ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူးခရီးစဉ် ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းပေးသဖြင့် အဆင်ပြေ
ဒေါ်
အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်မှာ
ဟောပြောမယ့် လှည်းကူးမြို့ လူထုအားကစားကွင်းကို အသုံးပြုခွင့်
ပြန်ရသွားလို့ နဂိုစီစဉ်ထားတဲ့ အတိုင်းပဲ မနက်ဖြန်မှာ
ခရီးထွက်ဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
လှည်း
ကူးမြို့ လူထုအားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က
မိန့်ခွန်းပြောဖို့ စီစဉ်ထားတာကို ပြည်ထောင်စု အားကစားဝန်ကြီး
အမိန့်နဲ့ ပိတ်လိုက်ပြီး နာရီပိုင်းအတွင်းမှာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်
ညှိနှိုင်းပေးလိုက်တာကြောင့် ပြေလည်မှု ရသွားတာပါ။
လှည်းကူး
မြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကလည်း နောက်ဆုံးအခြေအနေကို
အခုလို ပြောပါတယ်။
“ကျနော်တို့
အဖွဲ့ချုပ်ဗဟိုကို အကြောင်းကြားတဲ့ အခြေအနေမှာ အဖွဲ့ချုပ်ဗဟိုက
နေပြည်တော်ကို ရောက်နေတဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်ကို
လှမ်းပြီး အကြောင်းကြားတဲ့ အခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကို ကျနော်တို့က တိုက်ရိုက် စာတင်ပါတယ်။ တိုက်ရိုက်
စာတင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ဆုံးဖြတ်ထားတဲ့
အချက်အလက်တွေကို အုပ်ချုပ်ရေးပိုင်းက မစွက်ဖက်ဖို့ဗျာ၊ အဲဒီအတွက်
နေရာကို ပြန်ပြီး သတ်မှတ်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့
လှည်းကူးအားကစားကွင်းမှာပဲ ကျင်းပသွားပါမယ်။ လူတွေက တအား
ဝမ်းသာနေကြတယ်။”
ဒေါ်
အောင်ဆန်းစုကြည်နဲ့ လှည်းကူးလူထု တွေ့ဆုံပွဲကို
အားကစားကွင်းမှာလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရွေးကောက်ပွဲ
ကော်မရှင်က နဂိုကတည်းက ခွင့်ပြုထားအပြီးမှာ အစီအစဉ်ပြောင်းမလို
ဖြစ်ခဲ့ရတာပါ။
အခုနောက်ဆုံး
ပြန်လည်အဆင်ပြေသွားတဲ့အကြောင်းကို ပါတီဌာနချုပ်က
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဟံသာမြင့်ကလည်း အတည်ပြု ပြောဆိုပါတယ်။
ဒါကြောင့်
နဂို စီစဉ်ထားတဲ့အတိုင်းပဲ နေ့လယ် ၁၂ နာရီလောက်မှာ
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမြို့ကို ရောက်ဖို့ စီစဉ်ထားပြီး
မွန်းလွဲ တနာရီလောက်မှာ လူထုဟောပြောပွဲ စတင်နိုင်မယ်လို့
မျှော်လင့်တဲ့အကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒေါ်
အောင်ဆန်းစုကြည်ရဲ့ အခု လှည်းကူးခရီးစဉ် မတိုင်ခင်မှာ တနင်္သာရီတိုင်း
ထားဝယ်ခရီး၊ ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြခရီး၊ ရန်ကုန်တိုင်း
ကော့မှူးခရီးတို့ကို စည်းရုံးရေးထွက်ခဲ့ပြီး လူသိန်းချီ
ကြိုဆိုခဲ့ကြပါတယ်။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူးခရီးစဉ် ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းပေးသဖြင့် အဆင်ပြေ
Reviewed by သစ်ထူးလွင်
on
17:57
Rating:
4 comments:
လုံခြုံရေးအတွက် အထူးဂရုပြုကြပါခင်ဗျာ။
ဒေါ်စု အနားနေတဲ့ သူတွေ အပြောအဆိုအနေအထိုင် သတိထားဖို့လိုပါတယ်။အရင်လူတွေ STYLE မလုပ်ဖို့လိုတယ်။မျက်မှန်တပ်တာကအစ သတိထားပေးကြပါ။ကျေးဇူးတင်ပါတယ်။
ဘယ်လောက်ပဲအားပေးတဲ့သူတွေရှိရှိ ရန်သူတစ်ယောက်ရှိရင်လည်း အမေ့အတွက် အန္တရယ်ဖြစ်နိုင်တယ် လုံခြုံရေးဂရုစိုက်ပေးကြပါနော်
UAV ကိုလည်း သတိထားစေချင်ပါတယ်၊ လုံခြုံရေးယူသူများအနေနဲ့ စဉ်းစားထားစေချင်ပါတယ်။
Post a Comment