၂၀၁၀
သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ် ဖမ်းဆီးထားတဲ့
ကိုဖြိုးဝေအောင်နဲ့အတူ သူ့ရှေ့နေ ၂ ဦးကို တရားစီရင်တဲ့
ဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ တရားစွဲမယ်လို့
အင်းစိန်ထောင်တွင်း တရားရုံးမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က
ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံး
ဖြတ်ချက်အရ တရားခံ ကိုဖြိုးဝေအောင်နဲ့ ရှေ့နေ ၂ ဦးဖြစ်တဲ့
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနဲ့ အထက်တန်းရှေ့နေ
ဒေါ်သင်ဇာလှိုင်တို့ကို တရားစွဲမှာ ဖြစ်ပါတယ်။
ဒီကိစ္စဖြစ်ပွား
တာက အမှုစစ် ရဲအရာရှိရဲ့ ထွက်ဆိုချက်မှာပါရှိတဲ့ တရားလိုပြ သက်သေဆီက
ကြိုတင်ထွက်ချက် ယူထားတယ်ဆိုပြီး ထွက်ချက်ဟာ အမှုတွဲထဲမှာ
ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ တရားခံက ပြန်လည် မေးခွန်းထုတ်ရာကနေ
စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့က တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးကို မေးထားပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ အမှုမှာ တရားရုံးကို မထီမဲ့မြင် ပြုတယ်ဆိုပြီးတော့ ပါတယ်။ ဒါကို ရှင်းပြပါလား။
“သူတို့
တင်ပြတဲ့ အချက်အလက်တွေအားလုံးကို ကျမတို့က မေးတဲ့အချိန်ကျတော့
ဒီနေ့ကျမှ ဘယ်လို ဖြစ်သွားလဲဆိုတော့ သူကလည်း ဌာနဆိုင်ရာ
ဝန်ထမ်းတွေကို စွပ်စွဲပုတ်ခတ် ပြောဆိုတယ်ပေါ့။ ဒီလို
ပြောဆိုတဲ့အချိန်မှာ ရှေ့နေတွေက ထိန်းသိမ်းပေးခြင်း မရှိတဲ့အတွက်
ဆိုပြီး သူရယ်၊ ရှေ့နေ နှစ်ယောက်ရယ်ကို တရားစွဲဖို့ ဆိုပြီး
အမိန့်ချတယ်။”
ဒီအမှုနဲ့
ပတ်သက်ပြီးတော့ သူ့ကို ၂၂၊ ၄၊ ၂၀၁၀ မှာ သန်းခေါင်ကျော်မှာ
ဧည့်စာရင်းဆိုပြီး ဖမ်းသွားတာပေါ့။ X2O (သင်္ကြန်မဏ္ဍပ်)
ဖောက်ခွဲမှုနဲ့ ပတ်သက်တဲ့သူတွေ ပြန်လွတ်လာတယ်လို့ သိရတယ်လေ။ သူက
ဘာလို့ ကျန်နေခဲ့တာလဲ။
“ဖမ်းတာက
တော့ X2O နဲ့ ပတ်သက်ပြီး ကျမတို့ သိသလောက်က ဦးဇေယျတို့ သားအဖ ၂
ယောက်၊ ကိုဘိုဘိုသိန်းတို့ အုပ်စုက ၅ ယောက်၊ နောက်တခါ
ကောင်းမြတ်လှိုင်က ၁ ယောက်၊ ကျမ ယောက်ျားနဲ့ဆိုရင် အားလုံးပေါင်း
၉ ယောက် ရှိတယ်။ အဲဒီ ၉ ယောက်လုံးမှာ ကျမတို့သိရသလောက်
ဗုံးခွဲမှုနဲ့ ဆိုင်တယ်ဆိုပြီး သူတို့ကိုလည်း စွဲထားတာပဲလေ။
အဲဒါအတွက် ဖန်တီးထားတဲ့သူတွေပဲလေ။ အဲဒီထဲက ကျမယောက်ျားက
ကံထူးသူပေါ့ရှင်။ ဇာတ်လမ်းဆင်လို့ ကောင်းတဲ့သူဆိုတော့ သူက
ဖောက်ခွဲရေးသမားကို ကူညီတဲ့သူ ဆိုပြီးတော့ ဗုံးဖောက်ခွဲမှုနဲ့
စွဲတာ။ ကျန်တဲ့သူ ၈ ယောက်က ပေါ်ပေါက်တဲ့ ဥပဒေ ကြောင်းအရဆိုတာက ၁၇-၁
တို့၊ အီလက်ထရောနစ်တို့နဲ့ တရားစွဲလိုက်တာ။ ထောင်ချတယ်။
လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတို့ အဲဒီပုဒ်မတွေက ပါသွားတာပေါ့။
အဲဒီလို သဘောမျိုးပါ။”
အခင်း
ဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့ ၂၀၁၀ တုန်းကလေ အလုပ်လုပ်တဲ့
ရန်ကင်းစင်တာမှာ ရှိနေတယ်ဆို။ အစ်မတို့ရဲ့ သက်သေပြချက်
မခိုင်လုံလို့လား၊ ဘာဖြစ်လို့လဲ။
“ကျမတို့ အခု
ရှင်းလိုက်တာ ဒီကိစ္စပေါ်သွားပါပြီ။ အဲဒီနေ့က သူနဲ့အတူရှိနေတာ ၃
ယောက်တောင်မကပါဘူး။ ရန်ကင်းစင်တာက အလုပ်သမားတွေ အများကြီး ရှိတယ်။
ရန်ကင်းစင်တာက သူ့ကို အလုပ်အပ်တဲ့ တာဝန်ခံ ဦးကျော်စိုးမင်း။ သူနဲ့
အလုပ် အတူလုပ်တဲ့ အင်ဂျင်နီယာ ဦးမျိုးမြင့်အောင်။ သူတို့ ၂ ယောက်ကို
သတင်းစာရှင်းလင်းပွဲပြီးတော့ အောင်သပြေကို ခေါ်ပြီး စစ်တယ်။
စစ်ပြီးတော့ တရားရုံးမှာ ကြိုတင် ထွက်ချက်ပေးခိုင်းထားတယ်။
သူတို့က ပထမတခေါက် လာထွက်တုန်းကတော့ ရဲတွေရဲ့ ဩဇာအလျောက်ဆိုတော့
သူတို့က သိသမျှအကြောင်းအရာတွေကိုပဲ တရားရုံးမှာ ထွက်ဆိုတာပါလို့
ထွက်ဆိုသွားတယ်။ ပြီးတော့ ကျမတို့က ပြန်ခေါ်ပြီး မေးလည်းမေးရော
ကြိုတင်ထွက်ချက်ဆိုတာကို သူတို့ နားမလည်ပါဘူး။ သိလည်း မသိဘူးပေါ့။
ကြိုတင်ထွက်ချက်ပေးရမယ်ဆိုတာကို ရဲတွေက ပြောလို့ ရဲတွေက
ခေါ်သွားပြီး ကြိုတင်ထွက်ချက်ဖောင်ကို ဖြည့်တယ်။ သူတို့ကို
လက်မှတ်ထိုးခိုင်းပြီး တရားသူကြီးရှေ့မှာ ပေးခိုင်းလို့
သူတို့ပေးရတာပါ ဆိုပြီး ထွက်ဆိုသွားပါတယ်။ ဆိုလိုတဲ့ သဘောကတော့
ရဲတွေလုပ်ခိုင်းတာကို သူတို့ လုပ်ရတဲ့ သဘောပါပဲ။ ဒါပေါ်သွားပါတယ်။”
အဲဒါနဲ့
ပတ်သက်ပြီးတော့ သူတို့လက်အောက်မှာရှိတဲ့ဝန်ထမ်းတွေ၊
နေ့စားအလုပ်သမားတွေကရော အစ်မတို့ ၂ နှစ်နီးပါးလောက် အကြာမှာရော။
“မပေးဘူး
ရှင့်၊ ပိတ်လိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ကျမတို့က
ဦးကျော်စိုးမင်းဆိုတဲ့ လူကိုသွားတွေ့တယ်၊ သွားတွေ့ပြီး
အလုပ်သမား ၁၀ ယောက်၊ ၁၅ ယောက် အနည်းဆုံးရှိတယ်။ ဒီလူတွေရဲ့ စာရင်း
နာမည်လေးတွေ ကျမတို့ကို ပေးပါ၊ ကျမတို့ ဒီအကြောင်းနဲ့
ပတ်သက်ပြီး အဖြစ်မှန်လေး မေးချင်လို့ပါ ဆိုတဲ့ အချိန်မှာ အဲဒီလူက
သူက ဒီမှာ သူတာဝန်ခံပဲ၊ မပေးနိုင်ဘူးပေါ့။ ကျနော့်
အလုပ်သမားတွေပါဆိုပြီး ငြင်းလွှတ်လိုက်တယ်။ အဲ့ဒါ ကျမတို့ မရဘူး။
ဒါပေမယ့် သူတို့အခု တရားရုံးထွက်ချက်လည်းကျရော
ကြိုတင်ထွက်ချက်ဆိုတဲ့ သဘောက အခင်းဖြစ်တဲ့ အချိန်မှာ သိရှိတဲ့
အကြောင်းအရာတွေကို ပေးတဲ့ထွက်ချက်လေ၊ အခု သူတို့ ၂
ယောက်ကကျတော့ အဲ့လိုမျိုးမဟုတ်ဘူး။ အခု ဗုံးပေါက်မှုနဲ့
ဘာမှမသက်ဆိုင်ဘူး။ ကျမယောကျာ်းက သင်္ကြန်အကြိုနေ့ကနေ
အဖမ်းခံရတဲ့နေ့အထိ တလျှောက်လုံး သူတို့နဲ့ အတူတူ ရှိတယ်။
ဒီဗုံးပေါက်တဲ့ အချိန်လေးမှာပဲ ၁ နာရီကနေ ၄ နာရီကြားထဲမှာ
မရှိပါဘူးဆိုတဲ့ အချက်လေးပဲဆိုတော့ ဒါတော်တော် ထင်သာမြင်သာ ရှိတယ်။
လိမ်ပြီး ထွက်တယ်ဆိုတာ ပေါ်လွင်ပါတယ်။”
ရှေ့နေဦးကျော်ဟိုးတို့ ဒေါ်သဇင်လှိုင်တို့ပါ အမှုတွဲထဲမှာ ပါသွားပြီပေါ့။
“အခင်း
ဖြစ်တဲ့နေ့က အတူရှိတဲ့သူငယ်ချင်းပေါ့။ အောင်ကျော်စွာဆိုတာ
ကျမတို့နဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ အောင်ကျော်စွာနဲ့ကျတော့
ကျမအမျိုးသားက ဗုံးမကွဲခင် အချိန်ထိ အတူတူရှိနေတာ။
ဘာလို့လည်းဆိုတော့ အောင်ကျော်စွာရဲ့ စက်ရုံမှာ ရေသန့်စက်
တပ်ဖို့ဆိုပြီးတော့ ကျမအမျိုးသားက ကူညီပေးတာ။ ပစ္စည်းတွေ
လိုက်ဝယ်တဲ့အချိန်မှာ ရဲတွေက ဘောက်ချာကို သိမ်းလိုက်သလို
ဖျောက်ဖျက်ပစ်လိုက်တယ်။ ဖျောက်ဖျက်ပစ်လိုက်ပြီးတော့
အောင်ကျော်စွာကိုလည်း သူတို့ ပစ္စည်းဝယ်တဲ့နေ့က ၁၄ ရက်နေ့
ဖြစ်တယ်ဆိုပြီး ပြောင်းပြီးတော့ ထွက်ဆိုခိုင်းတယ်။ အဲဒီဘောက်ချာကို
ဖျောက်ဖျက်ပစ်လိုက်တယ်။ ဖုန်းမှတ်တမ်းတွေကိုလည်း ၁၅ ရက်နေ့
မှတ်တမ်းကို ၁၄ ရက်နေ့ဆိုပြီးတော့ Microsoft ware နဲ့ excel နဲ့
ပြောင်းလိုက်တယ်။ ဆက်သွယ်ရေးကနေ တိုက်ရိုက်ထုတ်တဲ့ စနစ်မဟုတ်ဘဲနဲ့
ဘယ်လမ်းဘေး ကွန်ပြူတာဆိုင်မှာမဆို ပြင်လို့ရတဲ့
ဖုန်းမှတ်တမ်းတွေအဖြစ် ပြောင်းပြီးတော့ တရားရုံးမှာ
သက်သေခံတင်တယ်။ အဓိက ပေါ်သွားတာက သူတို့အမှန်တကယ် ပစ္စည်းဝယ်တဲ့
ဘောက်ချာ အစစ်အမှန်ဆိုလို့ရှိရင် သူတို့ တရားရုံးကို တင်ကို
တင်ပြရမယ်။ ၁၅ ရက် ဖြစ်နေလို့သာ သူတို့ ဖျောက်ပစ်လိုက်တာ။ ဒီနေ့
ပြဿနာတက်တာက အောင်ကျော်စွာကို ကျမတို့ အမှုမှာရှိတဲ့ အမှုစစ်က
ကြိုတင်ထွက်ချက် ယူထားပါတယ်ဆိုပြီး သူက ထွက်ထားတော့ ကျမတို့
တရားရုံးအမှုတွဲထဲမှာ အောင်ကျော်စွာရဲ့ ကြိုတင်ထွက်ချက်က မရှိဘူး။
မရှိတော့ ကျမအမျိုးသားက ပြောတာက အောင်ကျော်စွာရဲ့ ကြိုတင်ထွက်ချက်
မရှိတဲ့ဟာက အမှုစစ်တွေနဲ့ တရားရုံးကို တင်တဲ့အခါမှာ ဥပဒေအရာရှိတွေက
စိစစ်ရတယ်၊ စိစစ်ပြီးမှ တရားရုံးတင်တဲ့အချိန်မှာ မတင်တာအတွက်
ဥပဒေအရာရှိ အဆက်ဆက်နဲ့ တရားလိုအဖွဲ့အစည်းတွေက ထိမ်ချန်ထားခြင်း
ဖြစ်သလားလို့တောင် သူထင်မိပါတယ်ဆိုပြီး ထွက်တဲ့အချိန်မှာ ဥပဒေအရာရှိက
ထပြီးတော့ အရင်လည်း တချိန်လုံးပြဿနာရှာနေတယ်။ အခုကျတော့မှ
အဲ့လိုမျိုးတွေ တင်တဲ့အတွက် တရားရုံးကို နိုင်ငံ့ဝန်ထမ်းကို
စော်ကားတဲ့အတွက် အရေးယူပေးပါရန် ဆိုတဲ့အချိန်မှာ တရားသူကြီးက
အရေးယူမယ်၊ အမှုဖွင့်မယ် ဆိုပြီးတော့ အမိန့်ချတယ်ပေါ့။”
ဒီဗွီဘီ
ရဲတွေလုပ်ခိုင်းတာကို သူတို့ လုပ်ရတဲ့ သဘောပါပဲ
Reviewed by သစ်ထူးလွင်
on
20:33
Rating:
6 comments:
ဘာလဲကွာ ခုထိကဘာမှပြောင်းလဲမှု၇ှိသေးဘူး
ပြောတော့ပြောင်းလဲမယ်တဲ့ တ၇ားစီ၇င်အမှုတွေ
ပြန်ပီးတော့စီစစ်မယ်တဲ့ နိုင်ငံတော်ကြီးကိုပြောင်း
လဲအောင်လုပ်မယ်တဲ့ ဘာတွေလဲ မဲဆွယ်တော့လဲ
လိုက်ဖျက် လူကြီးတွေလတ်စားတာလဲ အေ၇းမယူ
ပေးနိုင် အပေါ်ကပြောအောက်ကလုပ်ချင်၇ာလုပ်ချင်
၇ာလုပ် ဘာတွေလဲ ဦးေ၇ွှမန်းတို့ ဦးသိန်စိန်တို့က
တော့ပြောနေတာဘဲ ဒါပေမဲ့ပြောင်းလဲတာလဲမတွေ့
ဘူး မဖြစ်မနေလို့ပြောင်းလဲပေး၇တာလေးတွေပဲ၇ှိ
တယ် ခုလိုမတ၇ားအမှုတို့မတ၇ားစီ၇င်တာတို့ကတော့
မ၇ှိသင့်တော့ပါဘူး
တရားဥပဒေ စိုးမိုးမှု မရှိသေးသမျှ တိုးတက်ဖွယ်မမြင်ပါ။
သင်္ကြံန်တွင်းကြီး ဘယ်ဆိုင်တွေကဖွင့်လို့ရေသန့်ပစ္စည်းတွေလိုက်ဝယ်နေရတာလဲ။ ရန်ကင်းစင်တာနားမှာလဲရေသန့်ပစ္စည်းရောင်းတဲ့ဆိုင်မရှိသလို ရန်ကင်းစင်တာကလည်းပိတ်ထားတယ်လေ
တရားဥပဒေဟူသည် အမှန်တကယ်ပြစ်မှုကျူးလွန်သူအတွက် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရန် ဖြစ်ပါသည်....
မှန်မှန်ကန်ကန်ဖော်ထုတ်အရေးယူမှသာ တရားဥပဒေဖြစ်ပါမည်... အမှန်ကျူးလွန်သူကို မဖော်ထုတ်နိုင်ပဲ ဘာမှမဆိုင်သူကို အပြစ်ရှာ/၀န်ခံခိုင်း ခြင်းဖြင့် အမှုဖော်ထုတ်နိုင်ခြင်းဟု ဂုဏ်ယူဝံ့ကြွား နေခြင်းသည် ရှက်ဖွယ်လိလိ ဖြစ်ပါသည်... တရားခံ အစစ်အမှန်က နောက်ကွယ်တွင် ပြုံးရယ် ဟားတိုက်နေမည်ဖြစ်သကဲ့သို့ မတရားခံရသူနှင့် သူ့မိသားစုသည်လည်း နာကျည်းခံပျင်း တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုကင်းလာမည်မှာ အမှန်ပင်ဖြစ်ပါသည်...
မှန်ကန်သော ၊ မျှတသော ၊ ဘက်လိုက်မှုကင်းသော ၊ တစ်ဖက်သတ်မဆန်သော ၊ ဖိအားပေးခြင်းကင်းသော တရားစီရင်ရေးစနစ်ဖြစ်အောင် လုပ်ဆောင်ရမည်မှာ ဥပဒေကို ကိုင်တွယ်သောသူများအတွက် စောင့်စည်းရမည့် တာဝန် / လိုက်နာရမည့်ကျင့်ဝတ် ဖြစ်ပါသည်....
ပြောင်းလဲနေပါပြီကွာ ယူနီဖေါင်းနဲ့ ချိတ်ထမီလေ။ အထင်မလွှဲကြပါနဲ့  ။နောက်ကိုဘယ်တော့ မှပြန်မလှည့် ဘူး။မြို့ ပါတ်ရထား။
မတရားသူကြီး
မတရားသူကြီး
မတရားသူကြီး
Post a Comment