ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ် အောင်မြင်စွာ
ပြီးဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀
မိနစ်ခန့်တွင် မြစ်ကြီးနားမြို့၌ MacWill အပါအဝင် အင်တာနက်လိုင်းများ
ပြန်လည် အသုံးပြု၍ ရရှိနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က
သတင်းပေးပို့သည်။
ပထမဆုံး ပြည်နယ်တစ်ခုသို့ စည်းရုံးရေးဆင်းသည့်
ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ် မတိုင်မီ ၂ ရက်ခန့်ကပင်
မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ပြီး
ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်းရယူသည့် သတင်းထောက်များ အသုံးပြုသည့်
MacWill (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အင်တာနက် အသုံးပြု၍
မရခဲ့ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး မြစ်ကြီးနားတွင် အင်တာနက်ပြန်ရ
Reviewed by
သစ်ထူးလွင်
on
20:59
Rating:
5
5 comments:
Really, so wondering incident. So call this is MYANMAR?
ဘာကြောင့်မြန်မာနိုင်ငံမှာ အဖြတ်"မင်း"တွေ ပေါနေတာလဲဗျာ
"မင်း"တို့ဖြတ်တောက်တာတွေများများလာလေ
မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ပြည်သူတွေပေါလာလေ
မောင်းမင်းကြိးသား အဖြတ်သမားများ ရပ်တန်းကရပ်ပေးကြပါ
မြန်မာနိုင်ငံတိုးတက်အအောင် လုပ်မယ့်သူပေါ်လာတာကို
လက်ခံပေးကြပါ။
"မင်း"တို့ ဘယ်လို့ပဲလိုက်ဖြတ်လိုက်ဖြတ်
ပြည်သူကိုချစ်တဲ့သူကို ပြည်သူကလည်ပြန်ချစ်နေမှာပဲ
ပြည်သူ့အတွက်ကြိုးစားနေတဲ့သူကိုပြည်သူကလည်ကြည်ဖြူနေမှာပဲ
"မင်း"တို့ဘယ်လို့ဘဲပြည်သူတွေနဲ့အဆက်သွယ်ပျက်အောင်ဖြတ်တောက်
ဖြတ်တောက် အင်တာနတ်လိုင်းသာပျတ်တောက်သွားမယ်
ပြည်သူလူထူရဲ့ရင်ထဲက ပြည်သူကိုချစ်တဲ့အမေစုကို ပြည်သူကပြန်ချစ်နေတဲ့ သံယောဇဉ်ကြိုးကဘယ်တော့မှ ပျတ်တောက်မသွားနိုင်ဘူး
သံမဏီကြိုးခိုင်တာဟာ ပြည်သူလူထူတရေးနိုးတဲ့အခါလာမေးနေချိန်လောက်
ပဲခိုင်မယ် ....
ဤကား ဆက်သွယ်ရေး၏ စေတနာ ဖြစ်တော့သကိုး..
ကျက်သရေတုံးလိုက်လေ..
အရမ်းအပြစ်မတင်ကြပါနဲ့ဗျာ၊ရေအာက်လိုင်းချို့ယွင်မှုကြောင့်၊ဖြစ်ရတာပါ၊မြန်မာပြည်တွင်မဟုတ်ပါဘူး၊အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလဲ၊တပြိုင်နက်ဖြစ်နေတာပါ၊ဆရာတို့အော်ရင်ကျွန်တော်တို့လည်ထောင်းခံထိပါတယ်၊ကျွန်တော်တို့လည်းသာမန်ပြည်သူတွေထဲက၊ဘာမှအပိုမရတဲ့ဝန်ထမ်းပါ၊
ko min ဆိုသူ ဖတ်ပေးပါရန်
ရေအောက်လိုင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် အမေစု သွားတဲ့အချိန်ကျမှ ချို့ယွင်းရသလား၊ ပြီးတော့ ထပ်ပြီး တိုက်ဆိုင်တာက အမေစု ခရီးစဉ်ပြီးမှ လိုင်းက ပြန်ကောင်းတယ်ပေါ့...
ဟား ဟား ဟား ရယ်ရတယ် ကလေးကစားသလိုပဲ ဒါမျိုးတွေ ရိုးနေပြီနော်... သေလိုက် အထောင်းခံရရင်လဲသာသေလိုက်တော့...။
Post a Comment