ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဧပြီ ၁
ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်
ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၁၇ ပါတီက တာဝန်ရှိသူတွေနဲ့
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့
နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတာပါ။
တွေ့ဆုံရတဲ့
အကြောင်းကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှိလာမယ့်
အခက်အခဲတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးကြတာလို့ တွေ့ဆုံပွဲမှာ
ပါဝင်ခဲ့တဲ့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က
ပြောပါတယ်။
“ကျနော်က
ကျနော့်ရဲ့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီအနေနဲ့ ပြောတဲ့
အချက်အလက်တွေ ရှိတယ်။ ကျနော် မှတ်ချက်ထုတ်ထားတာအရ ပြောရင်တော့
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ဖြစ်လာရင်
ဘယ်လိုလုပ်မလဲ။ ဘယ်လို ကာကွယ်ကြမလဲ။ ဘယ်လို ဖြေရှင်းကြမလဲပေါ့။
အဲဒါအရေးကြီးတဲ့ ကိစ္စတခုပါ။ မဲလိမ်၊မဲခိုးတာတွေပေါ့။ တရားမဲ့
ပြုကျင့်တာတွေပေါ့။ အဲဒါကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောတာတွေ
အများကြီးထဲက အဓိကကျတဲ့ အချက်အလက် တခုကတော့ ကျနော် မှတ်ထားတယ်။
မှတ်တမ်း မှတ်ရာနဲ့သာ ကန့်ကွက်ပါတဲ့။ ကျနော် အရေးယူပါမယ်လို့
ဆိုပြီးတော့ ကော်မရှင်ဥက္ကဋ္ဌကတော့ ပြတ်ပြတ်သားသား ပြောသွားပါတယ်။”
ရွေး
ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ ပြီးခဲ့တဲ့ ၂၀၁၀
ရွေးကောက်ပွဲမှာ ချို့ယွင်းချက်တွေ ရှိတာကိုလည်း
ဝန်ခံပြောဆိုသွားတယ်လို့ သူက ဆက်ပြောပါတယ်။
“သူက ၂၀၁၀ မှာ
ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သူက မငြင်းပါဘူး။ ၂၀၁၀ မှာ
အဖြစ်အပျက်တွေ အမျိုးမျိုး ဖြစ်ခဲ့တယ်။ ပါတီအသီးသီးကလည်း
တင်ပြကြတယ်။ ဒါကိုသူက အငြင်းအခုန် မလုပ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေ
ရှိတာလေးတွေတော့ သူပြောပါတယ်။ ဥပမာ – ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက
ပြည်သူတွေ တနေ့တည်းမှာတင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် စသည်အားဖြင့်
တချို့နေရာတွေမှာဆိုရင် တိုင်းရင်းသားလူမျိုးစုရေးရာ၊ အဲဒါတွေကို
တပြိုင်နက်တည်း မဲပေးရတယ်။ အချိန်မလုံလောက်မှု၊ ချို့ယွင်းချက်တွေ
တော်တော်များများ ရှိတယ်။ အဲဒါအပေါ်မှာ နားလည်မှုတွေ လွဲမှားပြီး
ဟသွားတဲ့အချက်တွေ ရှိနိုင်တယ်ပေါ့။ ဒါကိုတော့ သူပြောပါတယ်။
အဲဒီတော့ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ တရားမဲ့
ပြုကျင့်မှုတွေ မဖြစ်ရအောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမယ်
ဆိုတာကို အတည်ပြု ပြောပါတယ်။”
ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ကြားဖြတ် ရွေးကောက်ပွဲမှာ
လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရှိဖို့ တင်ပြချက်ကို အမျိုးသား
ဒီမိုကရေစီပါတီသစ်ကလည်း ထောက်ခံခဲ့တယ်လို့ ပါတီရဲ့ ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
အမျိုးသား
ဒီမိုကရေစီအင်အားစုပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုးဝင်းကလည်း လာမယ့်
ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲစာရင်းတွေကို လွတ်လပ်စွာ
ကူးယူနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။
“ကြိုတင်မဲစာရင်း
ကို အခမဲ့ ကိုယ့်ဘာသာကိုယ် ကူးယူပေါ့ဗျာ။ လွှတ်တော်ကိုယ်စားလှယ်ကို
တစုံ ကူးယူခွင့် ပေးမယ်တဲ့။ ကျန်တဲ့သူက ကူးချင်ရင်တော့ တရားဝင်
ဘာကြောင့် ကူးယူချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်
လျှောက်လွာနဲ့ဆိုရင် တမျက်နှာကို ၂၀၀ နဲ့ ကူးယူခွင့်ပြုမယ်။
ကြိုတင်မဲတွေကို ကျနော်တို့ ဘယ်အချိန်နောက်ဆုံး သတ်မှတ်ပေးမယ်
ဆိုတဲ့ဟာကတော့ ကြိုတင်မဲတွေဟာ ရွေးကောက်ပွဲ နယ်မြေအတွင်းမှာ
ရှိတဲ့ ကြိုတင်မဲတွေကတော့ မနက် ၆ နာရီ မဲရုံ မဖွင့်ခင်ကတည်းက
မဲရုံမှူးဆီကို ရောက်ပြီးသား ဖြစ်ရမယ်။ အဲဒီ့ နောက်ပိုင်းမှာ
မဲဆန္ဒနယ်မြေထဲမှာ ရှိတဲ့ ကြိုတင်မဲဆိုရင် ဒါကြီးကို ထည့်ရေတွက်စရာ
မလိုတော့ဘူး၊ လက်ခံစရာ မလိုဘူး။”
ဧပြီ ၁
ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အပါအဝင်
နိုင်ငံရေးပါတီ ၁၇ ပါတီက လွှတ်တော် ၃ ရပ်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈
နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
Reviewed by သစ်ထူးလွင်
on
18:35
Rating:
1 comment:
ကျေးဇူးတင်ပါတယ်ဦးတင်အေးခင်ဗျား။ ဒိုင်လူကြီးမကောင်းရင် ဘောလုံးပွဲတောင်ကြည့်မကောင်းပါ၊ အခုကိစ္စက ဘောပွဲထက် အများကြီးပိုအရေးကြီးတဲ့ တိုင်းပြည်ကိစ္စပါ။ သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။
Post a Comment