ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် အပါအဝင် သရုပ်ဆောင်များကို ရွေးချယ်မည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာတွင် ဖြစ်စေ၊ အခြားသင့်လျော်ရာ သရုပ်ဆောင်နေရာတွင်ဖြစ်စေ ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားလိုသူ လေးဦးထပ်မံပေါ်လာပြီး ယင်းတို့၏ ရင်တွင်းစကားများကို ဖွင့်ဟပြောကြားကြသည်။
အဆိုပါ လေးဦးမှာ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ အောင်းစုကျေးရွာသား ကိုဘိုထွေး(ခ) ကိုခင်မောင်ထွေး၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စကားများရွာသား ကိုအောင်ဘိုဘိုဇင်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သား ကိုစိုးမင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်သား ကိုသိန်းဇော်တို့ ဖြစ်ကြပြီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများက တိုက်တွန်းကြ ခြင်းကြောင့်လည်းကောင်း မိမိကိုယ်တိုင်က စိတ်အားထက်သန်ကြခြင်း ကြောင့်လည်းကောင်း သရုပ်ဆောင်အဖြစ် လျှောက်ထားလိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ယင်းတို့က ဆက်လက်ပြောကြား ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ငယ်ငယ်ကျောင်းသား ဘဝကပင် ဆရာများ၏ သင်ကြားချက်အရ သိနေကြကြောင်း၊ အာဇာနည်နေ့ရောက်တိုင်း အလေးပြုခဲ့ကြရကြောင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို နားထောင်ဖူးကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း ရုပ်ရှင်ကားများတွင် ဗိုလ်ချုပ်အောင်ဆန်းသွားလာ ပုံများနှင့် တရားဟောပုံများကို တွေ့ဖူးပြီး ကြည်ညိုလေးစား နေခဲ့ကြကြောင်း၊ အာဇာနည်ဇာပနအခမ်းအနား သတင်းရုပ်ရှင်ကားကို ကြည့်ရသောအခါ မျက်ရည်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုင်ရာဆောင်းပါးများနှင့် စာအုပ်များကို ဖတ်ရှုလေ့လာ မှတ်သားထားကြကြောင်း၊ ဗိုလ်ချုပ်အား ဂုဏ်ယူအားကျမိကြကြောင်း၊ အရွေးခံရသည်ဖြစ်စေ ၊ အရွေးမခံရသည်ဖြစ်စေ အဓိကမဟုတ်ဘဲ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားပြီး တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ကျေးဇူးဆပ်လိုရင်းမှာ အဓိကဖြစ်ပါကြောင်း ငွေမလှူနိုင်၍ လုပ်အားကို လှူဒါန်းခြင်းဖြစ်ပါကြောင်း သရုပ်ဆောင် လျှောက်လွှာ ခေါ်မည့်ရက်နှင့် လျှောက်ရမည့် နေရာကို
စောင့်နေကြပါကြောင်း စသည်ဖြင့် ပြောကြားကြသည်။
သူတို့၏ အကြောင်းကို ကြားသိရသည်မှာ ကိုဘိုထွေး(ခ) ကိုခင်မောင်ထွေးသည် တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာမှဖြစ်ပြီး မိဘမှာ တောင်သူများဖြစ်ကြသည်။ သားသမီး ၁၄ ယောက်အနက် ၁၃ ယောက်မြောက်ဖြစ်ပြီး ကိုရင်ငါးဝါ ၊ ရဟန်း ၁ဝ ဝါဝတ်ကာ ပထမလတ်တန်းထိ ဗုဒ္ဓဘာသာစာပေ သင်ယူခဲ့သည်။ ယခုအခါမွန်ပြည်နယ် ဘီလူးကျွန်းတွင် အိမ်ထောင်ကျပြီး ဆိုင်ကယ်လေထိုး ကျွတ်ဖာလုပ်ငန်း လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် လျှောက်လွှာစုံစမ်းရန် ခရီးသည်တင်ကားဖြင့် ၂-၁-၂ဝ၁၂ ရက်နေ့တွင် ရန်ကုန်သို့ အလာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်ဖတ်နေစဉ် မွန်းလွဲပိုင်းတွင် စစ်တောင်းတံတားအလွန်၌ ယင်းတို့ကားမှောက်ခဲ့ပြီး လက်မောင်းနှင့် ခန္ဒာကိုယ် နေရာအချို့ နာကျင်မှုဖြစ်ခဲ့သည်။
ခရီးသည်အချို့နှင့် အတူကားလေးငှားပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကိုအောင်ဘိုဘိုဇင်သည် မြောင်းမြမြို့နယ် စကားများရွာ၌ အထက်တန်းပညာအောင်ပြီး မိဘနှင့်အတူ စပါးအရောင်းအဝယ် လုပ်ငန်းလုပ်နေသူဖြစ်သည်။ သားသမီးသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ကိုစိုးမင်းသည် မင်္ဂလာဒုံထောက်ကြန့်၌ နေထိုင်ပြီး ကိုးမိုင်စက်မှုလယ်ယာတွင် သံဂဟေဆော် လုပ်ငန်းလုပ်နေသူဖြစ်သည်။ သားသမီးလေးယောက် အနက်အကြီးဆုံးဖြစ်သည်။ ငပုတောသား ကိုသိန်းဇော်သည် တစ်ဦးတည်းသောသားဖြစ်ပြီး ပုသိမ်မြို့၌ GTC တက်ခဲ့ပြီးပုသိမ် တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ဒုတိယနှစ်အထိ တက်ခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနယ်မြေတွင် ဂျာနယ်များရောင်းသည့် အလုပ်လုပ်လျက်ရှိသည်။ သူသည်ကဗျာရေး၊ ဆောင်းပါးရေး ဝါသနာပါသည်ဟုဆိုသည်။
သူ၏ စာမူများကိုလည်းပြသသည်။ ထူးခြားသတင်းတစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး တွင်လိုအပ်သည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို ဦးဆောင်သူ ဂဠုန်ဦးစော သရုပ်ဆောင်နေရာတွင် ကမ်းလှမ်းလာလျှင် သရုပ်ဆောင်မည်ဟု ဂဠုန်ဦးစော မြစ်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းခက ပြောကြားကြောင်း၊ သူ့ကို အဘိုးဂဠုန်ဦးစော နှင့် ရုပ်ဆင်တူသည်ဟု ပြောကြကြောင်း ၆-၁-၂ဝဝ၂ ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ပါရှိလာကြောင်း သိရသည်။ အချို့က မင်းခအား ဂဠုန်ဦးစော ဝင်စားသလားဟုပင် ပြောဆိုကြကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
ဂဠုန်ဦးစောနှင့် ရုပ်တူသည့် မြစ်ဖြစ်သူက ကမ်းလှမ်းလာလျှင် ဂဠုန်ဦးစောနေရာတွင် သရုပ်ဆောင်မည်ဟုဆို
Reviewed by သစ်ထူးလွင်
on
08:45
Rating:
18 comments:
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ပြီးရင်တော့ သူ့အကြောင်းကိုပိုသိဖို့ကြည့်ချင်လွန်းလှတယ်...ဒါပေမယ့်..လုပ်ကြံတဲ့အခန်းမှာ သေနပ်နဲ့ပစ်ခံရတာကိုဘယ်လိုစိတ်တင်းပြီး ကြည့်ရမလဲမသိဘူး..အဲ့ဒီတစ်ခု ရှော့ရှိနေတယ်....
အောင်မလေးလေး၊ မလုပ်ပါနဲ့၊ ဦးစောရဲ့ မြစ်ရယ်၊ တောင်းပန်ပါတယ်။ ဦးစောနဲ့ပတ်သက်တဲ့ အမျိုးတွေ တစ်ယောက်မှ မမြင်ချင်ပါဘူ။ တကယ်လို့ ဒီကားဟာ အော်စကာ ဆုများရသွားခဲ့ရင် နေရင်းထိုင်ရင်း ဒင်းကလဲ နာမည်ကြီးအုံးမယ်၊ တော်....တော်....တော်....သန်း ၆၀ ထဲမှာ ဦးစောနဲ့ တူတဲ့လူ တစ်ယောက်ကတော့ရှိမှာပါ။ ခင်ဗျားမပါလဲ ဒီကားရိုက်လို့ ရပါတယ်။
အဘိုးဖြစ်သူ မကောင်းတာနဲ့ မြစ်ဖြစ်သူပါ မကောင်းဘူး မြင်တယ်ဆိုတာက အမြင်ကျဉ်းမြောင်း လှပါတယ် ၊
ဒေါ်ခင်ကြည်က ဦးစောရဲ့ ဇနီးကို ခွင့်လွှတ်နိုင်တာကို ကြည့်ပီး စံနမူနာ ယူသင့်ပါတယ်။
အဘိုးလုပ်တာမြစ်လုပ်တာမှမဟုတ်တာ ဒီအတူိုင်းဆိုရင် မြစ်ကကြာကမြေစာပင်ဖြစ်သွာမှာပေါ့
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ထဲမှာဗိုလ်ချုပ်အောင်ဆန်း က စစ်ထွက်မိန့် ခွန်းပြောခါနီး ဗိုလ်နေဝင်း နေရာလွတ်နေတာကို သတိထားမိသွားတယ်.....ဗိုလ်နေဝင်း ကိုရှာခိုင်းတော့ မကောင်းတဲ့မိန်းမအိမ်မှာရောက်နေတယ်....အရေးကြီးတဲ့အချိန်မှာမကောင်းတဲ့မိန်းမအိမ်မှာရောက်ရမလားဆိုပြီ...ဗိုလ်ချုပ်လည်းစိတ်ဆိုးပြီး...ဗိုလ်နေဝင်းကိုပါးရိုက်ခဲ့တယ်.....အဲဒီအခန်းလေးရောထည့်အုံးမလားဆိုတာကို.....ကိုသစ်ထူးလွင်ရေ...ကိုဇာဂနာကိုမေးပေးပါအုံး....
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ထဲမှာဗိုလ်ချုပ်အောင်ဆန်း က စစ်ထွက်မိန့် ခွန်းပြောခါနီး ဗိုလ်နေဝင်း နေရာလွတ်နေတာကို သတိထားမိသွားတယ်.....ဗိုလ်နေဝင်း ကိုရှာခိုင်းတော့ မကောင်းတဲ့မိန်းမအိမ်မှာရောက်နေတယ်....အရေးကြီးတဲ့အချိန်မှာမကောင်းတဲ့မိန်းမအိမ်မှာရောက်ရမလားဆိုပြီ...ဗိုလ်ချုပ်လည်းစိတ်ဆိုးပြီး...ဗိုလ်နေဝင်းကိုပါးရိုက်ခဲ့တယ်.....အဲဒီအခန်းလေးရောထည့်အုံးမလားဆိုတာကို.....ကိုသစ်ထူးလွင်ရေ...ကိုဇာဂနာကိုမေးပေးပါအုံး....
@minyarzar,
အဘိုးမကောင်းတာနဲ့တမျိုးလုံးမကောင်းဖြစ်ရောလားဗျာ..
မင်းခ.သရုပ်ဆောင်တာရော..ခင်ဗျားကြည့်ဘူးရဲ့လား.တကယ်ကိုဝါသနာပါ..စိတ်နှစ်လုပ်တဲ့သူတယောက်ပါ..တခြားတယောက်ထက်စာရင်..သူက..အစိမ်းသက်သက်မဟုတ်ဘူး..နောက်ပီး.ဒီလိုလေးတွေးကြည့်ပါလား..အဘိုးတင်ခဲ့တဲ့အကြွေး.မြစ်လဲ.တတ်နိုင်သလောက်လဲ..ဆပ်တယ်ဆိုပီး..ရန်သူတွေတောင်.လက်ဆွဲနှုတ်ဆက်နိုင်နေပီဗျ.စိတ်ဓတ်လေး.နည်းနည်းမြှင့်တွေးပါအုံး..ခင်ဗျားလိုလူမျိုးတွေ.များနေတာ..လဲ..အတော်.စိတ်ပျက်စရာပဲ.. Regards,PoeHarp
မှန်၏
i agree with u poeharp..
အဖိုးက မှားခဲ့တာနဲ့ မြေးကိုပါ အဆိုးမမြင်သင့်ပါဘူး။ သူ့ရဲ့ပူးပေါင်းကူညီလိုစိတ်ကို အကောင်းမြင်ပြီး ကြိုဆိုသင့်ပါတယ်။ သူလုပ်ခဲ့တဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ပြီးတော့ ဒီဇာတ်ရုပ်ဟာ တစ်တိုင်းပြည်လုံးက ရွံ့မုန်းကြမယ့် ဇာတ်ကောင်နေရာပါ။ တော်ရုံ နာမည်ကြီးချင်ရုံနဲ့ ၀င်သရုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။
min yar zar,
အဖိုးလုပ်တာကိုမြေးရဲ့ မျိုးဆက်အထိဆက်ခံရအောင် မင်းဆိုရင်ကောခံမလား။ကိုယ်ချင်းစာစိတ်ကလေးထားစမ်းပါ။
အော်စကာဆုရတော့လဲဘာဖြစ်လဲ။မင်းကမုဒိတာမပွားနိုင်ဘူးလား။ဒေါ်ခင်ကြည်တို့ ဒေါ်ဆုတို့ ကဘာမှမဖြစ်ရဘူး။အလကားနေအလကားမစ္ဆရိယတွေများနေတဲ့ ချီးထုပ်။မင်းတို့ လိုလူမျိုးတွေရှိလို့ မြန်မာပြည်မတိုးတတ်တာ။စိတ်ဓာတ်ကိုမြင့်မြင့်ထာစမ်းပါ
ကိုယ်တိုင်ကလိုလိုလားလားသရုပ်ဆောင်ဖို့ခွင့်တောင်းတာ ကိုယ်ကတောင်ကြိုဆိုရဦးမှာကို။ တော်တော်အမြင်ကျဉ်းမြောင်းတဲ့လူ။ အဲလိုဘဲ ဘိုးဘေးလက်ထက်ကမှားခဲ့ကိုသားစဉ်မြေးဆက် အထိ ဆက်ယူလာလို့ကတော့ငြိမ်းချမ်းရေးဆိုတာ ဘယ်လွယ်တော့မလဲ။ အဲလိုအတွေးအခေါ်တွေကြောင့် ခက်နေတာ။
အဖိုး ရာဇ၀င်ရိုင်းတာနဲ့တော့ မြေးမြစ်အထိ ရန်ညိုးမထားစေလိုပါ။ ( မှတ်ချက်...(မည်သိုဝိသေသတပ်ရမည်မသိသော) သန်းရွှေ၏ မျိုးဆက်မပါ))
အဖေက စစ်တပ်မှာ ဗိုလ်(အရာရှိ)၊အကိုက ရဲမှုး အဲဒါပေမယ့် ကျနော် သူငယ်ချင်းက တော်လှန်ရေးနယ်မြေက တာဝန်ကျေ ရဲဘော်တဦး (ကျဆုံး) ကိုရော အဖေ၊အကို တို့ လိုဘဲ သူကိုကျနော် မမုန်းခဲ့ပါဘူး၊ ထိုကဲ့သို့ ပါဘဲ ဦးစောမြစ်က ကောင်းတာလုပ်ရင် ကျနော်တို့ လက်ခံရမှာပါ။
ဟုတ်ပါတယ်...ဦးစောမြစ်ကိုကြိုဆိုပါတယ်..ကြိုးစားပါဗျာ..
အဖိုးမကောင်းတာ မြစ်ထိမဆိုင်ပါ။ ဦးစောမြေးပါ၊ ကမ်းလှမ်းရင်သရုပ်ဆောင်ပါမယ်လို့ သတ္တိရှိရှိပြောရဲတဲ့ ကိုမင်းခကို လေးစားပါတယ်။
“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။---------
ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေကဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်ဥပဒေအရခံသွားပြီပဲ။ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)http://www.myatshu.com/?p=2231
ဟုတ်တယ် မင်းခ အနေနဲတော်တော်ကြီးမားတဲစွန့်စားမှု့ကိုလုပ်ရမှာ၊ စိတ်ကူးယဉ်ဇာတ်ကားတွေမှာတောင် ဗီလိန် လုပ်တဲ့သရုပ်ဆောင်တွေ လူမုန်းခံရသေးတာ ဒီလိုသမိုင်းကြီးတဲ့ဇတ်ကားမျိုးဆို သူ့အတွက် တွေးကြည့်ကြပါတော့....အော်စကာ(၁)ဆုမက (၁၀)ဆုရလည်း သူ့သရုပ်ဆောင်းရဲတဲ့အတွက် ကျွန်တော်တို့က ၀မ်းသာရမှာပေါ့....အထက်က မှတ်ချက်များမှာရေးသားကြသလိုပဲ...ကျွန်တော်တို့တိုင်းပြည်မှာအရေးတ ကြီးလိုအပ်နေတာက...တန်ဖိုးရှိတဲ့စိတ်ဓါတ်တွေပဲ။
Post a Comment