စာမေးပွဲစစ်စစ်မစစ်စစ် ကြိုဆိုမယ်ဆိုတဲ့ ကျောင်းသားတွေ |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်နဲ့ မြောင်းမြမြို့တွေကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ သွားဖို့ စီစဉ်ထားပြီး အဲဒီနေ့မှာပဲ ပုသိမ်တက္ကသိုလ်မှာ Pre Exam ဆိုတဲ့ စာမေးပွဲကို စစ်မယ်လို့ ဖော်ဖော်ဝါရီ ၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီလိုစာမေးပွဲမျိုး ပုသိမ်တက္ကသိုလ်မှာ တခါမှမရှိခဲ့ဖူးသလို ဒီစာမေးပွဲကို မဖြေရင် မတ်လမှာကျင်းပမယ့် Fial Exam ကိုလည်း ဖြေဆိုခွင့်မရဘူးဆိုတဲ့ စည်းကမ်း တင်းကျပ်မှုလည်း ပါဝင်နေပါတယ်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို အသိပေးတာ ဖြစ်ပြီး ကျောင်းသားအများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ကိုလာမယ့်အတွက် လူထုနဲ့တွေ့ဆုံပွဲကို မသွားစေချင်တာကြောင့် ဖြစ်တယ်လို့ ယူဆကြပြီး မကျေမနပ် ဖြစ်နေကြတယ်လို့ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေက အခုလိုပြောပြပါတယ်။
“အခု တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်အစ်မ၊ အဲဒီလိုပြောတာလေ။ ပါမောက္ခတွေက ပြောတာ။ ၆ ရက်နဲ့ ၇ ရက်နေ့ကို၊ ၆ ရက်နေ့ကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် လာမယ်တဲ့။ ၇ ရက်နေ့ကျရင် ၈ နာရီခွဲကနေ ညနေ သူတို့ပြီးတဲ့အထိပေါ့နော် စာမေးပွဲ စစ်မယ်တဲ့။”
“၇ ရက်နေ့ကျတော့ စာမေးပွဲရှိတယ်တဲ့။ အဲဒါ ၈ နာရီအရောက်တဲ့ ကျောင်းကို။ ၈ နာရီခွဲကနေ စ စစ်မှာ။ တကယ်လို့ ဒီ စာမေးပွဲကြီးကို မဖြေရင် စာမေးပွဲ တကယ် အစစ်ကြီးကျရင် ဖြေဆိုခွင့်မရှိဘူး။ စာမေးပွဲ အစစ်ကြီးက ၃ လပိုင်းထဲမှာ။ ကျနော်တို့က အဲဒါသွားမှာစိုးလို့ (ဒေါ်အောင်ဆန်းစုကြည်ပွဲ သွားမှာစိုးလို့) လုပ်တာလားပေါ့။ ကျောင်းသားတွေကတော့ အဲဒါ မရှိရင်တော့ သွားကြမှာ။ နည်းနည်းတော့ ကသိကအောက်ဖြစ်တာပေါ့နော်။”
ပုသိမ် တက္ကသိုလ်ကျောင်းသားတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ ပြည်ထောင်စုနေ့ အတွက် ကဗျာရွတ်ဆိုပွဲနဲ့ ပြည်ထောင်စုနေ့ ကျင်းပနိုင်ဖို့ ကျောင်းသားမိဘ အစည်းအဝေးအဖြစ် ကျောင်းသားတွေနဲ့အတူ မိဘ တစ်ဦးစီ မဖြစ်မနေလာဖို့ ကျောင်းတွေက ဖိတ်ထားတာ ရှိနေပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောဖို့ မူလကစီစဉ်ထားတဲ့ မြို့လယ်က ကျောက်တိုင်ကွင်းကနေ အခု မြို့ပြင်ကကွင်းကို ပြောင်းဖို့ စီစဉ်လိုက်ရတယ်လို့ ပုသိမ် NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအောင်တင်ဦးက ပြောပါတယ်။
“စာမကျသေးခင်မှာ ကျောက်တိုင်ကွင်း ဆိုပြီးတော့ သဘောတူညီချက် ရထားတာပေါ့နော်။ နောက်ပိုင်းကျတော့ အဲဒီမှာ ကန့်ကွက်တာရှိတယ်ပေါ့။ နောက်ပြီးတော့ ကော်မရှင်သစ်ကနေပြီးတော့ ချထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ကျောင်းနားတို့၊ ဆေးရုံနားတို့၊ အစိုးရဌာနကြီးကြီးတို့ နားမှာ ဟောပြောပွဲ မလုပ်ရဘူးဆိုပြီးတော့ သူတို့ ပြန်ပြီးတော့ ပြောပြတယ်။ အဲဒါကြောင့်မိုလို့ ကိုးသိန်းကွင်းကိုပြောင်းရင် ပိုပြီးတော့ အဆင်ပြေတယ်ပေါ့။ အခက်အခဲကတော့ ကျနော်တို့ မြို့လယ်မဟုတ်တဲ့အတွက် နည်းနည်းတော့ သွားရလာရတာ ဝေးသွားတာပေါ့။”
ဒီလို အခြေအနေတွေကြောင့် ပုသိမ်လူထုကတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ့်ခရီးစဉ်ကို ပိုပြီး စိတ်ဝင်စားတာတွေ NLD ရုံးကို အစီအစဉ် မေးမြန်းစုံစမ်းတာတွေ ပိုများလာနေတယ်လို့လည်း ပြောပါတယ်။
“ဒီလိုမျိုးဖြစ်တော့ မေးလာကြတဲ့သူတွေက ကျောက်တိုင်ကွင်းလား၊ ကိုးသိန်းကွင်းလား ပေါ့။ ဖြစ်သလား မဖြစ်ဘူးလားပေါ့။ နောက်ပြီးတော့ လူထုကလည်း ဒီလိုလုပ်မှ ငါတို့ ပိုလာမယ်ကွာ ဆိုပြီးတော့ မနက် ၆ နာရီကတည်းက စစောင့်ကြမယ်ပေါ့။ နောက် တောဘက်ကလည်း ရေလမ်းကြောင်းတွေ ပိတ်ချင်ပိတ်မှာ ဆိုပြီးတော့ တစ်ရက် ကြိုလာမယ် ဆိုပြီး အသိပေးကြတယ်။”
ပုသိမ် NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအောင်တင်ဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်ကအပြန် မြောင်းမြမြို့ကို ၀င်ပြီး လူထုကိုစကားပြောမှာ ဖြစ်ပေမဲ့ နေရာစီစဉ်ရာမှာလည်း အခက်အခဲ ရှိနေတဲ့အကြောင်း မြောင်းမြ NLD ပါတီရုံးအဖွဲ့မှူး ဦးဝင်းဆွေက ပြောပါတယ်။
“မြို့မ အားကစားကွင်းမှာ ကျနော်တို့က လူထု အစည်းအဝေးပွဲ လုပ်ချင်တယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က ခရိုင်ကော်မရှင်ကို တင်ပြတဲ့အခါကျတော့ ခရိုင် ကော်မရှင်က မြို့မ အားကစားကွင်းကို ခွင့်မပေးနိုင်ဘူးပေါ့နော်။ ဘာကြောင့် ခွင့်မပေးနိုင်တာလဲ ဆိုတော့ ကျနော်တို့ မြို့မ ဘောလုံးကွင်းက အရှေ့နဲ့အနောက် ဂိုးတိုင်နှစ်တိုင် ဖြစ်နေတယ်။ အဲဒီ ဂိုးတိုင်နှစ်တိုင်ကို တောင်နဲ့မြောက် ပြန်ပြောင်းမယ်၊ ဘောလုံးကွင်းကို ပြင်မယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် တရားပွဲကို ခွင့်မပြုနိုင်ဘူးလို့ ခရိုင်ကော်မရှင်က အကြောင်းပြန်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့က ကျနော်တို့ မြောင်းမြမြို့မှာ နေရှင်နယ်ကျောင်းဆိုတာ ရှိပါတယ်။ အဲဒီ နေရှင်နယ်ကျောင်းက ပိုင်တဲ့ အဲဒီကျောင်းဘေးနားက ဘောလုံးကွင်းကျယ်ကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီအထဲမှာ ကျနော်တို့က ကျင်းပချင်ပါတယ်လို့ ဒုတိယအကြိမ် ကျနော်တို့က ကော်မရှင်ကို အကြောင်းကြားပါတယ်။ တရားဝင် စာနဲ့လည်း ကြားပါတယ်။ ကော်မရှင်က ကျနော်တို့ကို ဒီနေ့အဖြေ ပေးပါမယ်ပြောပြီးတော့ အဖြေလည်း မပေးနိုင်ဘူး။ မနက်ဖြန် ၃ နာရီ ပေးပါမယ်လို့ အချိန်ဆွဲတယ်။ ဒီလိုမျိုး ကော်မရှင်က ကျနော်တို့ကို တိကျတဲ့အဖြေ မပေးဘူးဆိုရင်တော့ ကျနော်တို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၀ရန်တာကနေပြီးတော့ အပေါ်ကနေ ထွက်ပြောရပါလိမ့်မယ်။”
မြောင်းမြ NLD ပါတီရုံး အဖွဲ့မှူး ဦးဝင်းဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို သွားဖို့စီစဉ်ထားပေမဲ့ လူထုစည်းဝေးပွဲလုပ်ဖို့ နေရာအခက်အခဲတွေ ရှိနေတာကြောင့် ခရီးစဉ် ဖျက်လိုက်ရတာလည်း ရှိပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ဝေဖန်မှုတွေနဲ့အတူ မေးခွန်းထုတ်နေကြတာတွေ ရှိပါတယ်။
VOA
ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်
Reviewed by သစ်ထူးလွင်
on
22:54
Rating:
15 comments:
လွယ်ပါတယ်။ ဖေဖေါ်ဝါရီ(၈)ရက်ကို ရွှေ့လိုက်ပေါ့ ...
မိုက်ရိုင်းတဲ့ကောင်တွေ..လူထုအားကို ထားဝယ်မှာတွေကတည်းက ကြောက်သွားတာနေမှာပေါ့...အန်တီကို ကြိုတဲ့လူများလို့..မနာလိုဖြစ်နေတယ်..သန်းေ၇ွှတို့ သိန်းစိန်တို့သွားကြည့်ပါလား....လူမပြောနဲ့ - တောင်မကြိုဘူး....သိချင်ရင်လွယ်လွယ်လေး..ဦးခင်ညွှန့်လာမယ်ဆိုရင်ကော ..သူတို့ဒီလိုလုပ်မှာလား... ပုသိမ်ကျောင်းသားတို့ရေ..ရှေ့ကအစ်ကိုတွေ အစ်မတွေလုပ်ခဲ့ပြီးပြီး...ညီတို့ညီမတို့ခေတ်မှာမှာ့ ကြောက်နေ ကြတော့မှာလား.... Pretest ကိုတစ်ယောက်မှ ၀င်မဖြေရင် သူတို့ဘာလုပ်မှာလဲ...အကုန်လုံးကို ချပစ်မှာလား....ဗိုလ်ချုပ်က ဘွဲ့မရပါ....လွတ်လပ်ရေးနိုင်ငံ အေ၇းတွက် တက္ကသိုလ်ပညာကို စွန့်လွတ်ခဲ့သူပါ...ဗိုလ်ချုပ်ကိုလေးစားတယ်ဆိုရင်..ဘာဆက်လုပ်ရမယ်ဆိုတာ..နားလည်သဘောပေါက်ကြမှာပါ....
"..ဗိုလ်ချုပ်က ဘွဲ့မရပါ....လွတ်လပ်ရေးနိုင်ငံ အေ၇းတွက် တက္ကသိုလ်ပညာကို စွန့်လွတ်ခဲ့သူပါ...ဗိုလ်ချုပ်ကိုလေးစားတယ်ဆိုရင်..ဘာဆက်လုပ်ရမယ်ဆိုတာ..နားလည်သဘောပေါက်ကြမှာပါ...." အဲ့လိုအလွယ်တော့ မပြောပါနဲ့ အဲ့လို စွန့်စားဖို့ ဆိုရင် ဒေါ်အောင်ဆန်းဆုကြည် လည်း စွန့်စားစေချင်မှာ မဟုတ်ပါဘူး။ ဘယ်သူ့ ဘယ်သူအတွက်မှ အကျိုးမရှိလို့ပါ။
အထက်တမျိုး၊အောက်ကတမျိုး၊လုပ်နေတာတော့မကောင်းဘူးထင်ပါတယ်။
ပြောတော့လည်း ဒီမိုကရေစီ၊ ဒီမိုကရေစီ။ လွတ်လပ်ပြီး တရားမျှတရမယ်ဆို၊ ခုတော့ဗျာ မိန်းမလို မိန်းမရနဲ့ ဗျာ၊ ခင်ဗျားတို့ပွဲဆို ဘယ်မှာလုပ် လုပ် ရတယ်မလား။ ငါတို့တိုင်းထဲ ၀င်တာ မကြိုက်ရင်လည်း ထွက်အော် ပေါ့ဗျာ ၊ခုတော့ ဟိုနားမလုပ်ရ ဒီနားလုပ်လို့မရတဲ့။ ခင်ဗျားတို့ အိမ်မက်ဆိုးတွေကနေ နိုးထကျပါတော့။ မပြိုင်ခင်ထဲက ရှုံးနေပြီနော်၊ စိတ်ဓါတ်ကိုပြောတာပါ။ တကယ်ပြိုင်လည်း ရှုံးမှာပါပဲ။ စိတ်ဓါတ်တွေကိုက အောက်တန်းကျတယ်၊ လူထုက အမေစုဘက်မှာ ရှိတယ်ဗျ၊ တကယ်လည်း ပေးစပ်ခဲ့တာပါ၊ ကျတော်ပြောတာNLD တဖွဲ့လုံးကိုပြောတာပါ။ ပြီးတော့ သက်ဆိုင်ရာလူကြီးတွေကိုပြောချင်ပါတယ်၊ တင်းကြပ်လေ ရုန်းထွက်လေ ဆိုတဲ့ သဘောတရား ကို နားလည်စေချင်ပါတယ်၊ မဟုတ်ရင် အချိန်လွန်မှ နောင်တ တရားတွေ တပိုက် ကြီး နဲ့ နိဂုန်းချုပ်နေ လိမ့်မယ်နော့်.............
ပုသိမ်ကျောင်းသူ ကျောင်းသားညီငယ်မောင်ငယ်များ pionner မဖြစ်ချင်ကြဘူးလား ထားဝယ်သက်သေပြသွားပြီ ညီငယ်မောင်ငယ်တို့ စလိုက် အားလုံးပါပြီးသားပဲ ကိုကိုကြီး ကိုမင်းကိုနိုင်တိုလည်းပြန်လွတ်လာပြီ တိုင်းပြီအတွတ် အနာဂါတ်အတွတ် အရင်းအနှီးစိုက်ထုပ်ပေးပါလို့တောင်းဆိုပါတယ် ညီငယ်ညီမငယ်တို့ တကယ်ကို ကိုတို့နိုင်ငံအတွတ် အရေးကြီးအခြေအနေရောက်နေပါပြီ အိမ်နီးချင်းနိုင်ငံတွေကို အန်တီစုတိုလိုခေါင်းဆောင်ကောင်းနဲ့ လိုက်မယ်ဆိုတောင် အချိန်များစွာပေးရမှာ မလွဲပါဘူး အခုလိုပုဇွန်ဦးဏှောက်နဲ့ လူတွေနဲ့တော့ world ပျက်ပြီးပြန်စမ အားလုံးနဲ့တန်းတူမယ် .....အကျိုးလိုလားသောသူအပေါင်းတိုလည်း ပုသိမ်ကိုဝိုင်းတိုက်တွန်းကူညီပေးကြပါ.................
ဟင်း......ညစ်လည်းမညစ်တတ်ဘဲနဲ့
ကြည့်ထား ကျောင်းသားတွေလည် အဆင်ပြေအောင်။ အမေစုလည်း သွားလို့ရအောင် အမေစုမှာ အစီအစဉ်တွေ အများကြီးရှိတယ်။
ဒီတခါလည်း ဒီကောင်တွေ လူကျွန်ဘော မိသလိုဖြစ်သွားလိမ်မယ်။ ဒီငချွတ်လေးတွေကို သနားတယ်။ ဒါဟာလည်း သူတို့အနှောက်အယှက်ရဲ့ အစပဲဖြစ်သလို အမေစုရဲ့ ပညာကလည်း အစပါဘဲ။
ညနေ (၄) နာရီလောက်မှ ပုသိမ်ရောက်မယ်ဆိုရင်း.......
ပြောလိုက်မယ် ပုသိမ် တက္ကသိုလ်ကို ည(၁၀)နာရီအထိ စာမေးပွဲစစ်လို့
ဘကြီးမောင်ရေ လူမပြောနဲ့---တောင်မကြိုဘူးတဲ့
ခွေးဝဲစားတွေတော့ ကြိုကြမှာပါ ။။။ကြိုချင်လို့မဟုတ်ဘူး တစစီကိုက်ဖဲ့ချင်လို့ အမေစုကို ကြိုတာက အားကိုးယုံကြည်
ချစ်မြတ်နိုးလို့ ဆိုတာ အကုန်လုံးက သိတယ်
အမေစုရေ တခါစည်းရုံးဟောပြောရင် ပြည်သူလူထုက တစ်သိန်းဆိုတော့
နောက်ပိုင်းဆက်စည်းရုံးရင် သူတို့ကို ထောက်ခံမဲ့သူတွေက လူမကျန်တော့ဘူး ခွေးတရိစ္ဆာန်တွေပဲ ကျန်တော့မှာမို့လို့ပါ
တို့ ကျောင်းသားတွေညီရဲ့လားဟေ့......
ထုရင်ကြွမည်.....ဖိရင်ချမည်
တို့ကျောင်းသားတွေ.....ညီရဲ့လားဟေ့
အရှေ့တောင် အာရှမှာ ကလိန်ကကျစ်အကျဆုံး အညစ်ပတ်ဆုံး တိုင်းပြည်ကို
ပြောပါ ပြပါဆိုယင် မြန်မာပြည်က ထိပ်ဆုံးက ဘဲ...အညစ်တကာ့ ထိပ်ခေါင်
က စစ်တပ်ဘဲ...ခုလဲ ကြည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်
နဲ့လူထုနဲ့ တွေ့တဲ့ပုံ မမြင်ချင်ဘူးတဲ့...ဒီပုံတွေပါနေယင် သူအသက် အမြန်ထွက်
လိမ့်မယ်လို့ ပြောတယ်။။။ဒါနဲ့ဘဲ ရှစ်လုံး အောင်သောင်း တို့စီစဉ်ကြတယ်ပြော
တယ်။။တိုင်းပြည်ခေါင်းဆောင်ကြီး စိတ်မချမ်းမြေ့လို့တဲ့။။။
ခုထက်ထိ တိုင်းပြည်ခေါင်းဆောင် တင်နေကြတုန်း...
အော် ခက်လိုက်ပါ့ ဗမာပြည်ရယ်....
တက္ကသိုလ်ကျောင်းသားတွေကို အထက်တန်းကျောင်းသားများထင်နေလားဗျ .ပညာရေးဝန်ကြီးရ....တက္ကသိုလ်ကျောင်းသားတွေဘယ်လောက်စည်းလုံလည်းဆိုတာ ၀န်ကြီး ကျောင်းနေခဲ့ရမှာပါ......ဒါတောင် စက်မှုကျောင်းသားတွေမပါသေးဘူးနော်...တက္ကသိုလ်မှာ စာမေးပွဲစစ်မယ်ဆိုလည် ကျောင်းသားတွေ ဂရုစိုက်မှာမဟုတ်ဘူးဗျ...အန်တီစုကို သွားကြိုကြမှာ... သတင်းတာစောင့်ဖက်ပေတော့ ၀န်ကြီုးစုတ်ရေ.....အဲ မှားလို့ ၀န်ကြီးချုပ်ရေ....
မင်းတို.တွေအဲဒီလိုယုတ်မာလေ လူထုကမင်းတို.ကိုပိုစောက်မြင်ကတ်လေ
အမေစုကိုပိုထောက်ခံလေပဲကွ။စစ်အာဏာရှင်သန်းရွှေခေတ်ကအတွေးအခေါ်
တွေနဲ.ဆက်လုပ် လူထုနဲ.ပို ကင်းကွာလာတဲ့လူ.တိရိစ္ဆာန်တွေ :angry
ခေတ်ပြောင်းပီဟေ့ မပြောင်းတဲ့ကောင်တွေ အတွက်နေ၇ာမ၇ှိဘူး။ မတ၇ားတာမှန်သမျှ ဖီဆန်ကြ။ ။
လူကြီးဆိုတာ နာယဂုဏ်ခြောက်ပါးနဲ့ပြည့်စုံ၇တယ်လို့တော့ ကြားဖူးသား။ ကြံ့ဖွတ်ခေတ်မှာတော့ ဘာကျက်သေ၇မှကိုမ၇ှိတော့ဘူး။ ။
We will be proud for students of Pathein if they go and see Daw Aung San Su Kyi. The world is also watching on you.
Some achievement cannot be attained without some sacrificing.
One thing keep in mind that Exam or Tests cannot be happened without examinees.
Post a Comment