ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ်

ကြည့်မြင်တိုင် သာဓုပရိယတ္တိကျောင်းတိုက်မှ အပြီးအပိုင်ထွက်ခွါခြင်းမပြုမီ အနီးအနား ရပ်ကွက်များရှိ တကာတကာမများ နှုတ်ဆက် ဆွမ်းခံထွက်ရာတွင် နိုင်ငံရေး အင်အားစုများ လိုက်ပါထောက်ခံကြ သဖြင့် တိုင်းသာသနာရေးဥိးစီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှုး ရုံးမှ ဆရာတော်အား ဆွေးနွေး တားမြစ်ခဲ့သည်ဟု ရွှေည၀ါဆရာတော် ဦးပညာဝံသ က မိန့်ကြား သည်။

တိုင်းသာသနာရေးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ယင်းကဲ့သို့ တားမြစ်ခြင်းအပေါ် ဆရာတော်က
“ဘယ်ပါတီမှမဟုတ်ဘူး ခင်ဗျားတို့ပါလိုက်လို့ရတယ် လိုက်မလား။ ၈၈မှမဟုတ်ဘူး ၉၉ ပါလိုက်လိုက် ။ ကြံခိုင်ရေးပါ လိုက်လိုက် ကျုပ်က ဘုန်းကြီးဆိုတော့ တားလို့မရဘူး” ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း YPI သို့ မိန့်ကြားသည်။

ရွှေည၀ါဆရာတော်သည် သာဓုပရိယတ္တိကျောင်းတိုက်မှ ထွက်ခွါရမည့်  အထိမ်းအမှတ်အဖြစ် တကာ တကာမများထံ ယမန်နေ့ ကစ၍ ဆွမ်းခံရင်း နှုတ်ဆက်လျှက်ရှိရာ ရပ်ကွက်အသီးသီးသို့ ၁၉ ရက်နေ့ထိ လှည့်လည်သွားမည်ဖြစ်သည်။

ဒုတိယနေ့ ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ဆွမ်းခံကြွချီရာတွင် သံဃာ အပါး ၇ ရာကျော်၊  သီလရှင် ကိုးဆယ်ကျော် နှင့် တကာတကာမ များ အားလုံးပေါင်း တစ်ထောင်ကျော် ပါဝင်လှည့်လည် ဆွမ်းခံခဲ့သည်။

ယနေ့ ဆွမ်းခံလှည့်လည်ရာတွင်  ကိုယ်တိုင်လိုက်ပါခဲ့သူ ဦးကိုကိုကြီး(စမ်းချောင်း) က “ပြောရမယ်ဆိုရင် အပြစ်မရှိအပြစ်ရှာတယ်လို့ ဒီလိုထင်တယ် ၊  နိုင်ငံရေးသမားတွေ အသုံးချတယ်ဆိုတာ၊ ဒါသက်သက်လုပ်တာ ၈၈ ကျောင်းသားဆိုတာ ဘယ်ပါတီနိုင်ငံရေးနဲ့မှ ပါတ်သက်တာမဟုတ်ဘူး အမျိုးသားနိုင်ငံရေးကိုကို လုပ်နေတာ လွပ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာ ဆည်းကပ်ခွင့် ဆိုတာရှိတယ် ”ဟု YPI သို့ပြောသည်။



အတူလိုက်ပါခဲ့သူအခြား ကျောင်းသားခေါင်းဆောင်တစ်ဦးက လည်း “ကျွန်တော်တို့ကျောင်းသားတွေဟာ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ စောင့်ရှောက်ရမှာအပြည့်ရှိတယ် ။ကမ္ဘာ့အလယ်မှာ နိုင်ငံရေး လူမျိုးရေးအရဆိုရင် ကျောင်းသားတွေက ပါရမှာဘဲ။ ဒီလိုကိစ္စမျိုးတွေဟာ မဟနကိုပါထိခိုက်စေတယ်”ဟုဆိုသည်။

ဦးပညာဝံသ ကို  နှိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ  တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်စက်တင်ဘာလက  မန္တလေးတိုင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရုံးတွင် တရားချီးမြှင့်ခဲ့သည့် အချက်ကြောင့် ၄၇ ပါးစုံညီ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ က သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန်နှင့် ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ခြင်း အစရှိသည့် အချက်သုံးချက်ပါ ဆုံးဖြတ်ချက် ကို ဒီဇင်ဘာလတွင် ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆရာတော် ကိုယ်တိုင် နှင့် ရပ်ကွက်နေဒါယိကာ ဒါယိကာမများကပါ လက်မှတ်ရေးထိုး အသနားခံစာတင်သော်လည်း ဆုံးဖြတ်ချက်ကို မပြင်ဆင်ပဲ ယခုလ ၁၉ ရက်နေ့ညနေ နောက်ဆုံးထား ထွက်ခွာပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ဆရာတော်သည် ယခုလာမည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ ကျောင်းတိုက်မှ ထွက်ခွာပြီးနောက် မှော်ဘီမြို့ ခြံတခြံတွင် သီတင်သုံးမည်ဟု ဆရာတော်၏ မိန့်ကြားထားသည်။       ။
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၂ (YPI)
ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ် ရွှေည၀ါဆရာတော် ဆွမ်းခံထွက်ခြင်းအား တိုင်းသာသနာရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှဆွေးနွေးတားမြစ် Reviewed by သစ်ထူးလွင် on 10:25 Rating: 5

15 comments:

zinzin said...

တိုင်းသာသနာရေးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့

ဘယ်လိုလဲ လူဆိုးလူမိုက်တွေရဲ့ မင်းတို့ ထွက်ဆိုလို့ ဆရာတော်ကလဲ ထွက်ပေးခဲ့တာပဲ မဟုတ်ဘူးလား မင်းတို့ ကံ ကံ၏အကျိုးဆိုတာကို မကြောက်ကြဘူးလား နိုင်ငံတကာကလဲ မင်းတို့ရဲ့ အကျင့်စိတ်ဓါတ်တွေကြောင့် ဟိုပိတ်ပင် ဒီပိတ်ပင် မင်းတို့ရဲ့ စိတ်ဓါတ်တွေကို ပြင်လို့မရကြတော့ဘူးလား ဒီလောက် ယုတ်မာရိုင်းဆိုင်းတဲ့ ကောင်တွေ ဘာလို့များ လူ့ပြည်မှာ သက်စိုးရှည်နေကြသလဲ မသိဘူး မင်းတို့က ပြည်သူတွေ ဆူပူအုံကြွှအော င် လုပ်နေတာပဲ ပြည်သူတွေ ဆူပူရင် မင်းတို့က သမ္မတလက်ထဲက နိုင်ငံတော်ကို ပြန်ယူမလို့မဟုတ်လား ... တောက် ... ပြောလေ ပြောလေ စိတ်တိုလေေ--ာက်သုံး မကျတဲ့ ကောင်တွေ အပေါ်ရောက်နေတယ်ဆိုတာ ပြည်သူလူထုသိတယ် မင်းတို့ ကို မင်းတို့ အဟုတ်ကြီးထင်မနေနဲ့..

Unknown said...

ဆရာတော်ကြီးတွေရဲ့အသံကြားချင်လှပါသည်။

ဘကြီးမောင် said...

Zin Zin ပြောတာဟုတ်တယ်.နိုင်ငံတစ်ကာက မင်းတို့ကို ပိတ်ဆို့မှာကြတော့ သေအောင်ကြောက်တယ်မဟုတ်လား..မင်းတို့ကြတော့ ဘာလို့ဆရာတော်ကို ပိတ်ပင်နေရတာလဲ....ငရဲ ကို လမ်းလျှောက်သွားမယ့်ကောင်တွေ....

chawthu said...

ဘယ်လို လူစားတွေပါလိမ့်........? ဆရာတော် တရားဟောတာကိုလည်း တားတယ်......။ ဗု
ဒ္ဓတက္ကသိုလ်ဖွင့်ပြီး သံဃာတွေကို စာသင်၊ စာချတာကိုလည်း တားတယ်......။ ဆွမ်းခံကြွတာကိုတောင်မှ လိုက်တားသေး တယ်......။ စဉ်းစားကြည့်ကြပါဦး...... လုပ်ပုံတွေ ဟုတ်မှ ဟုတ်သေးရဲ့လားလို့.......။ ဒါတောင် မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ နိုင်ငံလို့ ပြောရမှာတောင် ခပ်ခက်ခက်......။ ဘုရားသားတော်နဲ့ ဘုရားသာသနာကို ပြစ်မှား၊ သံဃာနဲ့ ဒကာကို ခွဲခြား၊ အာဏာကို အလွဲသုံးစား လုပ်နေတဲ့ ကောင်တွေရော....... စာတတ်ပေတတ် ပညာဉာဏ်ရှိပေမယ့် သာသနာအတွက် အမှန်ကို အမှန်အတိုင်း မလုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါမကျန် အဝီစိမှာ နေရာကြိုတင်ယူထား ကြပြီလို့ပဲ မှတ်ပါတယ်......။

မီးငယ် said...

အာဏာကို သုံးချင်တိုင်းသုံးနေတော့တာပါပဲလား....ဆရာတော်ဆွမ်းခံထွက်တာတောင်ပိတ်ပင်တယ်ဆိုတော့.....
နောက်ဘ၀ ပြိတ္တာတွေ ဖြစ်ကုန်ကြတော့မှာ အသေအချာပဲ....
သံသရာမှာ ၀ဋ်လိုက်မှာ မကြောက်ကြတော့ဘူးလား....

minkhantaung said...

တိုင်းပြည်ကိုစစ်တပ်အာဏာသိမ်းဖို့ မဆူဆူအောင်လုပ်တာ အစိုးရလား....?
ဒါမမဟုတ်......လားပြောင်းလဲနေတဲ့ကာလအတွင်းမှငြိမ်ငြိမ်လေးနေပေးကြရင်ကောင်းမယ်..အစိုးရကရောလက်ရှိရထားတဲ့အာဏာ ကိုစစ်တပ်ကိုလွှဲပေးချင်တာတော့မဖြစ်နိုင်ဘူး။ အဲ့ဒီတော့ အခုအပြောင်းအလဲကာလမှာငြိမ်နေတာနဲ့ လှုပ်နေတာ ဘယ်ဟာပိုကောင်းလဲစဉ်းစားကြပါ။ဘာမှရေရေရာရာ မပြောင်းလဲလိုက်ရဘဲမင်းအောင်လှိုင် လက်ထဲတိုင်းပြည်ကို အပ်မလား။ ဦးသိန်းစိန်နဲ့ဘဲဆက်သွားမလား....လှုပ်လေမြုပ်လေဘဲနော်....ခဏငြိမ်ငြိမ်လေးစောင်ြ့ကည်တာကောင်းပါတယ်...မလှုပ်ကြပါနဲ့ ၈၈ တို့ ၉၉ တို့ရေ အရေးအခင်းဖြစ်ရင်ပြည်သူအရင်ခံရမှာပါ....၈၈နဲ့၉၉ ကိုကြောက်ပါတယ်၊ ကန့်လန့်ခံခံနေလို့

my love said...

မင်းခန့်အောင် မင့်က ၈၈နဲ့၉၉ကို ကြောက်တယ်ဆိုတော့ အခုအပြောင်းအလဲတွေဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာကိုရော မင့်သိရဲ့လား မင့်တို့လိုအချောင်သမားတွေ သေအောင်ကြောက် ၈၈နဲ့၉၉တွေကဘယ်တော့မှ မင့်တို့လို မိန်းမဆန်တဲ့စိတ်ဓါတ်မရှိဘူးဆိုတာ သဘောပေါက်ထား

koyin said...

Minkhantaung ရဲ့အဆိုကိုထောက်ခံတယ်ဗျှိ့၊၁၉၉၀မှာပြည်သူတွေအနေမတတ်လို့အစိုးရကအာဏာသိမ်းခဲ့ပြီးပြီ။အခုလဲပန်းတိုင်ကမရောက်သေးဘူးဟိုပြောဒီပြောနဲ့။ခနလေးလောက်ငြိမ်၂လေးနေသင့်ပါတယ်။ပြည်သူကလှုပ်လေအပြောင်းအလဲကိုမလိုချင်တဲ့တစ်ချို့သောအစိုးရအဖွဲ့တွေကပိုကြိုက်လေပဲ။ဒါမှအကြောင်းပြအာဏာသိမ်းလို့ရမှာကိုး။၈၈၊၉၉၊ဆရာတော်တွေရောနိုင်ငံရေးကို၊နိုင်ငံရေးသတိနဲ့သာလုပ်ကိုင်စေချင်ပါတယ်။ဒီတစ်ခါအာဏာသာပြန်အသိမ်းခံရရင်..သေပြီဆရာ..လို့ပဲပြောရတော့မှာပဲ။

Anonymous said...

ဆရာတော်ဘုရားကြီးကို အရောင်မစိုးကြပါနဲ့ကွာ။ သံဃာတွေဂိုလ်းကွဲကုန်ရင်တော့ မီဒီယာတွေကြောင့် ဆိုတာမမေ့နဲ့

naymintin said...

ဘာသာခြားတွေ ဟားစရာဖြစ်နေပြီလား။ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ဘာသာရေးဆိုင်ရာအကြီးအကဲတွေရှိပါတယ်။ အဲဒီအကြီးအကဲတွေရဲ့ မိမိဘာသာအဓွန့်ရှည်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းကြပ်မတ်ရပါတယ်။ အဲဒီအကြီးအကဲတွေရဲ့လက်အောက်ဘာသာရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသူတွေအပေါ် ကြီးကြပ်ထိန်းသိမ်းဆုံးဖြတ်တဲ့နေရာမှာ သက်ဆိုင်ရာခံယူရတဲ့ သူအတွက် ကြိုက်နှစ်သက်သည်ဖြစ်စေ၊တရားမျှတမှုမရှိဘူးလို့ယူဆလျှင်ဖြစ်စေ တုန့်ပြန်နိုင်မယ့်နည်းလမ်းတွေအများကြီးထဲက တစ်ခုကိုရွေးရမှာပါဘဲ၊ အဲဒီတော့ကိုယ့်ရဲ့ဘာသာ အပေါ်သက်ဝင်ယုံကြည်နေသူတွေ သို့မဟုတ် ဘာသာခြားတွေရဲ့ အမြင်မှာ အခုလို ဖြစ်ပျက်နေတာတွေဟာ သိပ်ကြည့်မကောင်းဘူးလို့ထင်ပါတယ်။ ဆရာတော်အနေနဲ့ မိမိဘာသာသာသနာအကျိုးဆောင်ရွက်တယ်၊ မြှင့်တင်မယ်ဆိုရင် ဘယ်နေရာ၊ဘယ်ဒေသမှာပဲ သီတင်းသုံးသုံးအဆင်ပြေပါတယ်။ ငြိမ်းချမ်းတဲ့တရားပဲမြင်တွေ့လိုပါတယ်။ အထက်ကဆုံးဖြတ်တာအောက်မကျေနပ်၊ အောက်ကလုပ်သမျှအထက်က အရေးယူဆိုရင် သာသနာတော်တည်တံ့ပြန့်ပွားရေးဟာလည်း သိပ်အဆင်ပြေချောမွေ့မှာမဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်။

Anonymous said...

ဘုန်းကြီးတွေလဲ.အချင်းချင်းခွပ်တာပါပဲလား..
ကြီးနိုင်ငယ်ညှင်း.လုပ်စားကြတာအတော်.တော်ရွံဖို့ကောင်းတယ်.

မီဒီယာ said...

ကြားနေရ မြင်နေရဒါတွေကတော့ ..တော်တော် ကြိးကို လွန်နေပြီဗျာ..တိုင်းပြည်အုပ်ချုပ်နေတဲ့ကောင်တွေကော နိင်ငံတော်မဟနက ဘုန်းကြီးတွေကော တော်တော် ကြီးကို လွန်လွန်းတယ်ဗျာ..ခင်ဗျားတို့ဘဲ ဗုဒ္ဒဘာသာ နိင်ငံဆို...တောတော်ဆိုးတဲ့လူတွေဗျာ...။

tun win said...

အေး..အေး ဟုတ်နေလိုက်ကြတာ..မင်တို့လို ငြိမ်ငြိမ်လေးနေ အုပ်စုတွေ သာ ငါတို့ ငါတို့နိုင်ငံမှာ များနေရင် တိုင်းပြည်ပြောင်းလဲစရာ အကြောင်းမရှိဘူး..မင်းတို့အဖေ စစ်အစိုးရက ဒီလိုလူတွေ ကို ကြိုက်တာ..

NLD Generation said...

ပိတ်ပင်တားဆီးနေသူများထံသို့ ရည်ရွယ်ရေးသားပါသည်။။။

လူမျိုးဘာသာ၊ သာသနာ ပိတ်ပင်ကြသူများ..ကျမ်းမာကြပါစေ...
ချမ်းသာကြပါစေ..
တရားဟောခွင့်ပိတ်သူများ.. ကျမ်းမာကြပါစေ.. ချမ်းသာကြပါစေ.. ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရ တားသူများ .. ကျမ်းမာကြပါစေ ချမ်းသာကြပါစေ... သူများ ခရီးစဉ် မဖြောင့်ဖြူးအောင် တားသူများ ကျမ်းမာကြပါစေ.. ချမ်းသာကြပါစေ... ငါ့အတွက် ငါ့အမျိုး ကြည့်သူများ ကျမ်းမာကြပါစေ ချမ်းသာကြပါစေ... (မေတ္တာအပို့ခံရတဲ့ သူကတဲ့ ကောင်းတာလုပ်မှ တဲ့ မကောင်းတာလုပ်နေရင် မဟုတ်တာတွေ ဖန်တီးနေရင် သူများကို မကောင်းကြံတဲ့စိတ်တွေပဲ ရှိနေရင် ပို့တဲ့ မေတ္တာစူးတယ်တဲ့ ... )

ကျော်ထိုက် said...

စိတ်သာချ ကြပါ..ဒီကောင်တွေ အာဏာ သိမ်း ဖို့ စိတ်ကူးထဲမှာ တောင် ရှိတော့မှာ မဟုတ်ဘူး..စစ်အာဏာ ရှင် ကဒါဖီ ခွေးဆိုး ၀က်ဆိုး သေကတည်းက ဒီကောင် တွေ ကြောက်သွားပြီ....ဒီကောင်တွေ က ခုလက်ရှိ တက်နေတဲ့ အရပ်သား အစိုးရ ကို ပဲ ဆက်လက်ရှိချင်နေတဲ့ကောင်တွေ..အမေစု တို့ power ရမှာကို မလိုလားတဲ့ကောင်တွေ...ဘယ်သူသေသေ ငတေ မာရင် ပြီးရော ဆိုတဲ့ကောင်တွေ...ခုအချိန် ညီညွတ်ပြီး လှုပ်ရှားကြတာအကောင်းဆုံးပဲ...ကိုယ့်အချင်းချင်း ၈၈ ၉၉ စတာတွေ ကို မပုတ်ခိုက်တာအကောင်းဆုံးပဲ...သူတို့ခေတ်က သူတို့ တွေ သမိုင်းပေးတာဝန် ကို ကျေ ကြတာ အားလုံးအသိပဲ.......ညီညွတ်ပြီး ရှေ့ကို သွားမှ သာ ခုရှိတဲ့သူတွေ..နောင်လာမယ့် မျိုးဆက်တွေ အတွက် ကောင်းလာမှာပါ......

Powered by Blogger.