စည်းကမ်းမဲ့ ရွှေနှင့်ကျောက်မျက်တူးလုပ်ငန်းများကို လိုင်စင်ပိတ်

စည်းကမ်းချက်နှင့်မညီသော ရွှေနှင့်ကျောက်မျက်တူးလုပ်ငန်းအချို့ကို လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''သူတို့နဲ့ သဘောတူ စာချုပ် ချုပ်ကတည်းကိုက သတ်မှတ်ချက်နဲ့ မညီရင် ပြန်သိမ်းပိုင်ခွင့်ရှိတယ်ဆို တာကို ထည့်ချုပ်ထားတယ်'' ဟု ၄င်းက ပြောသည်။ သတ္တုတွင်းဝန်ကြီးဌာန ခွင့်ပြု လိုင်စင် ထုတ်ပေးထားသည့် လုပ် ငန်းများအား သတ်မှတ်စည်းကမ်း ချက်နှင့် ညီ မညီ စစ်ဆေးသည့် စစ်ဆေးရေးအဖွဲ့များ ထားရှိထား ပြီး စစ်ဆေးတွေ့ရှိမှုအပေါ် ရပ်ဆိုင်း သင့်၊ မသင့်ကို ဆုံးဖြတ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှသိရသည်။
''ဖားကန့်ဘက်တွေမှာ လည်း ဒီလိုပဲ ရပ်ဆိုင်းခံရတဲ့ လုပ်ကွက် တွေရှိတယ်၊ ဒီလိုပဲ တခြားနေရာ တွေမှာလည်း ရှိပါတယ်'' ဟု ၄င်း က ပြောသည်။
လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရမှုထဲ တွင် ပြည်ပသတ္တုရှာဖွေရေး ကုမ္ပ ဏီများမပါဘဲ ပြည်တွင်းလုပ်ငန်းရှင် များသာ ဖြစ်ကြောင်း၊ ပြည်ပကုမ္ပ ဏီများမှာ နိုင်ငံတကာ စံချိန်စံညွှန်း နှင့် အညီ လုပ်ကိုင်ကြခြင်းကြောင့် အရေးယူမှု မခံရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြည်တွင်း လုပ်ငန်းရှင်များ သည် စွန့်ပစ်ပစ္စည်းများ စနစ်တကျ မစွန့်ပစ်မှု၊ ပြန်၍ သစ်ပင်မစိုက်ပေး မှု၊ ချောင်း၊ မြောင်းထဲသို့ စည်း ကမ်းမဲ့ စွန့်ပစ်မှုနှင့် အနီးကျေးရွာ များ၏ သန့်ရှင်းမှုအပေါ် အနှောင့် အယှက်ပေးမှုများကြောင့် အများဆုံး ရပ်ဆိုင်းခံလိုက်ရပြီး စာရင်းအတိ အကျကိုမူ မသိရှိခဲ့ရပေ။
နိုင်ငံ၌ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှုတွင် တကောင်း၊မုံရွာနှင့် ထားဝယ်တို့၌ နီကယ်၊ ကြေးနီနှင့် အခြားသတ္တုပစ္စည်းတို့ တူးဖော်ခြင်း တို့ဖြစ်ပြီးကျောက်မျက်နှင့်တွင်းထွက် ပစ္စည်းများကို ပြည်တွင်းလုပ်ငန်းရှင် အများစု လုပ်ကိုင်ခွင့် ရရှိထားသည် ဟုသတ္တုတွင်းဝန်ကြီးဌာနစာရင်းများ အရ သိရသည်။
မင်းသုအောင်(ပေါ်ပြူလာဂျာနယ်)
စည်းကမ်းမဲ့ ရွှေနှင့်ကျောက်မျက်တူးလုပ်ငန်းများကို လိုင်စင်ပိတ် စည်းကမ်းမဲ့ ရွှေနှင့်ကျောက်မျက်တူးလုပ်ငန်းများကို လိုင်စင်ပိတ် Reviewed by သစ်ထူးလွင် on 19:32 Rating: 5

No comments:

Powered by Blogger.