၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

NLD ရွှေဂုံတိုင် ရုံးချုပ်မှာလည်း ၆၅ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၆၅ နှစ် မြောက် ပြည်ထောင်စုနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်က ပြည်သူတွေအနေနဲ့ ပြည်ပ အားကိုးလိုတဲ့ စိတ်ဓါတ်တွေကို ပယ်ဖျောက် ပြီး ကိုယ့်ပြည်တွင်းအားကို အားကိုးကာ တိုင်းပြည်ကို ခိုင်မာအောင် တည်ဆောက် ကြဖို့ သူ့ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာ မှာ ဖေါ်ပြထားပါတယ်။
နောက်ပြီး ထာဝရ ငြိမ်းချမ်းရေးကို အကောင် အထည်ဖေါ်ဖို့အတွက် ပြည်သူ တရပ်လုံးက ပူပေါင်းပါဝင်ဖို့ လိုကြောင်းကိုလည်း ဖေါ်ပြထားပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဂုံတိုင် ရုံးချုပ်မှာလည်း ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို NLD က ဦးစီးပြီး တနင်္ဂနွေနေ့ မနက် ၁၁ နာရီ လောက်မှာ စတင်ကျင်းပခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးဟာ တဆက်တစပ်တည်း ဖြစ်ကြောင်း မိန့်ခွန်း ပြောကြားသွားပြီး၊ နေ့လည် တနာရီလောက်မှာ အခမ်းအနား ပြီးဆုံးပါတယ်။ဒီကနေ့ည ၅ နာရီခွဲအချိန်မှာတော့ NLD ခေါင်းဆောင်တွေ၊ CRPP အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲမှာ ပြည်ထောင်စုနေ့ ညစာစားပွဲ ကျင်းပခဲ့ပါတယ်။
ဘီဘီစီ
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ Reviewed by သစ်ထူးလွင် on 08:50 Rating: 5

3 comments:

မျိုးစင်ဆွေဆက် said...

ကိုသိန်းစိန်ကြီး ရေ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးလာတာကြာပါပြီ ...အရေလဲထူနေပါပြီ ..ပြည်ပအားကိုးမလုပ်ဖို့ ဆိုပြီး လူပြိန်းကြိုက်ပြောရမယ့်ခေတ်ကုန်သွားပါပြီ...ခင်ဗျားတို့ အစိုးရကိုယ်တိုင်တောင် တရုတ်အားကိုးလုပ်ခဲ့သေးတာပဲ အခုမှအသံကောင်းလာဟစ်မနေပါနဲ့ ဗျာ ...ခုချိန်မှထအော်မနေနဲ့ တော့ ပညာဝန်ထမ်းဆရာမတွေတောင် EU ကသင်တန်းပေး သင်ကြားပေးနေတာကို ၀မ်းမြောက်ဝမ်းသာကြိုဆိုလက်ခံနေကြတယ် တကယ်အတတ်ပညာကောင်းတွေနည်းပညာကောင်းတွေ သင်ကြားတတ်မြောက်မှာမို့  ၀မ်းသာပျော်ရွှင်နေကြတယ် ...မျိုးဆက်သစ်ကျောင်းသားလူငယ်တွေလဲ အတတ်ပညာကောင်းတွေ အဆင့်မြင့်နည်းပညာတွေ သင်ကြားတတ်မြောက်နိုင်မှာမို့ ဝန်းမြောက်ဂုဏ်ယူစရာယနေ့ အချိန်အခါပါ... ခင်ဗျားတို့ တွေစိတ်ဓါတ်မမှန်ဘူးဆိုတာသိသာတယ် ပြည်ပအားမကိုးဖို့ ပြောတယ် တဘက်ကလဲ ဟိုဟာဒီဟာလေးလုပ်ပြပြီး အမေရိကန်ကြီးခင်ဗျား ဥရောပကြီးခင်ဗျား ပိတ်ဆို့ ထားတာလေးရုပ်ပေးပါလား ဆိုပြီးခင်ဗျားတို့ ပါးစပ်ကပြောထွက်တယ်..ဒါလဲပြည်ပအားကိုး ပြည်ပအကျိုးမျှော်မဟုတ်ဘူးလား ...ပါးစပ် လိုတမျိုး ပိုတမျိုး လိုတိုးပိုလျှော့ မလုပ်ပါနဲ့ ....ကိုယ်ဘာသာကို ယူထားတဲ့ သမ္မတဆိုတဲ့ ရာထူးလေးနဲ့ အညီ ခေတ်နဲ့ အမှီပြည်သူတွေတကယ်အကျိုးရှိတဲ့ ပြည်သူတွေတကယ်လိုလားတဲ့ လိုအပ်တဲ့ အကျိုးအမှန်တကယ်ရှိစေမယ့် စကားတွေကိုပဲ ဒီလို ပြည်ထောင်စုနေ့ လို နေ့ ထူးနေ့ မြတ်မှာ ပြောကြားသင့်တာပေါ့....

Unknown said...

Today,We fellow citizens have national debts of billions of foreign currencies that was due to our previous regimes depended on foreign nations.
That is the single most obvious example that who is depending to do so.

Anonymous said...

လုပ်လာပြန်ပြီ။အခုထိ န၀တ လေသံက တစ်ပြားမှ မလျှော့သေးဘူး။အကြောင်းကြီးငယ်ရှိရင် ပင်ကိုလေသံက ပေါ်ပေါ်လာတယ်။
(ပြည်သူတွေအနေနဲ့ ပြည်ပအားကိုးလို့တဲ့စိတ်ဓါတ်တွေပယ်ဖျောက်ပြီး...)ဆိုတာ ဘာအဓိပါယ်လဲ။ပြည်သူတွေက ပြည်ပ အားကိုးနေတယ်လို့ စွပ်စွဲချင်နေတာလား။ဒါကလည်း မရိုးနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ ၀ါဒဖြန့်စကားလုံးတွေပဲ။တရုတ်ကလည်း ဒီလိုပဲ ပြောတယ်။အီရန်ကလည်း ဒီလိုပဲ။ရုရှားတို့ ကျူးဘားတို့ မြောက်ကိုရီးယားတို့၊ ဆက်ဒမ်နဲ့ ကဒါဖီတို့အထိ ဒီလေသံတွေပဲ။ဒီပုပ်ထဲက ဒီလေသံတွေ။ျနိုင်ငံရေး ယိမ်းကနေကြပုံ။ပြီးတော့လည်း ဒီနိုင်ငံတွေက ပြာပုံထဲကကို မထွက်နိုင်ကြပုံလည်းအတူတူတွေပဲ။(မွဲချင်တဲ့ ကိုဟ၀ှာ ပြာပုံတိုး စကားပုံထဲကလို)။
ပြီးတော့လည်း ကိုယ်က ပုံမပီတော့ နိုင်ငံတကာက ပိတ်ဆို့ဒဏ် ခံကြရ။အဲဒါကိုပဲ ပြည်သူတွေရဲ့ လက်ချက်လိုလို၊ပြည်သူတွေ ပြည်ပကို အားကိုးနေကြသလိုလို ငဖယ်ကပြောင်းပြန် လေသံပစ်နေကြတယ်။လူစုစု ဟိုနားတစ်စု ဒီနားတစ်စုတွေ့ရင်ပဲ အလုပ်မဖြစ်တဲ့ ဒီလေသံ အပုပ်ကိုပဲ ထုတ်လုပ်နေကြတော့တယ်။အခုလည်း ခေတ်ပြောင်းတော့မယ်လိုလို ဟန်ဆောင်ပန်ဆောင်တွေလုပ်ပြပြီး အချိန်တန်တော့ ဒီအသံတွေကိုပဲ မဖုံးနိုင်မဖိနိုင် ပြောနေပြန်ရော။ကြည့်လုပ်ကြ ဆရာသမားရေ...အသံကြောင့်ဖားသေတဲ့ ဖြစ်ရပ်တွေ မနည်းမှ မနောပဲ။သူများကို ပစ်တဲ့မြားက ကိုယ့်ဆီတည့်တည့်မတ်မတ်ပဲ။ကိုချောနွယ်ပြောခဲ့ဖူးသလို သူများကို ထိုးချင်တဲ့သူက ကိုယ်ကိုယ်တိုင်မေးရိုးကောင်းရတယ် တဲ့။ဘယ့်နှယ့်လဲ။ခင်ဗျားတို့အုပ်စုကိုပဲ မေးရတော့မယ်။ကိုယ်ကိုယ်တိုင်ရော မေးရိုးကောင်းကြရဲ့လား ဆိုတာ။

Powered by Blogger.