ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို
သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ
အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ
မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။
ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ
ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”
“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”
အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”
သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”
ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။
“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”
ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။
VOA

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
Reviewed by သစ်ထူးလွင်
on
11:09
Rating:
10 comments:
ဘယ်သူတွေက ဒီလိုဖြစ်အောင် ညွှန်ကြားနေတာလဲဗျာ....ဒီလိုစိတ်ဓါတ်တွေ အခုထိရှိတုန်းဘဲလား....ကိုယ်တိုင် အစွမ်းအစမရှိတဲ့လူတွေက စွမ်းဆောင်နိုင်တဲ့လူကို ကြောက်နေတာလား...သူလဲလုပ် ကိုယ်လဲလုပ် လုပ်စမ်းပါ.....မကောင်းတဲ့အကျင့်တွေက ခုထိကို မပျောက်သေးဘူး.....
ခွေးမသား ဇော်ဇော် မလောက်လေးမလောက်စားနဲ့ ...မင်းဦးဆောင်ပြီးလုပ်နေတဲ့ MNL ကို (.)ပဲ ထင်တယ် (.) တောင် လက်မှတ်ဝယ်မကြည့်တော့ဘူး....ခွေးမသားတွေ ...ထားဝယ်လူထုကိုကြည့်ပြီး ကြောက်နေပြီ...မန္တလေး လူထုအင်အားကိုလဲ ကြောက် ..ပြီး (သေ)နေပြည်တော် လူထုကပါ အင်နဲ့ အားနဲ့ ဆိုရင် သေပြည်တော်မှာ ထီးစုပ်နန်းပဲ့ စိုးစံနေတဲ့ သတိုးသုဘရာဇာ ဘုန်းကျွတ်ကြောင်ရွှေရွှေ နှလုံးလေဟပ် မြောနေဆဲ ကာလမို့  အမေစုကို လူထုက အော်ဟစ်အားပေးကြိုဆိုဂုဏ်ပြုသံကြားရရင် ချက်ချင်းသေသွားမှာကို စိုးရိမ်ပြီး ပထွေးအပေါ် ကျေးဇူးသိတတ်စွာနဲ့  ခွေးမသား ဇော်ဇော်က မန္တ လေးကစပြီး တားဆီးဖို့ စနေပြီ ဟေ့...( ဒုတိယ ဒီပဲယင်း လုပ်လို့ ကတော့လားကွာ ) ...ခွေးမသားဇော်ဇော် ရေ ဒီမိုကရေစီ လမ်းစဉ် ကိုသွားနေပါပြီ ဆိုပြီး ကမ္ဘာ ပြောထားတာနော် အကုန်လုံးစောင့်ကြည့်နေပြီနော်...တချက်လေးမှ ဒီမိုကရေစီ အတိုင်းအတာနဲ့  တိမ်းစောင်းလို့ ရမှာ မဟုတ်ဘူးဆိုတာ မင်းသိထား....ဆက်ဒမ်ဟူစိန်၊ ကဒါဖီ ၊ ဆက်ဒမ်ဇော်ဇော်ဆိုပြီး ဖြစ်ချင်လို့ လား ...လက်ဝင်မလျှို ချင်ပါနဲ့  လဒလေးရာ....သူတို့  ချိန်ထားတဲ့ ပစ်မှတ်က ရှိပြီးသားပါ...မင်းအဆင့်လောက်က မင်း ရာထူးလေးဖြုတ်လိုက်ရင်ကိုပြီးပါတယ် FIFA ကပဲမင်းအဆင့်လောက်ကိုကိုင်မှာပါ... သနားကမားမျက်နှာလေးနဲ့  စောက်ကျင့်မယုတ်ချင်စမ်းပါနဲ့ ...ဗထူးကွင်းက မင်းကိုယ်ပိုင်ကွင်းမို့ လို့ လား...အေးလေမင်းရာထူးပြုတ်ရင် မင်းဘာမှ ပြောလို့ ရမှာ မဟုတ်တော့ပါဘူး ကြောင်မြီးလေးရယ် လဒလေးရယ်...
ဇော်ဇော်ဆိုတဲ့ ကောင်ကို အမှုန့်ကြိတ်လိုက်ရင်ကောင်းမယ်။ စောက်ရူး၊ ငကြောက် အမေစုကို ပေးလုပ်လိုက်ရင် ရာထူးပြုတ်မှာကြောက်တယ်လား။ ဟေ့ကောင် ထမီသာဝတ်ထား ဇော်ဇော်။ သတ္တိမရှိရင် အခြောက်လိုဝတ်ပြီး ရှောက်သီးဆေးပြားရောင်းစား၊ ဘောလုံးအဖွဲ့ချုပ်မှာ လုပ်ပြီး သရဲဘောကြောင်နေတယ်။
တောက် ဒေါသထွက်လိုက်တာ
မန္တလေးရွှေမြို့တော်ကြီးမှာနေကြတဲ့ မန္တလေးသားတို့ရေ.... ဘယ်လိုတွေဖြစ်နေကြတာလဲ အဲဒီလောက်တောင် နေရာတွေခက်ခဲနေရသလားဗျာ....
နေရာတွေခက်ခဲတာလား(ငွေပေးပြီးငှားရသလား)....မစည်းရုံးနိုင်တာလား(စည်းရုံးမှုမရှိကြတာလား)....ကြောက်စိတ်တွေ များနေကြတာလားလို့....ကျနော့်ဘော်ဒါတွေကမေးနေကြပြီဗျို့...........ဘော်ဘော်တွေကိုကျနော်ပြန်ပြောလိုက်တာက """"မန္တလေးသားတွေဟာ ရှေ့ကိုခြေဆယ်လှမ်းလှမ်းဘို့ နောက်ကိုခြေတလှမ်းပြန်ဆုတ်လိုက်တာပါလို့""""
မင်းတို့ မန်းလေးသားတွေက အမေစုကို ဆိုင်ကယ်အစီးတစ်သောင်းနဲ့
ကြိုမယ်ဆိုတာ တကယ်လားမောင်တို့ မင်းတို့မန်းသားတွေ ကြွားပြီထင်တာပဲ
တကယ်မှ ဟုတ်ရဲ့လား။ ဟီးဟီး လွန်တယ်ကွာာ ဇွတ်ပဲ လူဆိုး၊၊။။
ဟဲဟဲ သူတို့တွေ ဘာလဲဆိုတာ မြင်လိုက်ရပီပေါ့ဗျာ။(ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့) ဟဟဟ မင်းတို့ဘာကောင်တွေလဲဆိုတာ ဖော်ပြလိုက်တာဘဲ... မစ္စတာ ဇော်ဇော်ရေ ၊ အစက တော့ ဒေါ်စုကို လေးစားလှချည်ရဲ့ ဆိုတဲ့ပုံ စံနဲ့ ဘောလုံးပွဲတွေဘာတွေကြည့်ဖို့ဖိတ်၊ ဟဟဟဟ အဲလိုတောင်အော်ရီမိတယ်ကွာ. ဒီကောမက်ရေးရင်းနဲ့။ ပြီးတော့ ဘာတဲ့ သူ့တပည့်လေးကထပြော၊ "အထက်ကညွှန်ကြားချက်ကြောင့်ပါ. တဲ့ ဥက္ကဌ ကြီးလဲ သူကကွင်းမငှားဘူး ဆိုတဲ့ သတင်းတွေထွက်နေတာ တော်တော်လေး စိတ်မကောင်းဖြစ်နေတယ်တဲ့....." အဟတ် ဟား ဟား ဟား ###
အန် ငါမဟုတ်ဘူးလေဟးP
Mandalay must be most crowded city when Aunty Su come here. Getting places for Aunty Su is not matter of general people of Mandalay but it is about decision of those pitiful amateurs who do not know true value to be citizen of Myanmar.
So we are waiting for Aunty Su all day all night with full force....
ဇော်ဇော်က ညစ်ပတ်တာ အံ့သြစရာ မရှိပေမဲ့ တို့မန်းလေးအခြေစိုက် ရတနာပုံ FC က ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေက ဘာသဘောလဲကွ။ ဟေ့...ရတနာပုံ က အကောင်တွေ မင်းတို့ သိပ်ဘ၀င် ပြင့်မနေနဲ့။ တို့ မန်းလေးသားတွေ အားမပေးရင် မင်းတို့ ရတနာပုံ အသင်းဆိုတာ မရှိနိုင်ဘူးကွ။ တို့အမေစုကို ဟန့်တားနှောက်ယှက်ခြင်းဟာ တို့မန်းလေးသားတွေကို စော်ကားတာနဲ့ အတူတူပဲ ။ တို့မန်းလေးသားတွေရဲ့စိတ်ကို လာမစမ်းနဲ့။ မင်းတို့ကို အပြစ်ပြန်ပေးတဲ့ အနေနဲ့ မင်းတို့အသင်းကို အားမပေးတော့ဘူး။ ဒေါက်တာစိုင်းရဲ့ Alpine သောက်ရေသန့်၊ Shark အချိုရည်၊ blue mountain အချိုရည် စတာတွေကို သပိတ်မှောက်တယ်။ မင်းတို့သိဖို့က ဟို...ကိုလိုနီ သူ့ကျွန်ဘ၀က ဇာတ်မင်းသားကြီး ဦးဖိုးစိန် က တို့မန်းလေးသားတွေကို အစိုးရအကြိုက်လိုက်ပြီး မိုက်ရိုင်းခဲ့လို့ တို့ မန်းလေးသားတွေ ဘယ်လို ပညာပေးထားတယ်ဆို တာ မင်းတို့သိဖို့ကောင်းတယ်။ ရတနာပုံ FC ဘောလုံးအသင်းကျရှုံးပါစေ။ အမေစု ကျန်းမာပါစေ။
Post a Comment