ဒေါ်အောင်ဆန်းစုကြည် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း နှင့် ညနေပိုင်းမှာ မြောင်းမြမြို့ မီတာလေးရာ အားကစားကွင်းတို့ မှာ လူထုဟောပြောပွဲပြုလုပ်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးကို ဖေဖော်ဝါရီ ၇ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၊ ညနေပိုင်းမှာတော့ မြောင်းမြမြို့က မီတာလေးရာ အားကစားကွင်းတို့မှာ လူထု ဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း ပုသိမ်မြို့က ကျောက်တိုင် အားကစားကွင်းမှာ ဟောပြော စည်းရုံးခွင့်ပြုဖို့ ခွင့်တောင်းရာမှာ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ပေမယ့် တိုင်း ကော်မရှင်ဘက်က မမှားပါဘူးလို့  ဦးကျော်ဟိုးက ခုလို ပြောပြပါတယ်။
“သူတို့ အကြောင်းပြချက်ကတော့ မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ထားတဲ့ ကော်မရှင်က စာအရ ဆိုရင် ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံနဲ့ ဈေးတို့ နီးတဲ့နေရာ မပေးရဘူးလို့ သတ်မှတ်ချက် ရှိတာကိုး။ ကျနော်တို့ တောင်းတဲ့ ကျောက်တိုင်ကွင်းက မြို့လယ်ခေါင်မှာ ရှိတဲ့ ကွင်းကို အဲမှာက ရုံးနဲ့ နီးတယ်၊ ဆေးရုံနဲ့နီးတယ်။ ကျောင်းနဲ့လည်း နီးတယ်ပေါ့။”
အဲ့ဒီနေ့မှာ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေကို ရုတ်တရက် စာမေးပွဲ ဖြေဆိုခိုင်းတာမျိုး၊ အထက်တန်းကျောင်းတွေမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြီး ကျောင်းသားမိဘတွေကိုပါ တက်ရောက်ဖို့ ညွှန်ကြားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီနေ့မှာ ရန်ကုန်ကနေ မော်တော်ကားနဲ့ ခရီးထွက်မှာ ဖြစ်ပြီး ၁၉၈၉ ခု နောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအတွင်း  ပထမဆုံး စည်းရုံးရေးခရီးစဉ်လည်း ဖြစ်ပါတယ်။ 
ဒီဗွီဘီ
10 comments:
John Paul said...
ကြံ့ဖွတ်တွေ ကြောက်ဒူးတုန်နေလောက်ပြီ။ ထားဝယ် ကတည်းက သူတို့ မနာလိုဖြစ်နေကြတာ။ ဒီလိုပါပဲ။ သူတို့ဘာပဲလုပ်လုပ် အမေစု မှ အမေစုပဲဟေ့။ အမေစု စည်းရုံးရေး မလုပ်လဲ အမေစုကိုပဲ ပေးမှာပဲ။ အမေစုကို ယုံတယ်။ ဒါပဲ။
Unknown said...
ME EITHER...JOHN POUL..
:)..
I BELIEVE IN HER,,,
WITH ALL MY HEART,,,
rain said...
အမေစုရေ သတိရှိပါ အားလုံးကလည်း အမေ့ကိုဝိုင်းပြီးစောင့်ရှောက်ကြပါဗျာ...
David Henry said...
အမေစု ခရီးစဉ်မတိုင်မီ ၃ရက်အနည်းဆုံး ကြိုတင်၍ လုံခြုံရေးယူ(သို့) စုံစမ်းထောက်လှမ်းရန် အကြံပြုပါသည်။
လိုအပ်သည်ထက် ပရိတ်သတ်ကိုယုံကြည်မှူမပြုရန်အကြံပြုပါသည်။
ရန်သူလား မိတ်ဆွေလား သာမန်မျက်စိဖြင့် မခွဲခြားနိုင်ပါ။
မျိုးစင်ဆွေဆက် said...
ထားဝယ်သားတွေစည်းလုံးတာ တွေ့ ပြီးကြပြီနော် တို့ ပုသိမ်သားတွေ ပိုစည်းလုံးကြောင်းပြရသေးတာပေါ့ ...အချိန်ခါမဟုတ် မိုးရွာရင် လူတိုင်းစိတ်ညစ်တယ် ဒေါသထွက်မိတယ်...အချိန်ခါမဟုတ်ပဲ မနာလိုစိတ်နဲ့ အကျင့်ယုတ်ပြီး စာမေးပွဲ စစ်တော့ ကျောင်းသားတိုင်းစိတ်ညစ်ရတယ် ဒေါသထွက်မိတယ်...မဖြေဘူးကွာ စာမေးပွဲကျလဲ စောက်ဂရုမစိုက်ဘူး ...နိုင်ငံတကာ မတိုးပေါက်တဲ့ ပညာရေးစံနစ်...ဘွဲ့ ရလဲ ကိုယ့်အဖေက ဘာအပွင့်အခက် အတက်အလက်မှ ရှိတာမဟုတ်ဘူး....ဆင်မွေးမှဆင်ဖြစ်တာ...လယ်သမားမျိုးရိုးပဲ အသုံးမကျတဲ့ ဘွဲ့ ရရင်တောင် ၀မ်းစာမှန်ဖို့  လယ်ပဲပြန်လုပ်ရမှာ....ဘွဲ့ ရ ဈေးရောင်း/ယာဉ်မောင်း/ဆိုက္ကားနင်း/ ၁လုံး ၂လုံး ၃လုံး လောင်းကစားလုပ်စား/ လယ်သမား အစုံပါပဲ ...နိုင်ငံတော်ဒီလိုမျိုးမွေးထုတ်ပေးထားတာ.....တော်ပြီ အမေ့ပဲသွားကြိုတော့မယ်.........
ဘိတ်သား said...
ကျွန်တော်ပြောချင်တာကတော့ ၀န်ကြီးချူပ်တွေ သဘောထားကြီးကြပါလို့ အမေစုကိုနမူနာ ယုပြီးတော့ ယခင်စစ်အစိုးရလက်ထက် က လည်းဒီလူတွေပဲအမျိုး၂ရက်စက်ချူပ်ချယ်ပြီးပြီ ဒါကြောင့်ကျွန်တေ့်ာအနေနဲ့ပြောချင်ပါတယ်
micromyo said...
ma ma su take it care of yourself.long long ago mother land loss your father.at this time we cant loss you.
philosophermgmyathar said...
ပုသိမ်သား၊ပုသိမ်သူတွေအားလုံးဒီမိုကရေစီကိုဘယ်လောက်တန်ဖိုးထားတယ်.
ဒီမိုကရေစီကိုဘယ်လောက်မြတ်နိုးတယ်..ဒေါ်စုကို ဘယ်လောက်ချစ်တယ်
ထောက်ခံတယ်..ပုသိမ်သား ပုသိမ်သူတွေအားလုံး ဘယ်လောက်သတ္တိရှိတယ်
ဆိုတာ တွေ့ရမြင်ရတော့မယ်ဟေ့...မြန်မာ့ပညာရေးစံနစ်က ဘွဲ့ရလည်းဘာ
မှ သုံးမရတဲ့စံနစ်နဲ့ ပညာရေးများ တနှစ်အောက်လည်းဘ၀မှာဘာမှအပြောင်းအလဲ မဖြစ်ဘူးဆိုတာနားလည်
ထားဖို့လိုတယ်နော်...ဒေါ်စုက တနှစ်တကြိမ်တောင်ရောက်မှာမဟုတ်ဘူး.
ဆိုတော့ ပုသိမ်သားပုသိမ်သူတွေ သတ္တိဘယ်လောက်ရှိတယ်.ဒေါ်စုကိုဘယ်လောက်ချစ်တယ်..ထောက်ခံတယ်..ဒီမိုကရေစီဘယ်လောက်လိုချင်တယ်ဆိုတာ ပြသရမဲ့ပွဲ တော့မကြာခင်
တွေ့ရပါတော့မယ်..ထားဝယ်သူထားဝယ်သားတွေကဘယ်လိုထောက်ခံတယ်.အားပေးတယ်ဆိုတာ မြင်ကြသိကြတယ်နော်...ကဲ ပုသိမ်သားပုသိမ်
သူတွေဟာ ထားဝယ်သူထားဝယ်သားတွေနဲ့ တူသလား မတူလား သိရတော့မယ်..
thuthu said...
Dear people of Pathein,
Show up yourself how brave you are!
Show up yourself this stupid government cannot control you with deals.
Show up yourself value of being Myanmar citizen who respect Democracy and human right.
Finally, show up yourself you do the right thing for the betterment of our country and for the next generation.
So go and see Daw Aung San Su Kyi and protect her.
truthguy said...
Please watch carefully to A MAY SU.............there tigers among the flocks....wearing sheep clothes and try to bite when they got a chance.
she is our leader and one and only.
Powered by Blogger.