ကြိုတင်မဲနဲ့ အသာစီးရအောင်လုပ်ဖို့ မရှိဘူးဆိုတဲ့ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တွေ့ ဆုံခြင်း


ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ၀င်ပြိုင်ဖို့   ကိုယ်စားလှယ်တွေ ရွေးချယ်ထားပြီးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အသာစီးရအောင် လုပ်ဖို့မရှိဘူး။ လုပ်ဖို့ကိုလည်း မတိုက်တွန်းထားဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ပြောပါတယ်။ ဖုန်းနဲ့မေးမြန်းရာ နေပြည်တော်ကနေ ပြန်လည်ဖြေကြားချက်တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။
မော်ဒန်။  ။ လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးချယ်ပါသလဲ။
ဦးဌေးဦး။  ။ လစ်လပ် ၄၈ နေရာလုံးက အရင်ပါတီက အနိုင်ရခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ ပြည်သူက ချစ်ခင်လေးစားတဲ့ ကိုယ်စားလှယ်၊ ပြည်သူ့ အကျိုးကို လက်တွေ့လုပ်နိုင်တဲ့ ကိုယ်စားလှယ်မျိုးတွေရွေးတယ်။ ကိုယ်စားလှယ်အဖြစ်မရွေးခင် ပါတီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပေါ်မှာသူတို့ရဲ့ လုပ်ဆောင်ချက် စိတ်အားထက်သန်မှု၊ တကယ်လုပ်ဆောင်မယ့်အခြေအနေတွေကိုလေ့လာကြည့်တယ်။နဂိုကတည်းက လျာထားစမ်းသပ်ပြီးတဲ့ အထဲကမှ အကောင်းဆုံးဆိုတဲ့သူတွေကို ကိုယ်စားလှယ်အဖြစ်ရွေးလိုက်တာဖြစ်တယ်။ ပါတီက ပြည်သူ့အကျိုးကိုဆောင်ရွက်ဖို့ ရည်မှန်း ထားတယ်။ နေရာတိုင်းမှာ ပြည်သူ့အတွက်ဆောင်ရက်တဲ့လုပ်ငန်းတွေရှိပြီး တချို့လည်းစွပ်စွဲခံရတာတွေရှိပါတယ်။ ပါတီအနေနဲ့ ကိုယ်တိုင်လုပ် တာတွေရှိသလို စေတနာရှင်တွေနဲ့ ပူးပေါင်းလုပ်တာတွေလည်းရှိပါတယ်။ အစိုးရပဲလုပ်နိုင်မယ့် ကိစ္စမျိုးတွေကိုလည်း အစိုးရကိုတင်ပြပြီး အစိုးရ လုပ်ပေးနိုင်အောင်၊ လုပ်ပေးချင်လာအောင်လုပ်သွားပါတယ်။ အဲဒီလိုလုပ်နေတဲ့အချိန်မျိုးမှာ တကယ်လုပ်နိုင်တဲ့သူတွေကို ရွေးချယ်ပြီး ကိုယ်စားလှယ် အဖြစ်တင်တယ်။
မော်ဒန်။   ။ ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဘယ်လိုစီစဉ်ထားလဲ။
ဦးဌေးဦး။   ။ ပထမဆုံးက ပါတီစုံဒီမိုကရေစီစနစ်ကို ယုံတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယုံတယ်။ ပါတီိအနေနဲ့လုပ်ရိုးလုပ် စဉ်ဖြစ်တဲ့ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်း၊ လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်နေမှာပါ။ သည်အပေါ်မှာ လူထုက ကောင်းတယ်ထင်ရင် မဲပေးမှာပဲ။ မကောင်းဘူးမြင်ရင်လည်း လူထုကပဲ ဆုံးဖြတ်ပေးသွားမှာပဲ။ ပါးစပ်အပြောချည်းပဲလည်း မရဘူး။ အလုပ်နဲ့ သက်သေပြဖို့လည်းလိုတယ်။
မော်ဒန်။   ။ကြားဖြတ်ရွေးကောက်ပွဲအတွက် လမ်းတွေအရေးပေါ်ခင်းပေးပြီး၊ မဲဆွယ်နေတယ်လို့၊ ပြည်သူတွေဆီက ကြားတယ်။ သည်အပေါ်မှာ အမြင်ပြောပါဦး။
ဦးဌေးဦး။   ။ လမ်းခင်းတယ်ဆိုတာကတော့ တကယ်လိုအပ်တဲ့ လုပ်ငန်းတွေဖြစ်လို့ခင်းပေးတာပါ။ မတတ်နိုင်သေးတဲ့အချိန်မှာ မလုပ်ပေးနိုင်ခဲ့လို့ အခု တတ်နိုင်တဲ့အချိန်မှာ လုပ်ပေးတာပါ။ သည်အပေါ်မှာ မဲဆွယ်တယ်လို့ ပြောတယ်။လစ်လပ်တဲ့နေရာတွေမှာ လမ်းခင်းပေးနေသလို လစ်လပ်နေရာ မရှိတဲ့အရပ်တွေမှာလည်း ခင်းပေးနေပါတယ်။ သည်အပေါ်မှာ သဘောကျလို့ မဲပေးတယ်ဆိုရလည်း စည်းရုံးရေးဖြစ်သွားတာပါ။
မော်ဒန်။  ။  ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ။
ဦးဌေးဦး။   ။လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အရင်တုန်းက မပါတဲ့သူတွေပါလာလို့ ၀မ်းသာတယ်။ ပါဝင်လာတဲ့  ပုဂ္ဂိုလ်တွေကလည်းတိုင်းပြည် နဲ့ ပြည်သူ့ အကျိုးကိုဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ယှဉ်ပြိုင်တဲ့အခါ ပြည်သူတွေ အထင်အမြင်လွဲမှားတာမျိုးရှိလာရင် နားလည်အောင်ပြော ပါလို့ မှာထားတယ်။ လမ်းခင်းတဲ့ကိစ္စတွေကိုတောင် ရွေးကောက်ပွဲပြီးမှ လုပ်ဖို့ စဉ်းစားမိသေးတယ်။ ကြီုတင်မဲကိစ္စတွေနဲ့ပတ်သက်လို့ ကော်မရှင်က
ခွင့်ပြုထားတဲ့လူတွေကတော့ သူတို့လုပ်ထားတဲ့အတိုင်းရှိမှာပေါ့။ ကျန်တဲ့ဟာတွေကတော့ မဲအသာစီးရအောင်လုပ်ဖို့ တာဝန်ပေးထားတာ၊
ပြောထားတာမျိုးမရှိဘူး။
မော်ဒန်။   ။ ဖြည့်စွပ်ပြောလိုတာရှိရင်ပြောပေးပါ။
ဦးဌေးဦး။  ။ပြည်သူ့အကျိုးပြုဖို့ဆိုတာ ပါတီအင်အားးရှိဖို့လိုတယ်။ အလားတူပဲ လွှတ်တော်ထဲမှာ တရားဝင်ပြောနိုင်ဆိုနိုင်ဖို့ကလည်းပါတီအင်အား ရှိဖို့ လိုတယ်။ အဲသည်လို ပါတီအင်အားရှိအောင် လူထုက ယုံကြည်ပြီး ထောက်ခံမှ လုပ်နိုင်မှာဖြစ်တယ် ။ ပါတီရဲ့ လုပ်ငန်းတွေအပေါ်မှာလိုအပ်ချက် ရှိရင် အချိန်မရွေးထောက်ပြလို့ရတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အားလုံးကို တစ်ပြိုင်တည်းမလုပ်ပေးနိုင်တောင် ဦးစားပေး အစီအစဉ်နဲ့ ဖြစ်အောင် လုပ်သွားမှာ ဖြစ်တယ်။
မော်ဒန်။   ။ အခုလိုဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။
ဇင်သော်( မော်ဒန်သတင်းဂျာနယ်)
ကြိုတင်မဲနဲ့ အသာစီးရအောင်လုပ်ဖို့ မရှိဘူးဆိုတဲ့ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တွေ့ ဆုံခြင်း ကြိုတင်မဲနဲ့ အသာစီးရအောင်လုပ်ဖို့ မရှိဘူးဆိုတဲ့ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တွေ့ ဆုံခြင်း Reviewed by သစ်ထူးလွင် on 08:39 Rating: 5

14 comments:

Tri Asian Taste said...

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူးလို့သာဆိုတယ် ပုံစံက မျက်လှည့်ဆရာ နဲ့တူတယ်။ အပြောနဲ့ အလုပ်မညီလို့ကတော့....

မြန်မာပြည်သား said...

ဦးဌေးဦးခင်ဗျာ..သေချာစဉ်းစာပီမှာရန်းပြောပါ....ကျနော်ကိုတွေပါ..ကျနော်မြန်မာပြည်ပြန်လည်တဲ့ ခဏမှာ၂၀၀၉ကပါ...ကြံဖွံကသူကျနော်တိုရက်ကွက်ကိုလမ်းခင်ပေးမယ်..ဒါပေမဲအထက်ကကျေနပ်အောင်ပါတည်မဲမျာများရအောင်သင်ကျပါ..ဒါမှကျနော်တိုလည်အထက်ကိုတင်ပြလို့ ကောင်းမှာ..ဆိုပီကျနော်တိုလမ်းကလူတွေအကုန်လမ်းတိုင်ကလူတွေကိုမဲထည်ပီစီရုံခိုင်တယ်...အခုထိကျနော်တိုရက်ကွက်ကလမ်းတွေဒီတိုင်ပဲ..ပိုက်ဆံလည်ထဲပီပီလမ်းခင်ဖို့ ...ဦးအောင်သောင်ရှိတုံးက...ခင်ဗျာတိုကအရှက်မရှိတိုင်လျှောက်ပြေနေတယ်...ဘာလည်အပြောနဲ့ မဟုတ်ပဲလက်တွေလုပ်ပြရမှာဖြစ်ပါတယ်တဲ့..ခင်ဗျာမိုလို့ အရှက်မ၇ှိပြောရဲတယ်....မယုံဘူဆိုရင်၄၄/၄၅ရပ်ကွက်ဒဂုံမြောက်ကိုခင်ဗျာကိုတိုင်သွားကြည်.....လွတ်တော်မှာတင်ထိုင်ပီးလျှောက်ပြောမနေနဲ့ ...ပြည်သူတွေတင်မြောက်တဲ့...ပြည်သူလွတ်တော်ကလူဆိုရင်...ဘာမှကြောက်စရာမလိုဘူး...ဘာလုံချုံရေးမှမလိုဘူး...ကိုလိပ်ပြာကိုလုံဖိုပဲအရေးကြီးတယ်....

SN said...

၂၀၁၀ တုန်းက ကြိုတင်မဲတွေနဲ့ အနိုင်ရအောင် လုပ်ခဲ့တာကို ပေါ်တင် ၀န်ခံလိုက်စမ်းပါ ဌေးဦးရာ...မင်းတို့လက်တစ်ဆုပ်စာကလွဲလို့ ကျန်တဲ့ ပြည်သူ အကုန်သိတယ်.....အရှက်မရှိ ပြည်သူတွေက တစ်ခဲနက်ထောက်ခံတယ်ဆိုဘဲ...ဟဟ

နွေဦီးသစ်စိမ်း said...

" ကြီုတင်မဲကိစ္စတွေနဲ့ပတ်သက်လို့ ကော်မရှင်က
ခွင့်ပြုထားတဲ့လူတွေကတော့ သူတို့လုပ်ထားတဲ့အတိုင်းရှိမှာပေါ့။ ကျန်တဲ့ဟာတွေကတော့ မဲအသာစီးရအောင်လုပ်ဖို့ တာဝန်ပေးထားတာ၊
ပြောထားတာမျိုးမရှိဘူး။"
အရင်လို မလုပ်ပါဘူးဗျာ..ဒီတခါ ရိုးရိုးသားသားလုပ်မှာပါ...လို့ပြောရင်ရပါပြီ
ဒါပေမဲ့ လူတွေတော့ယုံမှာမဟုတ်တော့ဘူး

မျိုးစင်ဆွေဆက် said...

အပေါ် က ညီ နောင် တွေရဲ့  comment တွေ မှန်ကန်ထိရောက်ပါတယ်..

ရာရာ said...

ဟုတ်ကဲ့..ကျွန်တော်တို့ကြံ့ဖွတ်ပါတီဟာ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲ နဲ့အသာစီးရအောင်လုပ်မှာမဟုတ်ပါဘူး...ဘာလို့လည်းဆိုတော့ မဲလိမ်နည်း၊ မဲခိုးနည်း၊ မဲညစ်နည်းပေါင်း ထောင်သောင်းမက ကိုထပ်မံတွေ့ရှိထားလို့ဖြစ်ပါတယ်...နောက်ပြီး ကျွန်တော်ဖြည့်စွက်ပြောချင်တာက ပြည်သူ့အကျိုးပြုဖို့အတွက်နဲ့ လွှတ်တော်ထဲမှာတရားဝင်ပြောဆိုဖို့အတွက် ပါတီ အင်အားရှိမှဖြစ်မယ်..ပါတီအင်အားရှိဖို့ဆိုရင် ပါတီဝင်တွေက စားမှဝါးမှပေါ့ဗျ...ဒါ့ကြောင့် ကျွန်တော်တို့စားနေ၀ါးနေကြရင် ပြည်သူတွေက အမြင်စောင်းတာမျိုးမဖြစ်ကြပါနဲ့..ဟုတ်ပြီနော်...သဘောပေါက်ပြီနော်..

demon said...

ယမမင်းကတော.သူတို.ကိုယုံကြည်နေပါတယ် သူ.ပြည်ရောက်လာမယ့်လူတွေဆိုတာ။

tharzaw said...

His face look like hypocrite or graceless.

ktd said...

လမ်းခင်းတယ်၊ တံတားဆောက်တယ်ဆိုတာ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာတို့နဲ့ပဲ သက်ဆိုင်တာကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ကြံ့က သူတို့ဘဲ လုပ်သလိုလိုနဲ့ လုပ်စားခဲ့ပြီး မသိနားမလည်တဲ့ သူတစ်ချို့ကို လှည့်စားခဲ့ပြီး၊ ကြိုတင်မဲ၊ ခိုးမဲတွေနဲ့ လုပ်စားခဲ့တယ်။ ခုပြည်သူတွေက အရင်ကနဲ့ နည်းနည်းမှ မတူတော့ဘူး။ အတွေးအခေါ်ပိုင်းရော၊ နိုင်ငံရေးအမြင်ရော၊ အရင်ကနဲ့ လုံးဝခြားနားသွားပြီ၊။ ဖြစ်နိုင်ရင် နေရာအစုံမှာ ပြန်လည်ရွေးကောက်ပွဲကျင်းပကြည့်ပါလား။ ကိုယ့်ကိုကိုယ်ယုံတယ်၊ ကိုယ့်ဖွံ့ပါတီကြီးကို ယုံတယ်ဆိုရင် လုပ်ကြည့်လေ။ ။ ။

Unknown said...

ahe:: yaryar u always funny and right,,keep commentting :D
and juz wanna ask that guy(htay oo)..make sure dude,,lol..

aung naing said...

ကြံဖွံပါတီတကယ်အရည်အချင်းရှိတယ်ဆိုရင်အာဆီယံကိုရွေးကောက်ပွဲကော်မရှင်ခန့်ပြီးပြိုင်ရဲလား၊မပြိုင်ရဲရင်မဲခိုးမှာဆိုတာသေချာတယ်။အခုဟာကကော်မရှင်ဥက္ကဌဦးတင်အေးကလည်းစစ်တပ်ကဆိုတော့လုံးဝတရားမမျှတနိုင်ဘူး။စစ်ဗိုလ်တွေကလိမ်ညာပြီးခိုးနေအုံးနေမှာဘဲ။

Anonymous said...

အင် . . .
လမ်းခင်းပေးရလောက်အောင် . . . . ဘယ်ကပိုက်ဆံတွေ ဒီလောက်ရလို့လဲ..
လမ်းခင်းဖို့ အခုမှတတ်နိုင်လို့ပါ ဆိုတာကလဲ . . . တိုက်ဆိုင်လွန်းအားကြိးနေသလိုဘဲ။
ငယ်ငယ်တုံးက စကားလေးတချို့မှတ်မိတယ်
. . . မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်
. . . ရပြီးတော့ ဖျာလိုခင်းပြီး နင်း . . . . . တဲ့

zinmyohtet47 said...

အန်ကယ် တစ်ကယ်လား
ပြင်ဦးလွင်မှ ညောင်ကုန်းကျေးရွာမှာ တံတားတွေပြင်ပေးမယ် မီးရရှိအောင်လုပ်ပေးမယ်ဆိုတာတွေတစ်ကယ်လား ကျေးဇူးတင်ချင်တယ် ၂၀၁၀ လိုတော့မဟုတ်ပါဘူးနော် ထပ်လိမ်အုံးမှာလား
ပြည်သူအတွက် အမှတ်တရ စကားလေးရေးပေးမယ်
ပေးတာယူ ကျွေးတာစား မဲပေးရင် ကိုယ့်သဘော

နေပြည်တော် said...

တကယ်ပြောတာလား?

Powered by Blogger.