ဖေဖေါ်ဝါရီ
(၁၂)ရက် ကော့သောင်းမြို့
(၆၅)
နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းနားကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်တွင် ဖေဖေါ်ဝါရီလ
(၁၂)ရက် ကကျင်းပရာ အခမ်းနားကို နံနက်(၉.၀၀)နာရီမှ နံနက်(၁၀.၃၀)နာရီထိ
စတင်ဖွင့်လှစ်ပြီး အခမ်းနားမှူးဖြစ် ဒီိချုပ်အဖွင့်ဝင် ကိုအောင်ဝင်းမှ
ဆောင်ရွက်ပြီး သဘာပတိဖြစ် အဖွဲ့ဝင် ဦးသိန်းအောင်မှ ဆောင်ရွက်ပါသည်။
အခမ်းနားကို ဆက်လက်ကျင်းပရာ
အစီစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အ
လေးပြုခြင်း၊ အဖွဲ့ချုပ်အလံတော်အားအလေးပြုခြင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်များအားအ လေးပြုခြင်း
နှင့်ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုးံသွားသော ရဟန်းရှင်လူကျောင်းသားပြည်သူ
များအားဂုဏ်ပြုသောအားဖြင့်တစ်မိနစ်ခန့်ငြိမ်းသက်ကြပြီး သဘာပတိမှ
အမှာစကားပြောကြားပါသည်၊ ၄င်းနောက် တက်ရောက်လာသူများမှ ပြည်ထောင်စုနေ့နှင့် ပက်သက်၍
ဒီချုပ်အဖွဲ့ဝင် ဦးမြင့်အောင်၊ဦးမြင့်သိန်း၊ဦးဝင်းဗိုလ်၊dr.
ခင်မောင်ဝင်း၊ဦးအောင်လှိုင် နှင့် ဒေါ်မိုးမိုးအိ တို့မှ ပြောကြားကြပြီး
တက်ရောက်လာသော တိုင်းရင်းသားအဖွဲ့မှ ကို ယ်စား ကရင်တိုင်းရင်းသား ဦးစိုးတင့်မှ
ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းနားကို နံနက်(၁၀.၃၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
အခမ်းနားသို့
ဒီချုပ်အဖွဲ့ဝင်များ၊တက်ကြွလှုပ်ရှားသူများနှင့် တခြားစိတ်ပါဝင်စားသူ
ပြည်သူများ လေ့လာသူများစုစုပေါင်း (၁၅၀)
ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။
ကော့သောင်းမြို့  NLD
“ကော့သောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၆၅)နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပ”
Reviewed by သစ်ထူးလွင်
on
02:17
Rating:
No comments:
Post a Comment