ကား ၊ ဂွန်နောင်း ၊ ထော်လာဂျီ ၊ ထွန်စက်နောက်တွဲယာဉ်များ မ၀င်နိုင်အောင်တားဆီးနေသည့် ကိစ္စအား ကန့်ကွက်ခြင်း
ဌာနပိုင်ယာဉ်များ ၀င်ရန်အတွက် ခေတ္တ ဖြုတ်နေစဉ်ဖြစ်ပါသည် |
(၁၁) ရပ်ကွက် ၊ ခရမ်းမြို့ ၊ ရန်ကုန်တို
www.thithtoolwin.com
ကား ၊ ဂွန်နောင်း ၊ ထော်လာဂျီ ၊ ထွန်စက်နောက်တွဲယာဉ်များ မ၀င်နိုင်အောင်တားဆီးနေသည့် ကိစ္စအား ကန့်ကွက်ခြင်း
Reviewed by သစ်ထူးလွင်
on
05:16
Rating:
3 comments:
ဘုရား ဘုရား...ယာဉ်+ကုန် (၅) တန် အထက် ၀င်ခွင့်မပြုဆိုတော့...
လမ်းလို့ မသတ်မှတ်နဲ့တော့လေ...အင်ဂျင်နီယာထား....အပေါ်က ကွပ်ကဲသူ
အဆင့်ဆင့်ထား....အုပ်ချုပ်ရေးမှူး....ရာထူးတွေ အများကြီးထား....
ဒီလမ်းလုပ်ဘို့ အတွက် ပြည်သူဆီက ငွေကောက်....ဖြတ်တဲ့ကားတိုင်းငွေ
ကောက်....ဆောက်လုပ်ရေး ၀န်ကြီးဆိုတာ မထားနဲ့တော့လေ.....
ပြည်သူတွေ သူ့ဖာသူ ကြည့်လုပ်သွားတာကမှ အဆင်ပြေအုံးမယ်။
ဥပဒေဆိုတာ တပြေးညီမဟုတ်ဆိုတဲ့ ပြယုဂ်လား?
သိက္ခာနဲ့ ကိုယ်ကျင့်တရား
စာထဲမှာဖတ်ဖူးတယ်
ဘာမှန်းမသိဘူးဆိုတဲ့သူတွေ
နိုင်ငံတော်သီချင်း သံပြိုင်သီဆိုနေကြ ။
မေတ္တာနဲ့ ကရုဏာတရား
ရှားပါးလို့ ဈေးကြီးနေချိန်မှာ
ကြွပ်ကြွပ်အိတ်သေးသေးလေးတွေထဲ
"ဆန်"နို့ဆီဗူး နှစ်ဗူးစာနဲ့
ရေမြောင်းနံဘေး အရွက်သေးသေးကန်ဇွန်း
နှစ်ပင်သုံးပင် ချိုးယူလာခဲ့တယ် ။
ခွေးရူးတွေပတ်လည် ထိုးဟောင်လို့
"အမေ"အိမ်ပြင်ထွက်လို့မရဘူး
ဝါးထရံပေါက် ကျဲကျဲအတွင်းက ကလေးငိုသံ
အုတ်တံတိုင်းနဲ့ သံတိုင်းတွေနောက်ကွယ်က ညည်းတွားသံ
ခွေးဟောင်သံနဲ့ ရောနှောနေလို့ မသံကွဲးဘူး ။
ကွမ်းရွက်ပြုတ်ရေနဲ့ နနွင်းမှိုင်း
သူတို့အသက်ကို မကယ်နိုင်လို့
မာနနဲ့ စွမ်းအားတွေကို
ဘုံဆိုင်မှာ လဲလှယ်သောက်သုံးနေကြ ။
"အမေ"ပြောတဲ့ ပုံပြင်ထဲက
မျက်ကန်းနဲ့ နားထိုင်းသူတွေ
တရားစီရင်နေကြချိန်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့
သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။
အလင်းရောင်ကို သစ္စာဖောက်သူတွေ
နေပူပူထဲမှာ ဖယောင်းတိုင်ထောင်ချီထွန်းညှိ
အသက်ရှည် ဆုတောင်းနေကြလေးရဲ့ ။ ။
Post a Comment