ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ

လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။

 
ပုသိမ်တက္ကသိုလ်

ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။

 “အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။

စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ  တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။

ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။  

ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။       ။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ Reviewed by သစ်ထူးလွင် on 21:06 Rating: 5

18 comments:

Myanmar said...

မင်းတို့ ဒီေ၇ွးကောက်ပွဲ၇ှုံးသွားလဲ မလွမ်းလောက်ပါဘူးလေ ဘာလို့ဒီလောက် အိနြေ္ဒပျက်နေကြတာလဲ။

Aung said...

အဲသလို ပုံစံ မျိုးတွေ နှင့် တရား မျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ ဘယ်လို့ ယုံကြည်ရ မလဲ

Myanmar said...

အင်း.. ဗိုလ်ချုပ်လို ဘ၀ေ၇ာ အသက်ေ၇ာပေးပီး အလုပ်လုပ်တဲ့သူကိုတောင် လုပ်ကြံဘို့ဝန်မလေးတဲ့ကောင်တွေ၇ှိသေးတာဘဲ။ မြန်မာပြည်သားတွေဟာ စိတ်ဓာတ်အောက်တန်းကျ၇င်လဲ နှစ်ယောက်မ၇ှိလို့ ဆို၇အောင်ပါလား။ ။

htay oo said...

လာပြန်ပြီ နောက်တစ်ယောက်.... ဘာလို့ဒီလိုလုပ်နေရတာလဲ...ရှက်တတ်ရင် လဲသေဖို့ကောင်တယ်...

For My Rosebud said...

“ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ”
ကောင်းလိုက်တဲ့ ပညာရေး...
မြင်ယောင်သေးတယ်...တိုးတက်ဦးမှာ
ကလပ်တွေ၊အနှိပ်ခန်းတွေ၊KTV တွေလေ..
ပညာရေးစံနစ်မှမကောင်းတာ ရသလိုရှာရတာပေါ့။
ဒီလိုတွေသာကျပ်ကျပ်လုပ်၊နီးလာပြီ
ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်တော့မယ်...
ရင်လေးတယ်...။

pzz said...

ဒေါ်စုလာသည်ဖြစ်စေ မလာသည်ဖြစ်စေ စာမေးပွဲကိုတစ်ရက်ထဲနဲ
ဘာသာရပ်အားလုံးဖြေရမယ်ဆိုတဲ့ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပဲ---အစဉ်အလာ
လဲမရှိဘူး----။ဒီကိစ္စသမ္မတသိလား---။အခြားတက္ကသိုလ်တွေရောဘယ်လိုအခြေအနေရှိလဲ။ အဲဒီနေ့ပဲအဲလိုကြီးပဲဖြေရမှာလား----။

အောင်တေဇ said...

မကောင်းမြင်တာတော့မဟုတ်ပါ မြန်မာပြည်တိုးတက်ချင်ရင် ဦးသိန်းစိန်အပါအ၀င် ခေါင်းဆောင်တွေ ကိုဖြုတ်ထုပ်ရုံမကဘူး သတ်ပြီး ဂျော်ဂျီယာထူထောင်သလို နိုင်ငံကိုထူထောင်ရင် ခေတ်သစ်စနစ်သစ်ကစနိုင်မယ်ထင်တယ် ............တကယ်တော့ ဦးသိန်စိန် ကြောင်ချီးပါပဲ.............တဆက်တည်း ငါသိုင်းချောင်းသားအနေနဲ့သိသလောက်ပြောရရင် ယခု ayeyarwady တိုင်းဝန်ကြီးချုပ်ဟာ ဘာကောင်းကျိုးမ တိုင်းအတွတ် မယ်မယ်ရမလုပ်ထားပါ မဲဇလီကုန်းသူဇာတိအတွတ်က လွဲပြီး သူသစ်တော့ဝန်ကြီးဖြစ်ကတည်းအိပ်ထဲ ထည့်တဲ့လူပါ .............အမျက်ဒေါသကြီး ၊ လောဘကြီး ပါ ငါစကားနွားရ သမားပါ .............

zzmyoe said...

မျက်စိ၊နှားတွေ ပိတ်ထားလို့ ရတော့တဲ့ ခေတ်မဟုတ်တော့ဘူးလေ...မရှက်တော့ဘူးလားဆရာတို့ရေ.....စိတ်ဓါတ်တွေ ကအောက်တန်းကျလိုက်တာနော်..ပြောတော့ဒီမိုကရေစီ စနစ်တဲ့၊ကျောင်းမတက်တော့ဘာလုပ်မတုန်း..ဟင်း..

maxdiego said...

ဘာလည်းဗျ ဒီမိုကေ၇စီ ထွန်းကားအောင် ဆောင်၇ွက်နေတယ်.ပညာေ၇းတိုးတက်အောင်လုပ်ဆောင်နေတယ်လေးဆိုပြီး အသံကောင်းတွေပာစ်နေတဲ့သူတောင်းစားလောက်မှ အဆင့်မ၇ှိတဲ့ပာာတွေ !!! ပြော၇တဲ့လက်တောင် ၇ှက်ဖို့ ကောင်းတယ်.မခံ၇က်နိုင်လွန်းလို့ ပါ.. တကယ်မျှမျှတတ လမ်းပွင့်စေချင်၇င် ဘာမှ ကလိန်ကကျစ်မကျနဲ့ လေ ...လူဆိုတာအပြောနဲ့ အလုပ်ညီ၇တယ်ဗျ... ....

True man said...

This time is University's Mid-term exam time. All Universities has mid-term exam this week. Ask students from Yangon Universities. Eco too. Dont make propaganda. You r a lair.

David Henry said...

လွယ်ပါတယ်၊ အမေစုခ၇ီးစဉ်ကို ဖေဖေါ်ဝါရီ(၈)ရက်နေ့ေ၇ွှ့လိုက်ပေါ့ ။။။

shwetun said...

လွယ်ပါတယ် ပုသိမ်သားတွေ ညီပြလိုက် ဘယ်သူမှမဖြေနဲ့ ။ မန်းလေးလဲ အပိတ်ခံ၇တယ်။ ဒီတစ်ခါဆို၇င်တော့  အာ၇ပ်ထက် အကြောင်းဆိုးမယ်ထင်တယ်။ အဲလိုဖြစ်မှာလဲ မလိုချင်ဘူး။ ဒေါ်လေး စုက တို့ ထက်ကြီးမြတ်ပါတယ်၊ မြန်မာပြည်မီးတောက် မှာသူလဲ လိုချင်မှာ မဟုတ်ပါဘူး။

AUSTIN said...

I worry about Amay SUU.Her life is not secure.
All the people are alert at all time those
JUNTA.They want to assessinate to Amay Suu.
Now try to disturbing.

Anonymous said...

စာမေးပွဲအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့ပဲလိုတယ် တဲ့ ပုသိမ်မျိုးဆက်သစ်တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနော်...။
အဲဒီစာမေးပွဲက ဘ၀စာမေးပွဲနဲ့နှိုင်းယှဉ်လိုက်ရင် မပြောပလောက်တဲ့ အစိတ်အပိုင်းလေးတစ်ခုပါ..။ မြန်မာပြည်ကြီးတစ်ခုလုံးငြိမ်းချမ်းသာယာဖို့နဲ့ အနာဂတ်မျိုးဆက်များတောက်ပလင်းလက်နေဖို့မှာအရေးကြီးတဲ့ကာလတစ်ခုပါ...။ ကျောင်းစာ စာမေးပွဲမဖြေလို့ ကျရှုံးတာဟာ တစ်ကြိမ်တစ်ခါပါပဲ အခုကြုံနေရတဲ့ ဘ၀စာမေးပွဲရှုံးရင်တော့ ဟိုငမိုက်သားတွေက စိတ်ထင်တိုင်းလုပ်နေအုံးမှာ..။ အဲဒါကြောင့် တို့တစ်တွေ ထာဝစဉ်အောင်မြင်ရဖို့ မဖြေပဲနေတာက ပိုကောင်းပါတယ်....။

Anonymous said...

စာမေးပဲကိုမဖြေပဲထားလိုက်ကြပါ

မောင်မှန် said...

ကြားဖူးတာလေးမျှဝေပေးချင်ပါတယ် တစ်ချိန်တုန်း မွန်ဂိုလီးယားနိုင်ငံ ရှရှားတွေရဲ့ လက်အောက်ရောက်ခဲ့တော့ ကျောင်းတွေကိုလည်း ရှရှားစာနဲ့စကားပဲသင်ခွင့်ရတော့တယ် ကျောင်းသားတွေညီညွတ်စွာနဲ့ရှရှားဆရာတွေ ကျောင်းခန်းထဲဝင်လာတိုင်း ကျောင်းသားတွေအားလုံး အခန်းပြင်ထွတ်ပြီး ဆန္ဒပြလိုက်ကြတာ တနိုင်ငံလုံးအတိုင်းအတာထိပဲ နောက်ဆုံး မွန်ဂိုကျောင်းသားတွေ ညီညွှတ်မှုကြောင့် ကိုယ့်ကံကြမ္မာ ကိုယ့်အခွင့်အရေးကိုယ်ပိုင် ဖန်တီးနိုင်တဲ့ ကျောင်းသားတွေကို ဒီနေ့ မွန်ဂိုတနိုင်ငံလုံးက အသိအမှတ်ပြုနေရတာ သက်သေပါ ညီနောင် ကျောင်းသား၊သူ အပေါင်းတို့...

ရာရာ said...

တော်တော်လေးအဆင့်မြင့်တဲ့ တိုက်ကွက်တွေနဲ့တိုက်နေကြပါလားဟဲ့...(ကားပေါ့တို့ ကက်စပါးရော့တို့အကွက်တွေလောက်တော့ သနားတယ်..)
လုပ်ကြဦးမယ်...ကြံ့ဖွတ်တို့လာမယ်ဆိုရင် တစ်အိမ်တစ်ယောက်မလာမနေရ ...မလာလျင် ဒါဏ်ငွေ ဘယ်လောက်...တို့..ထွီ...

thethe said...

ha ha ha...True Man...if you wanna sit for exam, then you sit alone, we go for our leader...we cannot miss this chance....you are just wrong man.

Powered by Blogger.