်တံ့စေရန် ကိုယ်ကျိုး စီးပွားကိုသာ ကြည့်သော စီးပွားရေးလုပ်ငန်းရှင်များ၏ ချယ်လှယ်မှုမှ ကင်းဝေးပါစေ ... ။

thethnin said...

ဒေါ်ကွိုင်ကွိုင် ထုံးသုတ်ပစ်တဲ့ နံရံပန်းချီတွေ နှမြောမိတယ်..
ကိုယ့်ခေတ်မှာ ဘာမှ မလုပ်နိုင်တဲ့အပြင် လုပ်နိုင်တဲ့ခေတ်က ဟာတွေတောင် ဖျတ်ဆီးသွားသေး

Violin Angle said...

ပုဂံမြေလည်း ၀ိသမလောဘသားတွေရဲ့ရန်ကင်းပါစေ

tommy said...

ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရင်တော့ရလာတဲ့အလှူငွေတွေ ကျော်ဆန်းတို.အိပ်ထဲရောက်အုံးမှာမြင်ယောင်သေးတယ် ...

ပုဂံစစ်သည် said...

ပါးစပ်ကတော့ ယဉ်ကျေးမှုမွေအနှစ်စာရင်း ဝင်အောင်လုပ်မယ်တဲ့၊ လက်တွေ့ကျတော့ ဘုရားတွေကို ပြန်ပြင်နေတော့ ရှေးဟောင်းအမွေအနှစ် စာရင်းမဝင်မှာ တွေးကြောက်မိပါတယ်။ ပြင်တယ်ဆိုတဲ့နေရာမှာ အသစ်တည်တာကိုပြောတာပါ၊ အသစ်တွေတည်မယ့်အစား အဟောင်းတွေကို မပျက်ဆီးအောင်ထိန်းသိမ်းရင် ပိုသင့်တော်လိမ့်မယ်ထင်တယ်၊ အခုတည်နေတဲ့ ဘုရားတွေကလဲ စားဝါးတွေကများပါတယ်၊ အလှူရှင်တွေဆီ တောင်းတဲ့ပိုက်ဆံနဲ့ တည်တဲ့ပိုက်ဆံတွေက ကွာနေပါတယ်၊ လာတဲ့နိုင်ငံခြားသားတွေကလဲ ဒီအသစ်တည်တဲ့ ဘုရားတွေကို လုံးဝကိုမကြိုက်ပါဘူး။ သူတို့က တကယ့်ရှေးဘုရား စစ်စစ်တွေကို လာပြီးလေ့လာချင်တာလေ၊ ပြီးတော့မြို့ဟောင်းထဲက ယခုဆောက်နေတဲ့ စီးပွားရေးတကသိုလ် ဆိုတာလဲသိပ်တော့ မသင့်တော်ဘူးထင်တယ်၊ ဒီလိုမြို့ဟောင်းထဲဆောက်မယ့်အစား တောင်ဘရွာရဲ့တောင်ဘက်တွေမှာသွားဆောက်ရင် ပိုကောင်းလိမ့်မယ်ထင်တယ်၊ မြို့ဟောင်းရဲ့အလှပျက်မှာစိုးရိမ်မိပါတယ်။ ပြီးတော့လျှပ်စစ်မီး၊ လျှပ်စစ်မီးကလဲမမှန်တော့ သွားလာတဲ့ နိုင်ငံခြားသားတွေအတွက် အတော်ပြသနာဖြစ်ပါတယ်၊ ဒီနိုင်ငံခြားသားတွေ အစဉ်ပြေမှ နောက်ထပ်လာမယ့် နိုင်ငံခြားသားတွေ နားထဲရောက်သွားမှာကိုး၊ ကျွန်တော်တို့အမြဲကြုံရတာက မြို့ဝင်ကြေး 10$ ဆောင်ရတဲ့ကိစပါ၊ သူတို့ကပြောတယ် တခြားနိုင်ငံတွေမှာဒီလိုမြို့ဝင်ကြေးပေးပြီးရင် ပြတိုက်တို့ဘာတို့သွားရင် ပေးစရာမလိုတော့ဘူးတဲ့၊ မင်းတို့နိုင်ငံက မြို့ဝင်ကြေးလဲတောင်းသေးတယ် ပြတိုက်သွားလဲ 5$ ပေးရသေးတယ် ဟိုဝင်ပေးရ ဒီဝင်ပေးရနဲ့ မင်းတို့နိုင်ငံပဲရှိတယ်တဲ့။ တော်တော်ကိုရှက်မိပါတယ်၊ ဒီလိုရှေးဟောင်းအမွေအနှစ်စာရင်းဝင်ချင်ရင်တော့ ဒါတွေလဲပြုပြင်ဖို့လိုလိမ့်မယ်လို့ထင်တယ်၊ ဒါမှတိုင်းပြည်ရဲ့ဘဏ္ဍာလဲဝင်၊ ပြည်သူရဲ့ဘဝ အစဉ်ပြေလိမ့်မယ်လို့ထင်တယ်။

soecyclone said...

ဟိုတစ်ခါကနိုင်ငံခြားသားတစ်ယောက်ပြောဖူးပါတယ်၊'မင်းတို့ပုဂံရှေးဟောင်း
ယဉ်ကျေးမှု့မြို့တော်ကိုနိုင်ငံခြားသားတွေအလာနည်းတာကအသစ်အသစ်တွေ
ထပ်ဆောက်နေလို့၊ပြီးတော့ ငါတို့Tourist တွေလိုလားတာက တကယ့်
ရှေးဟောင်းစစ်စစ်တွေကိုပဲလေ့လာချင်တာ'လို့ကျွန်တော်ကိုတစ်ခါပြောပြဖူးတယ်၊ရှေးဟောင်းစာရင်းဝင်တယ်ဆိုတာကလည်း လုံးဝရှေးဟောင်းတွေပဲ
ရှိတဲ့နေရာကိုပဲ UNESCOကပေးတာပါ၊အသစ်အသစ်တွေဆောက်နေလို့က
တော့ဘယ်လိုနည်းနဲ့မှမ၀င်နိုင်ပါဘူးဗျာ၊ပြီးတော့ဘုရားတွေမှာအရင်တုန်းက
တော့ဈေးလိုက်ရောင်းတာပေါ့၊အခုတော့မဟုတ်တော့ဘူး ပိုပြီးတော့အတင်း
ရဲလာတယ်၊ဈေးရောင်းလို့မရတော့ ပေါ်တင်ကိုပိုက်ဆံတောင်းတော့တာ၊
ပုဂံမှာအဲဒီလောက်ထိအခြေအနေကတော်တော်ဆိုးနေတယ်၊အချို့သော သံဃာတော်များလည်းရှိပါသေးတယ် သူတို့ကကြတော့ဘယ်လိုလဲဆိုတော့
ဘုရားစောင်းတန်းထဲမှာ သုံး၊လေးပါးလောက်က သပိတ်ကြီးကိုကိုင်ပြီးတော့
ဆွမ်းခံတာလားတော့မသိဘူးဗျ၊ဒါကလည်း မဖြစ်သင့်တဲ့အရာပါ၊နိုင်ငံခြား
သားများဝင်ထွက်သွားလာနေရာမှာဆိုတော့ အမြင်မသင့်ဘူးဖြစ်နေတယ်၊
ဘုရားသမိုင်းရှင်းတဲ့ကလေးများကလည်း သမိုင်းကြောင်းကောင်းကောင်း
နားမလည်ပဲ ဟိုဒီလျှောက်ပြောနေချင်းကလည်းမဖြစ်သင့်ပါ၊ပြီးတော့ သူတို့
က သူတို့ကို'မရှင်းနဲ့ရပါတယ်ြေ'ပာတော့လည်း 'ဒါဆိုပိုက်ဆံတော့ပေးပါ'
ဟာ!ဒီလောက်ထိအခြေအနေ ဆိုးဝါးနေတာကို အစိုးရနဲ့ ဂေါပက အဖွဲ့တွေက လက်ပိုက်ကြည့်နေတော့မှာလား?အင်မတန်မှ အကျည်းတန်
လွန်းတဲ့ဖြစ်ရပ်တွေပါ၊တခြားသော အိမ်နီးချင်းနိုင်ငံတွေမှာ တစ်နှစ်ကို
သုံးသန်း လေးသန်း လာရောက်နေသောအချိန်မှာ ကျွန်တော်တို့မြန်မာ
နိုင်ငံကတော့(သုံးသိန်း)လောက်ပဲလာတယ်၊ဒါတောင် နယ်စပ်ဖက်ခဏ၀င်
ပြီးတော့ပြန်ထွက်တာကိုတောင်တွက်ထားတာနော်၊အိမ်နီးချင်း နိုင်ငံတွေ
ထက်တောင် မြန်မာနိုင်ငံက ရှုခင်း၊သမိုင်းဝင်ရှေးဟောင်းဘုရားများစွာ၊
အစရှိသဖြင့်..များစွာရှိနေပြီးတော့ ယခုလောက်ထိTouristအ၀င်နည်း
နေခြင်းကိုစနစ်တစ်ကျ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း....
မြန်မာနိုင်ငံမှ (ဦးခေါင်း)မပါပဲဦးဆောင်နေသော လူကြီးမင်းများကို အကြံ
ပြုပါရစေလို..............။

Powered by Blogger.